======

ဆင္းရဲတြင္းထဲ နစ္ေနရတဲ့ မသန္စြမ္း စစ္ျပန္မ်ား

တပ္မေတာ္မွာ တပ္ခြဲတပ္ၾကပ္ႀကီး အဆင့္ထိ တာဝန္ ထမ္းေဆာင္ခဲ့တဲ့ ဦးစိန္ေက်ာ္ဝင္းက ၁၉၉၉ ခုႏွစ္ ကရင္ျပည္ နယ္ စစ္ေျမျပင္မွာ မိုင္းထိခဲ့တာေၾကာင့္ ခႏၶာကိုယ္အႏွံ့ ဒဏ္ရာ အမ်ားအျပားရရွိခဲ့ပါတယ္။ မိုင္းဒဏ္ေၾကာင့္ ကိုယ္လက္ အဂၤါ မဆုံးရႈံးေပမယ့္ မ်က္စိႏွစ္လုံးကိုေတာ့ စြန႔္လႊတ္လိုက္ရပါတယ္။

ေဆးကုသမႈ ခံယူအၿပီးမွာ တပ္မေတာ္က သူ႔ကို ေနာက္တန္းမွာ ေပါ့ေပါ့ပါးပါး တာဝန္ေတြကို ၈ ႏွစ္ၾကာ ေပးပါတယ္။ သူ အၿငိမ္းစား ယူၿပီးေနာက္မွာေတာ့ သူ႔မ်က္လုံး ႏွစ္ဖက္ ဆုံးရႈံးမႈ အတြက္ တပ္မေတာ္က သူ႔ကို ေပးအပ္တဲ့ အေထာက္အပံ့က အင္မတန္ နည္းပါးလြန္းတာနဲ႔ ၾကဳံလိုက္ရပါတယ္။

တပ္မေတာ္ကေန အနားယူခါစမွာ အၿငိ္မ္းစား လစာ က်ပ္ သုံးေသာင္းေက်ာ္၊ ဆုံးရႈံးတဲ့ မ်က္လုံး တဖက္အတြက္ နစ္နာေၾကး ရာဂဏန္း ရရွိခဲ့တယ္လို႔ ဦးစိန္ေက်ာ္ဝင္းက ဆိုပါတယ္။

“တပ္က ထြက္လာေတာ့ မ်က္လုံး တလုံး အတြက္ တလကို က်ပ္ ၈ဝဝ ပဲ ရတယ္ ဆိုတာ သိရေတာ့၊ ငါ့မ်က္လုံး ႏွစ္လုံး တိုင္းျပည္အေပၚမွာ စြန႔္လႊတ္ခဲ့ရတဲ့ အတြက္ ခံစားခြင့္က ကေလးမုန႔္ဖိုးေတာင္ မရွိပါလား၊ ေတာ္ေတာ့္ကို ရယ္လည္း ရယ္ခ်င္၊ စိတ္လည္း တိုခဲ့ရတယ္” လို႔ ဦးစိန္ေက်ာ္ဝင္းက ေျပာပါတယ္။

မၾကာေသးခင္ ႏွစ္မ်ား အတြင္း အၿငိမ္းစားဝန္ထမ္း လစာေတြ တိုးေပးခဲ့တာေၾကာင့္ ဦးစိန္ေက်ာ္ဝင္းရဲ့ ပင္စင္ေငြက ၉ဝ,ဝဝဝ ေက်ာ္၊ မ်က္လုံး ဆုံးရႈံးမႈ အတြက္ တဖက္ကို ၆,ဝဝဝ ႏႈန္းနဲ႔ လစဥ္ ေထာက္ပံ့ေၾကး ၁၂,ဝဝဝ ရေနပါၿပီ။ သို႔ေသာ္လည္း ဒီပမာဏဟာ ယေန႔ေခတ္ ေနထိုင္မႈ စရိတ္ေၾကာင့္ ကေလးမုန႔္ဖိုးလို ျဖစ္ေနတုန္းပဲ လို႔ သူက ညည္းညဴ ေျပာဆိုပါတယ္။

ဦးစိန္ေက်ာ္ဝင္းက မြန္ျပည္နယ္ က်ိဳက္ထိုၿမိဳ႕နယ္က မိတ္ေဆြ တေယာက္ရဲ့ၿခံထဲမွာ မွီခိုေနခဲ့တုန္း ကိုယ္လက္အဂၤါ ထိခိုက္တဲ့ စစ္မႈထမ္းေဟာင္းေတြ အတြက္ အိမ္ရာမွာ ေနထိုင္ခြင့္ ေလၽွာက္ထားရာမွာ ၂ဝဝ၉ မွာေတာ့ သထုံၿမိဳ႕နဲ႔ ငါးမိုင္ခန႔္ အကြာမွာ ရွိတဲ့ သုဓမၼဝတီၿမိဳ႕သစ္မွာ ေနထိုင္စရာ အိမ္တလုံး ရရွိခဲ့ပါၿပီ။ သုဓမၼဝတီမွာ ဦးစိန္ေက်ာ္ဝင္းလို စစ္ျပန္ ရဲေဘာ္ ၆ဝ ခန႔္ဟာ မိသားစုနဲ႔ အတူ ေနထိုင္လ်က္ ရွိပါတယ္။

နိုင္ငံအႏွံ့မွာ သုဓမၼဝတီလို မသန္စြမ္း စစ္မႈထမ္းေဟာင္း အိမ္ရာ ဘယ္ေလာက္ရွိတယ္ ဆိုတာေတာ့ မသိရေသးပါဘူး။ ႏွစ္ ရဝ နီးပါး ျဖစ္ပြားခဲ့တဲ့ ျပည္တြင္းစစ္မွာ ကိုယ္လက္အဂၤါ အစိတ္အပိုင္းတခုခု စြန႔္လႊတ္ခဲ့ရတဲ့ တပ္မေတာ္သား အေရအတြက္ ဘယ္ေလာက္ ရွိတယ္၊ သူတို႔ အတြက္ ဘယ္လို ဘယ္ပုံေထာက္ပံ့ေနတယ္ ဆိုတဲ့ သတင္းအခ်က္ အလက္ကို တပ္မေတာ္က ထုတ္ျပန္ျခင္း မရွိေသးပါဘူး။

ဆင္းရဲတြင္း

ရဲေဘာ္ေဟာင္း အမ်ားအျပား ကေတာ့ စစ္မႈထမ္းေဟာင္း အိမ္ရာ အခမဲ့ ရရွိတဲ့ အတြက္ ဝမ္းေျမာက္ဝမ္းသာ ျဖစ္ၾက ပါတယ္။ သို႔ေသာ္လည္း သူတို႔ အမ်ားစုဟာ ဘဝရွင္သန္ေရး အတြက္ ခက္ခက္ခဲခဲ ေနထိုင္ၾကရတယ္လို႔ ဆိုၾက ပါတယ္။ သူတို႔ အတြက္ အလုပ္အကိုင္ အခြင့္အလမ္း၊ အပိုဝင္ေငြ ရရွိမယ့္ နည္းလမ္းေတြ မရွိသေလာက္ပါပဲ။

အၿငိမ္းစား ယူခဲ့ရသူခ်င္း အတူတူ အရာရွိႀကီးေတြ၊ စစ္ဗိုလ္ႀကီးေတြရဲ့ မိသားစုေတြ သူတို႔ထက္ ပိုမိုအဆင္ေျပ၊ ေပ်ာ္ေပ်ာ္ ရႊင္ရႊင္နဲ႔ ေနထိုင္ေနၾကတာကို အားက်မိတယ္ လို႔ ကရင္ျပည္နယ္ ေရွ႕တန္း စစ္ေျမျပင္မွာ ေျမျမႇုပ္မိုင္း နင္းမိၿပီး ေျခတဖက္ စြန႔္လႊတ္လိုက္ရတဲ့ အၿငိမ္းစား တပ္ၾကပ္ႀကီး ဝင္းေဌးက ေျပာပါတယ္။

သူက မနက္တိုင္း သထုံ၊ ဘားအံ၊ မုတၱမၿမိဳ႕တို႔ကို ျဖတ္သြားတဲ့ အေဝးေျပးလမ္းမွာ ပလပ္စတစ္ ပုလင္းခြံ ေကာက္ၿပီး ျပန္ေရာင္း ပါတယ္။

“က်ေနာ့္ မိန္းမက က်န္းမာေရး ကလည္း ေကာင္းတဲ့သူ မဟုတ္ေတာ့ အျပင္ထြက္ အလုပ္လည္း မလုပ္နိုင္ဘူးေလ။ မနက္ မိုးလင္းတာနဲ႔ မိသားစု စားဝတ္ေနေရး ဘယ္လို ေျပလည္မလဲ လို႔ ေတြးၿပီး ဘယ္ေနရာ သြားေကာက္ရမလဲပဲ စဥ္းစားတယ္။ တ္ေန႔ကို ၁,၅ဝဝ၊ ၂,ဝဝဝ ေလာက္ေတာ့ ရပါတယ္” လို႔ ဦးဝင္းေဌး ဆိုပါတယ္။

သုဓမၼဝတီ ၿမိဳ႕သစ္ေရာက္ စစ္မႈထမ္းေဟာင္း အမ်ားစုက သူတို႔ရဲ့ သားသမီးေတြ ထိုင္းနိုင္ငံမွာ အလုပ္လုပ္ၾကတယ္၊ မိသားစုကို အနည္းနဲ႔ အမ်ား ျပန္လည္ ေထာက္ပံ့ၾကတယ္ လို႔ ဆိုၾကပါတယ္။

ကာကြယ္ေရးဝန္ႀကီးဌာန ေျပာခြင့္ရ အရာရွိ တဦးကို ဆက္သြယ္ ေမးျမန္းေတာ့ မသန္စြမ္း စစ္ျပန္မ်ား အတြက္ ေထာက္ပံ့ေရး အစီအစဥ္နဲ႔ ပတ္သက္တဲ့ ေမးခြန္းေတြကို ေျဖဆိုျခင္း မရွိခဲ့ပါဘူး။

“ကိုယ္လက္အဂၤါ စြန႔္လႊတ္ခဲ့ရတဲ့ တပ္မေတာ္သားကို အရပ္ဘက္ ဌာနဆိုင္ရာမ်ားကို ေျပာင္းေရႊ႕ တာဝန္ေပးတာေတြ ရွိတယ္” လို႔ ေျမျမႇုပ္မိုင္းဒဏ္ ခံခဲ့ရသူမ်ား ေျခတု၊ လက္တု တပ္ဆင္နိုင္ေရး အတြက္ ကူညီျခင္း၊ ႏွစ္သိမ့္အားေပးျခင္း လုပ္ငန္းမ်ား လုပ္ကိုင္ေနတဲ့ ၿငိမ္းခ်မ္းျမန္မာ ေဖာင္ေဒးရွင္း ဥကၠ႒ ဦးသန႔္ဇင္က ေျပာပါတယ္။ ဦးသန႔္ဇင္ ကိုယ္တိုင္ လည္း ဒုတပ္ရင္းမႉး တဦးဘဝမွာ ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီး ၿမိဳ႕နယ္ အတြင္း မိုင္းထိတဲ့ အတြက္ ညာဘက္ ေျခေထာက္ စြန႔္လႊတ္လိုက္ရသူပါ။

ပညာအရည္အခ်င္း ျမင့္တဲ့ အရာရွိေတြဟာ ညႊန္ၾကားေရးမႉး၊ ဒုညႊန္ၾကားေရးမႉး စတဲ့ ေနရာေတြ ရသြားၾကတယ္၊ ပညာအရည္အခ်င္း နည္းပါးသူေတြကေတာ့ ဘဝရပ္တည္ေရး အတြက္ အခက္အခဲ ႀကီးႀကီးမားမား ရွိေနတယ္လို႔ ဦးသန႔္ဇင္က ဆိုပါတယ္။

“တပ္ရဲ့ စိုက္ပ်ိဳးေရး စီမံကိန္းေတြ ရွိတယ္။ အဲ့ဒီမွာ ဒီလူေတြကို ရြာေလး ေထာင္ေပးၿပီးေတာ့ အဲ့ဒီမွာ လုပ္ခိုင္း၊ ေနခိုင္းတာေပါ့၊ လစာလည္း နည္းတယ္။ အျပင္မွာ ရွာဖို႔ ၿမိဳ႕တက္ လာၾကေတာ့ တခ်ိဳ႕က ေကာင္းေကာင္းမြန္မြန္ ျဖစ္သြားသလို တခ်ိဳ႕ကေတာ့ ေတာင္းစားတဲ့ ဘဝကို ေရာက္သြားတာမ်ိဳးလည္း ရွိတာေပါ့”လို႔ ဦးသန႔္ဇင္က ရွင္းျပပါ တယ္။

မိုင္းဒဏ္ရာ ရသူ အေရအတြက္ကေတာ့ တပ္မေတာ္အတြက္ အထူးလၽွို႔ဝွက္ခ်က္ ျဖစ္ေနတယ္ လို႔ သူက ဆိုပါတယ္။

“မိုင္းထိၿပီး ေျခေထာက္ျဖတ္ဖို႔ ေဆး႐ုံ တက္ေနခ်ိန္မွာကို က်ေနာ္နဲ႔ အတူ တက္ေနတဲ့ သူေတြက ၃ဝဝ ေလာက္ ရွိတယ္။ ေျခတုလုပ္တဲ့ စက္႐ုံကို ေမးေတာ့ သိန္းဂဏန္းေလာက္ကို ရွိေနတယ္ လို႔ သိရတယ္၊ အဲ့ဒါက အရပ္သားေတြ ေရာ၊ တပ္မေတာ္သားေတြေရာကို ေျပာတာ။ စာရင္း တိတိက်က် သြားၾကည့္လို႔ေတာ့ မရဘူး။ တပ္မေတာ္ ဘက္မွာလည္း ဒီလို ထိခိုက္တဲ့ တပ္မေတာ္သား အေရအတြက္က ဘယ္သူ႔ကိုမွ မေပးဘူး” လို႔ ဦးသန႔္ဇင္က ေျပာပါ တယ္။

အရာရွိမ်ား အေထာက္အပံ့ပိုရ

တိုက္ပြဲေတြ အတြင္းမွာ ကိုယ္လက္အဂၤါ စြန႔္လႊတ္လိုက္ရတာခ်င္း အတူတူ အရာရွိအဆင့္နဲ႔ ေအာက္ေျခအဆင့္ ရရွိတဲ့ အခြင့္အေရးက ကြာျခားလြန္းတယ္ လို႔ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ကိုယ္စားျပဳ ရန္ကုန္တိုင္း ေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဒုတိယဗိုလ္မႉးႀကီးေဟာင္း ဦးေက်ာ္ေဇယ်က ေျပာပါတယ္။

အရာရွိအဆင့္ အၿငိမ္းစား ယူခဲ့သူ အမ်ားစုကို တပ္မေတာ္ရဲ့ ျမန္မာ့စီးပြားေရး ဦးပိုင္လီမိတက္၊ ျမန္မာ့စီးပြားေရး ေကာ္ပိုေရးရွင္း တို႔ရဲ့ လုပ္ငန္းေတြမွာ ျပန္လည္ ခန႔္ထားေပမယ့္ ေအာက္ေျခအဆင့္ စစ္သည္ေဟာင္းေတြ ကိုေတာ့ ခန႔္ထားတာမ်ိဳး မေတြ႕ဘူးလို႔ ဦးပိုင္လီမိတက္မွာ အစုရွယ္ယာ ဒါရိုက္တာ အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူ ဦးေက်ာ္ေဇယ်က ေျပာပါတယ္။

စစ္မႈထမ္းေဟာင္း အိမ္ရာ တခ်ိဳ႕မွာ ေရ၊ မီးက အစ ျပည့္စုံမႈ မရွိသလို စာသင္ေက်ာင္း၊ အလုပ္အကိုင္ ရွိတဲ့ ေနရာေတြနဲ႔ ေဝးလံတဲ့ ေနရာေတြ ျဖစ္တယ္ လို႔ သူက ဆက္ေျပာပါတယ္။

“စစ္မႈထမ္းေဟာင္း အိမ္ရာေတြကို လက္ေတြ႕ ျပန္ဆင္းၾကည့္ေစခ်င္တယ္၊ ဘာေတြ လိုအပ္ေနလဲ ဆိုတာ။ ဒါကို လက္ရွိ အစိုးရနဲ႔ တပ္မေတာ္ အေနနဲ႔ လုပ္ေပးေစခ်င္တယ္။ ဒီ ပင္စင္ လစာေလးကိုပဲ မွီခိုေနရေတာ့ အက်င့္ စာရိတၱ ေတြလည္း ပ်က္ျပားတာမ်ိဳး ျဖစ္လာၾကေရာ” လို႔ သူက ဆိုပါတယ္။

ကာကြယ္ေရး ဝန္ႀကီးဌာန အသုံးစရိတ္ေတြဟာ တပ္မေတာ္ရဲ့ ထိန္းခ်ဳပ္မႈေအာက္မွာသာ ရွိေနတာေၾကာင့္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အစိုးရက ဝင္ေရာက္ကိုင္တြယ္ဖို႔ မျဖစ္နိုင္ေသးဘူး လို႔ သူက သုံးသပ္ပါတယ္။

ၾကဳံရာက်ပန္း လုပ္စားဖို႔ေတာင္ အေျခအေန မရွိတဲ့ ကိုယ္လက္အဂၤါ စြန႔္လႊတ္လိုက္ရသူ ေအာက္ေျခအဆင့္ စစ္သည္ ေဟာင္းေတြရဲ့ ဘဝ အာမခံခ်က္ အတြက္ တပ္မေတာ္ကေရာ အစိုးရကပါ စီစဥ္ေပးသင့္ၿပီ လို႔ သူက ဆိုပါတယ္။

“တကယ္ဆို စစ္မႈထမ္းေဟာင္းေတြကို အဆင့္ျမင့္ျမင့္နဲ႔ အိမ္ရာေတြ ထားနိုင္ရမယ္၊ ေပးမယ္ဆို ဒါကို ကာကြယ္ေရး ဘတ္ဂ်က္ကေန ေပးသင့္တာေပါ့” လို႔ ဒုတိယ ဗိုလ္မႉးႀကီးေဟာင္း ဦးေက်ာ္ေဇယ်က ေျပာပါတယ္။ ။
https://burma.irrawaddy.com/article/2016/10/14/124868.html
================

တပ်မတော်မှာ တပ်ခွဲတပ်ကြပ်ကြီး အဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့တဲ့ ဦးစိန်ကျော်ဝင်းက ၁၉၉၉ ခုနှစ် ကရင်ပြည် နယ် စစ်မြေပြင်မှာ မိုင်းထိခဲ့တာကြောင့် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာ အများအပြားရရှိခဲ့ပါတယ်။ မိုင်းဒဏ်ကြောင့် ကိုယ်လက် အင်္ဂါ မဆုံးရှုံးပေမယ့် မျက်စိနှစ်လုံးကိုတော့ စွန့်လွှတ်လိုက်ရပါတယ်။

ဆေးကုသမှု ခံယူအပြီးမှာ တပ်မတော်က သူ့ကို နောက်တန်းမှာ ပေါ့ပေါ့ပါးပါး တာဝန်တွေကို ၈ နှစ်ကြာ ပေးပါတယ်။ သူ အငြိမ်းစား ယူပြီးနောက်မှာတော့ သူ့မျက်လုံး နှစ်ဖက် ဆုံးရှုံးမှု အတွက် တပ်မတော်က သူ့ကို ပေးအပ်တဲ့ အထောက်အပံ့က အင်မတန် နည်းပါးလွန်းတာနဲ့ ကြုံလိုက်ရပါတယ်။

တပ်မတော်ကနေ အနားယူခါစမှာ အငြိ်မ်းစား လစာ ကျပ် သုံးသောင်းကျော်၊ ဆုံးရှုံးတဲ့ မျက်လုံး တဖက်အတွက် နစ်နာကြေး ရာဂဏန်း ရရှိခဲ့တယ်လို့ ဦးစိန်ကျော်ဝင်းက ဆိုပါတယ်။

“တပ်က ထွက်လာတော့ မျက်လုံး တလုံး အတွက် တလကို ကျပ် ၈ဝဝ ပဲ ရတယ် ဆိုတာ သိရတော့၊ ငါ့မျက်လုံး နှစ်လုံး တိုင်းပြည်အပေါ်မှာ စွန့်လွှတ်ခဲ့ရတဲ့ အတွက် ခံစားခွင့်က ကလေးမုန့်ဖိုးတောင် မရှိပါလား၊ တော်တော့်ကို ရယ်လည်း ရယ်ချင်၊ စိတ်လည်း တိုခဲ့ရတယ်” လို့ ဦးစိန်ကျော်ဝင်းက ပြောပါတယ်။

မကြာသေးခင် နှစ်များ အတွင်း အငြိမ်းစားဝန်ထမ်း လစာတွေ တိုးပေးခဲ့တာကြောင့် ဦးစိန်ကျော်ဝင်းရဲ့ ပင်စင်ငွေက ၉ဝ,ဝဝဝ ကျော်၊ မျက်လုံး ဆုံးရှုံးမှု အတွက် တဖက်ကို ၆,ဝဝဝ နှုန်းနဲ့ လစဉ် ထောက်ပံ့ကြေး ၁၂,ဝဝဝ ရနေပါပြီ။ သို့သော်လည်း ဒီပမာဏဟာ ယနေ့ခေတ် နေထိုင်မှု စရိတ်ကြောင့် ကလေးမုန့်ဖိုးလို ဖြစ်နေတုန်းပဲ လို့ သူက ညည်းညူ ပြောဆိုပါတယ်။

ဦးစိန်ကျော်ဝင်းက မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က မိတ်ဆွေ တယောက်ရဲ့ခြံထဲမှာ မှီခိုနေခဲ့တုန်း ကိုယ်လက်အင်္ဂါ ထိခိုက်တဲ့ စစ်မှုထမ်းဟောင်းတွေ အတွက် အိမ်ရာမှာ နေထိုင်ခွင့် လျှောက်ထားရာမှာ ၂ဝဝ၉ မှာတော့ သထုံမြို့နဲ့ ငါးမိုင်ခန့် အကွာမှာ ရှိတဲ့ သုဓမ္မဝတီမြို့သစ်မှာ နေထိုင်စရာ အိမ်တလုံး ရရှိခဲ့ပါပြီ။ သုဓမ္မဝတီမှာ ဦးစိန်ကျော်ဝင်းလို စစ်ပြန် ရဲဘော် ၆ဝ ခန့်ဟာ မိသားစုနဲ့ အတူ နေထိုင်လျက် ရှိပါတယ်။

နိုင်ငံအနှံ့မှာ သုဓမ္မဝတီလို မသန်စွမ်း စစ်မှုထမ်းဟောင်း အိမ်ရာ ဘယ်လောက်ရှိတယ် ဆိုတာတော့ မသိရသေးပါဘူး။ နှစ် ရဝ နီးပါး ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မှာ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတခုခု စွန့်လွှတ်ခဲ့ရတဲ့ တပ်မတော်သား အရေအတွက် ဘယ်လောက် ရှိတယ်၊ သူတို့ အတွက် ဘယ်လို ဘယ်ပုံထောက်ပံ့နေတယ် ဆိုတဲ့ သတင်းအချက် အလက်ကို တပ်မတော်က ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ဆင်းရဲတွင်း

ရဲဘော်ဟောင်း အများအပြား ကတော့ စစ်မှုထမ်းဟောင်း အိမ်ရာ အခမဲ့ ရရှိတဲ့ အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြ ပါတယ်။ သို့သော်လည်း သူတို့ အများစုဟာ ဘဝရှင်သန်ရေး အတွက် ခက်ခက်ခဲခဲ နေထိုင်ကြရတယ်လို့ ဆိုကြ ပါတယ်။ သူတို့ အတွက် အလုပ်အကိုင် အခွင့်အလမ်း၊ အပိုဝင်ငွေ ရရှိမယ့် နည်းလမ်းတွေ မရှိသလောက်ပါပဲ။

အငြိမ်းစား ယူခဲ့ရသူချင်း အတူတူ အရာရှိကြီးတွေ၊ စစ်ဗိုလ်ကြီးတွေရဲ့ မိသားစုတွေ သူတို့ထက် ပိုမိုအဆင်ပြေ၊ ပျော်ပျော် ရွှင်ရွှင်နဲ့ နေထိုင်နေကြတာကို အားကျမိတယ် လို့ ကရင်ပြည်နယ် ရှေ့တန်း စစ်မြေပြင်မှာ မြေမြှုပ်မိုင်း နင်းမိပြီး ခြေတဖက် စွန့်လွှတ်လိုက်ရတဲ့ အငြိမ်းစား တပ်ကြပ်ကြီး ဝင်းဌေးက ပြောပါတယ်။

သူက မနက်တိုင်း သထုံ၊ ဘားအံ၊ မုတ္တမမြို့တို့ကို ဖြတ်သွားတဲ့ အဝေးပြေးလမ်းမှာ ပလပ်စတစ် ပုလင်းခွံ ကောက်ပြီး ပြန်ရောင်း ပါတယ်။

“ကျနော့် မိန်းမက ကျန်းမာရေး ကလည်း ကောင်းတဲ့သူ မဟုတ်တော့ အပြင်ထွက် အလုပ်လည်း မလုပ်နိုင်ဘူးလေ။ မနက် မိုးလင်းတာနဲ့ မိသားစု စားဝတ်နေရေး ဘယ်လို ပြေလည်မလဲ လို့ တွေးပြီး ဘယ်နေရာ သွားကောက်ရမလဲပဲ စဉ်းစားတယ်။ တ်နေ့ကို ၁,၅ဝဝ၊ ၂,ဝဝဝ လောက်တော့ ရပါတယ်” လို့ ဦးဝင်းဌေး ဆိုပါတယ်။

သုဓမ္မဝတီ မြို့သစ်ရောက် စစ်မှုထမ်းဟောင်း အများစုက သူတို့ရဲ့ သားသမီးတွေ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကြတယ်၊ မိသားစုကို အနည်းနဲ့ အများ ပြန်လည် ထောက်ပံ့ကြတယ် လို့ ဆိုကြပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ အရာရှိ တဦးကို ဆက်သွယ် မေးမြန်းတော့ မသန်စွမ်း စစ်ပြန်များ အတွက် ထောက်ပံ့ရေး အစီအစဉ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေဆိုခြင်း မရှိခဲ့ပါဘူး။

“ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ တပ်မတော်သားကို အရပ်ဘက် ဌာနဆိုင်ရာများကို ပြောင်းရွှေ့ တာဝန်ပေးတာတွေ ရှိတယ်” လို့ မြေမြှုပ်မိုင်းဒဏ် ခံခဲ့ရသူများ ခြေတု၊ လက်တု တပ်ဆင်နိုင်ရေး အတွက် ကူညီခြင်း၊ နှစ်သိမ့်အားပေးခြင်း လုပ်ငန်းများ လုပ်ကိုင်နေတဲ့ ငြိမ်းချမ်းမြန်မာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသန့်ဇင်က ပြောပါတယ်။ ဦးသန့်ဇင် ကိုယ်တိုင် လည်း ဒုတပ်ရင်းမှူး တဦးဘဝမှာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ် အတွင်း မိုင်းထိတဲ့ အတွက် ညာဘက် ခြေထောက် စွန့်လွှတ်လိုက်ရသူပါ။

ပညာအရည်အချင်း မြင့်တဲ့ အရာရှိတွေဟာ ညွှန်ကြားရေးမှူး၊ ဒုညွှန်ကြားရေးမှူး စတဲ့ နေရာတွေ ရသွားကြတယ်၊ ပညာအရည်အချင်း နည်းပါးသူတွေကတော့ ဘဝရပ်တည်ရေး အတွက် အခက်အခဲ ကြီးကြီးမားမား ရှိနေတယ်လို့ ဦးသန့်ဇင်က ဆိုပါတယ်။

“တပ်ရဲ့ စိုက်ပျိုးရေး စီမံကိန်းတွေ ရှိတယ်။ အဲ့ဒီမှာ ဒီလူတွေကို ရွာလေး ထောင်ပေးပြီးတော့ အဲ့ဒီမှာ လုပ်ခိုင်း၊ နေခိုင်းတာပေါ့၊ လစာလည်း နည်းတယ်။ အပြင်မှာ ရှာဖို့ မြို့တက် လာကြတော့ တချို့က ကောင်းကောင်းမွန်မွန် ဖြစ်သွားသလို တချို့ကတော့ တောင်းစားတဲ့ ဘဝကို ရောက်သွားတာမျိုးလည်း ရှိတာပေါ့”လို့ ဦးသန့်ဇင်က ရှင်းပြပါ တယ်။

မိုင်းဒဏ်ရာ ရသူ အရေအတွက်ကတော့ တပ်မတော်အတွက် အထူးလျှို့ဝှက်ချက် ဖြစ်နေတယ် လို့ သူက ဆိုပါတယ်။

“မိုင်းထိပြီး ခြေထောက်ဖြတ်ဖို့ ဆေးရုံ တက်နေချိန်မှာကို ကျနော်နဲ့ အတူ တက်နေတဲ့ သူတွေက ၃ဝဝ လောက် ရှိတယ်။ ခြေတုလုပ်တဲ့ စက်ရုံကို မေးတော့ သိန်းဂဏန်းလောက်ကို ရှိနေတယ် လို့ သိရတယ်၊ အဲ့ဒါက အရပ်သားတွေ ရော၊ တပ်မတော်သားတွေရောကို ပြောတာ။ စာရင်း တိတိကျကျ သွားကြည့်လို့တော့ မရဘူး။ တပ်မတော် ဘက်မှာလည်း ဒီလို ထိခိုက်တဲ့ တပ်မတော်သား အရေအတွက်က ဘယ်သူ့ကိုမှ မပေးဘူး” လို့ ဦးသန့်ဇင်က ပြောပါ တယ်။

အရာရှိများ အထောက်အပံ့ပိုရ

တိုက်ပွဲတွေ အတွင်းမှာ ကိုယ်လက်အင်္ဂါ စွန့်လွှတ်လိုက်ရတာချင်း အတူတူ အရာရှိအဆင့်နဲ့ အောက်ခြေအဆင့် ရရှိတဲ့ အခွင့်အရေးက ကွာခြားလွန်းတယ် လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးကျော်ဇေယျက ပြောပါတယ်။

အရာရှိအဆင့် အငြိမ်းစား ယူခဲ့သူ အများစုကို တပ်မတော်ရဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း တို့ရဲ့ လုပ်ငန်းတွေမှာ ပြန်လည် ခန့်ထားပေမယ့် အောက်ခြေအဆင့် စစ်သည်ဟောင်းတွေ ကိုတော့ ခန့်ထားတာမျိုး မတွေ့ဘူးလို့ ဦးပိုင်လီမိတက်မှာ အစုရှယ်ယာ ဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးကျော်ဇေယျက ပြောပါတယ်။

စစ်မှုထမ်းဟောင်း အိမ်ရာ တချို့မှာ ရေ၊ မီးက အစ ပြည့်စုံမှု မရှိသလို စာသင်ကျောင်း၊ အလုပ်အကိုင် ရှိတဲ့ နေရာတွေနဲ့ ဝေးလံတဲ့ နေရာတွေ ဖြစ်တယ် လို့ သူက ဆက်ပြောပါတယ်။

“စစ်မှုထမ်းဟောင်း အိမ်ရာတွေကို လက်တွေ့ ပြန်ဆင်းကြည့်စေချင်တယ်၊ ဘာတွေ လိုအပ်နေလဲ ဆိုတာ။ ဒါကို လက်ရှိ အစိုးရနဲ့ တပ်မတော် အနေနဲ့ လုပ်ပေးစေချင်တယ်။ ဒီ ပင်စင် လစာလေးကိုပဲ မှီခိုနေရတော့ အကျင့် စာရိတ္တ တွေလည်း ပျက်ပြားတာမျိုး ဖြစ်လာကြရော” လို့ သူက ဆိုပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာန အသုံးစရိတ်တွေဟာ တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်မှာသာ ရှိနေတာကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ဝင်ရောက်ကိုင်တွယ်ဖို့ မဖြစ်နိုင်သေးဘူး လို့ သူက သုံးသပ်ပါတယ်။

ကြုံရာကျပန်း လုပ်စားဖို့တောင် အခြေအနေ မရှိတဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်လိုက်ရသူ အောက်ခြေအဆင့် စစ်သည် ဟောင်းတွေရဲ့ ဘဝ အာမခံချက် အတွက် တပ်မတော်ကရော အစိုးရကပါ စီစဉ်ပေးသင့်ပြီ လို့ သူက ဆိုပါတယ်။

“တကယ်ဆို စစ်မှုထမ်းဟောင်းတွေကို အဆင့်မြင့်မြင့်နဲ့ အိမ်ရာတွေ ထားနိုင်ရမယ်၊ ပေးမယ်ဆို ဒါကို ကာကွယ်ရေး ဘတ်ဂျက်ကနေ ပေးသင့်တာပေါ့” လို့ ဒုတိယ ဗိုလ်မှူးကြီးဟောင်း ဦးကျော်ဇေယျက ပြောပါတယ်။ ။
https://burma.irrawaddy.com/article/2016/10/14/124868.html

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...