မိဘမဲ့ ကလေးများနဲ့ စွန့်ပစ်ခံ အမျိုးသမီးများ စောင့်ရှောက်ရေးဂေဟာ မီးလောင် (၁၉) ဦးသေဆုံး

၉-၃-၂၀၁၇
SAW
==========

ခလေးနှင့် အမျိုးသမီးများ စောင့်ရှောက်ရေးဂေဟာ
မီးလောင် (၁၉)ဦးသေဆုံး
၉-၃-၂၀၁၇
အုပ်ထိန်းသူတွေက စွန် ့ပစ်သွားတာ-နှိပ်စက်ခံရ- လိင်ပိုင်းဆိုင်ရာ စော်ကားခံကြရတဲ့ ခလေးငယ်တွေနဲ ့ အမျိုးသမီးငယ်တွေကို လက်ခံစောင့်ရှောက်ပေးထားတဲ့ ဂွာတီမာလာနိုင်ငံ San José Pinulaဒေသက ဂေဟာ မှာ ယခုလ(၇)ရက်နေ ့က မီးလောင်ခဲ့ရာမှာ ခလေး (၁၉)ဦး မီးလောင်သေဆုံးခဲ့ပြီး (၂၅)ဦးကို ဆေးရုံ တင်ထားရကြောင်း သိရပါတယ်။
အယောက်(၆၀)ဟာ ထွက်ပြေးသွားခဲ့ကြကြောင်း အာဏာပိုင် တွေကပြောပါတယ်၊ ယခုဖြစ်ရပ်မှာ ခလေး တွေဟာ ညပိုင်းမှာ စောင်တွေကိုမီးရှို ပြီး ဂေဟာကနေ ထွက်ပြေးမလို ့လုပ်ရင်း ဂေဟာတခုလုံး မီးလောင် သွားခဲ့တာလို ့လည်း ဒေသဆိုင်ရာ သတင်းတွေမှာ ရေးသားဖေါ်ပြ ထားပါတယ်။
လက်ခံထားရတဲ့ ခလေးငယ်တွေမှာ အကျင့်ဆိုး ရှိနေတဲ့ လူငယ်တွေဟာ မူးယစ်ဆေးသုံးတာနဲ ့ ခိုးတာ-ရာဇဝတ် မှုတွေ ကို အဆောင်ထဲမှာ ကျူးလွန်လာတာကြောင့် အာဏာပိုင် တွေက အဆောင်ကို စည်းကမ်း တင်းကြပ် ပြီး ပိုမိုကောင်းမွန်တဲ့နေရာကို ပြောင်းမလို ့ စီစဉ်နေတုန်း ခလေးလူမိုက်အုပ်စုတွေ က သောင်းကျန်းကြတာ ကြောင့် ယခုကို စိတ်မကောင်းစရာဖြစ်ခဲ့တာ လို့လည်း အဆောင် ဝန်ထမ်းတွေကပြောပါတယ်။
SAW
Credit prensalibre
A fire at a children's shelter in Guatemala City on Wednesday left 19 people dead and 25 wounded, officials from an emergency department in the Central American country said.
The fire occurred in the morning in the public rehabilitation center Virgin Safe House of the Assumption in San José Pinula, about 25 kilometers southeast of Guatemala City, where there are children who are victims of family violence.
ရုပ္သံ

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...