” ၿပိတၱာ ျဖစ္ ေစ်း ေရာင္းနည္း “ ..

ျမတ္စြာဘုရား လက္ထက္ေတာ္က ရာဇၿဂိဳလ္ျပည္ မွာ ေစ်းသည္ အမ်ိဳးသမီး ေလးေယာက္ ရွိပါတယ္ ။

သူတို႔ရဲ႕ေစ်းေရာင္းမႈဟာ မွန္ကန္မႈ မရွိပါဘူး ။ အေလးခိုးသလို စဥ္းလဲေကာက္က်စ္တဲ႔ နည္းေတြနဲ႔ ေရာင္းေတာ့ စီးပြားေရး ေတြက ခဏေလးနဲ႔ တိုးတက္သြားျပီး ၿခံႀကီး ၊ အိမ္ ၾကီးေတြနဲ႔ ျဖစ္ကုန္ၾကတယ္ ။

အဲဒီ အမ်ိဳးသမီးေလး ေယာက္ဟာ စီးပြားေရး ေတြ အဆင္ေျပဆဲ ကာလမွာပဲ အေၾကာင္း မယ္မယ္ရရ မရွိပဲ ေရွ႕ဆင့္ေနာက္ဆင့္ ကြယ္လြန္ကုန္ၾကတယ္ ၊

ကြယ္လြန္ျပီး ဘယ္ေရာက္သြားသလဲဆိုေတာ့ က်ံဳးၿမိဳ႕ရဲ႕ အျပင္ဘက္နားမွာ ျဗိတၱာ  မ ေတြ သြားျဖစ္ပါသတဲ႔ ။

လူ႔ျပည္မွာက်န္ခဲ႔တဲ႔ လင္ ေယာက်္ား ေလးေယာက္က မၾကာခင္မွာ ဇနီးငယ္ ေတြ ေကာက္ယူျပီး သူတို႔ရွာေဖြခဲ႔တဲ႔ ပစၥည္းေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါး ခံစားေနတာ ေတြ႔ရေတာ့ .

ျဗိတၱာ ျဖစ္လို႔ ဆင္းရဲရတဲ႔အထဲ လုပ္ရက္ေလျခင္း ဆိုျပီး ပိုျပီး စိတ္ဆင္းရဲျခင္း ျဖစ္ၾကရတယ္ ။

ဒါေၾကာင့္ က်ံဳးအျပင္ဘက္ကေန ၿမိဳ႕ထဲကလူေတြ ၾကားေအာင္ အသံဆိုးႀကီးေတြနဲ႔ လွမ္း ၊ လွမ္းေအာ္ပါေတာ့တယ္ ။

ဒီအေၾကာင္းကို ျမတ္စြာဘုရားထံ ေမးျမန္းတဲ႔အခါ . . . ျမတ္စြာဘုရားက ၊

ဒါယကာတို႔ ဒီအသံဟာ သင္တို႔ကို အႏၲရာယ္ ျပဳမယ့္အသံ မဟုတ္ပါဘူး ၊ ျဗိတၱာမေလးေယာက္ ဆင္းရဲျခင္းေတြ ႏွိပ္စက္လို႔ ေအာ္ေနၾကတာ ျဖစ္တယ္ လို႔ မိန္႔ေတာ္မူျပီး ျဖစ္ေၾကာင္းကုန္စင္ကို ေဟာျပပါတယ္ ။
ဒီေခတ္မွာလည္း တစ္ခ်ိဳ႕ပုဂၢိဳလ္ေတြဟာ စဥ္းလဲ ေကာက္က်စ္တဲ႔ နည္းမ်ိဳးစံုနဲ႔ ေစ်းေရာင္းၾကတာေတြ ရွိပါတယ္ ။

ကားကို လိမ္ေရာင္းတာ ၊ ထီကို လိမ္ေရာင္းတာ ၊ ၾကက္သားကို ေရထိုးေရာင္းတာ ၊ TV လိမ္ေရာင္းတာ ၊

ေစ်း ေရာင္းသူက ကိုယ္ေကာက္က်စ္လိုက္တာကို ေစ်း ဝယ္သူ မသိဘူး ဆိုျပီး ကိုယ့္ကိုယ္ကို ဟုတ္လွၿပီ ထင္ေနမွာပါ ။

ဒါေပမယ့္ က်န္တဲ႔သူေတြသူ မသိရင္ေနမယ္ ၊ ေစ်းေရာင္းသူ ကိုယ္တိုင္ကေတာ့ သိေနခဲ႔ပါၿပီ ။
ကိုယ့္ရဲ႕ အျပဳအမူဟာ မဟုတ္မမွန္ဘူး ဆိုတာ သိလ်ွက္နဲ႔ ျပဳမူတယ္ ဆိုတာ ကိုယ္ရထားတဲ႔ လူ႔ဘဝကို လံုးဝ တန္ဖိုးမထားတာပါ ၊

ကံ ဆိုတာ ျပဳၿပီးရင္ ျပီးေျမာက္သြားတာပါ ။ ဘာမွ ျပန္လုပ္လို႔ မရပါဘူး ၊ ေျမာက္သြားတဲ႔ ကံ က အခြင့္အခါသင့္ရင္ ျပန္ အက်ိဳးေပးေတာ့မွာပါ ။

ေကာက္က်စ္စဥ္းလဲတဲ႔ ကံ ေတြမ်ားရင္ မ်ားသေလာက္ အက်ိဳးေပးမွာပါ ။
ကိုယ္က မွန္မွန္ကန္ကန္ ေစ်းေရာင္းခဲ႔ရင္ ကိုယ္ထားခဲ႔တဲ႔ ေမတၱာ ၊ ေစတနာေတြ ၊ ကိုယ္ျပဳခဲ႔တဲ႔ ကံ ေတြကလည္း အလကားေနမွာ မဟုတ္ပါဘူး ၊ သူ႔အက်ိဳးအားေလ်ာ္စြာ တံုန္႔ျပန္မွာပါ ၊

ကိုယ့္ရဲ႕အျပဳအမူေတြကို ေမ့ျခင္းသံုးမ်ိဳးနဲ႔ ခ်ိန္ၾကည့္လို႔ ရပါတယ္ ၊ ေမ့ျခင္းသံုးမ်ိဳးက . . .
၁။အေမ့ႀကီး ေမ့ေနတာရယ္ ၊
၂။ အသင့္အတင့္ ေမ့ေနတာရယ္ ၊
၃။ မေမ့သင့္တာကို ေမ့ေနတာရယ္ပါ ။

၁။အေမ့ႀကီး ေမ့ေနတယ္ဆိုတာ. . .
ေငြရဖို႔ အဓိက ၊ ပစၥည္းဥစၥာ ရဖို႔အဓိက ၊ ရာထူး အာဏာရဖို႔ အဓိက ၊ ေအာင္ျမင္ေက်ာ္ၾကားဖို႔ အဓိက. . . . အဲသလို ႏွလံုးသြင္းျပီး မသမာတဲ႔ နည္းနဲ႔ ၊ ေကာက္က်စ္စဥ္းလဲတဲ႔ နည္းနဲ႔ ၊ ဒုစရိုက္နည္းနဲ႔ စီးပြားရွာေနၾကတာပါ ။

အဲဒီလို ပုဂၢိဳလ္မ်ိဳး ေတြ ေသရင္ ျဗိတၱာျဖစ္ရင္ျဖစ္ ၊ မျဖစ္ရင္ အပါယ္ငရဲ က်မွာပါ ။

၂။ေနာက္ဒုတိယက အသင့္အတင့္ ေမ့ေနတယ္ ဆိုတာ . . .
ကာမဂုဏ္အာရံုေတြမွာ စိတ္ညႊတ္ျပီး ကုသိုလ္ ေကာင္းမႈ ျပဳဖို႔ ၊ တရားအားထုတ္ဖို႔ ေမ့ေနတာပါ ၊

ကိုရီးယား ဇတ္ကားေလး ၾကည့္ျပီး ေမ့ေနတာ ၊
ေဘာလံုးပြဲကို ည ၁ ၊ ၂ နာရီထိ ေစာင့္ၾကည့္ျပီး ေမ့ေနတာ ၊
မဂၤလာဧည့္ခံပြဲေတြမွာ ငါ့ဝတ္စားဆင္ဆင္မႈက သူတို႔ထက္ သာတယ္ ဆိုျပီး သာယာျပီး ေမ့ေနတာ ၊
ငါ့ဘဝမွာ ” ကိုကိုသာ အဓိက ” ဆိုျပီး ကိုကို အတြက္သာ အခ်ိန္ကုန္ျပီး တရားအားထုတ္ဖို႔ ေမ့ေနတာ ။
ကိုယ့္ရဲ႕ ေျမးေလးနဲ႔ပဲ အခ်ိန္ကုန္ုျပီး ေမ့ေနတာ ။

ဒီေမ့ျခင္းေတြက အပါယ္ငရဲ ကို က်ေစတတ္တဲ႔ ေမ့ျခင္းေတာ့ မဟုတ္ပါဘူး ၊ ဒါေပမယ့္ သံသရာရွည္ျပီး နိဗၺာန္နဲ႔ ေဝးေစတာပါ ။

၃။ေနာက္ တတိယကမေမ့သင့္တာ ေမ့ေနတယ္ ဆိုတာ ကေတာ့ . .
တရားရိပ္သာ ဝင္တဲ႔အခါ အမွတ္ေတြ က်ဲက်ဲ ေနတာကို ေျပာတာပါ ။ တရားထိုင္တဲ႔အခါ စိတ္ေတြက ေတာင္ေရာက္ ေျမာက္ေရာက္ အိမ္ေရာက္ ရံုးေရာက္ နဲ႔ သမာဓိေတြ က်ဲေနတာပါ ။

ဒီေမ့ျခင္းက ငရဲ ကို က်ေစတတ္တဲ႔ ေမ့ျခင္း မဟုတ္ပါဘူး ၊ ဒါေပမယ့္ တရားအေတြ႔ေတြ ေႏွးေနတတ္ပါတယ္ ။
ေမ့ျခင္းသံုးမ်ိဳးထဲမွာ လူသားတစ္ေယာက္အေနနဲ႔ လံုးဝ မရွိသင့္တဲ႔ ေမ့ျခင္းကေတာ့ ပထမေမ့ျခင္း ပါ ။

ဗုဒၶဘာသာ ဝင္တစ္ေယာက္ရဲ႕ ပန္းတိုင္အစစ္ဟာ နိဗၺာန္ ပါ ။ နိဗၺာန္ မရေသးရင္ေတာင္ ဘဝကို ျငိမ္းျငိမ္းခ်မ္းခ်မ္း ေနသြားရဖို႔က အဓိကပါ ။

ပစၥည္းေတြေတာ့ ေပါပါရဲ႕ ၊ ဒါေပမယ့္ ဘဝက မျငိမ္းခ်မ္းဘူးဆိုရင္ ဘဝက အဓိပါယ္ မရွိလွပါဘူး ။

ဘာပဲေျပာေျပာ ျဗိတၱာ ျဖစ္တဲ႔ စီးပြား ရွာနည္းေတြ ကိုေတာ့ အထူးေရွာင္ဖို႔ အေရးႀကီးပါတယ္ ။

ေမ့ျခင္းသံုးမ်ိဳးကို သဒၶမၼံရံသီ ဆရာေတာ္ႀကီး ရဲ႕ လကၤာေလးနဲ႔ ကပ္မွတ္ထားလိုက္ရေအာင္ပါ ။

ဒုစရိုက္ သာ ျပဳလုပ္ခါ ေနတာေမ့ေနမည္ ၊
ကာမဂုဏ္ မွာ စိတ္ညႊတ္ခါ ေနတာေမ့ေနမည္ ၊
ဘာဝနာ မွာ စိတ္လြတ္ခါ ေနတာေမ့ေနမည္ ၊

က်မ္းကိုး-
၁။ေပတဝတၱဳ အ႒ာကထာ
ေဘာဂသံဟဏေပတဝတၱဳ ။
၂။ေပတဝတၳဳ ျမန္မာျပန္
သာသနာ့မ႑ိဳင္ ဆရာေတာ္ ။
၃။ေပတဝတၳဳေတာ္ႀကီး
အရွင္ဓမၼသာမီဘိဝံသ ။
၄။ေသာတာပန္၏ ဝဋ္သံုးပါးပယ္ပံု ၊
သဒၶမၼံဆရာေတာ္ႀကီး ။

ရေဝႏြယ္ ( အင္းမ )
( အေတြးမ်ားႏွင့္ မိတ္ဖြဲ႔ျခင္း ၊ စာ-၁၂၃-၁၂၈ ) အား ပူေဇာ္ပါ၏
Credit:ဓမၼေရေအး

#Unicode Version
မြတ်စွာဘုရား လက်ထက်တော်က ရာဇဂြိုလ်ပြည် မှာ ဈေးသည် အမျိုးသမီး လေးယောက် ရှိပါတယ် ။

သူတို့ရဲ့ဈေးရောင်းမှုဟာ မှန်ကန်မှု မရှိပါဘူး ။ အလေးခိုးသလို စဉ်းလဲကောက်ကျစ်တဲ့ နည်းတွေနဲ့ ရောင်းတော့ စီးပွားရေး တွေက ခဏလေးနဲ့ တိုးတက်သွားပြီး ခြံကြီး ၊ အိမ်ကြီးတွေနဲ့ ဖြစ်ကုန်ကြတယ် ။

အဲဒီ အမျိုးသမီးလေး ယောက်ဟာ စီးပွားရေး တွေ အဆင်ပြေဆဲ ကာလမှာပဲ အကြောင်း မယ်မယ်ရရ မရှိပဲ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ကုန်ကြတယ် ၊

ကွယ်လွန်ပြီး ဘယ်ရောက်သွားသလဲဆိုတော့ ကျုံးမြို့ရဲ့ အပြင်ဘက်နားမှာ ဗြိတ္တာ  မ တွေ သွားဖြစ်ပါသတဲ့ ။

လူ့ပြည်မှာကျန်ခဲ့တဲ့ လင် ယောကျ်ား လေးယောက်က မကြာခင်မှာ ဇနီးငယ် တွေ ကောက်ယူပြီး သူတို့ရှာဖွေခဲ့တဲ့ ပစ္စည်းတွေနဲ့ ပျော်ပျော်ပါးပါး ခံစားနေတာ တွေ့ရတော့ .

ဗြိတ္တာ ဖြစ်လို့ ဆင်းရဲရတဲ့အထဲ လုပ်ရက်လေခြင်း ဆိုပြီး ပိုပြီး စိတ်ဆင်းရဲခြင်း ဖြစ်ကြရတယ် ။

ဒါကြောင့် ကျုံးအပြင်ဘက်ကနေ မြို့ထဲကလူတွေ ကြားအောင် အသံဆိုးကြီးတွေနဲ့ လှမ်း ၊ လှမ်းအော်ပါတော့တယ် ။

ဒီအကြောင်းကို မြတ်စွာဘုရားထံ မေးမြန်းတဲ့အခါ . . . မြတ်စွာဘုရားက ၊

ဒါယကာတို့ ဒီအသံဟာ သင်တို့ကို အန္တရာယ် ပြုမယ့်အသံ မဟုတ်ပါဘူး ၊ ဗြိတ္တာမလေးယောက် ဆင်းရဲခြင်းတွေ နှိပ်စက်လို့ အော်နေကြတာ ဖြစ်တယ် လို့ မိန့်တော်မူပြီး ဖြစ်ကြောင်းကုန်စင်ကို ဟောပြပါတယ် ။
ဒီခေတ်မှာလည်း တစ်ချို့ပုဂ္ဂိုလ်တွေဟာ စဉ်းလဲ ကောက်ကျစ်တဲ့ နည်းမျိုးစုံနဲ့ ဈေးရောင်းကြတာတွေ ရှိပါတယ် ။

ကားကို လိမ်ရောင်းတာ ၊ ထီကို လိမ်ရောင်းတာ ၊ ကြက်သားကို ရေထိုးရောင်းတာ ၊ TV လိမ်ရောင်းတာ ၊

ဈေး ရောင်းသူက ကိုယ်ကောက်ကျစ်လိုက်တာကို ဈေး ဝယ်သူ မသိဘူး ဆိုပြီး ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်နေမှာပါ ။

ဒါပေမယ့် ကျန်တဲ့သူတွေသူ မသိရင်နေမယ် ၊ ဈေးရောင်းသူ ကိုယ်တိုင်ကတော့ သိနေခဲ့ပါပြီ ။
ကိုယ့်ရဲ့ အပြုအမူဟာ မဟုတ်မမှန်ဘူး ဆိုတာ သိလျှက်နဲ့ ပြုမူတယ် ဆိုတာ ကိုယ်ရထားတဲ့ လူ့ဘဝကို လုံးဝ တန်ဖိုးမထားတာပါ ၊

ကံ ဆိုတာ ပြုပြီးရင် ပြီးမြောက်သွားတာပါ ။ ဘာမှ ပြန်လုပ်လို့ မရပါဘူး ၊ မြောက်သွားတဲ့ ကံ က အခွင့်အခါသင့်ရင် ပြန် အကျိုးပေးတော့မှာပါ ။

ကောက်ကျစ်စဉ်းလဲတဲ့ ကံ တွေများရင် များသလောက် အကျိုးပေးမှာပါ ။
ကိုယ်က မှန်မှန်ကန်ကန် ဈေးရောင်းခဲ့ရင် ကိုယ်ထားခဲ့တဲ့ မေတ္တာ ၊ စေတနာတွေ ၊ ကိုယ်ပြုခဲ့တဲ့ ကံ တွေကလည်း အလကားနေမှာ မဟုတ်ပါဘူး ၊ သူ့အကျိုးအားလျော်စွာ တုံန့်ပြန်မှာပါ ၊

ကိုယ့်ရဲ့အပြုအမူတွေကို မေ့ခြင်းသုံးမျိုးနဲ့ ချိန်ကြည့်လို့ ရပါတယ် ၊ မေ့ခြင်းသုံးမျိုးက . . .
၁။အမေ့ကြီး မေ့နေတာရယ် ၊
၂။ အသင့်အတင့် မေ့နေတာရယ် ၊
၃။ မမေ့သင့်တာကို မေ့နေတာရယ်ပါ ။

၁။အမေ့ကြီး မေ့နေတယ်ဆိုတာ. . .
ငွေရဖို့ အဓိက ၊ ပစ္စည်းဥစ္စာ ရဖို့အဓိက ၊ ရာထူး အာဏာရဖို့ အဓိက ၊ အောင်မြင်ကျော်ကြားဖို့ အဓိက. . . . အဲသလို နှလုံးသွင်းပြီး မသမာတဲ့ နည်းနဲ့ ၊ ကောက်ကျစ်စဉ်းလဲတဲ့ နည်းနဲ့ ၊ ဒုစရိုက်နည်းနဲ့ စီးပွားရှာနေကြတာပါ ။

အဲဒီလို ပုဂ္ဂိုလ်မျိုး တွေ သေရင် ဗြိတ္တာဖြစ်ရင်ဖြစ် ၊ မဖြစ်ရင် အပါယ်ငရဲ ကျမှာပါ ။

၂။နောက်ဒုတိယက အသင့်အတင့် မေ့နေတယ် ဆိုတာ . . .
ကာမဂုဏ်အာရုံတွေမှာ စိတ်ညွှတ်ပြီး ကုသိုလ် ကောင်းမှု ပြုဖို့ ၊ တရားအားထုတ်ဖို့ မေ့နေတာပါ ၊

ကိုရီးယား ဇတ်ကားလေး ကြည့်ပြီး မေ့နေတာ ၊
ဘောလုံးပွဲကို ည ၁ ၊ ၂ နာရီထိ စောင့်ကြည့်ပြီး မေ့နေတာ ၊
မင်္ဂလာဧည့်ခံပွဲတွေမှာ ငါ့ဝတ်စားဆင်ဆင်မှုက သူတို့ထက် သာတယ် ဆိုပြီး သာယာပြီး မေ့နေတာ ၊
ငါ့ဘဝမှာ ” ကိုကိုသာ အဓိက ” ဆိုပြီး ကိုကို အတွက်သာ အချိန်ကုန်ပြီး တရားအားထုတ်ဖို့ မေ့နေတာ ။
ကိုယ့်ရဲ့ မြေးလေးနဲ့ပဲ အချိန်ကုန်ုပြီး မေ့နေတာ ။

ဒီမေ့ခြင်းတွေက အပါယ်ငရဲ ကို ကျစေတတ်တဲ့ မေ့ခြင်းတော့ မဟုတ်ပါဘူး ၊ ဒါပေမယ့် သံသရာရှည်ပြီး နိဗ္ဗာန်နဲ့ ဝေးစေတာပါ ။

၃။နောက် တတိယကမမေ့သင့်တာ မေ့နေတယ် ဆိုတာ ကတော့ . .
တရားရိပ်သာ ဝင်တဲ့အခါ အမှတ်တွေ ကျဲကျဲ နေတာကို ပြောတာပါ ။ တရားထိုင်တဲ့အခါ စိတ်တွေက တောင်ရောက် မြောက်ရောက် အိမ်ရောက် ရုံးရောက် နဲ့ သမာဓိတွေ ကျဲနေတာပါ ။

ဒီမေ့ခြင်းက ငရဲ ကို ကျစေတတ်တဲ့ မေ့ခြင်း မဟုတ်ပါဘူး ၊ ဒါပေမယ့် တရားအတွေ့တွေ နှေးနေတတ်ပါတယ် ။
မေ့ခြင်းသုံးမျိုးထဲမှာ လူသားတစ်ယောက်အနေနဲ့ လုံးဝ မရှိသင့်တဲ့ မေ့ခြင်းကတော့ ပထမမေ့ခြင်း ပါ ။

ဗုဒ္ဓဘာသာ ဝင်တစ်ယောက်ရဲ့ ပန်းတိုင်အစစ်ဟာ နိဗ္ဗာန် ပါ ။ နိဗ္ဗာန် မရသေးရင်တောင် ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း နေသွားရဖို့က အဓိကပါ ။

ပစ္စည်းတွေတော့ ပေါပါရဲ့ ၊ ဒါပေမယ့် ဘဝက မငြိမ်းချမ်းဘူးဆိုရင် ဘဝက အဓိပါယ် မရှိလှပါဘူး ။

ဘာပဲပြောပြော ဗြိတ္တာ ဖြစ်တဲ့ စီးပွား ရှာနည်းတွေ ကိုတော့ အထူးရှောင်ဖို့ အရေးကြီးပါတယ် ။

မေ့ခြင်းသုံးမျိုးကို သဒ္ဓမ္မံရံသီ ဆရာတော်ကြီး ရဲ့ လင်္ကာလေးနဲ့ ကပ်မှတ်ထားလိုက်ရအောင်ပါ ။

ဒုစရိုက် သာ ပြုလုပ်ခါ နေတာမေ့နေမည် ၊
ကာမဂုဏ် မှာ စိတ်ညွှတ်ခါ နေတာမေ့နေမည် ၊
ဘာဝနာ မှာ စိတ်လွတ်ခါ နေတာမေ့နေမည် ၊

ကျမ်းကိုး-
၁။ပေတဝတ္တု အဋ္ဌာကထာ
ဘောဂသံဟဏပေတဝတ္တု ။
၂။ပေတဝတ္ထု မြန်မာပြန်
သာသနာ့မဏ္ဍိုင် ဆရာတော် ။
၃။ပေတဝတ္ထုတော်ကြီး
အရှင်ဓမ္မသာမီဘိဝံသ ။
၄။သောတာပန်၏ ဝဋ်သုံးပါးပယ်ပုံ ၊
သဒ္ဓမ္မံဆရာတော်ကြီး ။

ရဝေနွယ် ( အင်းမ )
( အတွေးများနှင့် မိတ်ဖွဲ့ခြင်း ၊ စာ-၁၂၃-၁၂၈ ) အား ပူဇော်ပါ၏
Credit:ဓမ္မရေအေး

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...