======

"လူသတ္မႈ အဆုံးအျဖတ္" - ဆရာေတာ္ ဦးဝီရသူ(မစုိးရိမ္)

"လူသတ္မႈ အဆုံးအျဖတ္"

၁။ မႏုႆဇာတိကပါေဏာ-အသတ္ခံရမည့္သူက လူသားစစ္စစ္ ျဖစ္ရမယ္။
၂။ ပါဏသညိတာ- သတ္မိသူက ေသမည့္သူကုိ သက္ရွိသတၱဝါမွန္း သိရမယ္။
၃။ ဝဓကေစတနာ-ေသေစလုိတဲ့ေစတနာဆုိး ရွိရမယ္။
၄။ ဥပကၠေမာ- ႀကံစည္အားထုတ္ရမယ္။
၅။ ေတန မရဏံ- လုပ္ႀကံမႈေၾကာင့္ အသက္ေသဆုံးရမယ္။
ဒီအဂၤါငါးရပ္လုံးျပည့္စုံမွ လူသတ္မႈေျမာက္ပါတယ္။
ဥပမာ- လူကုိသတ္လုိက္တာ လူမဟုတ္ဘဲ တိရစၧာန္တစ္ေကာင္ျဖစ္ေနတယ္။ ဒါေၾကာင့္ နံပါတ္(၁)အဂၤါခ်ဳိ႕ယြင္းတယ္။ လူသတ္မႈမေျမာက္ဘူး။
ရုပ္ထု(ေက်ာက္ရုပ္)ထင္ၿပီး မွီလုိက္တာ။ ေတာင့္ေတာင့္ႀကီးရပ္ေနတဲ့ လူ ျပဳတ္က်ၿပီး ေသသြားတယ္။ နံပါတ္(၂)နဲ႔(၃)အဂၤါေတြ ခ်ဳိ႕ယြင္းတယ္။
လူသတ္မႈ မေျမာက္ဘူး။
လူသတ္မိတယ္။ ဒါေပမဲ့ ေသေစလုိတဲ့ ရည္ရြယ္ခ်က္မရွိဘူး။ အမွတ္တမဲ့ မေတာ္တဆ ျဖစ္သြားတာပါ။ ဒါေၾကာင့္ နံပါတ္(၃)အဂၤါခ်ဳိ႕ယြင္းတယ္။
လူသတ္မႈ မေျမာက္ဘူး။
လူေသသြားတယ္။ ကုိယ့္ပေယာဂ(ကုိယ္ ႏႈတ္ အမူအရာ) တစ္ခုမွ မပါဘူး။ နံပါတ္(၄)အဂၤါခ်ဳိ႕ယြင္းတယ္။
လူသတ္မႈ မေျမာက္ဘူး။
သတ္တုန္းက အပီအျပင္ပဲ။ ဒါေပမဲ့ မေသဘူး။ ဒဏ္ရာအႀကီးအက်ယ္ပဲ ရသြားတယ္။ နံပါတ္ (၅) အဂၤါခ်ဳိ႕ယြင္းတယ္။
လူသတ္မႈမေျမာက္ဘူး။
သတ္တဲ့ေနရာမွာလည္း ကုိယ္တုိင္သတ္တာနဲ႔ သတ္ခုိင္းတာလုိ႔ ႏွစ္မ်ဳိးရွိတယ္။
ပစ္မွတ္အထားခံရသူ အသက္ရွင္ေနခ်ိန္မွာ သတ္တာ သတ္ခုိင္းတာကမွ လူသတ္မႈေျမာက္တယ္။
ဒီသိကၡာပုဒ္မွာ - ကာယကမၼ ဝစီကမၼ ႏွစ္မ်ဳိးတည္းပဲ အႀကဳံးဝင္တယ္။
ကုိယ္တုိင္သတ္ျခင္း သတ္ခုိင္ျခင္း(ကာယကံ)
သတ္မိန္႔ေပးျခင္း၊ သတ္ခုိင္းျခင္း၊ သေဘာတူေၾကာင္း ေထာက္ခံစကားေျပာျခင္း၊ နည္းလမ္းေပးျခင္း၊ တုိက္တြန္းျခင္း(ဝစီကံ) ႏွစ္မ်ဳိးႏွင့္သာ သက္ဆုိင္တယ္။
မေနာကမၼ(မေနာကံ)မပါဘူး။
ဒါေၾကာင့္ ႀကံစည္ေနမွန္းသိလ်က္နဲ႔ စိတ္ထဲက ႀကိတ္ၿပီး သေဘာတူရင္ေတာင္ လူသတ္မႈ မေျမာက္ဘူး။
ေသသြားၿပီးမွ သတ္သူေတြကုိ ေထာက္ခံတာ၊ သေဘာတူတာ၊ ခ်ီးက်ဴးတာ၊ အားေပးတာ၊ ခ်ီးေျမွာက္တာ၊ ကူညီတာ၊ ေထာက္ပံ့တာေတြဟာ လူသတ္မႈနဲ႔ လုံးဝ မပတ္သက္ဘဲ တစ္ျခားစီသာ ျဖစ္တယ္။
ဒါကုိပဲ စာမတတ္တဲ့ ကုိယ္ေတာ္တစ္ပါးေျပာစကားနဲ႔ ပါရာဇိက (ရဟန္းဘဝ နိ႒ိတံသြားၿပီ၊ ဘုန္းႀကီး မဟုတ္ေတာ့ဘူး)လုိ႔ စြပ္စြဲတာဟာ ျပစ္မႈေျမာက္တယ္။
သံသရာထိ ေပးဆပ္ရမည့္ အကုသုိလ္(ဝဋ္ေၾကြး)ျဖစ္တယ္။
တကယ္ေတာ့ အေကာင္ႀကီးႀကီးကုိ ပစ္ခ်င္တာ။
ဒါေပမဲ့ လက္နက္က မရွိဘူး။ လက္နက္ထုတ္ေပးသူနဲ႔ေတြ႕သြားတယ္။ လက္နက္အႀကီးႀကီးရသြားတယ္။ အပီဆုိၿပီး ပစ္ထည့္လုိက္တယ္။ ခက္တာက လက္နက္အစုတ္ႀကီး ျဖစ္ေနတယ္။
သားေကာင္ကုိ အသံေပးလုိက္ရာေရာက္သြားတယ္။ မုဆုိးက သားေကာင္ဘဝ ျပန္ေရာက္သြားတယ္။
မွတ္ထား......
အလုပ္ႀကီးအကုိင္ႀကီးလုပ္ခ်င္ရင္ လက္နက္ေကာင္းရွိရတယ္။
ပစ္မွတ္ရွာ ခ်ိန္ပစ္ရတယ္။
ဝီရသူ(မစုိးရိမ္)
9.3.2017
PM 4:30
==========

"လူသတ်မှု အဆုံးအဖြတ်"

၁။ မနုဿဇာတိကပါဏော-အသတ်ခံရမည့်သူက လူသားစစ်စစ် ဖြစ်ရမယ်။
၂။ ပါဏသညိတာ- သတ်မိသူက သေမည့်သူကို သက်ရှိသတ္တဝါမှန်း သိရမယ်။
၃။ ဝဓကစေတနာ-သေစေလိုတဲ့စေတနာဆိုး ရှိရမယ်။
၄။ ဥပက္ကမော- ကြံစည်အားထုတ်ရမယ်။
၅။ တေန မရဏံ- လုပ်ကြံမှုကြောင့် အသက်သေဆုံးရမယ်။
ဒီအင်္ဂါငါးရပ်လုံးပြည့်စုံမှ လူသတ်မှုမြောက်ပါတယ်။
ဥပမာ- လူကိုသတ်လိုက်တာ လူမဟုတ်ဘဲ တိရစ္ဆာန်တစ်ကောင်ဖြစ်နေတယ်။ ဒါကြောင့် နံပါတ်(၁)အင်္ဂါချို့ယွင်းတယ်။ လူသတ်မှုမမြောက်ဘူး။
ရုပ်ထု(ကျောက်ရုပ်)ထင်ပြီး မှီလိုက်တာ။ တောင့်တောင့်ကြီးရပ်နေတဲ့ လူ ပြုတ်ကျပြီး သေသွားတယ်။ နံပါတ်(၂)နဲ့(၃)အင်္ဂါတွေ ချို့ယွင်းတယ်။
လူသတ်မှု မမြောက်ဘူး။
လူသတ်မိတယ်။ ဒါပေမဲ့ သေစေလိုတဲ့ ရည်ရွယ်ချက်မရှိဘူး။ အမှတ်တမဲ့ မတော်တဆ ဖြစ်သွားတာပါ။ ဒါကြောင့် နံပါတ်(၃)အင်္ဂါချို့ယွင်းတယ်။
လူသတ်မှု မမြောက်ဘူး။
လူသေသွားတယ်။ ကိုယ့်ပယောဂ(ကိုယ် နှုတ် အမူအရာ) တစ်ခုမှ မပါဘူး။ နံပါတ်(၄)အင်္ဂါချို့ယွင်းတယ်။
လူသတ်မှု မမြောက်ဘူး။
သတ်တုန်းက အပီအပြင်ပဲ။ ဒါပေမဲ့ မသေဘူး။ ဒဏ်ရာအကြီးအကျယ်ပဲ ရသွားတယ်။ နံပါတ် (၅) အင်္ဂါချို့ယွင်းတယ်။
လူသတ်မှုမမြောက်ဘူး။
သတ်တဲ့နေရာမှာလည်း ကိုယ်တိုင်သတ်တာနဲ့ သတ်ခိုင်းတာလို့ နှစ်မျိုးရှိတယ်။
ပစ်မှတ်အထားခံရသူ အသက်ရှင်နေချိန်မှာ သတ်တာ သတ်ခိုင်းတာကမှ လူသတ်မှုမြောက်တယ်။
ဒီသိက္ခာပုဒ်မှာ - ကာယကမ္မ ဝစီကမ္မ နှစ်မျိုးတည်းပဲ အကြုံးဝင်တယ်။
ကိုယ်တိုင်သတ်ခြင်း သတ်ခိုင်ခြင်း(ကာယကံ)
သတ်မိန့်ပေးခြင်း၊ သတ်ခိုင်းခြင်း၊ သဘောတူကြောင်း ထောက်ခံစကားပြောခြင်း၊ နည်းလမ်းပေးခြင်း၊ တိုက်တွန်းခြင်း(ဝစီကံ) နှစ်မျိုးနှင့်သာ သက်ဆိုင်တယ်။
မနောကမ္မ(မနောကံ)မပါဘူး။
ဒါကြောင့် ကြံစည်နေမှန်းသိလျက်နဲ့ စိတ်ထဲက ကြိတ်ပြီး သဘောတူရင်တောင် လူသတ်မှု မမြောက်ဘူး။
သေသွားပြီးမှ သတ်သူတွေကို ထောက်ခံတာ၊ သဘောတူတာ၊ ချီးကျူးတာ၊ အားပေးတာ၊ ချီးမြှောက်တာ၊ ကူညီတာ၊ ထောက်ပံ့တာတွေဟာ လူသတ်မှုနဲ့ လုံးဝ မပတ်သက်ဘဲ တစ်ခြားစီသာ ဖြစ်တယ်။
ဒါကိုပဲ စာမတတ်တဲ့ ကိုယ်တော်တစ်ပါးပြောစကားနဲ့ ပါရာဇိက (ရဟန်းဘဝ နိဋ္ဌိတံသွားပြီ၊ ဘုန်းကြီး မဟုတ်တော့ဘူး)လို့ စွပ်စွဲတာဟာ ပြစ်မှုမြောက်တယ်။
သံသရာထိ ပေးဆပ်ရမည့် အကုသိုလ်(ဝဋ်ကြွေး)ဖြစ်တယ်။
တကယ်တော့ အကောင်ကြီးကြီးကို ပစ်ချင်တာ။
ဒါပေမဲ့ လက်နက်က မရှိဘူး။ လက်နက်ထုတ်ပေးသူနဲ့တွေ့သွားတယ်။ လက်နက်အကြီးကြီးရသွားတယ်။ အပီဆိုပြီး ပစ်ထည့်လိုက်တယ်။ ခက်တာက လက်နက်အစုတ်ကြီး ဖြစ်နေတယ်။
သားကောင်ကို အသံပေးလိုက်ရာရောက်သွားတယ်။ မုဆိုးက သားကောင်ဘဝ ပြန်ရောက်သွားတယ်။
မှတ်ထား......
အလုပ်ကြီးအကိုင်ကြီးလုပ်ချင်ရင် လက်နက်ကောင်းရှိရတယ်။
ပစ်မှတ်ရှာ ချိန်ပစ်ရတယ်။
ဝီရသူ(မစိုးရိမ်)
9.3.2017
PM 4:30

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...