ရေကူးဝတ်စုံနဲ့ပုံက ရွှေမှုံတင်လို့ လိုက်တင်တာ မဟုတ်ပါဘူး။ နောက်လည်းဘယ်တော့မှ တင်ဖြစ်တော့မှာ မဟုတ်ဘူး . ငွေမှုံရတီ


ပဲရစ်၊ ဆွစ်ဇာလန်၊ ဂျာမနီ သုံးနိုင်ငံ ကို အစ်မဖြစ်သူ ရွှေမှုံရတီနဲ့အတူ အလည်သွားခဲ့
တဲ့ ငွေမှုံရတီက “ ဒါက ဒုတိယတစ်ခေါက်ပါ၊ အတွေ့အကြုံကတော့ ဖက်ရှင်ပိုင်းရယ်၊ 
ပြီးတော့ အဆင့်အတန်းရှိတဲ့သူတွေရဲ့ နေပုံထိုင်ပုံတွေ၊ သွားပုံလာပုံ၊ စကားပြောဆိုပုံ၊ 
ဆက်ဆံ ပုံတွေကြည့်ဖြစ်တယ်။ သူတို့ဘယ်လိုနေလဲ၊ ဘယ်လိုထိုင်လဲ။ အဆင့်အတန်း
ရှိတဲ့ ဟိုတယ်တစ်ခုမှာ သူတို့နေထိုင်ပုံလေးတွေကို ကြည့်ဖြစ်တယ်။ ငွေမှုံတို့ သွားတဲ့
အချိန်မှာ Paris က Fashion  Week နဲ့ တိုက်တယ်။ အဲ့ဒါလည်းကြည့်ဖြစ်တယ် ” လို့ 
ပြောပါတယ်။

Facebook မှာ ငွေမှုံရတီ ရေကူးဝတ်စုံဝတ်ထားတဲ့ပုံနဲ့ ပတ်သက်ပြီးတော့ ဝေဖန်ကြ
တာတွေ ကိုလည်း “ အဲ့ဒီပုံက အရမ်းကြီးလည်းရိုင်းတဲ့ ပုံမဟုတ်ဘူးလို့ထင်တယ်။ အဲ့ဒီ 
တုန်းက ဘယ်လိုတင်လိုက်လဲဆိုတော့ ငါလည်းကလေးပဲဆိုတဲ့စိတ်နဲ့ တင်လိုက်တာပါ။ 
ဒါပေမဲ့ အားလုံးလည်း Response က မကြိုက်ကြဘူး။ သဘောမကျဘူး။ ငွေမှုံကို ရိုးရိုး
လေးပဲသဘော ကျတယ်။ လုံလုံခြုံခြုံနဲ့ Cute ဖြစ်တဲ့ ပုံလေးတွေပဲ သဘောကျတယ်။
ဟုတ်ပြီ သူတို့ရဲ့ Response ကိုသိသွားပြီး အဲ့ဒါကြောင့် ချက်ချင်းပြန်ဖျက်လိုက်တယ်။ 
ဒါပေမဲ့ မမှီလိုက်ဘူး။ တခြား Page တွေဆီရောက်သွားတယ်။ ပရိသတ် မကြိုက်ဘူးဆို
တာသိသွားတဲ့အတွက် နောက်ဘယ်တော့မှမလုပ်တော့ဘူး ” လို့ ပြောပါတယ်။ 

ရွှေမှုံရတီတင်လို့ လိုက်တင်တယ်ဆိုပြီး ပြောကြတဲ့အပေါ်ကိုလည်း “ သူတင်လို့လိုက်
တင်တယ်ဆိုရင် သူစတင်တဲ့ အချိန်ကတည်းက လိုက်တင်မှာပေါ့ ” လို့ ပြောပါတယ်။

Credit - Oasis Journal
Written By ရန်ပိုင်စိုး

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...