======

လျှပ်စစ်ထိုင်ခုံမှာ ကွက်မျက်ခြင်းခံခဲ့ရတဲ့ ၁၄ နှစ်သား ကလေးငယ် ( ရုပ်သံ )

ဂျော့ရှ် စတင်နီ ဆိုတာ အသက် ၁၄ နှစ်သာရှိသေးတဲ့ လူမည်း ကလေးငယ်တစ်ဦးပါ။ သူဟာ ၁၉၄၄ ခုနှစ်မှာ လူဖြူ မိန်းကလေးနှစ်ယောက်ကို သတ်ဖြတ်ခဲ့မှုနဲ့ သေဒဏ်ချမှတ်ခံခဲ့ရတာပါ ။  သူဟာ လူမျိုးရေးခွဲခြားမှုနဲ့ပတ်သက်ပြီး  အသက် ၁၁နှစ်အရွယ် Betty June Binnicker နဲ့ အသက် ၈ နှစ်အရွယ် Mary Emma Thames အမည်ရှိ မိန်းကလေးငယ် ၂ယောက်ကို သတ်ခဲ့တာပါ ။
ေ၈ျာ့ရှ် စတင်နီတို့ မိသားစုဟာ  South Carolina မှာနေထိုင်ခဲ့ကြတာဖြစ်ပြီးဖခင်ဖြစ်သူက သစ်စက်တစ်ခုမှာ အလုပ် လုပ်ပြီး အလုပ်ရှင်ပေးထားတဲ့ အိမ်မှာ နေထိုင်ကြပါတယ်။ ဂျော့ရှ် လူသတ်မှုကျူးလွန်ပြီးတဲ့နောက် သူတို့နေတဲ့ အိမ်ကို အလုပ်ရှင်က ပြန်လည်သိမ်းယူသွားခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး အစ်ကိုဖြစ်သူ Johnny လည်းပါဝင်ပတ်သက်မှုနဲ့ ဖမ်းဆီးခံရပေမယ့် နောက်ပိုင်းမှာ ပြန်လွတ်ခဲ့ပါတယ်။ ဒီလူသတ့်မှုနဲ့  ဖမ်းပြီး တစ်ရက်အတွင်း လူဖြူ တရားသူကြီးတွေက သေဒဏ် အမိန့်ချခဲ့ပါတယ်။ ဒီ အမိန့်ဟာ လူမျိုးရေး ဘက်လိုက်တဲ့ ဆုံးဖြတ်ချက်လို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။
အမိန့်ချပြီး ၈၁ ရက်အကြာမှာ သူ့ကို လျှပ်စစ်ခုံပေါ်မှာ လူကြီးတွေကို စီရင်သလို အဆုံးစီရင်ခဲ့တာမို့ အမေရိကရဲ့ ၂ဝ ရာစုသမိုင်းမှာ ပထမဆုံး သေ ဒဏ်ပေးခံရတဲ့ အသက်အငယ်ဆုံး လူသား ဖြစ်ခဲ့ပါတယ်။

http://www.thadinatin.com/

ဒီဗီဒီယိုကတော့ေ၈ျာ့ရှ် စတင်နီ ကို ကွက်မျက်ခဲ့စဉ်က ဖြစ်ရပ်ကို ပြန်လည်သရုပ်ဖော်ထားတာပါ။

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...