မႏၱေလးတြင္ ဆိုင္ကယ္စီးနင္းလာသူတစ္ဦး ေသနတ္က်ည္ဆံထိမွန္ ေသဆံုး

မႏၱေလးတြင္ ဆိုင္ကယ္စီးနင္းလာသူတစ္ဦး ေသနတ္က်ည္ဆံထိမွန္ ေသဆံုး
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*--*
မႏၲေလးၿမိဳ႕ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ၇၁ လမ္းႏွင့္ ၇၂ လမ္းၾကား၊ က်န္စစ္သားလမ္းတြင္ ယေန႔ (မတ္ ၂၂ ရက္) နံနက္ ၈ နာရီက ဆိုင္ကယ္စီးနင္းလာသူတစ္ဦး ေသနတ္က်ည္ဆံ ထိမွန္ေသဆံုးမႈ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
"ဆိုင္ကယ္အက္ဆီးဒင့္ ျဖစ္တယ္ဆိုၿပီး အေရးေပၚဌာနကို ေရာက္လာတာ။ ေခါင္းက ဒဏ္ရာကို စစ္လိုက္ေတာ့မွ မ်က္ခံုးႏွစ္ဖက္ၾကားထဲ က်ည္ဆံဝင္ထားတာကို ေတြ႕ရွိရပါတယ္။ ေဆးရံုေရာက္ကတည္းက အသက္မရွဴေတာ့ဘူး။ ေသနတ္မွန္တာလား ပစ္တာလားဆိုတာ စံုစမ္းေနတုန္းပါ"ဟု မႏၲေလးေဆးရံုႀကီး အေရးေပၚဌာနမွ တာဝန္က် ရဲတပ္ဖြဲ႔ဝင္တစ္ဦးက ေျပာၾကားသည္။
ေသနတ္က်ည္ဆန္ ထိမွန္ေသဆံုးသူမွာ ၆၇ လမ္းႏွင့္ ၆၈ လမ္းျကား က်န္စစ္သားလမ္းတြင္ ေနထိုင္သည့္ ကိုရဲဝင္း ၃၅ ႏွစ္ျဖစ္သည္ဟု ကနဦး သတင္းရရွိသည္။
eleven journal
==============

မန္တလေးတွင် ဆိုင်ကယ်စီးနင်းလာသူတစ်ဦး သေနတ်ကျည်ဆံထိမှန် သေဆုံး
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*--*
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၇၁ လမ်းနှင့် ၇၂ လမ်းကြား၊ ကျန်စစ်သားလမ်းတွင် ယနေ့ (မတ် ၂၂ ရက်) နံနက် ၈ နာရီက ဆိုင်ကယ်စီးနင်းလာသူတစ်ဦး သေနတ်ကျည်ဆံ ထိမှန်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
"ဆိုင်ကယ်အက်ဆီးဒင့် ဖြစ်တယ်ဆိုပြီး အရေးပေါ်ဌာနကို ရောက်လာတာ။ ခေါင်းက ဒဏ်ရာကို စစ်လိုက်တော့မှ မျက်ခုံးနှစ်ဖက်ကြားထဲ ကျည်ဆံဝင်ထားတာကို တွေ့ရှိရပါတယ်။ ဆေးရုံရောက်ကတည်းက အသက်မရှူတော့ဘူး။ သေနတ်မှန်တာလား ပစ်တာလားဆိုတာ စုံစမ်းနေတုန်းပါ"ဟု မန္တလေးဆေးရုံကြီး အရေးပေါ်ဌာနမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
သေနတ်ကျည်ဆန် ထိမှန်သေဆုံးသူမှာ ၆၇ လမ်းနှင့် ၆၈ လမ်းကြား ကျန်စစ်သားလမ်းတွင် နေထိုင်သည့် ကိုရဲဝင်း ၃၅ နှစ်ဖြစ်သည်ဟု ကနဦး သတင်းရရှိသည်။
eleven journal

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...