======

အေမႀကီးခ်စ္တဲ့ သားေရႊေသြးေလး

ရန္ကုန္ၿမိဳ႕ အေရွ႕ဒဂံုၿမိဳ႕နယ္ ဆည္းဆာရိပ္သာ ဂိလာနဘိုးဘြားရိပ္သာအတြင္းရွိ အဘြားေဆာင္တြင္ အေမႀကီးတစ္ေယာက္ ခုတင္ေပၚ၌ထိုင္ကာ ကေလးငယ္တစ္ေယာက္ကို ေခ်ာ့ျမႇဴေနသည္။ ကေလးငယ္မွာ မ်က္ႏွာတစ္ခုလံုး သနပ္ခါးအေဖြးသားႏွင့္ျဖစ္ၿပီး တခစ္ခစ္ရယ္လိုက္တိုင္း အေမႀကီးမွာ သြားက်ိဳးကေလးမ်ားေပၚေအာင္ လိုက္ပါရယ္ေမာသည္။ ‘‘သူက ဒီမွာေပ်ာ္တယ္တဲ့’’ ဟုေျပာရင္း အေမႀကီးမ်က္လံုးေလးေတြ ေမွးစင္းသြားသည္အထိ ရယ္ေလသည္။ ထိုအေမႀကီးသည္ ေဒၚတင္တင္ဟု အမည္နာမရွိၿပီး အသက္(၈၇) ႏွစ္အရြယ္ရွိၿပီျဖစ္သည္။ ဆည္းဆာရိပ္ ဂိလာနဘိုးဘြားရိပ္သာသို႔ ေရာက္သည္မွာ ရက္သတၱပတ္ပင္ မျပည့္ေသး။

ရက္တစ္ပတ္ပင္ မျပည့္ေသးေသာ္လည္း ဆည္းဆာရိပ္မွာ အေမႀကီးေဒၚတင္တင္ကို လူသိမ်ားေနေလၿပီ။ ကေလးငယ္တစ္ဦးကို ရင္ခြင္ပိုက္ကာ ေရာက္လာသည့္ ေဒၚတင္တင္၊ အသက္ႀကီးမွ ကေလးမေအျဖစ္ရသူ ေဒၚ တင္တင္အျဖစ္ ရိပ္သာတစ္ခုလံုး သတင္းေမႊး၍ေနေလၿပီ။ အေမႀကီး ေဒၚတင္တင္ကလည္း သူ႔ကေလးကို အေတာ္ေလးဂ႐ုစိုက္သည္။ ကေလး သမံတလင္းေပၚ လိမ့္က်မည္စိုး၍ ခုတင္အတြင္း ဘက္တြင္ထားသိပ္သည္။ ညအိပ္လွ်င္လည္း ေစာင္ပါးကေလးၿခံဳ ေပးၿပီး ကေလးဘက္မ်က္ႏွာမူကာ အိပ္စက္တတ္သည္။‘‘သူက ညညေတာ့ ေအာ္မငိုပါဘူး။ အိပ္ပါတယ္’’ဟု အေမႀကီးေဒၚတင္တင္က ကေလးငယ္မ်က္ႏွာေလးကို ၾကည့္ရင္းေျပာသည္။ ေဒၚတင္တင္ ထိုကဲ့သို႔ေျပာေတာ့ ရိပ္သာ၀န္ထမ္းေတြေရာ ေဘးခုတင္မွ အဘြားမ်ားကပါ စိတ္ထဲမေကာင္းေသာ္လည္း ၿပံဳးမိၾကသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ေဒၚတင္တင္ သားအရင္းကေလးတစ္ေယာက္လို ျပဳစုေစာင့္ေရွာက္ေနသည့္ ခုတင္ေပၚရွိ ကေလးငယ္မွာ လူသားစင္စစ္မဟုတ္ရွာဘဲ ေကာ္ပတ္႐ုပ္ကေလးတစ္႐ုပ္ ျဖစ္ေနေသာေၾကာင့္ပင္။

ေဒၚတင္တင္ကို သြားေခၚသည့္ေန႔က အျဖစ္အပ်က္ေတြကို ရိပ္သာ၏ ဒုဥကၠ႒တစ္ေယာက္ျဖစ္သည့္ ဆရာမႀကီးေဒၚခင္မမ ေမ့မရေသး။ ဆရာမႀကီးေဒၚခင္မမတို႔အေနျဖင့္ စာေရးဆရာမႀကီး ေဒၚသန္းျမင့္ေအာင္တို႔ႏွင့္အတူ ဆည္းဆာရိပ္ကို စတင္တည္္ေထာင္ပါဆိုကတည္းက အမ်ိဳးမ်ိဳးေသာ ဘိုးဘြားမ်ိဳးစံုကို ေခၚယူေစာင့္ေရွာက္လာခဲ့၍ ဇာတ္လမ္းအမ်ိဳးမ်ိဳးအဖံုဖံု ႀကံဳခဲ့ရၿပီးသား။ ရင္ထဲနင့္ခနဲျဖစ္သြားခဲ့ရသည့္ ျဖစ္ရပ္ေတြကလည္း အမ်ိဳးစံုေအာင္ျမင္ခဲ့ရဖူးၿပီ။ အနယ္နယ္အရပ္ရပ္က ဘိုးဘြားေပါင္း ၂၅၀ ေက်ာ္ ေခၚယူေစာင့္ေရွာက္ခဲ့ဖူးၿပီးျဖစ္၍ ဇာတ္လမ္းေပါင္း ၂၅၀ ေက်ာ္ ကိုယ္ေတြ႕ခံစားခဲ့ရၿပီးေလၿပီ။

တစ္ခါကေတာ့ ေဒၚခင္မမ တရားစြဲဆိုခ်င္စိတ္ပင္ ေပါက္ခဲ့သည့္ျဖစ္ရပ္တစ္ခု ႀကံဳခဲ့ရဖူးသည္။ ၾကည့္ျမင္တိုင္အမႈိက္ပံုတြင္ အဘြားအိုတစ္ဦးကို လာပစ္သြားတုန္းကျဖစ္သည္။ ထိုအဘြားအိုမွာ အမႈိက္ပံုတြင္ တစ္ေန႔ ႏွင့္တစ္ည ဒုကၡခံခဲ့ရသည္။ ဒုကၡေတာင္မွ ႐ိုး႐ိုးဒုကၡမဟုတ္။ အမႈိက္ပံုမွာ မင္းမူထားၾကသည့္ ႀကီးမားလွသည့္ ေျမႂကြက္ႀကီးေတြက အဘြားအိုကို ကိုက္ၾကသည္။ အဘြားအိုမွာ မလႈပ္ႏိုင္၍ အကိုက္ခံရသည္။ ေျမႂကြက္ေတြ ကိုက္ထားေသာေၾကာင့္ ေနာက္ေက်ာေပါက္ၿပီး အဆုတ္ေတြ လႈပ္ေနတာေတြေတာင္ ဆရာမႀကီးတို႔ျမင္ခဲ့ရသည္။ ထို႔အျပင္ ကားေပၚမွ ပစ္ခ်ခံရသျဖင့္ နံ႐ိုးေတြက်ိဳးကာ အဆုတ္ကိုထိုးမိခဲ့ျပန္သည္။ ထိုအဘြားအိုမွာ ေဆး႐ံုတြင္တစ္ပတ္ေလာက္ ကုသခဲ့ရသည္။ ထိုတုန္းကဆို ဆရာမႀကီးမွာ စြန္႔ပစ္သူေတြကို တရားစြဲဆိုခ်င္စိတ္ေပါက္လာသည္မွာ အလြန္အမင္း။

ထိုအဘြားအိုေလာက္ေတာ့ ေဒၚတင္တင္ အေျခအေနကမဆိုး။ ထုိေန႔က ေဒၚတင္တင္ကို ေဂဟာတြင္ ေခၚယူေစာင့့္ေရွာက္ေပးရန္ ေဒၚခင္မမႏွင့္ ရိပ္သာ၀န္ထမ္းအခ်ိဳ႕ ရန္ကုန္ၿမိဳ႕တြင္းတစ္ေနရာမွ ကားကေလးျဖင့္ သြားေခၚခဲ့ၾကသည္။ အေမႀကီးေဒၚတင္တင္သည္ ထိုအိမ္တြင္ ႏွစ္ေပါင္းမ်ားစြာ အိမ္အကူအျဖစ္ အလုပ္လုပ္ခဲ့ၿပီးေနာက္ သူလည္း တျဖည္းျဖည္း အသက္အရြယ္ႀကီးျမင့္လာခဲ့သလို အိမ္ရွင္မ်ားလည္း အရြယ္ရလာခဲ့သည္။ ထိုအိမ္ရွိ သားသမီးမ်ားကလည္း ျပည္ပေရာက္ေနၾကသလို လူႀကီးမ်ားကလည္း အရြယ္အရ က်န္းမာေရးလည္း မေကာင္းျဖစ္လာသည့္အခ်ိန္ အိမ္အကူလုပ္ခဲ့သူ ေဒၚတင္တင္ကို ဆက္လက္ေစာင့္ေရွာက္ရန္ မလြယ္ကူေတာ့ေပ။

ေဒၚတင္တင္မွာ ေယာက္်ားသားရွိခဲ့ဖူးပံုရေသာ္လည္း ထိုေယာက္်ားမွာ ဆံုးသြားၿပီဟုဆိုသလို သားေထာက္သမီးခံလည္းမရွိေတာ့၍ ေဒၚတင္တင္ကို ျပဳစုေစာင့္ေရွာက္ဖို႔အေရး အခက္ႀကံဳ ရသည္။ ထို႔အတြက္ ေဒၚတင္တင္ကို ဆည္းဆာရိပ္ဂိလာနရိပ္သာတြင္ ေစာင့္ေရွာက္ေပးရန္ ထိုအိမ္ ႏွင့္ ေဆြမ်ိဳးနီးစပ္ေတာ္သူတစ္ဦးက ေလွ်ာက္ထားလာသည့္အတြက္ ဆရာမႀကီး ေဒၚခင္မမတို႔က စိစစ္ေရြးခ်ယ္ကာ လာေရာက္ေခၚယူေပးရျခင္းျဖစ္သည္။

ထုိအိမ္ေရာက္ေတာ့ အေမႀကီး ေဒၚတင္တင္မွာ အိမ္၏အေနာက္ဘက္တြင္ တည္ေဆာက္ထားေသာ အေဆာင္ေလးတစ္ခုအတြင္း၀ယ္ လဲေလ်ာင္းေနသည္။ ဆရာမႀကီးတို႔ ေရာက္လာေတာ့ အေမႀကီး ေဒၚတင္တင္ ကပ်ာက ယာထသည္။ ေဒၚတင္တင္ကို လာေခၚသည့္ အေၾကာင္းေျပာေတာ့ အေမႀကီးက သူ႔အား တျခား ေနအိမ္တစ္အိမ္တြင္ေျပာင္းကာ အလုပ္လုပ္ရမည္ ထင္ေနပံုရသည္ ‘အေမႀကီး အလုပ္ေတာ့ မလုပ္ႏိုင္ေတာ့ဘူး’ဟု ဆိုရွာသည္။
ဆရာမႀကီးတို႔က အေမႀကီးကို ေစာင့္ေရွာက္ရန္ လာေခၚျခင္းသာျဖစ္ေၾကာင္း ေျပာျပသည္။ ထုိသို႔ေျပာေနရင္း ခုတင္ေပၚရွိ အရာတစ္ခုကို ဆရာမႀကီးတို႔တစ္ေတြ သတိထားမိလိုက္သည္။ ကေလးအ႐ုပ္ကေလးတစ္႐ုပ္ကို တကယ့္ကေလးငယ္တစ္ဦးလို ေစာင္ကေလးၿခံဳကာ သိပ္ထားျခင္းျဖစ္သည္။ တစ္ကိုယ္လံုးကိုလည္း အႏွီးေလးတစ္ခုပတ္ထားေပးလိုက္ေသးသည္။ အ႐ုပ္ကေလးတစ္႐ုပ္ကို ထိုသို႔ျပင္ဆင္ေပးထားေတာ့ အဘြားစိတ္ ပံုမွန္မွဟုတ္ပါေလစဟု ဆရာမႀကီး သံသယ၀င္ကာ စကားေတြ ေျပာၾကည့္သည္။ သို႔ေသာ္ အေမႀကီး ေဒၚတင္တင္မွာ အသက္အရြယ္ႀကီးျမင့္၍ တခ်ိဳ႕အေၾကာင္းအရာမ်ား ေမ့ေနသည္မွလြဲ၍ စိတ္ပံုမွန္အေနအထားပင္။

သူ႔အား ယခုအိမ္တြင္ ေခၚယူသြားေတာ့မည္ဆိုေတာ့ ေဒၚတင္တင္ သေဘာထားကို ေမးသည္။ အေမႀကီး ေဒၚတင္တင္ကေတာ့ ‘‘ဆရာကေတာ္ပို႔ရင္ သြားပါ့မယ္’’ဟု သံေယာဇဥ္ႀကီးစြာဆိုသည္။ အိမ္ရွင္က ခြင့္ျပဳသည္ဆိုေတာ့ အိမ္အကူအေမႀကီး ေဒၚတင္တင္ ဘာမွ် ေစာဒကမတက္ေတာ့။ ေခၚရာလိုက္သြားဖို႔သာ ျပင္လိုက္သည္။ သို႔ေသာ္ သူ႔အားလာေခၚသူ ဆရာမႀကီးတို႔အား တစ္ခုေတာ့ ေတာင္းဆိုေလသည္။ ‘‘အေမႀကီးကေလးေလးကို ေခၚခဲ့လို႔ရလား။ သူက ထမင္းေတာ့ မစားပါဘူး’’ ဟု ခုတင္ေပၚက ကေလးအ႐ုပ္ကေလးကို ၫႊန္ျပရင္း ေျပာသည္။ ဆရာမႀကီးႏွင့္ရိပ္သာ၀န္ထမ္းမ်ားက စိတ္ထဲမေကာင္းျဖစ္ခဲ့ၿပီး ကေလးကို ေခၚခြင့္ျပဳေၾကာင္း ေျပာလိုက္ေတာ့ ေဒၚတင္တင္မ်က္ႏွာ၀င္းပသြားသည္။ အိမ္ကထြက္ေတာ့မည္ဆိုေတာ့ အေမႀကီး ေဒၚတင္တင္က ကေလးကို ၾကည့္ရင္းလွမ္းေျပာသည္။ ‘‘ေနဦး၊ ေနပူေနတယ္။ ကေလးကို ဦးထုပ္ေဆာင္းေပးရဦးမယ္’’ဟု ဆိုကာ ခုတင္ေပၚက်န္ခဲ့သည့္ ကေလးဦးထုပ္ကေလးယူူၿပီး သူ႔အ႐ုပ္ေလးကို ေဆာင္းေပးခဲ့သည္။ ကားေပၚတြင္လည္း သူ႔ကေလးကို ေခ်ာ့ျမႇဴေနသည္မွာ တကယ့္ကေလးငယ္တစ္ဦးကို ထိန္းေနသကဲ့သို႔ပင္။ ရိပ္သာ၀န္ထမ္းမ်ားက ကေလးအ႐ုပ္ကေလးကို တစ္လွည့္ခ်ီကာ ျမႇဴေပးေတာ့လည္း အေမႀကီးေဒၚတင္တင္ ေပ်ာ္ေနရွာေလသည္။
ရိပ္သာသို႔ စေရာက္ေရာက္ခ်င္း ဘိုးဘြားမ်ားသည္ ပံုစံမ်ိဳးစံုျဖင့္ ေရာက္လာေလ့ရွိၾကသည္။ တခ်ိဳ႕က ရိပ္သာပို႔ရပါ့မလားဟု ေဒါသထြက္ရင္း ေရာက္လာၾကသည္။ တခ်ိဳ႕က ငါ့မ်ားဘယ္ပို႔ဦးမွာပါလိမ့္ဟု မသကၤာစိတ္ျဖင့္ ေတြးကာ လိုက္လာၾကသည္။ တခ်ိဳ႕ကေတာ့ ကိုယ့္ဘ၀ကိုယ္ အားငယ္၀မ္းနည္းစိတ္ေတြျဖင့္ ရိပ္သာ၀င္းထဲ၀င္လာၾကသည္။ ေဒၚတင္တင္ကေတာ့ ထိုသို႔မဟုတ္။ သူ၏ အ႐ုပ္ကေလးကိုပိုက္ရင္း ေအးေအးေဆးေဆးပင္ ရိပ္သာထဲ ေရာက္လာခဲ့သည္။ ကေလးတစ္ဦးသဖြယ္ ေရာက္လာခဲ့သည့္ ေဒၚတင္တင္ကို ဆည္းဆာရိပ္မိသားစုမ်ားက က႐ုဏာျဖင့္ ႀကိဳဆိုခဲ့သည္။

တခ်ိဳ႕ အဘိုးအဘြားေတြက ရိပ္သာေရာက္မွ ကေလးစိတ္ေတြ ေပါက္လာတာလည္းရွိသည္။ ဥပမာ ေစာင္လာလွဴသည္ဆိုလွ်င္ ‘‘သူကေတာ့ အ၀ါရသည္။ င့ါက်မွ စပ္ၿဖဲၿဖဲေရာင္ အနီႀကီးေပးသည္။ ျပန္လဲေပး’’ဟုဆိုတာမ်ိဳး။
အစားအေသာက္ေကြၽးသည့္အခါတြင္လည္း အေကာင္းေကြၽးခ်င္၍ ပုစြန္တုပ္ဟင္းခ်က္သည့္အခါ ‘‘တို႔မ်ား ေသေအာင္မ်ားသတ္ေနၾကသလားမေျပာတတ္ဘူး။ သြားမရွိေတာ့ပါဘူးဆိုေနမွ ဘယ္လိုစားရမလဲ။ သူတို႔စားခ်င္တာ ခ်က္ေနၾကတာ’’စသျဖင့္ ဆည္းဆာရိပ္သာ၀န္ထမ္းမ်ားအေပၚ တကယ့္မိသားစု၀င္ေတြလို သေဘာထားကာ ဂ်ီက်သူမ်ားလည္း ရွိသည္။
အေမႀကီး ေဒၚတင္တင္ကေတာ့ ထိုသို႔မဟုတ္။ သူ႔အ႐ုပ္ကေလးကိုသာ ေခ်ာ့ကာျမႇဴကာေနရင္း ေပ်ာ္ေနရွာသည္။

အေမႀကီး ထုိအ႐ုပ္ကေလးအေပၚ ခင္တြယ္ေနတာကိုေတြ႕ရေတာ့ ဆည္းဆာရိပ္က သူနာျပဳ ႏွင့္ ၀န္ထမ္းေလးေတြကလည္း အေမႀကီးအႀကိဳက္လိုက္ကာ ျပဳစုရွာသည္။ နံနက္ပိုင္းအေမႀကီးကို မ်က္ႏွာသစ္ေပးလွ်င္ အ႐ုပ္ကေလးကိုပါ မ်က္ႏွာသစ္ေပးၾကသည္။ အေမႀကီးကို သနပ္ခါးေသြးကာ လူးေပးလွ်င္ အ႐ုပ္ကေလးကိုလည္း သနပ္ခါးေဖြးေနေအာင္ လူးေပးၾကသည္။ အ႐ုပ္ကေလး၀တ္ဖို႔ ကေလး၀တ္စံုေလးေတြ ထပ္ခ်ဳပ္ေပးဖို႔ ျပင္ေနၾကသည္။ ထိုမွ်မကေသး။ ဆည္းဆာရိပ္၀န္ထမ္းေတြက အ႐ုပ္ကေလးမွာ ဓာတ္ခဲထည့္ရသည့္ အ႐ုပ္ကေလးမွန္းသိရ၍ အားကုန္ေနသည့္အ႐ုပ္ကေလးကို ဓာတ္ခဲလဲေပးလိုက္ၾကသည္။ ထိုအခါ အ႐ုပ္ကေလးသည္ သူ႔ကိုပုတ္လိုက္တိုင္း တခစ္ခစ္ထရယ္ေလေတာ့သည္။

အ႐ုပ္ကေလးရယ္ေတာ့ အေမႀကီးလည္း ေပ်ာ္ေလသည္။ အ႐ုပ္ကေလးရိပ္သာမွာေပ်ာ္လို႔ရယ္တာပဲဟုဆိုၿပီး အေမႀကီးလည္း ရိပ္သာမွာ ေပ်ာ္ခဲ့ရသည္။ သို႔ေသာ္ ထိုအေပ်ာ္က စိတ္ခ်လက္ခ် အေပ်ာ္မ်ိဳးေတာ့မဟုတ္။ အ႐ုပ္ကေလးမွာ လက္ကေလးႏွင့္ထိမိတုိင္း ထထရယ္ေနသျဖင့္ အခန္းထဲရွိ တျခားအဘြားေတြ အေႏွာင့္အယွက္ျဖစ္မွာ အေမႀကီး စိုးရိမ္ေလသည္။ ‘‘ကေလးကလည္း ထထေအာ္ေနေတာ့ အားနာလိုက္တာ။ လူႀကံဳရွိရင္ ျပန္ထည့္ေပးလုိက္ပါ့မယ္’’ဟု အားနာစြာဆိုရွာသည္။ ဆရာမႀကီးတို႔ကေတာ့ အားနာစရာမလို။ ကေလးကို တျခားအဘြားေတြလည္း ၀ိုင္းထိန္းေပးလိမ့္မည္ဟု ေျပာေတာ့မွ အေမႀကီး ေဒၚတင္တင္ စိတ္သက္သာရာရသည္။

ဆည္းဆာရိပ္၀န္ထမ္းမ်ားကေတာ့ ေရာက္လာသူ ဘိုးဘြားမ်ားကို မိသားစု၀င္ေတြအတိုင္း ျပဳစုၾကသည္။ ေမတၱာငတ္၍ ေရာက္လာၾကသူမ်ား ျဖစ္သျဖင့္ ေမတၱာရွိေၾကာင္း ျပေပးရသည္။ အ႐ုပ္ကေလးမွာ ယခင္အိမ္မွာတုန္းက အေမႀကီးေဒၚတင္တင္ တစ္ေယာက္တည္း သူ႔အခန္းငယ္ေလးအတြင္း၀ယ္ အထီးက်န္စြာေနရင္း အေမႀကီး၏ တီးတိုးေဖာ္၊ စကားေျပာေဖာ္၊ ရင္ဖြင့္ေဖာ္ ျဖစ္ခဲ့ပံုေပၚသည္။ အေမႀကီးမွာ ထိုအ႐ုပ္ကေလးကို အေတာ္ခင္တြယ္ရွာသည္။ ထိုကေလးငယ္မွာ လူသားစင္စစ္မဟုတ္ဘဲ အ႐ုပ္ကေလးတစ္႐ုပ္ျဖစ္မွန္းလည္း အေမႀကီးသိသည္။ ‘‘လက္သမားဆရာ လုပ္ေပးတာေလ။ သစ္သား႐ုပ္ကေလး’’ဟု ေျပာရွာသည္။ သို႔ ေသာ္ သူ႔စိတ္ထဲတြင္မူ ထုိအ႐ုပ္ ကေလးအား တကယ့္ သူ႔ရင္မွေမြးသည့္ သားတစ္ေယာက္လို သေဘာထားကာ ျပဳစုေနရွာေလ သည္။

အေမႀကီး ေဒၚတင္တင္ ေရာက္လာကတည္းက ဆည္းဆာရိပ္ ရိပ္သာကေလးမွာ ရယ္ေမာသံေတြကဖံုးလႊမ္းေစခဲ့ပါသည္။ (၈၀) ေက်ာ္ အေမအိုတစ္ေယာက္ အ႐ုပ္ကေလးတစ္႐ုပ္ျဖင့္ ေပ်ာ္ျမဴးေနတာကိုၾကည့္ရင္း တျခားအဘြားကိုပါ ထိုအေပ်ာ္ေတြ ကူးစက္ကုန္သည္။ အေမႀကီးေဒၚတင္တင္ သားကေလးကို သားသမီးေမတၱာငတ္ခဲ့ၾကသည့္ ဘိုးဘြားရိပ္သာေရာက္ အဘြားအိုတစ္သိုက္က ၀ိုင္းကာထိန္းေပးၾကသည္။ အ႐ုပ္ကေလးႏွင့္ ေပ်ာ္ေနရွာသည့္ အေမႀကီး ေဒၚတင္တင္ကိုၾကည့္ရင္း ကိုယ့္ရင္ကေမြးသားသမီးေျမးေတြကို သတိရသူေတြလည္း ရၾကသည္။ ဆန္းျပားလွသည့္ သံေယာဇဥ္အေပၚ အံ့ၾသသူေတြကလည္း အံ့ၾသၾကသည္။

ဂိလာန သက္ႀကီးဘိုးဘြားမ်ား၏ ေန၀င္ခ်ိန္ဘ၀ဆည္းဆာကို သစ္ပင္အရိပ္သဖြယ္အုပ္မိုးကာ ေစာင့္ေရွာက္ေပးေနသည့္ ဆည္းဆာရိပ္ ရိပ္သာကေလးမွာေတာ့ အဘြားအိုတစ္သိုက္ အေမႀကီး ေဒၚတင္တင္၏ သားငယ္ အ႐ုပ္ကေလး တစ္႐ုပ္ႏွင့္အတူ ဘ၀၏လက္က်န္ရက္မ်ားကိုေပ်ာ္ရႊင္စြာ ျဖတ္သန္းေနၾကပါေလေတာ့သည္။ ။
#ညီညီေဇာ္ 
7Daily

 ရန်ကုန်မြို့ အရှေ့ဒဂုံမြို့နယ် ဆည်းဆာရိပ်သာ ဂိလာနဘိုးဘွားရိပ်သာအတွင်းရှိ အဘွားဆောင်တွင် အမေကြီးတစ်ယောက် ခုတင်ပေါ်၌ထိုင်ကာ ကလေးငယ်တစ်ယောက်ကို ချော့မြှူနေသည်။ ကလေးငယ်မှာ မျက်နှာတစ်ခုလုံး သနပ်ခါးအဖွေးသားနှင့်ဖြစ်ပြီး တခစ်ခစ်ရယ်လိုက်တိုင်း အမေကြီးမှာ သွားကျိုးကလေးများပေါ်အောင် လိုက်ပါရယ်မောသည်။ ‘‘သူက ဒီမှာပျော်တယ်တဲ့’’ ဟုပြောရင်း အမေကြီးမျက်လုံးလေးတွေ မှေးစင်းသွားသည်အထိ ရယ်လေသည်။ ထိုအမေကြီးသည် ဒေါ်တင်တင်ဟု အမည်နာမရှိပြီး အသက်(၈၇) နှစ်အရွယ်ရှိပြီဖြစ်သည်။ ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာသို့ ရောက်သည်မှာ ရက်သတ္တပတ်ပင် မပြည့်သေး။

ရက်တစ်ပတ်ပင် မပြည့်သေးသော်လည်း ဆည်းဆာရိပ်မှာ အမေကြီးဒေါ်တင်တင်ကို လူသိများနေလေပြီ။ ကလေးငယ်တစ်ဦးကို ရင်ခွင်ပိုက်ကာ ရောက်လာသည့် ဒေါ်တင်တင်၊ အသက်ကြီးမှ ကလေးမအေဖြစ်ရသူ ဒေါ် တင်တင်အဖြစ် ရိပ်သာတစ်ခုလုံး သတင်းမွှေး၍နေလေပြီ။ အမေကြီး ဒေါ်တင်တင်ကလည်း သူ့ကလေးကို အတော်လေးဂရုစိုက်သည်။ ကလေး သမံတလင်းပေါ် လိမ့်ကျမည်စိုး၍ ခုတင်အတွင်း ဘက်တွင်ထားသိပ်သည်။ ညအိပ်လျှင်လည်း စောင်ပါးကလေးခြုံ ပေးပြီး ကလေးဘက်မျက်နှာမူကာ အိပ်စက်တတ်သည်။‘‘သူက ညညတော့ အော်မငိုပါဘူး။ အိပ်ပါတယ်’’ဟု အမေကြီးဒေါ်တင်တင်က ကလေးငယ်မျက်နှာလေးကို ကြည့်ရင်းပြောသည်။ ဒေါ်တင်တင် ထိုကဲ့သို့ပြောတော့ ရိပ်သာဝန်ထမ်းတွေရော ဘေးခုတင်မှ အဘွားများကပါ စိတ်ထဲမကောင်းသော်လည်း ပြုံးမိကြသည်။ အဘယ့်ကြောင့်ဆိုသော် ဒေါ်တင်တင် သားအရင်းကလေးတစ်ယောက်လို ပြုစုစောင့်ရှောက်နေသည့် ခုတင်ပေါ်ရှိ ကလေးငယ်မှာ လူသားစင်စစ်မဟုတ်ရှာဘဲ ကော်ပတ်ရုပ်ကလေးတစ်ရုပ် ဖြစ်နေသောကြောင့်ပင်။

ဒေါ်တင်တင်ကို သွားခေါ်သည့်နေ့က အဖြစ်အပျက်တွေကို ရိပ်သာ၏ ဒုဥက္ကဋ္ဌတစ်ယောက်ဖြစ်သည့် ဆရာမကြီးဒေါ်ခင်မမ မေ့မရသေး။ ဆရာမကြီးဒေါ်ခင်မမတို့အနေဖြင့် စာရေးဆရာမကြီး ဒေါ်သန်းမြင့်အောင်တို့နှင့်အတူ ဆည်းဆာရိပ်ကို စတင်တည််ထောင်ပါဆိုကတည်းက အမျိုးမျိုးသော ဘိုးဘွားမျိုးစုံကို ခေါ်ယူစောင့်ရှောက်လာခဲ့၍ ဇာတ်လမ်းအမျိုးမျိုးအဖုံဖုံ ကြုံခဲ့ရပြီးသား။ ရင်ထဲနင့်ခနဲဖြစ်သွားခဲ့ရသည့် ဖြစ်ရပ်တွေကလည်း အမျိုးစုံအောင်မြင်ခဲ့ရဖူးပြီ။ အနယ်နယ်အရပ်ရပ်က ဘိုးဘွားပေါင်း ၂၅၀ ကျော် ခေါ်ယူစောင့်ရှောက်ခဲ့ဖူးပြီးဖြစ်၍ ဇာတ်လမ်းပေါင်း ၂၅၀ ကျော် ကိုယ်တွေ့ခံစားခဲ့ရပြီးလေပြီ။

တစ်ခါကတော့ ဒေါ်ခင်မမ တရားစွဲဆိုချင်စိတ်ပင် ပေါက်ခဲ့သည့်ဖြစ်ရပ်တစ်ခု ကြုံခဲ့ရဖူးသည်။ ကြည့်မြင်တိုင်အမှိုက်ပုံတွင် အဘွားအိုတစ်ဦးကို လာပစ်သွားတုန်းကဖြစ်သည်။ ထိုအဘွားအိုမှာ အမှိုက်ပုံတွင် တစ်နေ့ နှင့်တစ်ည ဒုက္ခခံခဲ့ရသည်။ ဒုက္ခတောင်မှ ရိုးရိုးဒုက္ခမဟုတ်။ အမှိုက်ပုံမှာ မင်းမူထားကြသည့် ကြီးမားလှသည့် မြေကြွက်ကြီးတွေက အဘွားအိုကို ကိုက်ကြသည်။ အဘွားအိုမှာ မလှုပ်နိုင်၍ အကိုက်ခံရသည်။ မြေကြွက်တွေ ကိုက်ထားသောကြောင့် နောက်ကျောပေါက်ပြီး အဆုတ်တွေ လှုပ်နေတာတွေတောင် ဆရာမကြီးတို့မြင်ခဲ့ရသည်။ ထို့အပြင် ကားပေါ်မှ ပစ်ချခံရသဖြင့် နံရိုးတွေကျိုးကာ အဆုတ်ကိုထိုးမိခဲ့ပြန်သည်။ ထိုအဘွားအိုမှာ ဆေးရုံတွင်တစ်ပတ်လောက် ကုသခဲ့ရသည်။ ထိုတုန်းကဆို ဆရာမကြီးမှာ စွန့်ပစ်သူတွေကို တရားစွဲဆိုချင်စိတ်ပေါက်လာသည်မှာ အလွန်အမင်း။

ထိုအဘွားအိုလောက်တော့ ဒေါ်တင်တင် အခြေအနေကမဆိုး။ ထိုနေ့က ဒေါ်တင်တင်ကို ဂေဟာတွင် ခေါ်ယူစောင့့်ရှောက်ပေးရန် ဒေါ်ခင်မမနှင့် ရိပ်သာဝန်ထမ်းအချို့ ရန်ကုန်မြို့တွင်းတစ်နေရာမှ ကားကလေးဖြင့် သွားခေါ်ခဲ့ကြသည်။ အမေကြီးဒေါ်တင်တင်သည် ထိုအိမ်တွင် နှစ်ပေါင်းများစွာ အိမ်အကူအဖြစ် အလုပ်လုပ်ခဲ့ပြီးနောက် သူလည်း တဖြည်းဖြည်း အသက်အရွယ်ကြီးမြင့်လာခဲ့သလို အိမ်ရှင်များလည်း အရွယ်ရလာခဲ့သည်။ ထိုအိမ်ရှိ သားသမီးများကလည်း ပြည်ပရောက်နေကြသလို လူကြီးများကလည်း အရွယ်အရ ကျန်းမာရေးလည်း မကောင်းဖြစ်လာသည့်အချိန် အိမ်အကူလုပ်ခဲ့သူ ဒေါ်တင်တင်ကို ဆက်လက်စောင့်ရှောက်ရန် မလွယ်ကူတော့ပေ။

ဒေါ်တင်တင်မှာ ယောက်ျားသားရှိခဲ့ဖူးပုံရသော်လည်း ထိုယောက်ျားမှာ ဆုံးသွားပြီဟုဆိုသလို သားထောက်သမီးခံလည်းမရှိတော့၍ ဒေါ်တင်တင်ကို ပြုစုစောင့်ရှောက်ဖို့အရေး အခက်ကြုံ ရသည်။ ထို့အတွက် ဒေါ်တင်တင်ကို ဆည်းဆာရိပ်ဂိလာနရိပ်သာတွင် စောင့်ရှောက်ပေးရန် ထိုအိမ် နှင့် ဆွေမျိုးနီးစပ်တော်သူတစ်ဦးက လျှောက်ထားလာသည့်အတွက် ဆရာမကြီး ဒေါ်ခင်မမတို့က စိစစ်ရွေးချယ်ကာ လာရောက်ခေါ်ယူပေးရခြင်းဖြစ်သည်။

ထိုအိမ်ရောက်တော့ အမေကြီး ဒေါ်တင်တင်မှာ အိမ်၏အနောက်ဘက်တွင် တည်ဆောက်ထားသော အဆောင်လေးတစ်ခုအတွင်းဝယ် လဲလျောင်းနေသည်။ ဆရာမကြီးတို့ ရောက်လာတော့ အမေကြီး ဒေါ်တင်တင် ကပျာက ယာထသည်။ ဒေါ်တင်တင်ကို လာခေါ်သည့် အကြောင်းပြောတော့ အမေကြီးက သူ့အား တခြား နေအိမ်တစ်အိမ်တွင်ပြောင်းကာ အလုပ်လုပ်ရမည် ထင်နေပုံရသည် ‘အမေကြီး အလုပ်တော့ မလုပ်နိုင်တော့ဘူး’ဟု ဆိုရှာသည်။
ဆရာမကြီးတို့က အမေကြီးကို စောင့်ရှောက်ရန် လာခေါ်ခြင်းသာဖြစ်ကြောင်း ပြောပြသည်။ ထိုသို့ပြောနေရင်း ခုတင်ပေါ်ရှိ အရာတစ်ခုကို ဆရာမကြီးတို့တစ်တွေ သတိထားမိလိုက်သည်။ ကလေးအရုပ်ကလေးတစ်ရုပ်ကို တကယ့်ကလေးငယ်တစ်ဦးလို စောင်ကလေးခြုံကာ သိပ်ထားခြင်းဖြစ်သည်။ တစ်ကိုယ်လုံးကိုလည်း အနှီးလေးတစ်ခုပတ်ထားပေးလိုက်သေးသည်။ အရုပ်ကလေးတစ်ရုပ်ကို ထိုသို့ပြင်ဆင်ပေးထားတော့ အဘွားစိတ် ပုံမှန်မှဟုတ်ပါလေစဟု ဆရာမကြီး သံသယဝင်ကာ စကားတွေ ပြောကြည့်သည်။ သို့သော် အမေကြီး ဒေါ်တင်တင်မှာ အသက်အရွယ်ကြီးမြင့်၍ တချို့အကြောင်းအရာများ မေ့နေသည်မှလွဲ၍ စိတ်ပုံမှန်အနေအထားပင်။

သူ့အား ယခုအိမ်တွင် ခေါ်ယူသွားတော့မည်ဆိုတော့ ဒေါ်တင်တင် သဘောထားကို မေးသည်။ အမေကြီး ဒေါ်တင်တင်ကတော့ ‘‘ဆရာကတော်ပို့ရင် သွားပါ့မယ်’’ဟု သံယောဇဉ်ကြီးစွာဆိုသည်။ အိမ်ရှင်က ခွင့်ပြုသည်ဆိုတော့ အိမ်အကူအမေကြီး ဒေါ်တင်တင် ဘာမျှ စောဒကမတက်တော့။ ခေါ်ရာလိုက်သွားဖို့သာ ပြင်လိုက်သည်။ သို့သော် သူ့အားလာခေါ်သူ ဆရာမကြီးတို့အား တစ်ခုတော့ တောင်းဆိုလေသည်။ ‘‘အမေကြီးကလေးလေးကို ခေါ်ခဲ့လို့ရလား။ သူက ထမင်းတော့ မစားပါဘူး’’ ဟု ခုတင်ပေါ်က ကလေးအရုပ်ကလေးကို ညွှန်ပြရင်း ပြောသည်။ ဆရာမကြီးနှင့်ရိပ်သာဝန်ထမ်းများက စိတ်ထဲမကောင်းဖြစ်ခဲ့ပြီး ကလေးကို ခေါ်ခွင့်ပြုကြောင်း ပြောလိုက်တော့ ဒေါ်တင်တင်မျက်နှာဝင်းပသွားသည်။ အိမ်ကထွက်တော့မည်ဆိုတော့ အမေကြီး ဒေါ်တင်တင်က ကလေးကို ကြည့်ရင်းလှမ်းပြောသည်။ ‘‘နေဦး၊ နေပူနေတယ်။ ကလေးကို ဦးထုပ်ဆောင်းပေးရဦးမယ်’’ဟု ဆိုကာ ခုတင်ပေါ်ကျန်ခဲ့သည့် ကလေးဦးထုပ်ကလေးယူူပြီး သူ့အရုပ်လေးကို ဆောင်းပေးခဲ့သည်။ ကားပေါ်တွင်လည်း သူ့ကလေးကို ချော့မြှူနေသည်မှာ တကယ့်ကလေးငယ်တစ်ဦးကို ထိန်းနေသကဲ့သို့ပင်။ ရိပ်သာဝန်ထမ်းများက ကလေးအရုပ်ကလေးကို တစ်လှည့်ချီကာ မြှူပေးတော့လည်း အမေကြီးဒေါ်တင်တင် ပျော်နေရှာလေသည်။
ရိပ်သာသို့ စရောက်ရောက်ချင်း ဘိုးဘွားများသည် ပုံစံမျိုးစုံဖြင့် ရောက်လာလေ့ရှိကြသည်။ တချို့က ရိပ်သာပို့ရပါ့မလားဟု ဒေါသထွက်ရင်း ရောက်လာကြသည်။ တချို့က ငါ့များဘယ်ပို့ဦးမှာပါလိမ့်ဟု မသင်္ကာစိတ်ဖြင့် တွေးကာ လိုက်လာကြသည်။ တချို့ကတော့ ကိုယ့်ဘဝကိုယ် အားငယ်ဝမ်းနည်းစိတ်တွေဖြင့် ရိပ်သာဝင်းထဲဝင်လာကြသည်။ ဒေါ်တင်တင်ကတော့ ထိုသို့မဟုတ်။ သူ၏ အရုပ်ကလေးကိုပိုက်ရင်း အေးအေးဆေးဆေးပင် ရိပ်သာထဲ ရောက်လာခဲ့သည်။ ကလေးတစ်ဦးသဖွယ် ရောက်လာခဲ့သည့် ဒေါ်တင်တင်ကို ဆည်းဆာရိပ်မိသားစုများက ကရုဏာဖြင့် ကြိုဆိုခဲ့သည်။

တချို့ အဘိုးအဘွားတွေက ရိပ်သာရောက်မှ ကလေးစိတ်တွေ ပေါက်လာတာလည်းရှိသည်။ ဥပမာ စောင်လာလှူသည်ဆိုလျှင် ‘‘သူကတော့ အဝါရသည်။ င့ါကျမှ စပ်ဖြဲဖြဲရောင် အနီကြီးပေးသည်။ ပြန်လဲပေး’’ဟုဆိုတာမျိုး။
အစားအသောက်ကျွေးသည့်အခါတွင်လည်း အကောင်းကျွေးချင်၍ ပုစွန်တုပ်ဟင်းချက်သည့်အခါ ‘‘တို့များ သေအောင်များသတ်နေကြသလားမပြောတတ်ဘူး။ သွားမရှိတော့ပါဘူးဆိုနေမှ ဘယ်လိုစားရမလဲ။ သူတို့စားချင်တာ ချက်နေကြတာ’’စသဖြင့် ဆည်းဆာရိပ်သာဝန်ထမ်းများအပေါ် တကယ့်မိသားစုဝင်တွေလို သဘောထားကာ ဂျီကျသူများလည်း ရှိသည်။
အမေကြီး ဒေါ်တင်တင်ကတော့ ထိုသို့မဟုတ်။ သူ့အရုပ်ကလေးကိုသာ ချော့ကာမြှူကာနေရင်း ပျော်နေရှာသည်။

အမေကြီး ထိုအရုပ်ကလေးအပေါ် ခင်တွယ်နေတာကိုတွေ့ရတော့ ဆည်းဆာရိပ်က သူနာပြု နှင့် ဝန်ထမ်းလေးတွေကလည်း အမေကြီးအကြိုက်လိုက်ကာ ပြုစုရှာသည်။ နံနက်ပိုင်းအမေကြီးကို မျက်နှာသစ်ပေးလျှင် အရုပ်ကလေးကိုပါ မျက်နှာသစ်ပေးကြသည်။ အမေကြီးကို သနပ်ခါးသွေးကာ လူးပေးလျှင် အရုပ်ကလေးကိုလည်း သနပ်ခါးဖွေးနေအောင် လူးပေးကြသည်။ အရုပ်ကလေးဝတ်ဖို့ ကလေးဝတ်စုံလေးတွေ ထပ်ချုပ်ပေးဖို့ ပြင်နေကြသည်။ ထိုမျှမကသေး။ ဆည်းဆာရိပ်ဝန်ထမ်းတွေက အရုပ်ကလေးမှာ ဓာတ်ခဲထည့်ရသည့် အရုပ်ကလေးမှန်းသိရ၍ အားကုန်နေသည့်အရုပ်ကလေးကို ဓာတ်ခဲလဲပေးလိုက်ကြသည်။ ထိုအခါ အရုပ်ကလေးသည် သူ့ကိုပုတ်လိုက်တိုင်း တခစ်ခစ်ထရယ်လေတော့သည်။

အရုပ်ကလေးရယ်တော့ အမေကြီးလည်း ပျော်လေသည်။ အရုပ်ကလေးရိပ်သာမှာပျော်လို့ရယ်တာပဲဟုဆိုပြီး အမေကြီးလည်း ရိပ်သာမှာ ပျော်ခဲ့ရသည်။ သို့သော် ထိုအပျော်က စိတ်ချလက်ချ အပျော်မျိုးတော့မဟုတ်။ အရုပ်ကလေးမှာ လက်ကလေးနှင့်ထိမိတိုင်း ထထရယ်နေသဖြင့် အခန်းထဲရှိ တခြားအဘွားတွေ အနှောင့်အယှက်ဖြစ်မှာ အမေကြီး စိုးရိမ်လေသည်။ ‘‘ကလေးကလည်း ထထအော်နေတော့ အားနာလိုက်တာ။ လူကြုံရှိရင် ပြန်ထည့်ပေးလိုက်ပါ့မယ်’’ဟု အားနာစွာဆိုရှာသည်။ ဆရာမကြီးတို့ကတော့ အားနာစရာမလို။ ကလေးကို တခြားအဘွားတွေလည်း ၀ိုင်းထိန်းပေးလိမ့်မည်ဟု ပြောတော့မှ အမေကြီး ဒေါ်တင်တင် စိတ်သက်သာရာရသည်။

ဆည်းဆာရိပ်ဝန်ထမ်းများကတော့ ရောက်လာသူ ဘိုးဘွားများကို မိသားစုဝင်တွေအတိုင်း ပြုစုကြသည်။ မေတ္တာငတ်၍ ရောက်လာကြသူများ ဖြစ်သဖြင့် မေတ္တာရှိကြောင်း ပြပေးရသည်။ အရုပ်ကလေးမှာ ယခင်အိမ်မှာတုန်းက အမေကြီးဒေါ်တင်တင် တစ်ယောက်တည်း သူ့အခန်းငယ်လေးအတွင်းဝယ် အထီးကျန်စွာနေရင်း အမေကြီး၏ တီးတိုးဖော်၊ စကားပြောဖော်၊ ရင်ဖွင့်ဖော် ဖြစ်ခဲ့ပုံပေါ်သည်။ အမေကြီးမှာ ထိုအရုပ်ကလေးကို အတော်ခင်တွယ်ရှာသည်။ ထိုကလေးငယ်မှာ လူသားစင်စစ်မဟုတ်ဘဲ အရုပ်ကလေးတစ်ရုပ်ဖြစ်မှန်းလည်း အမေကြီးသိသည်။ ‘‘လက်သမားဆရာ လုပ်ပေးတာလေ။ သစ်သားရုပ်ကလေး’’ဟု ပြောရှာသည်။ သို့ သော် သူ့စိတ်ထဲတွင်မူ ထိုအရုပ် ကလေးအား တကယ့် သူ့ရင်မှမွေးသည့် သားတစ်ယောက်လို သဘောထားကာ ပြုစုနေရှာလေ သည်။

အမေကြီး ဒေါ်တင်တင် ရောက်လာကတည်းက ဆည်းဆာရိပ် ရိပ်သာကလေးမှာ ရယ်မောသံတွေကဖုံးလွှမ်းစေခဲ့ပါသည်။ (၈၀) ကျော် အမေအိုတစ်ယောက် အရုပ်ကလေးတစ်ရုပ်ဖြင့် ပျော်မြူးနေတာကိုကြည့်ရင်း တခြားအဘွားကိုပါ ထိုအပျော်တွေ ကူးစက်ကုန်သည်။ အမေကြီးဒေါ်တင်တင် သားကလေးကို သားသမီးမေတ္တာငတ်ခဲ့ကြသည့် ဘိုးဘွားရိပ်သာရောက် အဘွားအိုတစ်သိုက်က ၀ိုင်းကာထိန်းပေးကြသည်။ အရုပ်ကလေးနှင့် ပျော်နေရှာသည့် အမေကြီး ဒေါ်တင်တင်ကိုကြည့်ရင်း ကိုယ့်ရင်ကမွေးသားသမီးမြေးတွေကို သတိရသူတွေလည်း ရကြသည်။ ဆန်းပြားလှသည့် သံယောဇဉ်အပေါ် အံ့သြသူတွေကလည်း အံ့သြကြသည်။

ဂိလာန သက်ကြီးဘိုးဘွားများ၏ နေဝင်ချိန်ဘဝဆည်းဆာကို သစ်ပင်အရိပ်သဖွယ်အုပ်မိုးကာ စောင့်ရှောက်ပေးနေသည့် ဆည်းဆာရိပ် ရိပ်သာကလေးမှာတော့ အဘွားအိုတစ်သိုက် အမေကြီး ဒေါ်တင်တင်၏ သားငယ် အရုပ်ကလေး တစ်ရုပ်နှင့်အတူ ဘဝ၏လက်ကျန်ရက်များကိုပျော်ရွှင်စွာ ဖြတ်သန်းနေကြပါလေတော့သည်။ ။
#ညီညီဇော်


Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...