======

ႀကံဳခဲ႔ရေသာ ေရေ၀းအသုဘ ျမင္ကြင္း တစ္ခု

လိုက္ပို႔ေပးျခင္းနဲ႔ ခံစားမႈ

၁၂နာရီခြဲ အသုဘအိမ္မွ ကားထြက္ေတာ့မည္ျဖစ္ပါသျဖင့္အသုဘလိုက္ပို႔မည့္သူမ်ား
ကားေပၚတြင္ ေနရာအသီးသီးယူၾကေနေလပီ
ထိုအထဲတြင္ က်ေနာ္လဲအပါအဝင္ပါသည္။ ကားေပၚတြင္
ေနရာရသူမ်ားရိွသလို မရသူမ်ားလဲအသီးသီးရိွၾကသည္။
က်ေနာ္သည္လဲ ေနရာတစ္ခုရလိုက္ေသာေၾကာင့္
ထိုေနရာတြင္ထိုင္ကာ ကားထြက္မဲ့အခ်ိန္ကို
ေစာင့္ေနမိသည္။
မသာတစ္ေခါက္ ေက်ာင္းဆယ္ေခါက္ဆိုသည့္အတိုင္း
အသုဘ လိုက္ပိုျခင္းသည္ ဘုန္းၾကီး ေက်ာင္း
ဆယ္ခါသြားျခင္းနဲ႔ ကုသိုလ္ ရျခင္းက အတူတူ
ျဖစ္ေၾကာင္း စကားပံုရိွသည္မွာ တကယ္
အမွန္ပင္ျဖစ္သည္။
ေၾကးစည္ တီးသံေၾကာင့္ ေ႐ွ႕ဆံုးမွ ကားက
စတင္ထြက္ခြာေလသည္။
ၿပီးေနာက္တစ္စီးပီး တစ္စီး ထြက္ခြာၾကသည္မွာ
ေနာက္ဆံုးကားလဲပဲထြက္ခြာေလပီ။
က်ေနာ္သည္လဲ ေနာက္ဆံုးကားတြင္ ထိုင္ကာ
လိုက္ပါလာခဲ့မိသည္။


ဆံုးသြားတဲ့ေကာင္ေလးသည္ က်ေနာ္အိမ္နဲ႔မ်က္ေစာင္း
ထိုးအိမ္ကျဖစ္သည္။
သူဆံုးသည့္ေန႔တြင္ သူ႔၏အသက္မွာ ၂၂ပဲရိွေလသည္။
က်ေနာ့္အထက္ေတာ့ ၂ႏွစ္ခန္႔ႀကီးသည္။
ငယ္ငယ္ရြယ္ရြယ္နဲ႔ဆံုးေသာေၾကာင့္မိသားစု
တစ္ခုလံုး ႏွေျမာေနၾက႐ွာသည္။
ဆံုးသြားေသာအစ္ကိုႀကီးသည္ထိုအိမ္တြင္အငယ္
ဆံုးသားေလးျဖစ္ေသာေၾကာင့္ အစ္မေတြ
အစ္ကိုေတြ သည္လဲ အရမ္းခ်စ္ၾက႐ွာသည္။
အေဖအေမဆိုမေျပာနဲ႔ ညီကိုေမာင္ႏွမေတာင္အဲေလာက္
ခ်စ္ေနမွေတာ့ မိဘဆိုရင္အတိုင္းထက္အလြန္ေပါ့
ဗ်ာ။

ထူးဆန္းသည္က သူဆံုးသည့္ေန႔သည္ ၂၀၁၅
ေရြးေကာက္ပြဲက်င္းပသည့္ တနဂၤေႏြ ေန႔ တြင္
ဆံုးသြားျခင္းျဖစ္သည္။ မေသခင္နာရီပိုင္း
မွာလဲ မဲရံုကို အနီေရာင္ အက်ၤီ ဝတ္ပီး မဲထည့္ခဲ့ေသးသည္။
ျပန္လာမွ အေမာေဖာက္ပီးဆံုးသြား႐ွာေလသည္။


ကားသည္ ေရေဝး ကိုစတင္ ဝင္ေရာက္လာခဲ့ပီ
လူေတြလူေတြ အမ်ားႀကီး ငိုသူကငို
ဝမ္းနဲသူကဝမ္းနဲနဲ႔ ေရေဝး တစ္ခုလံုးအျပည့္ႏွက္ေနၾကသည္။
ကားရပ္ေသာအခါ ကားေပၚကလူမ်ားအသီးသီး
ဆင္းၾကသည္။
က်ေနာ္လဲပဲ သူတို႔နည္းတူ ကားေပၚမွဆင္းလိုက္သည္။
. ထူးဆန္းသည္ေျပာရမလား သခၤ် ိဳင္း ေျမကိုစနင္း
ပီဆိုသည္နက္ တခုခုခံစားလိုက္ရလို မသိစိတ္က
လႈံ့ေဆာ္လိုက္သလားခံစားမိသည္ ေက်ာခ်မ္းသြား
သလိုလိုႀကီး ။ဒါလဲ မထူးဆန္းေတာ့ပါဘူး အသဘုပို႔တိုင္း
လူတိုင္းအလိုလို ခံစားမိၾကမွာပါ အေသခ်ာပင္ျဖစ္သည္။
အေလာင္းကိုမူ အေဆာင္(၂)တြင္ ထားရိွေလေသာေၾကာင့္
လိုက္ပို႔သူမ်ားအကုန္လံုးအေဆာင္(၂) သို႔ ကိုယ္စီ
က္ုယ္စီသြားၾကေလသည္။

ငိုသံမ်ားကေတာ့ သုသာန္ တစ္ခုလံုး
ျပည့္ႏွက္ေနေလသည္။
က်ေနာ္သည္ အေလာင္းရိွရာကို ေရာက္ဖို႔အတြက္
လူၾကားထဲမွမနည္းတိုးကာ သြားရေလသည္။

အေလာင္း၏ေခါင္းရင္း၌ ေသဆံုးသူ
အစ္ကိုႀကီး၏ ဓာတ္ပံု ကား ခမ္းနားထည္ဝါ
စြာ အေလာင္းလာၾကည့္သူမ်ားကို စိုက္ၾကည့္ေနဟန္ရိွ
ေလသည္။

" သား ..... ရယ္ အေမ့ကိုထားခဲ့ပီလား
...သား....ရယ္ ျဖစ္မွျဖစ္ရေလ ။
... အေမသာ ေသလိုက္ခ်င္တယ္ သား...."ဟု
အန္တီငိုေနတာကိုျမင္ရင္း က်ေနာ္ေတာင္ မ်က္ရည္ဝဲလာ
မိသည္။
ငိုခ်င္စိတ္ကိုမနည္းထိန္းခ်ဳပ္လိုက္ေသာ္လဲ
မ်က္လံုး ထဲ၌မ်က္ရည္မ်ားျပည့္အိုင္ေနခဲ့မိေလပီ။

အို ငါ့မိသားစုက ဒီလိုသာျဖစ္ခဲ့ရင္ ငါလဲငိုမိအမွန္
အခုေတာင္ သူစိမ္းေတာင္မွ ငိုခ်င္ေနပီဆိုေတာ့
ပရိသတ္ႀကီးလဲ ထိုနည္းတူဝမ္းနည္မိမွာဧကန္မလြဲ ။
. ဘယ္သူ မဆို ၾကံဳရမယ္
........ဒါက သဘာဝတရားပဲလို႔ ေျဖသိမ့္လိုက္သည္။
တေန႔မွာ စာေရးဆရာသည္လဲ ေသမည္။
..စာဖတ္သူပရိသတ္ထဲတြင္လဲ မေသမဲ့သူမ်ား
မရိွႏိုင္ပါေလ။

" ေမာင္ေလး .....အမတို႔ကိုထားခဲ့ပီလား
မထားခဲ့ပါနဲ႔. "ဟု အမအႀကီးဆံုးကငိုလဲငို

အေလာင္းကိုလဲ ေခါင္းထဲပိတ္လိုက္ပီ။

ဟိုဘက္ ကပ္လ်က္ခန္းတြင္လဲ ထိုနည္းတူစြာ
ငိုယို သံမ်ားနဲ႔ျပည့္နက္ေနေလသည္။
.. .. အသုဘလိုက္ပို႔ရင္ သံေဝဂရသည္လို႔
ေ႐ွးလူႀကီးေတြေျပာခဲ့သည္အမွန္ပင္ုျဖစ္သည္။

ငိုယို ၾကသည္မ်ားကိုၾကည့္ရင္း ဝမ္းနည္းမိသလို
သံေဝဂတရားလဲရမိသည္။
"...... အိုငါလဲတေန႔ေသရမွာပါလား"ဆိုတဲ့ အသိသံေဝဂကို
ရမိသည္။

.အေလာင္းကို မီးသၿဂိဳဟ္ မည့္အခန္းကို
ယူေဆာင္ဖ္ု႔အတြက္ျပင္ဆင္ေနၾကေလသည္ ။
အေဖအေမ အစ္ကိုအစ္မ ေတြသည္
ထိုအခ်ိန္တြင္ ဘယ္လို ခံစားရမည္လို
ပရိသတ္မ်ားထင္ပါသလဲ။

က်ေနာ္ထင္သည္က သူတို႔အရမ္းကို
နာက်င္လိမ့္မည္ သူတို႔ခံစားရဲ႕အသိမွာ
ငါ့သားေလးကို မီးသၿဂိဳဟ္ ေတာ့မည္။
ဒါပီးရင္ဘယ္ေတာ့မွမျမင္ရေတာ့ဘူးဆိုတဲ့အသိ။
ေနာက္ဆံုးငါ့သားေလးကို ထားခဲ့ရေတာ့မယ္ဆိုတဲ့အသိ
ေနာက္ဘယ္ေတာ့မွ မျမင္ေတာ့ဘဲ ဒီေနရာထားခဲ့
ရေတာ့မယ္ဆိုတဲ့အသိက သူတို႔အတြက္ ခံစားရမွာမွာ
အရမ္းကိုျပင္းထန္ေနလိမ့္မည္။
ပရိသတ္မ်ားလဲ ကိုယ္ခ်င္းစာၾကည့္ပါ။
ကိုယ့္ခ်စ္ခင္ရသူကို အဲလိုေနာက္ဆံုးထားခဲ့ေတာ့မယ္
ဆိုတဲ့အသိ ဝင္ရင္ဘယ္လိုခံစားရမလဲဆိုတာ
ေတြးၾကည့္ရံုနဲ႔သိေလာက္ပါတယ္။
ေသဆံုးတာဟာ သဘာဝလို႔စိတ္ကေျဖႏိုင္ေပမဲ့
မီးသၿဂိဳဟ္ ဖို႔ သယ္သြားတဲ့အခ်ိန္ ထားခဲ့ရေတာ့မယ္ဆိုတဲ့အသိ အရမ္းကိုခံစားရခက္လွပါသည္။

ေသဆံုးသူ ၏မိသားစု အေလာင္းနားက မခြာဘဲ
အေလာင္းကို ဆြဲထားၾကေလသည္။
အမျဖစ္သူသည္ " ေမာင္ေလးကို မထားခဲ့ႏိုင္ဘူး"ငိုယိုကာ မီးသၿဂိဳဟ္ မည့္အခန္းထိ ငိုယိုကာ
လိုက္သြားေလသည္ကို ျမင္ရေသာ က်ေနာ္သည္
င္ုခ်င္စိတ္က္ု ခ်ဳပ္ထိန္းလိုက္ရျပန္သည္။

အေလာင္းကို မီးသၿဂိဳဟ္ မဲ့အခန္းထဲ ထည့္လိုက္ေလပီ။
အသုဘ လာပို႔သူမ်ားလဲ အိမ္ျပန္ ဖို႔အတြက္
ကားေပၚကို ကိုယ္စီ ကိုယ္စီ တက္ျကေလပီ။

ထိုအခ်ိန္မွာပဲ ေသဆံုးသူ၏မိသားစုသည္
ဝမ္းနည္းမႈနဲ႔ ျပန္လာၾကသည္။
သူတို႔ျပန္လာေပမဲ ့ သူတို႔ေျခေထာက္မ်ားသာ
ေ႐ွ့ကို္ု ဦးတည္ေနေပမဲ ့ သူတို႔၏ မ်က္ႏွာမ်ားမွာ
သမင္ လည္ျပန္ သကဲ့လို႔ ေနာက္ကိုပဲျပန္ လွည့္ ၾကည့္
ေနၾကပံုမွာ ျမင္ရသူအဖို႔ ရင္နင့္စ႐ာေကာင္းလွေပသည္။

သူတို႔သည္ မီးသၿဂိဳဟ္ တဲ့အခန္းကို ပဲလွည့္ၾကည့္လွည့္ၾကည့္ေႏုၾကပံုမွာ ျမင္ရသူက်ေနာ္အဖ္ု႔
အသိစိတ္တစ္ခု ရလ္ုိက္သည္။
အထိုအသိမွာ ငါတို႔သည္လဲ တေန့က်ရင္
ကိုယ္ခ်စ္႐သူမ်ားကို ထားခဲ့ရမွာပဲ။
ခံႏိုင္ရည္ေရာရိွပါ့မလားထိုကဲ့သို႔ခံစားမိလိုက္သည္။
ပရိသတ္မ်ားေရာခံႏိုင္ရည္ရိွပါ့မလား။
 Dr-TharAye
http://www.thadinatin.com/
=============

လိုက်ပို့ပေးခြင်းနဲ့ ခံစားမှု

၁၂နာရီခွဲ အသုဘအိမ်မှ ကားထွက်တော့မည်ဖြစ်ပါသဖြင့်အသုဘလိုက်ပို့မည့်သူများ
ကားပေါ်တွင် နေရာအသီးသီးယူကြနေလေပီ
ထိုအထဲတွင် ကျနော်လဲအပါအဝင်ပါသည်။ ကားပေါ်တွင်
နေရာရသူများရှိသလို မရသူများလဲအသီးသီးရှိကြသည်။
ကျနော်သည်လဲ နေရာတစ်ခုရလိုက်သောကြောင့်
ထိုနေရာတွင်ထိုင်ကာ ကားထွက်မဲ့အချိန်ကို
စောင့်နေမိသည်။
မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဆိုသည့်အတိုင်း
အသုဘ လိုက်ပိုခြင်းသည် ဘုန်းကြီး ကျောင်း
ဆယ်ခါသွားခြင်းနဲ့ ကုသိုလ် ရခြင်းက အတူတူ
ဖြစ်ကြောင်း စကားပုံရှိသည်မှာ တကယ်
အမှန်ပင်ဖြစ်သည်။
ကြေးစည် တီးသံကြောင့် ရှေ့ဆုံးမှ ကားက
စတင်ထွက်ခွာလေသည်။
ပြီးနောက်တစ်စီးပီး တစ်စီး ထွက်ခွာကြသည်မှာ
နောက်ဆုံးကားလဲပဲထွက်ခွာလေပီ။
ကျနော်သည်လဲ နောက်ဆုံးကားတွင် ထိုင်ကာ
လိုက်ပါလာခဲ့မိသည်။


ဆုံးသွားတဲ့ကောင်လေးသည် ကျနော်အိမ်နဲ့မျက်စောင်း
ထိုးအိမ်ကဖြစ်သည်။
သူဆုံးသည့်နေ့တွင် သူ့၏အသက်မှာ ၂၂ပဲရှိလေသည်။
ကျနော့်အထက်တော့ ၂နှစ်ခန့်ကြီးသည်။
ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးသောကြောင့်မိသားစု
တစ်ခုလုံး နှမြောနေကြရှာသည်။
ဆုံးသွားသောအစ်ကိုကြီးသည်ထိုအိမ်တွင်အငယ်
ဆုံးသားလေးဖြစ်သောကြောင့် အစ်မတွေ
အစ်ကိုတွေ သည်လဲ အရမ်းချစ်ကြရှာသည်။
အဖေအမေဆိုမပြောနဲ့ ညီကိုမောင်နှမတောင်အဲလောက်
ချစ်နေမှတော့ မိဘဆိုရင်အတိုင်းထက်အလွန်ပေါ့
ဗျာ။

ထူးဆန်းသည်က သူဆုံးသည့်နေ့သည် ၂၀၁၅
ရွေးကောက်ပွဲကျင်းပသည့် တနင်္ဂနွေ နေ့ တွင်
ဆုံးသွားခြင်းဖြစ်သည်။ မသေခင်နာရီပိုင်း
မှာလဲ မဲရုံကို အနီရောင် အကျင်္ီ ဝတ်ပီး မဲထည့်ခဲ့သေးသည်။
ပြန်လာမှ အမောဖောက်ပီးဆုံးသွားရှာလေသည်။


ကားသည် ရေဝေး ကိုစတင် ဝင်ရောက်လာခဲ့ပီ
လူတွေလူတွေ အများကြီး ငိုသူကငို
ဝမ်းနဲသူကဝမ်းနဲနဲ့ ရေဝေး တစ်ခုလုံးအပြည့်နှက်နေကြသည်။
ကားရပ်သောအခါ ကားပေါ်ကလူများအသီးသီး
ဆင်းကြသည်။
ကျနော်လဲပဲ သူတို့နည်းတူ ကားပေါ်မှဆင်းလိုက်သည်။
. ထူးဆန်းသည်ပြောရမလား သင်္ချ ိုင်း မြေကိုစနင်း
ပီဆိုသည်နက် တခုခုခံစားလိုက်ရလို မသိစိတ်က
လှုံ့ဆော်လိုက်သလားခံစားမိသည် ကျောချမ်းသွား
သလိုလိုကြီး ။ဒါလဲ မထူးဆန်းတော့ပါဘူး အသဘုပို့တိုင်း
လူတိုင်းအလိုလို ခံစားမိကြမှာပါ အသေချာပင်ဖြစ်သည်။
အလောင်းကိုမူ အဆောင်(၂)တွင် ထားရှိလေသောကြောင့်
လိုက်ပို့သူများအကုန်လုံးအဆောင်(၂) သို့ ကိုယ်စီ
က်ုယ်စီသွားကြလေသည်။

ငိုသံများကတော့ သုသာန် တစ်ခုလုံး
ပြည့်နှက်နေလေသည်။
ကျနော်သည် အလောင်းရှိရာကို ရောက်ဖို့အတွက်
လူကြားထဲမှမနည်းတိုးကာ သွားရလေသည်။

အလောင်း၏ခေါင်းရင်း၌ သေဆုံးသူ
အစ်ကိုကြီး၏ ဓာတ်ပုံ ကား ခမ်းနားထည်ဝါ
စွာ အလောင်းလာကြည့်သူများကို စိုက်ကြည့်နေဟန်ရှိ
လေသည်။

" သား ..... ရယ် အမေ့ကိုထားခဲ့ပီလား
...သား....ရယ် ဖြစ်မှဖြစ်ရလေ ။
... အမေသာ သေလိုက်ချင်တယ် သား...."ဟု
အန်တီငိုနေတာကိုမြင်ရင်း ကျနော်တောင် မျက်ရည်ဝဲလာ
မိသည်။
ငိုချင်စိတ်ကိုမနည်းထိန်းချုပ်လိုက်သော်လဲ
မျက်လုံး ထဲ၌မျက်ရည်များပြည့်အိုင်နေခဲ့မိလေပီ။

အို ငါ့မိသားစုက ဒီလိုသာဖြစ်ခဲ့ရင် ငါလဲငိုမိအမှန်
အခုတောင် သူစိမ်းတောင်မှ ငိုချင်နေပီဆိုတော့
ပရိသတ်ကြီးလဲ ထိုနည်းတူဝမ်းနည်မိမှာဧကန်မလွဲ ။
. ဘယ်သူ မဆို ကြုံရမယ်
........ဒါက သဘာဝတရားပဲလို့ ဖြေသိမ့်လိုက်သည်။
တနေ့မှာ စာရေးဆရာသည်လဲ သေမည်။
..စာဖတ်သူပရိသတ်ထဲတွင်လဲ မသေမဲ့သူများ
မရှိနိုင်ပါလေ။

" မောင်လေး .....အမတို့ကိုထားခဲ့ပီလား
မထားခဲ့ပါနဲ့. "ဟု အမအကြီးဆုံးကငိုလဲငို

အလောင်းကိုလဲ ခေါင်းထဲပိတ်လိုက်ပီ။

ဟိုဘက် ကပ်လျက်ခန်းတွင်လဲ ထိုနည်းတူစွာ
ငိုယို သံများနဲ့ပြည့်နက်နေလေသည်။
.. .. အသုဘလိုက်ပို့ရင် သံဝေဂရသည်လို့
ရှေးလူကြီးတွေပြောခဲ့သည်အမှန်ပင်ုဖြစ်သည်။

ငိုယို ကြသည်များကိုကြည့်ရင်း ဝမ်းနည်းမိသလို
သံဝေဂတရားလဲရမိသည်။
"...... အိုငါလဲတနေ့သေရမှာပါလား"ဆိုတဲ့ အသိသံဝေဂကို
ရမိသည်။

.အလောင်းကို မီးသဂြိုဟ် မည့်အခန်းကို
ယူဆောင်ဖ်ု့အတွက်ပြင်ဆင်နေကြလေသည် ။
အဖေအမေ အစ်ကိုအစ်မ တွေသည်
ထိုအချိန်တွင် ဘယ်လို ခံစားရမည်လို
ပရိသတ်များထင်ပါသလဲ။

ကျနော်ထင်သည်က သူတို့အရမ်းကို
နာကျင်လိမ့်မည် သူတို့ခံစားရဲ့အသိမှာ
ငါ့သားလေးကို မီးသဂြိုဟ် တော့မည်။
ဒါပီးရင်ဘယ်တော့မှမမြင်ရတော့ဘူးဆိုတဲ့အသိ။
နောက်ဆုံးငါ့သားလေးကို ထားခဲ့ရတော့မယ်ဆိုတဲ့အသိ
နောက်ဘယ်တော့မှ မမြင်တော့ဘဲ ဒီနေရာထားခဲ့
ရတော့မယ်ဆိုတဲ့အသိက သူတို့အတွက် ခံစားရမှာမှာ
အရမ်းကိုပြင်းထန်နေလိမ့်မည်။
ပရိသတ်များလဲ ကိုယ်ချင်းစာကြည့်ပါ။
ကိုယ့်ချစ်ခင်ရသူကို အဲလိုနောက်ဆုံးထားခဲ့တော့မယ်
ဆိုတဲ့အသိ ဝင်ရင်ဘယ်လိုခံစားရမလဲဆိုတာ
တွေးကြည့်ရုံနဲ့သိလောက်ပါတယ်။
သေဆုံးတာဟာ သဘာဝလို့စိတ်ကဖြေနိုင်ပေမဲ့
မီးသဂြိုဟ် ဖို့ သယ်သွားတဲ့အချိန် ထားခဲ့ရတော့မယ်ဆိုတဲ့အသိ အရမ်းကိုခံစားရခက်လှပါသည်။

သေဆုံးသူ ၏မိသားစု အလောင်းနားက မခွာဘဲ
အလောင်းကို ဆွဲထားကြလေသည်။
အမဖြစ်သူသည် " မောင်လေးကို မထားခဲ့နိုင်ဘူး"ငိုယိုကာ မီးသဂြိုဟ် မည့်အခန်းထိ ငိုယိုကာ
လိုက်သွားလေသည်ကို မြင်ရသော ကျနော်သည်
င်ုချင်စိတ်က်ု ချုပ်ထိန်းလိုက်ရပြန်သည်။

အလောင်းကို မီးသဂြိုဟ် မဲ့အခန်းထဲ ထည့်လိုက်လေပီ။
အသုဘ လာပို့သူများလဲ အိမ်ပြန် ဖို့အတွက်
ကားပေါ်ကို ကိုယ်စီ ကိုယ်စီ တက်ကြလေပီ။

ထိုအချိန်မှာပဲ သေဆုံးသူ၏မိသားစုသည်
ဝမ်းနည်းမှုနဲ့ ပြန်လာကြသည်။
သူတို့ပြန်လာပေမဲ ့ သူတို့ခြေထောက်များသာ
ရှေ့ကို်ု ဦးတည်နေပေမဲ ့ သူတို့၏ မျက်နှာများမှာ
သမင် လည်ပြန် သကဲ့လို့ နောက်ကိုပဲပြန် လှည့် ကြည့်
နေကြပုံမှာ မြင်ရသူအဖို့ ရင်နင့်စရာကောင်းလှပေသည်။

သူတို့သည် မီးသဂြိုဟ် တဲ့အခန်းကို ပဲလှည့်ကြည့်လှည့်ကြည့်နေုကြပုံမှာ မြင်ရသူကျနော်အဖ်ု့
အသိစိတ်တစ်ခု ရလ်ုိက်သည်။
အထိုအသိမှာ ငါတို့သည်လဲ တနေ့ကျရင်
ကိုယ်ချစ်ရသူများကို ထားခဲ့ရမှာပဲ။
ခံနိုင်ရည်ရောရှိပါ့မလားထိုကဲ့သို့ခံစားမိလိုက်သည်။
ပရိသတ်များရောခံနိုင်ရည်ရှိပါ့မလား။
 Dr-TharAye
http://www.thadinatin.com/

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...