မိန္းမယူၿပီးမွ ခ်ီးစားစုန္း မွန္းသိ၍ ျပန္ကြာရွင္းခဲ့ရသူ

လြန္ခဲ့ေသာ ႏွစ္ ၅၀ ခန္ ့ (ခန္ ့မွန္းေျခသာ ) .. ျမစ္ဝကၽြန္းေပၚေဒသ ဧရာဝတီ တုိငး္ ၊ (အင္းရဲ ၾကီး - အင္းရဲေလး ) ၾကားရွိရြာေလး တစ္ခုျဖစ္ျပီး ငါးမ်ားေပါမ်ားစြာ ထြက္ရွိရာ ရြာေလးျဖစ္ပါသည္…

ထို ရြာတြင္ ေတာင္ယာ စိုက္ပ်ိဳးလုပ္ကိုင္သူမ်ားလည္း ရွိပါသည္.. ထိုရြာတြင္ ကိုဖိုးေမာင္တို ့ ဇနီးေမာင္ႏွ ံ ကို ေတာ့ ၄င္းတို ့ရြာ၏ စံျပဇနီး ေမာင္ႏွ ံဟု ေျပာစမွတ္ျပဳၾကပါသည္…

အဘယ့္ေၾကာင္းနည္းဟု ဆိုေသာ္ သူတို ့ဇနီးေမာင္ႏွ ံသည္ “ေမာင္တစ္ထမ္း မယ္တစ္ရြက္ ”ဟုေသာ စကားပံုႏွင့္အညီတဦးကိုတစ္ဥိီးခ်စ္ခင္ျပီးအလုပ္ကိုၾကိဳးစားပမ္းစားလုပ္ကိုင္ၾကေသာေၾကာင့္ျဖစ္သည္..။

ကိုဖိုးေမာင္မွာ ေတာင္ယာမ်ားစိုက္ပ်ိဳးထြန္ယက္ျပီးခ်ိန္ တြင္ အင္းရဲၾကီးသို ့သြားျပီး .. ဖိုးစံမွတ္ ဟု နာမည္ၾကီးေသာ အင္းတြင္ သြားေရာက္ အလုပ္လုပ္ကိုင္ပါသည္ … ကိုဖိုးေမာင္သည္ လယ္ယာရိတ္သိမ္းခ်ိန္တြင္ရြာ ကို ျပန္လည္၍ ေရာက္ရွိလာျပီး လယ္ရိတ္သိမ္းပါသည္ ..။

ထိုသို ့ကိုဖိုးေမာင္ အငး္ရဲၾကီးသို ့သြားခ်ိန္တြင္ သူ၏ ဇနီးမွာ ေဘးအိမ္ရွိ အပ်ိဳၾကီး တို ့ညီအစ္မတို ့အိမ္တြင္ ယက္ကန္း ခက္ေသာ အလုပ္ကို လုပ္ကိုင္ပါသည္.. ။

ထိုကဲ့သို ့ ေနထိုင္လာခဲ့သည္မွာ လက္ထပ္ျပီး ၃ ႏွစ္ၾကာသည္ အထိ ရွိျပီျဖစ္သည္…။

ကိုဖိုးေမာင္ႏွင့္ က်ေနာ္ ခင္မင္သည္မွာ လည္း ၂ ႏွစ္ခန္ ့ရွိျပီ ျဖစ္ျပီး အင္းတြင္ အလုပ္လာေရာက္လုပ္ကိုင္ရင္း ညီအကို သမွ် ခင္မင္ရင္းႏွီးမိျခင္းျဖစ္သည္ … က်ေနာ္ က ေတာ့ အင္းရဲေလးဘက္မွာေနထိုင္တာပါ …

လယ္ယာရိတ္သိမ္း ခ်ိန္ သို ့ေရာက္ရွိလာခ်ိန္ တြင္ ကို ဖိုးေမာင္ သည္ ရြာျပန္ဖို ့အေၾကာင္းဖန္လာခဲ့ ပါျပီ… က်ေနာ္ ကေတာ့ လူပ်ိဳ လူလြတ္မို ့ ရြာ မျပန္ဘဲ ကိုဖိုးေမာင္တို ့ရြာကို အလည္လိုက္ခဲ့ပါသည္ …

ထိုရြာကေလးသည္ အေတာ္ကို သာယာပါသည္ .. ရြာထိပ္တြင္ လူငါးေယာက္ဖက္စာေလာက္ရွိေသာ ပေညာင္ပင္ၾကီး တစ္ပင္ရွိျပီး ႏြယ္ပင္ကဲ့သို ့ေသာ အမွ်င္မ်ား ထူထပ္စြာ က်ေရာက္ေနပါသည္ …

ကိုဖိုးေမာင္၏ဇနီးနာမည္မွာ မယ္မႈံျဖစ္ျပီး ရုပ္ရည္ မွာ ရြက္ၾကမ္းေရက်ိဳ ရုပ္ရည္မ်ိဳးျဖစ္ျပီး ခႏၶာကိုယ္တည္ေဆာက္ပံုကေတာ့ အခ်ိဳးက်လွပါသည္ ..။

ကိုဖိုးေမာင္တို ့ရြာကိုေရာက္ျပီး ၂ ရက္ခန္ ့အၾကာ ထိုေန ့ကလျပည့္ည.. အိုက္စပ္စပ္ႏွင့္ျခင္မ်ား ကလည္း ကိုက္လွသည္… အခ်ိန္ကေတာ့ သန္းေခါင္ေက်ာ္ေက်ာ္ မိုးမလင္း တလင္းေလာက္ရွိျပီထင္… အင္း အိမ္ေရွ ့ကြက္ပ်စ္ေလးတြင္ သြားေရာက္ထိုင္ျပီး ေဆးလိပ္ဖြာရန္ ေနာက္ေဖး မီးေခ်ာင္သို ့မီးျခစ္သြားအယူ… ကိုဖိုးေမာင္တုိ ့အိပ္ခန္းကို အမွတ္တမဲ့ၾကည့္လိုက္မိသည္ ..

အား……လာ..လားးးးးးးးးးး ကိုဖိုးေမာင္သည္.. ေခါင္းမရွိ ခႏၶာ ကိုယ္ၾကီးကို ဖတ္ျပီး အိပ္ေနပါလား….. က်ေနာ့္ ေခါင္းရွိ ဆံပင္ေမႊးမ်ား ေထာင္သြားျပီး ၾကက္သီးမ်ားဖ်ဥ္း ခနဲ ထသြားပါသည္ ….

က်ေနာ့ အတြက္ ေတာ္ေတာ့္ကိုတုန္လႈပ္ေနပါသည္ .. ဒီရြာမွ ထြက္ေျပးလ်ွင္ေကာင္းမလား…. အင္း… လမ္းမွာ ေခါင္းျပတ္ေနတဲ့ “ ခ်ီးစားစုန္းမ နဲ ့ေတြ ့ရင္ ” မျဖစ္ေသးပါဘူး ကိုဖိုးေမာင္ ကို ႏႈိးမွ ျဖစ္မယ္ …

“ကိုဖိုးေမာင္…ေဟ့လူ ထထ … ခင္ဗ်ား မိန္းမကို ၾကည့္ပါဦး …. ” ကိုဖိုးေမာင္ လန္ ့သြာျပီး ထေျပးပါသည္ …ျပီးေတာ့ က်ေန္ာ့ ကိုဘယ္လိုလုပ္ၾကမလဲ ဟုေမးသည္ … ထိုမိန္းမ၏ေခါင္းမွာ ျပတ္သြားသလိုမ်ိဳး တံုးတိၾကီးျဖစ္ျပီး…ေသြးေတာ့မွမရွိေပ..

က်ေနာ္ စဥ္းစားမိတာ တခုရွိျပီ… က်ေနာ္ မီးဖိုေခ်ာင္ထဲသို ့ဝင္သြားျပီး တေရာ္ကင္ပြန္း ေခါင္းေလ်ွာ္ရည္ စိမ္ထားေသာ ဇလံုၾကီး ကို ၄င္း မိန္းမ အနားသို ့ယူလာျပီး တေရာ္ကင္ပြန္းမ်ား သုတ္လိမ္းလိုက္ပါသည္ ..

ထိုအခ်ိန္တြင္ စူးဝါးစြာေအာ္သံကို အိမ္အေနာက္ဖက္ မန္က်ည္းပင္ေအာက္မွၾကားလိုက္ရျပီး .. က်ေန္ာ ဆင္းၾကည့္လိုက္ေတာ့ … မီးလံုးၾကီးတစ္လံုး ေလေပၚမွာ ပ်ံလာတာကိုေတြ ့လိုက္ရတယ္ … က်ေန္ာလည္း ေၾကာက္ျပီး အိမ္ေပၚကိုတက္ေျပးျပီး ကိုဖိုးေမာင္ကို ေျပာျပပါတယ္ … ထိုမီးလံုးၾကီးမွာ … အိမ္ထဲသို ့မဝင္ဘဲ အိမ္တံခါးဝမွာ တဝဲလည္လည္ လုပ္ေနပါတယ္…. က်ေန္ာႏွင့္ကို ဖိုးေမာင္ အတင္းေျပးဆင္းျပီး ေအာ္ပါေတာ့သည္ …. ထိုအခ်ိန္တြင္ ေဘးအိမ္မွလူမ်ား ႏိုးလားၾကျပီးၾကည့္ၾကပါေတာ့သည္…

ခ်ီးစားစုန္းမ မွာ ၄င္း၏ ခႏၶာကိုယ္ တြင္ တေရာ္ကင္ပြန္းမ်ား သုတ္လိမ္းထား၍ တပ္မရဘဲျဖစ္ေနပါသည္… အိမ္ေရွ ့ ႏွင့္ အိမ္ျပင္ တြင္ ၄င္းမီးဝင္းဝင္းေတာက္ေနေသာ ေခါင္းျပတ္ၾကီးမွာ ဝင္လိုက္ထြက္လိုက္ႏွင့္ရွိေနပါသည္ ..။

မိုးလည္းလင္းေတာ့မည္ …. ေဘးမွသူမ်ားက ဂရုဏာ သက္ဝင္လာျပီး ထိုသုတ္လိမ္းထားေသာ တေရာ္ကင္ပြန္း မ်ား ကို သုတ္ေပးရန္ေျပာလာၾကပါသည္ … ထိုရြာသားမ်ားထဲမွ သတၱိ ခပ္ေကာင္းေကာင္း ေယာက်ာၤး ၃ေယာက္ခန္ ့ က ထို စုန္းမ ကို ေမာင္းထုတ္ျပီးအိမ္ေပၚသို ့ တက္ေရာက္ကာသုတ္လိမ္းထားေသာ တေရာ္ကင္ပြန္း မ်ားကို အဝတ္တခုျဖင့္ ဖယ္ရွားေပးလိုက္ပါသည္ ..

ထိုအခါ က်မွ ၄င္းစုန္းမသည္ … သူက ခႏၶာကိုယ္တြင္ ျပန္လည္တပ္ဆင္၍ ရသြားပါသည္ ..

ကိုဖိုးေမာင္လည္း ထိုမိန္းမကို ဆက္မေပါင္းဝံ့ေတာ့ဘဲ…က်ေနာ္တို ့ရြာကို အျပီးလိုက္လာပါေတာ့သည္ ..

ေနာက္ပိုင္းၾကားရေသာ သတင္းမ်ားအရ ထိုရြာမွ သူမ်ားက သူတုိ ့၏ ကေလးမ်ားေၾကာက္လန့္မည္ စိုးေသာေၿကာင့္ ရြာ အျပင္သို ့ေမာင္းထုတ္လိုက္ေၾကာင္း ၾကားသိရပါသည္ …။

ထိုျဖစ္ရပ္သည္ အဖြား ၁၆ ႏွစ္သမီး အရြယ္တြင္ အဘိုး(အဖြား၏အေဖ) ေျပာျပခဲ့ဖုူးေသာ သူေတြ ့ၾကံဳခဲ ့ဖူးေသာ ခ်ီးစားစုန္း မ တစ္ေယာက္ အေၾကာင္းျဖစ္ပါသည္ ..။ ယခုအဘြားသည္အသက္ (၇၀) ဝန္းက်င္ခန့္ ရွိေနပါပီ … ။
Credit: Zuu
======
လွန်ခဲ့သော နှစ် ၅၀ ခန် ့ (ခန် ့မှန်းခြေသာ ) .. မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီ တိုငး် ၊ (အင်းရဲ ကြီး - အင်းရဲလေး ) ကြားရှိရွာလေး တစ်ခုဖြစ်ပြီး ငါးများပေါများစွာ ထွက်ရှိရာ ရွာလေးဖြစ်ပါသည်…

ထို ရွာတွင် တောင်ယာ စိုက်ပျိုးလုပ်ကိုင်သူများလည်း ရှိပါသည်.. ထိုရွာတွင် ကိုဖိုးမောင်တို ့ ဇနီးမောင်နှ ံ ကို တော့ ၄င်းတို ့ရွာ၏ စံပြဇနီး မောင်နှ ံဟု ပြောစမှတ်ပြုကြပါသည်…

အဘယ့်ကြောင်းနည်းဟု ဆိုသော် သူတို ့ဇနီးမောင်နှ ံသည် “မောင်တစ်ထမ်း မယ်တစ်ရွက် ”ဟုသော စကားပုံနှင့်အညီတဦးကိုတစ်ဥိီးချစ်ခင်ပြီးအလုပ်ကိုကြိုးစားပမ်းစားလုပ်ကိုင်ကြသောကြောင့်ဖြစ်သည်..။

ကိုဖိုးမောင်မှာ တောင်ယာများစိုက်ပျိုးထွန်ယက်ပြီးချိန် တွင် အင်းရဲကြီးသို ့သွားပြီး .. ဖိုးစံမှတ် ဟု နာမည်ကြီးသော အင်းတွင် သွားရောက် အလုပ်လုပ်ကိုင်ပါသည် … ကိုဖိုးမောင်သည် လယ်ယာရိတ်သိမ်းချိန်တွင်ရွာ ကို ပြန်လည်၍ ရောက်ရှိလာပြီး လယ်ရိတ်သိမ်းပါသည် ..။

ထိုသို ့ကိုဖိုးမောင် အငး်ရဲကြီးသို ့သွားချိန်တွင် သူ၏ ဇနီးမှာ ဘေးအိမ်ရှိ အပျိုကြီး တို ့ညီအစ်မတို ့အိမ်တွင် ယက်ကန်း ခက်သော အလုပ်ကို လုပ်ကိုင်ပါသည်.. ။

ထိုကဲ့သို ့ နေထိုင်လာခဲ့သည်မှာ လက်ထပ်ပြီး ၃ နှစ်ကြာသည် အထိ ရှိပြီဖြစ်သည်…။

ကိုဖိုးမောင်နှင့် ကျနော် ခင်မင်သည်မှာ လည်း ၂ နှစ်ခန် ့ရှိပြီ ဖြစ်ပြီး အင်းတွင် အလုပ်လာရောက်လုပ်ကိုင်ရင်း ညီအကို သမျှ ခင်မင်ရင်းနှီးမိခြင်းဖြစ်သည် … ကျနော် က တော့ အင်းရဲလေးဘက်မှာနေထိုင်တာပါ …

လယ်ယာရိတ်သိမ်း ချိန် သို ့ရောက်ရှိလာချိန် တွင် ကို ဖိုးမောင် သည် ရွာပြန်ဖို ့အကြောင်းဖန်လာခဲ့ ပါပြီ… ကျနော် ကတော့ လူပျို လူလွတ်မို ့ ရွာ မပြန်ဘဲ ကိုဖိုးမောင်တို ့ရွာကို အလည်လိုက်ခဲ့ပါသည် …

ထိုရွာကလေးသည် အတော်ကို သာယာပါသည် .. ရွာထိပ်တွင် လူငါးယောက်ဖက်စာလောက်ရှိသော ပညောင်ပင်ကြီး တစ်ပင်ရှိပြီး နွယ်ပင်ကဲ့သို ့သော အမျှင်များ ထူထပ်စွာ ကျရောက်နေပါသည် …

ကိုဖိုးမောင်၏ဇနီးနာမည်မှာ မယ်မှုံဖြစ်ပြီး ရုပ်ရည် မှာ ရွက်ကြမ်းရေကျို ရုပ်ရည်မျိုးဖြစ်ပြီး ခန္ဓာကိုယ်တည်ဆောက်ပုံကတော့ အချိုးကျလှပါသည် ..။

ကိုဖိုးမောင်တို ့ရွာကိုရောက်ပြီး ၂ ရက်ခန် ့အကြာ ထိုနေ ့ကလပြည့်ည.. အိုက်စပ်စပ်နှင့်ခြင်များ ကလည်း ကိုက်လှသည်… အချိန်ကတော့ သန်းခေါင်ကျော်ကျော် မိုးမလင်း တလင်းလောက်ရှိပြီထင်… အင်း အိမ်ရှေ ့ကွက်ပျစ်လေးတွင် သွားရောက်ထိုင်ပြီး ဆေးလိပ်ဖွာရန် နောက်ဖေး မီးချောင်သို ့မီးခြစ်သွားအယူ… ကိုဖိုးမောင်တို ့အိပ်ခန်းကို အမှတ်တမဲ့ကြည့်လိုက်မိသည် ..

အား……လာ..လားးးးးးးးးးး ကိုဖိုးမောင်သည်.. ခေါင်းမရှိ ခန္ဓာ ကိုယ်ကြီးကို ဖတ်ပြီး အိပ်နေပါလား….. ကျနော့် ခေါင်းရှိ ဆံပင်မွှေးများ ထောင်သွားပြီး ကြက်သီးများဖျဉ်း ခနဲ ထသွားပါသည် ….

ကျနော့ အတွက် တော်တော့်ကိုတုန်လှုပ်နေပါသည် .. ဒီရွာမှ ထွက်ပြေးလျှင်ကောင်းမလား…. အင်း… လမ်းမှာ ခေါင်းပြတ်နေတဲ့ “ ချီးစားစုန်းမ နဲ ့တွေ ့ရင် ” မဖြစ်သေးပါဘူး ကိုဖိုးမောင် ကို နှိုးမှ ဖြစ်မယ် …

“ကိုဖိုးမောင်…ဟေ့လူ ထထ … ခင်ဗျား မိန်းမကို ကြည့်ပါဦး …. ” ကိုဖိုးမောင် လန် ့သွာပြီး ထပြေးပါသည် …ပြီးတော့ ကျနေ်ာ့ ကိုဘယ်လိုလုပ်ကြမလဲ ဟုမေးသည် … ထိုမိန်းမ၏ခေါင်းမှာ ပြတ်သွားသလိုမျိုး တုံးတိကြီးဖြစ်ပြီး…သွေးတော့မှမရှိပေ..

ကျနော် စဉ်းစားမိတာ တခုရှိပြီ… ကျနော် မီးဖိုချောင်ထဲသို ့ဝင်သွားပြီး တရော်ကင်ပွန်း ခေါင်းလျှော်ရည် စိမ်ထားသော ဇလုံကြီး ကို ၄င်း မိန်းမ အနားသို ့ယူလာပြီး တရော်ကင်ပွန်းများ သုတ်လိမ်းလိုက်ပါသည် ..

ထိုအချိန်တွင် စူးဝါးစွာအော်သံကို အိမ်အနောက်ဖက် မန်ကျည်းပင်အောက်မှကြားလိုက်ရပြီး .. ကျနေ်ာ ဆင်းကြည့်လိုက်တော့ … မီးလုံးကြီးတစ်လုံး လေပေါ်မှာ ပျံလာတာကိုတွေ ့လိုက်ရတယ် … ကျနေ်ာလည်း ကြောက်ပြီး အိမ်ပေါ်ကိုတက်ပြေးပြီး ကိုဖိုးမောင်ကို ပြောပြပါတယ် … ထိုမီးလုံးကြီးမှာ … အိမ်ထဲသို ့မဝင်ဘဲ အိမ်တံခါးဝမှာ တဝဲလည်လည် လုပ်နေပါတယ်…. ကျနေ်ာနှင့်ကို ဖိုးမောင် အတင်းပြေးဆင်းပြီး အော်ပါတော့သည် …. ထိုအချိန်တွင် ဘေးအိမ်မှလူများ နိုးလားကြပြီးကြည့်ကြပါတော့သည်…

ချီးစားစုန်းမ မှာ ၄င်း၏ ခန္ဓာကိုယ် တွင် တရော်ကင်ပွန်းများ သုတ်လိမ်းထား၍ တပ်မရဘဲဖြစ်နေပါသည်… အိမ်ရှေ ့ နှင့် အိမ်ပြင် တွင် ၄င်းမီးဝင်းဝင်းတောက်နေသော ခေါင်းပြတ်ကြီးမှာ ဝင်လိုက်ထွက်လိုက်နှင့်ရှိနေပါသည် ..။

မိုးလည်းလင်းတော့မည် …. ဘေးမှသူများက ဂရုဏာ သက်ဝင်လာပြီး ထိုသုတ်လိမ်းထားသော တရော်ကင်ပွန်း များ ကို သုတ်ပေးရန်ပြောလာကြပါသည် … ထိုရွာသားများထဲမှ သတ္တိ ခပ်ကောင်းကောင်း ယောကျာင်္း ၃ယောက်ခန် ့ က ထို စုန်းမ ကို မောင်းထုတ်ပြီးအိမ်ပေါ်သို ့ တက်ရောက်ကာသုတ်လိမ်းထားသော တရော်ကင်ပွန်း များကို အဝတ်တခုဖြင့် ဖယ်ရှားပေးလိုက်ပါသည် ..

ထိုအခါ ကျမှ ၄င်းစုန်းမသည် … သူက ခန္ဓာကိုယ်တွင် ပြန်လည်တပ်ဆင်၍ ရသွားပါသည် ..

ကိုဖိုးမောင်လည်း ထိုမိန်းမကို ဆက်မပေါင်းဝံ့တော့ဘဲ…ကျနော်တို ့ရွာကို အပြီးလိုက်လာပါတော့သည် ..

နောက်ပိုင်းကြားရသော သတင်းများအရ ထိုရွာမှ သူများက သူတို ့၏ ကလေးများကြောက်လန့်မည် စိုးသောကြောင့် ရွာ အပြင်သို ့မောင်းထုတ်လိုက်ကြောင်း ကြားသိရပါသည် …။

ထိုဖြစ်ရပ်သည် အဖွား ၁၆ နှစ်သမီး အရွယ်တွင် အဘိုး(အဖွား၏အဖေ) ပြောပြခဲ့ဖုူးသော သူတွေ ့ကြုံခဲ ့ဖူးသော ချီးစားစုန်း မ တစ်ယောက် အကြောင်းဖြစ်ပါသည် ..။ ယခုအဘွားသည်အသက် (၇၀) ဝန်းကျင်ခန့် ရှိနေပါပီ … ။
Credit: Zuu

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...