======

ေသဆံုးၿပီးသား လူတစ္ေယာက္ရဲ႕ ဝိညာဥ္ အျဖစ္ ခံစားခ်က္


လြန္ခဲ့သည့္ ငါးႏွစ္ ေလာက္က ျဖစ္သည္။ ကိုယ့္ ခ်စ္ဦးသူ အေၾကာင္းကို ဘယ္ေတာ့မွ မေမ့သလို အဲသည္ အေၾကာင္း ကိုလည္း ကိုယ္ ဘယ္ေတာ့ မွ ေမ့မည္ မဟုတ္။ အခု အခ်ိန္ ျပန္စဥ္းစား လွ်င္လည္း မေန႔ တစ္ေန႔က ျဖစ္ခဲ့သလို မ်က္လံုး ထဲ ျပန္ျမင္ လာသည္။ ဝိညာဥ္ .. ေလာေလာ လတ္လတ္ ေသဆံုး ၿပီးသား လူ၏ ဝိညာဥ္။

အိပ္မက္ မက္လွ်င္ ဘယ္ေတာ့မွ ဇာတ္လမ္း ဇာတ္ကြက္ႏွင့္ မမက္တတ္ ခဲ့ေသာ၊ ေနာက္ၿပီး .. အိပ္မက္ မက္ခဲ့ၿပီး၍ မနက္ ႏိုးလာလွ်င္ ဘယ္ေတာ့မွ ထိုအိပ္မက္ကို လံုးေစ့ပတ္ေစ့ မွတ္မိေလ့ မ႐ွိေသာ ကိုယ္သည္ အဲဒီ အိပ္မက္ ကိုေတာ့ ႐ုပ္ရွင္ ၾကည့္ေန ရသလို တစ္ကြက္ခ်င္း၊ တစ္ခန္းခ်င္း၊ အျဖစ္အပ်က္ တစ္ခုခ်င္းကို စြဲစြဲထင္ထင္ မွတ္မိ ေနခဲ့သည္။

ထို အေၾကာင္းကို မိဘမ်ား၊ သူငယ္ခ်င္း မ်ားကို ကိုယ္ ျပန္လည္ ေျပာျပ ေသာ္လည္း ဘယ္သူမွ ကိုယ့္ကို မယံုၾက။ အိပ္မက္ မက္သည္ဟု ဇာတ္လမ္းဆင္၍ ကိုယ္ ေပါက္ကရေတြ ေလွ်ာက္ေျပာ ေနသည္ ဟုသာ သူတို႔ ယံုၾကည္ ၾကသည္။ အဲဒီ အိပ္မက္ အေၾကာင္းကို ကိုယ္ ဝတၳဳ တစ္ပုဒ္လို စာေရး ထားဖို႔ ေတြးထား ခဲ့သည္။

၂၀၀၇ ခုႏွစ္ ဝန္းက်င္ ေလာက္က ျဖစ္သည္။ ကိုယ္ အဲဒီတုန္းက ေတာင္ေပၚ ေဒသ ႐ြာေလး တစ္႐ြာမွာ ေရာက္႐ွိ ေနသည္။ စိတ္စြဲ၍ မက္ေသာ အိပ္မက္လည္း မဟုတ္၊ အေၾကာင္းအရာ တိုက္ဆိုင္၍ မက္ေသာ အိပ္မက္လည္း မဟုတ္ဘဲ ထိုအိပ္မက္သည္ ကိုယ့္ည တစ္ညထဲ ထူးထူးဆန္းဆန္း ဝင္ေရာက္ လာခဲ့သည္။ ယခု ကိုယ္ေရးမည့္ အေၾကာင္းအရာ သည္ ဝတၳဳလည္း မဟုတ္၊ ေဆာင္းပါးလည္း မဟုတ္၊ အက္ေဆးလည္း မဟုတ္ပါ။ ကိုယ္တိုင္ေရး အတၳဳပၸတၱိ တစ္ခုလို ကိုယ္တိုင္ ႀကံဳခဲ့ ေတြ႕ခဲ့ေသာ အျဖစ္အပ်က္ တစ္ခုကို ဇာတ္ေၾကာင္းျပန္ ေျပာျပသည့္ ပံုစံမ်ိဳး ျဖစ္ေနလိမ့္မည္။

ဝိညာဥ္ အိပ္မက္ဟု ဆိုေပမယ့္ အခ်ိန္ျပည့္ ေၾကာက္စရာ ေကာင္းေနျခင္း မဟုတ္၊ ရယ္ရတာ ေတြလည္း ပါသည္။ ကိုယ့္ အိပ္မက္ ဆံုးသည္ အထိ စာဖတ္သူ အဖို႔ ေၾကာက္စရာ ေကာင္းခ်င္ မွလည္း ေကာင္းလိမ့္မည္။ ကိုယ့္ အတြက္ေတာ့ သံေဝဂ ရစရာ ေတြေရာ၊ တုန္လႈပ္ ေျခာက္ျခား စရာေတြေရာ အကုန္လံုး ေရာျပြန္း ေနခဲ့သည္။ အဲဒီ အေၾကာင္းကိုပဲ ေရးမည္ဟု ကိုယ္ ဆံုးျဖတ္ လိုက္သည္။

ကိုယ္ … ေသဆံုး သြားသည္။ ဟုတ္သည္ … အိပ္မက္ စစခ်င္း မွာပင္ ကိုယ္ ေသဆံုးၿပီးသား လူတစ္ေယာက္ ျဖစ္ေန ခဲ့ၿပီ။ ကိုယ့္ ႐ုပ္အေလာင္း ဘယ္မွာလဲ ကိုယ္မသိ၊ ကိုယ္ကိုယ္တိုင္၏ စိတ္ႏွင့္ ဝိညာဥ္ ကေတာ့ အသက္ရွင္လ်က္ ႐ွိေနသည္။ ကိုယ့္ေဘးမွာ ကိုယ့္လိုပဲ ေသဆံုးၿပီးသား အရင္းႏွီးဆံုး သူငယ္ခ်င္း ရွိေနသည္။ ကိုယ္ ဘာေၾကာင့္ ေသဆံုး ခဲ့သလဲ ျပန္စဥ္းစား မိသည္။ ကိုယ့္ အာ႐ံုမ်ား ေဝေဝဝါးဝါး ေထြးေထြးေနာက္ေနာက္ .. စဥ္းစား၍ မရ။ အေသအခ်ာ ျပန္ စဥ္းစား ၾကည့္ေတာ့မွ ကိုယ္ ေသဆံုး ခဲ့ရသည့္ အျဖစ္ကို ျပန္သတိရ ေတာ့သည္။ အျဖစ္ အပ်က္က ရွင္းရွင္းေလး။
ကိုယ္ရယ္ .. ကိုယ့္ညီရယ္ .. ကိုယ့္ အရင္းႏွီးဆံုး သူငယ္ခ်င္းရယ္ သံုးေယာက္ ေတာင္ဥကၠလာပ နႏၵဝန္ေဈ း အနီး လမ္းမ ေပၚတြင္ ဟိုင္းလပ္ကား တစ္စီးကို ေမာင္းႏွင္လ်က္ ရွိသည္။ သူငယ္ခ်င္း တစ္ဦးဦး ဆီမွ ျပန္လာျခင္း ျဖစ္မည္ ထင္သည္။

ထိုအခ်ိန္ ကိုယ္တို႔ ကားကို ကုန္ကားႀကီး တစ္စင္း ေရွ႕တည့္တည့္မွ အရွိန္ွႏွင့္ ဝင္တိုက္သည္။ ကိုယ္ မ်က္လံုး မွိတ္လိုက္သည္။ နာက်င္မႈ မရွိ၊ ေၾကာက္လန္႔မႈ မရွိ … ႐ုတ္တရက္ ကိုယ္ ေသဆံုး သြားသည္။ ေသဆံုး ၿပီးေသာ ကိုယ့္ အေလာင္းေကာင္သည္ ေရွ႕ဆက္ ျဖစ္ေသာ ကိစၥေတြကို ဘာမွ သိႏုိင္ျခင္း မရွိေတာ့။ ကိုယ့္ ျဖစ္တည္မႈ အလံုးစံု ခဏေလး ေပ်ာက္သြားသည္။ ခဏေနေတာ့ ကိုယ္သည္ ကိုယ့္ဝိညာဥ္ ႏွင့္အတူ ေလထဲတြင္ ပ်ံဝဲလ်က္ ရွိေနၿပီ။ သံုးေယာက္လံုး ကားတိုက္ ခံရျခင္း ျဖစ္ေသာ္လည္း ကိုယ့္ညီကို ရွာမေတြ႕ေတာ့။ သူ မေသဘူးဟု ထင္သည္။ ကိုယ္ႏွင့္ ကိုယ့္ သူငယ္ခ်င္း တို႔သာ ေသဆံုး သြားသည္ဟု ကိုယ့္စိတ္ထဲ အလိုလို သိလိုက္သည္။ ခဏေနေတာ့ ကိုယ္ႏွင့္ ကိုယ့္ သူငယ္ခ်င္းသည္ ကိုယ့္အိမ္ အဝင္ေပါက္ ေျခနင္းခံုတြင္ ထိုင္လ်က္သား ေရာက္ရွိ ေနၾကသည္။

ထူးဆန္း တာက ေသဆံုး ၿပီးမွန္း သိေသာ္လည္း ကိုယ္တို႔ႏွစ္ဦး စိုးရိမ္ ေၾကာက္လန္႔ျခင္း မျဖစ္မိၾက။ အသက္ ရွင္ေနစဥ္ တုန္းကလိုပဲ ေပါ့ေပါ့ပါးပါး။ ကိုယ္တို႔ ႏွစ္ဦး အနားတြင္ ကိုယ့္စက္ဘီးေလး ရွိေနသည္ကို မွတ္မိသည္။ ကိုယ့္ သူငယ္ခ်င္းက ကိုယ့္ကို ေျပာသည္။

“ေဟ့ေကာင္ .. ငဘုန္း၊ ငါတို႔ ႏွစ္ေယာက္က ေသၿပီး ဝိညာဥ္ ျဖစ္ေနတာ ဆိုေတာ့ ငါတို႔ကို ဘယ္သူမွ ျမင္ရမွာ မဟုတ္ဘူး၊ မင္းနဲ႔ငါ စက္ဘီး ေလွ်ာက္စီးၿပီး လမ္းမွာ ေတြ႕တဲ့ ေကာင္မေလး ေတြကို လိုက္ေနာက္ ရေအာင္”ကိုယ္ သေဘာတူ လိုက္သည္။ သူငယ္ခ်င္းက ေရွ႕မွ စက္ဘီး နင္းၿပီး ကိုယ္က အေနာက္ ထိုင္ခံုမွ ထိုင္၍ လိုက္သည္။ လမ္းေပၚမွ လူမ်ား ကိုယ္တို႔ကို မျမင္ႏုိင္ဘူးဟု ထင္သည္။ ေကာင္မေလး တစ္ေယာက္နား ေရာက္ေတာ့ သူငယ္ခ်င္းက ထိုမိန္းကေလး အနားသို႔ စက္ဘီးကို ကပ္နင္း၍ အရွိန္ေလွ်ာ့ ေပးသည္။

ထို ေကာင္မေလး ေခါင္းကို ကိုယ္ ပုတ္လိုက္သည္။ ကိုယ့္စိတ္ထဲ ထင္တာက ေကာင္မေလး ေနာက္လွည့္ ၾကည့္လွ်င္ ကိုယ္တို႔ကို ျမင္မည္ မဟုတ္။ မျမင္ ရေသာ အရာဝတၳဳ တစ္ခုက သူ႔ေခါင္းကို လာပုတ္ျခင္းကို သိသြားလွ်င္ ေကာင္မေလး ေၾကာက္လန္႔ သြားမည္ဟု ထင္ခဲ့သည္။ သို႔ေသာ္ .. ကိုယ္တို႔ မေအာင္ျမင္ပါ။ ဘာေၾကာင့္မွန္း မသိ။ ေကာင္မေလးသည္ ကိုယ္တို႔ ႏွစ္ဦး၏ တစ္ကိုယ္လံုးကို မျမင္ရ ေသာ္လည္း ကိုယ္တို႔၏ ေခါင္းေတြ ကိုေတာ့ ျမင္ေနရသည္။ ကိုယ္တို႔ကို သူ ေလွာင္ေျပာင္၍ ေအာ္ဟစ္ၿပီး က်န္ခဲ့ ေလသည္။ ကိုယ္တို႔ ထပ္၍ စမ္းသပ္ ၾကည့္သည္။

လူတိုင္း ကိုယ္တို႔ ႏွစ္ဦးကို ေခါင္းေတြ ျမင္ေနၾက ေလသည္။ ကိုယ္တို႔ ႏွစ္ဦးကို သူတို႔ ေၾကာက္လန္႔ ရမည့္အစား ျပန္လည္၍ ေလွာင္ေျပာင္ သေရာ္ ၾကသည္။ စိတ္ပ်က္ လက္ပ်က္ျဖင့္ ကိုယ္တို႔ ႏွစ္ေယာက္ ကိုယ့္အိမ္ကို ျပန္လာ ခဲ့ၾကသည္။

ထို အခ်ိန္တြင္ ညေန ေစာင္းေနၿပီ ျဖစ္သည္။ အိမ္မွာ ဘယ္သူမွလည္း ရွိၾကပံု မရ။ ကိုယ္တို႔ ႏွစ္ဦးတည္း။ ကိုယ္တို႔ အိမ္မွာ ဆက္၍ ထိုင္မေန ခ်င္ေတာ့။ ဒါနဲ႔ပဲ ကိုယ္ႏွင့္ သူငယ္ခ်င္းလမ္းမေပၚ ေျခဦးတည့္ ရာ ေလွ်ာက္လာ ခဲ့ၾကသည္။ လမ္းေပၚ မွာလည္း ဘယ္သူမွ မေတြ႕။ တစ္ေလာက လံုးမွာ .. ကိုယ္တို႔ ႏွစ္ေယာက္ တည္းလား၊ ကိုယ္တို႔ႏွင့္ ဘဝတူ ဝိညာဥ္ ေတြကိုလည္း မေတြ႕ရ။
ညေန ေမွာင္ေမွာင္ရီရီတြင္ကိုယ္တို႔ ႏွစ္ဦးလူသူေလးပါးတိတ္ဆိတ္၍ ေၾကာက္စရာ ေကာင္းေလာက္ေအာင္ အထီးက်န္ ေနေသာ လမ္းမေပၚ ေလွ်ာက္ေန ၾကသည္။ ထို အခ်ိန္မွာပဲ ကိုယ္တို႔ ေရွ႕မွာ လူႏွစ္ေယာက္ ေပၚလာသည္။ တစ္ဦးက အရပ္ ပုပု လူေကာင္ လံုးလံုးေလး။ တစ္ဦးက အရပ္ရွည္ရွည္ ပိန္ပိန္။ သူတို႔ ႏွစ္ဦး အတူတူ ေလွ်ာက္လာ ၾကသည္။ ကိုယ္ႏွင့္ ကိုယ့္သူငယ္ခ်င္းလို သူတို႔ ႏွစ္ဦး သည္လည္း ေသဆံုး ၿပီးသား ဝိညာဥ္ ႏွစ္ေကာင္ ျဖစ္၍ ေနသည္။

ထိုလူ ႏွစ္ေယာက္ႏွင့္ အတူတူ ေလွ်ာက္သြားဖို႔ ကိုယ္တို႔ ႏွစ္ေယာက္ ဆံုးျဖတ္ လိုက္ၾကသည္။ သူတို႔ ႏွစ္ေယာက္ႏွင့္ ဘာစကားမွ မေျပာျဖစ္၊ မိတ္မဖြဲ႕ ျဖစ္ပါဘဲ မိတ္ေဆြ ျဖစ္သြားၿပီး လမ္းအတူတူ ေလွ်ာက္မိ ၾကသည္။ ေလးေယာက္ ေဘးတိုက္ တန္းစီ၍ ျဖစ္သည္။ ဘယ္ဖက္ အစြန္မွာ ပိန္ပိန္ရွည္ရွည္ ဝိညာဥ္၊ သူ႔ ေဘးမွာ ပုပုလံုးလံုး ဝိညာဥ္၊ အဲဒီ ေဘးမွာ ကိုယ္၊ ကိုယ့္ေဘးမွာ ကိုယ့္ သူငယ္ခ်င္း အစဥ္လုိက္ ျဖစ္သည္။ ထိုအခ်ိန္မွာ မေမွ်ာ္လင့္တာ တစ္ခု ျဖစ္လာသည္။

ပိန္ပိန္ ရွည္ရွည္ လူ၏ ကုတ္အက်ီ ၤ ေဘးအိတ္ ထဲမွ ပိုက္ဆံ တစ္ေထာင္တန္ တစ္အုပ္ကို ခပ္ပုပု လူက ႐ုတ္တရက္ ႏိႈက္လိုက္ သည္။ ပိန္ပိန္ရွည္ရွည္ လူက အဲဒါကို မသိ။ ႏိႈက္ၿပီးၿပီး ခ်င္းမွာပင္ ခပ္ပုပု လူက အဲဒီ တစ္ေထာင္တန္ ပိုက္ဆံအုပ္ကို ကိုယ့္လက္ထဲ ထည့္၍ ေလသံ တိုးတိုးျဖင့္ “ခဏ သိမ္းေပးထား” ဟု ေျပာသည္။ အေယာင္ေယာင္ အမွားမွားျဖင့္ ကိုယ္ ယူထား လိုက္မိသည္။ ခဏေနေတာ့ ပိန္ပိန္ရွည္ရွည္ လူက သူ႔အိတ္ထဲက ပိုက္ဆံ ေပ်ာက္ေနေၾကာင္း သိသြားၿပီး ကိုယ္တို႔ သံုးေယာက္ဖက္ လွည့္လာသည္။ သူ႔မ်က္ႏွာမွာ ေဒါသ အရိပ္အေယာင္ ေတြႏွင့္။

အျဖစ္အပ်က္က အလြန္ျမန္သည္။ သူ လွည့္လာလာခ်င္း ဘာမွ မေျပာရ ေသးခင္မွာ ခပ္ပုပု လူက သူ႔လက္ထဲ ဖြက္ထား ေသာ ဓါးေျမွာင္ကို ထုတ္ကာ ထို ပိန္ပိန္ရွည္ရွည္ လူ၏ ဝမ္းဗိုက္ကို အားကုန္ ထိုးခ် လိုက္သည္။ ပိန္ပိန္ ရွည္ရွည္ ဝိညာဥ္သည္ အံ့ၾသမႈ တစ္ဝက္၊ ေဒါသ တစ္ဝက္ ပါဝင္ေသာ မ်က္ႏွာျဖင့္ပင္ လဲက် ေသဆံုး သြားေလသည္။ ခပ္ပုပု လူက ဓါးကို ျပန္သိမ္း ၿပီးေနာက္ ကိုယ့္ဖက္ လွည့္လာၿပီး ကိုယ့္ကို ေျပာသည္။

“ပိုက္ဆံ သိမ္းေပးတာ ေက်းဇူးပဲ .. ေပးေတာ့၊ ရၿပီ” ကိုယ့္ဆီက ပိုက္ဆံအုပ္ကို ေတာင္းယူ ၿပီးေနာက္ ခပ္ပု ပု ဝိညာဥ္သည္ ကိုယ္တို႔ ႏွစ္ဦးႏွင့္ လမ္းခြဲ သြားေလသည္။ ေသၿပီးသား လူသည္ ပိုက္ဆံ ကိုင္၍ ရသလား၊ ေနာက္ၿပီး ေသၿပီးသား ဝိညာဥ္သည္ ဓါးႏွင့္ ထပ္အထိုးခံ ရလွ်င္ ထပ္မံ၍ ေသဆံုး တတ္သလား၊ ေသၿပီးေသာ သူမ်ား အတြက္ ထိုပိုက္ဆံသည္ ဓါးႏွင့္ ထိုး၍ လုယူ ရေလာက္ေအာင္ တန္ဖိုး ရွိေန ေသးသလား၊ ေသဆံုး ၿပီးသူ တို႔၏ စိတ္ ဝိညာဥ္သည္။

ဗလာဟင္းလင္း ျဖစ္မေနဘဲ ေလာဘ ေမာဟမ်ား ကပ္ၿငိ၍ ေနႏုိင္ ေသးသလား။ ကိုယ္ … ဘာကိုမွ နားမလည္ႏုိင္။ စိတ္႐ႈပ္၍ .. ေၾကာက္လန္႔၍ … တုန္လႈပ္ ေျခာက္ျခား၍ ကိုယ္တို႔ အိမ္ကို ျပန္လာ ခဲ့သည္။ ကိုယ့္ကိုယ္ကို ေသဆံုး ၿပီးသားမွန္း သိေသာ္လည္း ေၾကာက္လန္႔သည့္ ခံစားမႈ မ႐ွိခဲ့သည့္ ကိုယ္သည္ အခု ေၾကာက္လန္႔၍ ေနသည္။ ကိုယ္ … မေသခ်င္ေတာ့။ ေသဆံုး ၿပီးသား လူတစ္ေယာက္ အျဖစ္ကို ခံယူဖို႔ ကိုယ္ ေၾကာက္လာသည္။ ကိုယ္ … အိမ္ကို အျမန္ ျပန္ေျပး လာခဲ့သည္။

အိမ္ျပန္ ေရာက္ေတာ့ တစ္အိမ္လံုး အႏွံ႔ အေမ့ကို ကိုယ္ရွာသည္။ အေမ အိမ္ေပၚထပ္ သူ႔အခန္း ေလး ထဲမွာ ရွိေန လိမ့္မည္ဟု ကိုယ္ အလိုလို သိေနသည္။ အေပၚထပ္ တက္၍ အေမ့ အခန္းေလးထဲ ဝင္လိုက္ေတာ့ အေမက အိပ္ယာ ေပၚမွာ ေခါင္းကို လက္ျဖင့္ ေထာက္၍ လွဲေနသည္။ ကိုယ့္ကို အေမက “ဘာလဲ” ဟူေသာ သေဘာျဖင့္ မ်က္လံုး ေဝ့ၾကည့္ သည္။ ကိုယ္ ေသဆံုး သြားတာကို အေမ အခုထိ မသိေသး တာေတာ့ မျဖစ္ႏုိင္။ ဒါဆို ဘာလို႔ ကိုယ့္အတြက္ ပူေဆြး ဝမ္းနည္း မေနတာလဲ။ အဲဒါေတြ စဥ္းစားမိၿပီး ကိုယ္ ခဏေတာ့ ေတြေဝ သြားသည္။ ခဏေလးပဲ … ကိုယ္ အေမာတေကာ အေမ့ကို ေတာင္းဆို မိသည္။ အေမ့ ကုတင္ ေဘးမွာ ဒူးေထာက္လ်က္။

“အေမ .. သားအတြက္ ဘုန္းႀကီးေတြ ပင့္ၿပီး ေရစက္ခ် အမွ်ေဝ ေပးပါ .. သား .. လူျပန္ျဖစ္ခ်င္တယ္”
ကိုယ့္စိတ္ထဲတြင္ အေမသာ ဘုန္းႀကီးေတြ ပင့္ၿပီး ကိုယ့္အတြက္ အလွဴအတန္း ျပဳလုပ္၍ အမွ်ေဝ ေပးလွ်င္ ကိုယ္သည္ ကားတိုက္၍ မေသခင္က အေျခအေနကို ျပန္ေရာက္ သြားမည္၊ အသက္ ျပန္ရွင္ လာမည္ဟု ထင္ေနသည္။ အဲဒီ အတုိင္းပဲ စြဲစြဲၿမဲၿမဲ ယံုၾကည္ ေနမိသည္။ ကိုယ္ .. ဝိညာဥ္ ဘဝမွာ မေနခ်င္ေတာ့။ လြတ္ရာ ကၽြတ္ရာ အျခား ဘံုဘဝ တစ္ခု ကိုလည္း မသြားခ်င္။ ကိုယ္ အေမ့သား ျပန္ျဖစ္ ခ်င္သည္။

ကိုယ္ မေသဆံုးခင္ အခ်ိန္က ဘဝကိုပဲ မက္မက္ ေမာေမာ ျပန္လို ခ်င္သည္။ ကိုယ္ ေျပာတာကို အေမ စိတ္မဝင္စား ဘူးလား။ အေမသည္ ဝန္ေက်တန္းေက် ပံုစံမ်ိဳးျဖင့္ “ေအး .. ေအး” ဟုသာ ျပန္ေျဖသည္။ ကိုယ္ နည္းနည္း စိတ္ပ်က္ သြားသည္။ ကိုယ္ အေမ့ကို လာ၍ စေနာက္ ေနသည္ဟု အေမ ထင္ေနသလား။ ဒါမွမဟုတ္ ကိုယ့္ကို အေမ မလိုခ်င္ ေတာ့ဘူးလား။ ကိုယ္ … ထပ္၍ ေျပာမိသည္။
“သား အေရးႀကီးလို႔ ေျပာေနတာ အေမ .. တကယ္ .. သား .. သားကို အလွဴအတန္းလုပ္ အမွ်ေဝ ေပးပါ .. သား ခ်က္ခ်င္း လူျပန္ျဖစ္ လာမွာ အေမ … လုပ္ေပးပါေနာ္”ကိုယ္ ေျပာၿပီးေတာ့ ေအာက္ထပ္ကို ျပန္ ၍ ေျပးဆင္း လာခဲ့သည္။ ကိုယ့္ သူငယ္ခ်င္း ကေတာ့ အိမ္ေပါက္ဝမွာ။ သူက ဘာမွ အပူအပင္ မရွိ သလိုမ်ိဳး ဂစ္တာ ထိုင္တီး ေနသည္။

ကိုယ္ အားေလ်ာ့ ၫွိဳးႏြမ္းစြာ သူ႔အနား ထိုင္ခ် လိုက္မိ သည္။ အခု .. ကိုယ္ ဘာလုပ္ ရမလဲ။ ဘာေတြ ဆက္ျဖစ္လာ ဦးမလဲ။ ဘာမွ ဆက္၍ မေတြးႏုိင္ခင္ ကိုယ္ႏွင့္ ကိုယ့္ သူငယ္ခ်င္း အၾကားသို႔ မိုးေပၚမွ စာရြက္လိပ္ အရွည္ႀကီး တစ္႐ြက္ ျဖည္းျဖည္းခ်င္း က်လာသည္။ ေကာင္းကင္မွ တန္ခိုးရွင္ တစ္ဦးဦးက ကိုယ္တို႔ဆီ ေရာက္ေအာင္ လႊတ္ခ် လိုက္သည့္ ပံုစံမ်ိဳး။ ကိုယ္ႏွင့္ သူငယ္ခ်င္း အဲဒီစာကို ယူ၍ ဖတ္ၾကည့္ မိသည္။
“မင္းတို႔ ႏွစ္ေယာက္ဟာ အသက္ရွင္စဥ္ လူ႔ဘဝမွာ တုန္းကလည္း မေကာင္းမႈေတြ အမ်ားႀကီး လုပ္ခဲ့တယ္။ ဒီေတာ့ အခု ဝိဥာဥ္ ဘဝကေန လြန္ေျမာက္ရင္ မင္းတို႔ႏွစ္ေယာက္ ငရဲမွာ ႏွစ္ေပါင္း တစ္သန္းတိတိ ငရဲက်ခံ ရလိမ့္မယ္။ အဲဒီ ငရဲကေန လြတ္ရင္လည္း မင္းတို႔ လူျပန္ ျဖစ္မယ္လို႔ မစဥ္းစားနဲ႔။ မင္းတို႔ ႏွစ္ေယာက္ ပုရြက္ဆိတ္ ဘဝကို ေရာက္သြား ၾကလိမ့္မယ္”စာကို ဖတ္ၿပီးေတာ့ ကိုယ္ .. တုန္ယင္ ေနသည္။ ဘာေမွ်ာ္လင့္ခ်က္မွ မရွိေတာ့။ ကိုယ္တို႔ တကယ္ပဲ လူ႔ဘဝ တုန္းက မေကာင္းမႈေတြ အမ်ားႀကီး လုပ္ခဲ့သလား။ သူမ်ားေတြလို ေန႔စဥ္ ဘဝ ရွင္သန္မႈျဖင့္ ေနထိုင္ခဲ့သည္။ ပံုမွန္ အတိုင္း စားေသာက္ သြားလာသည္။ သူမ်ားတကာ ေတြလို ကိုယ့္မွာ ေကာက္က်စ္ စဥ္းလဲစိတ္ အနည္းငယ္ ရွိသည္။

ျဖဴစင္ ၾကင္နာစိတ္ အနည္းငယ္ ရွိသည္။ ကိုယ္ လူေပါင္း မ်ားစြာကို အမွန္အတိုင္းလည္း ေျပာခဲ့ဖူးသည္။ လိမ္ညာ ၍လည္း ေျပာခဲ့ဖူးသည္။ ကိုယ္ … သူလို ကိုယ္လိုပဲ ရွင္သန္ ေနထိုင္ ခဲ့တာပါ။ ေသခ်ာတာ တစ္ခုကေတာ့ ကိုယ္ ဘယ္သူ႔ အေပၚ မွာမွ အႀကီးအက်ယ္ ထိခိုက္ နစ္နာ ဆံုး႐ံႈး ေစလိုစိတ္ျဖင့္ မမိုက္႐ိုင္းခဲ့၊ မယုတ္မာခဲ့။ ဒါျဖင့္ ကိုယ့္ကို ဘာလို႔ ငရဲသို႔ သြားရမည္ဟု ေစလႊတ္ ပါသနည္း။ ကိုယ္ ျပဳခဲ့ေသာ အကုသိုလ္ မ်ားကိုသာ ေရတြက္၍ ကိုယ္လုပ္ခဲ့ ဖူးေသာ ေကာင္းမႈ မ်ားသည္ အရာမထင္ ေတာ့ဘူးလား။ ငရဲက လြတ္လွ်င္လည္း ကိုယ္သည္ လူျပန္ ျဖစ္ခြင့္ မရွိတဲ့။ လူ႔အျဖစ္ထက္ မ်ားစြာ နိမ့္ပါးေသာ တရိစၦာန္ တစ္ေကာင္ ဘဝသို႔သာ ေရာက္ရမည္တဲ့။

ကိုယ္ … အရမ္းကို ေၾကာက္လန္႔ ေနမိၿပီ။ ကိုယ့္ သူငယ္ခ်င္းကို ၾကည့္ေတာ့ သူလည္း တုန္လႈပ္ ေျခာက္ျခား ေနပံု ရသည္။ ဂစ္တာ ဆက္မတီး ႏုိင္ေတာ့။ ကိုယ္ .. ဒီလို လြယ္လြယ္ေတာ့ အရံႈးမေပး လိုက္ခ်င္ပါ။ ကိုယ္ လူျပန္ ျဖစ္ခ်င္ သည္။ ကိုယ္ မေသဆံုး ခ်င္ေတာ့။ ဝိညာဥ္ တစ္ေကာင္ ဘဝျဖင့္ ဆက္၍ မေနလိုေတာ့။ ကိုယ္ အခုေန အသက္ ျပန္ရွင္ခြင့္ မရလွ်င္ … လူျပန္ ျဖစ္ခြင့္ မရလွ်င္ ကိုယ္ ဘယ္ေတာ့မွ လူ႔အျဖစ္၏ အခြင့္အေရးကို ျပန္လည္ ရရွိမွာ မဟုတ္ေတာ့ဟု ထင္လာသည္။ ကိုယ္ .. လက္မခံႏုိင္ပါ။ ကိုယ္ လူျပန္ျဖစ္မွ ရမည္။ ကိုယ္ … ျဖစ္ႏုိင္လွ်င္ အခုခ်က္ခ်င္း အသက္ ျပန္ရွင္ ခ်င္သည္။ ကိုယ့္ကို ကယ္တင္ ႏုိင္သူမွာ အေမ တစ္ေယာက္တည္းသာ ရွိသည္။ အေမ .. ကိုယ့္ကို ကယ္တင္ ႏုိင္လိမ့္ မည္။ ကိုယ့္ကို ရည္စူး၍ အလွဴအတန္း တစ္ခုခု ခ်က္ခ်င္း ျပဳေပးလွ်င္ ကိုယ္ လူျပန္ ျဖစ္လိမ့္မည္။

ကိုယ္ အေမ့ အခန္းေလး ထဲသို႔ ေသြး႐ူးေသြးတန္း ျပန္၍ တက္လာ ခဲ့သည္။ သားကို ကယ္ပါ … ေမေမ။
“အေမ .. သားကို ကယ္ပါ … အေမ သားအတြက္ အလွဴဒါန မလုပ္ေပးရင္ .. အမွ် မေဝေပးရင္ သား ငရဲကို သြားရ ေတာ့မယ္၊ ၿပီးရင္ သား ပုရြက္ဆိတ္ ျဖစ္ေတာ့မယ္၊ သား .. လူ ျပန္ျဖစ္ ခ်င္တယ္၊ အသက္ ျပန္ရွင္ ခ်င္တယ္၊ အေမ အခုေန တစ္ခုခု လုပ္ေပးရင္ သား ခ်က္ခ်င္း အသက္ ျပန္ရွင္ လာမွာ အေမရဲ႕၊ သားကို ကယ္ပါ အေမရယ္ … သား ဝိဥာဥ္ မျဖစ္ခ်င္ဘူး .. သား မေသခ်င္ဘူး … သားကို အေမတို႔ အနားမွာပဲ ေနခြင့္ ေပးပါ အေမရယ္ ..”

အေမ့ ကုတင္ေဘး ထုိင္၍ ကိုယ္ အဆက္မျပတ္ ေျပာေနမိသည္။ အေမ ကေတာ့ ခုနက အတုိင္းပင္ မတုန္ မလႈပ္၊ ေအးတိ ေအးစက္ မ်က္ႏွာႏွင့္ ကိုယ့္ကို ၾကည့္၍သာ ေနသည္။ ကိုယ္ ဝမ္းနည္း သြားသည္။ အေမ ကိုယ့္ကို မလိုခ်င္ ေတာ့တာ ေသခ်ာၿပီ။ ကိုယ္ ေသဆံုး သြားတာကို သိလ်က္နဲ႔ အေမ ကိုယ့္အတြက္ ပူေဆြး ဝမ္းနည္းမႈလည္း မျဖစ္၊ အခု ကိုယ္ ေတာင္းဆို တာကိုလည္း စိတ္ဝင္စားပံု မေပၚ။ ကိုယ္ … ငရဲ သို႔သာ သြားရေတာ့မည္ ထင္သည္။ ေမွ်ာ္လင့္ခ်က္ မဲ့သူ တို႔၏ ထံုးစံ အတိုင္းပင္ ကိုယ္ ေခါင္းငိုက္စိုက္ ခ်၍ ေအာက္ကို ျပန္ဆင္း လာခဲ့သည္။ ကိုယ့္ ရင္ထဲမွာ ဗလာ ဟင္းလင္း ပြင့္လ်က္။ အိမ္ေရွ႕ တံခါးေပါက္ ေရာက္ေတာ့ သူငယ္ခ်င္းေဘး ျပန္ထိုင္ လိုက္သည္။ ကိုယ္ သူ႔ကို ၾကည့္လိုက္ မိသည္။ သြားၿပီ … တကယ့္ကို အခ်ိန္ က်ၿပီ ထင္သည္။

ကိုယ့္ သူငယ္ခ်င္းသည္ ခုနကလို ပံုစံမ်ိဳး မရွိေတာ့။ သူ၏ တစ္ကိုယ္လံုး အျဖဴေရာင္ အမႈန္မ်ား အျဖစ္ တျဖည္းျဖည္း ေျပာင္းလဲ လာေနသည္။ သူ႔ကို လာေရာက္ ေခၚငင္ၿပီ ထင္သည္။ ကိုယ့္ မ်က္စိေအာက္ မွာပင္ ကိုယ့္ သူငယ္ခ်င္းသည္ လူခႏၶာကိုယ္ အစိုင္အခဲ အျဖစ္မွ အျဖဴေရာင္ အမႈန္အစမ်ား အျဖစ္သို႔ ေျပာင္းလဲ၍ ေပ်ာက္ကြယ္ ေနၿပီ။ ကိုယ္ ဘာမွ မတတ္ႏုိင္ပါ။ ကိုယ္ … ေသြးပ်က္ ေျခာက္ျခားစြာ ၾကည့္ေန ခဲ့ရသည္။ ကိုယ္ … ကိုယ့္ကိုေရာ ဘယ္ေတာ့ လာေခၚမလဲ။ ကိုယ္ .. သြားရ ေတာ့မည္။

ဒီေလာကႀကီး ထဲကေန ကိုယ္ အၿပီးတိုင္ ေပ်ာက္ကြယ္ သြားရ ေတာ့မည္ဟု ထူးထူးဆန္းဆန္း ခံစားလာရသည္။ ကိုယ္ ခ်စ္ေသာ သူမ်ား အနားသို႔ ကိုယ္ ဘယ္ေတာ့မွ ျပန္ေရာက္ လာႏုိင္မွာ မဟုတ္ေတာ့။ ကိုယ္လည္း မၾကာခင္ အျဖဴေရာင္ အမႈန္ ကေလးမ်ား အျဖစ္သို႔ ျဖည္းျဖည္း ခ်င္း ေရာက္ရွိေတာ့မည္။ သူတို႔ ကိုယ့္ကို တိုက္စား ဝါးၿမိဳ သြားေတာ့မည္။

ကိုယ့္ သူငယ္ခ်င္းသည္ တစ္ကိုယ္လံုး ေပ်ာက္ကြယ္စ ျပဳေနၿပီ။ သူ႔ တစ္ကိုယ္လံုးမွာ ဘယ္ဖက္ လက္ကိုသာ ျမင္ရ ေတာ့သည္။ သူ အဆံုးတုိင္ ေပ်ာက္ကြယ္လု ဆဲဆဲတြင္ သူ၏ လက္ထိပ္ဖ်ား ေလးႏွင့္ ကိုယ့္ ပုခံုးကို လာေရာက္ ထိတို႔ သြားသည္။ သူ ကိုယ့္ကို ေနာက္ဆံုး ႏႈတ္ဆက္ျခင္း ျဖစ္သည္ဟု ကိုယ္ သိလိုက္သည္။ သူ႔ လက္ဖ်ား ေလးကို ကိုယ္ လွမ္းဆြဲ ထားလိုက္ဖို႔ ႀကိဳးစား ေသာ္လည္း မရေတာ့။ သူ ကိုယ့္အနားမွ အၿပီးတိုင္ ေပ်ာက္ကြယ္ သြားၿပီ။ ကိုယ္ အလိုလို သိလိုက္သည္။

ကိုယ္လည္း မၾကာခင္ ဒီလိုပဲ ေပ်ာက္ကြယ္ သြားရေတာ့မည္။ ေတြးေနတုန္း အခ်ိန္မွာပင္ ကိုယ့္ ေျခေထာက္ေတြ ေပါ့ပါး၍ လာကာ မရွိေတာ့ သလို ခံစား လိုက္ရသည္။ ကိုယ္လည္း တျဖည္းျဖည္း ေပ်ာက္ကြယ္စ ျပဳလာသည္။ အခ်ိန္က်ၿပီ ျဖစ္သည္။ ဘာကိုမွ မေတြးေတာ့ဘဲ ကိုယ့္မ်က္လံုး မ်ားကို ခပ္တင္းတင္း မွိတ္ထား လိုက္မိ ေလသည္။

သူရႆဝါ –
======
လွန်ခဲ့သည့် ငါးနှစ် လောက်က ဖြစ်သည်။ ကိုယ့် ချစ်ဦးသူ အကြောင်းကို ဘယ်တော့မှ မမေ့သလို အဲသည် အကြောင်း ကိုလည်း ကိုယ် ဘယ်တော့ မှ မေ့မည် မဟုတ်။ အခု အချိန် ပြန်စဉ်းစား လျှင်လည်း မနေ့ တစ်နေ့က ဖြစ်ခဲ့သလို မျက်လုံး ထဲ ပြန်မြင် လာသည်။ ဝိညာဉ် .. လောလော လတ်လတ် သေဆုံး ပြီးသား လူ၏ ဝိညာဉ်။

အိပ်မက် မက်လျှင် ဘယ်တော့မှ ဇာတ်လမ်း ဇာတ်ကွက်နှင့် မမက်တတ် ခဲ့သော၊ နောက်ပြီး .. အိပ်မက် မက်ခဲ့ပြီး၍ မနက် နိုးလာလျှင် ဘယ်တော့မှ ထိုအိပ်မက်ကို လုံးစေ့ပတ်စေ့ မှတ်မိလေ့ မရှိသော ကိုယ်သည် အဲဒီ အိပ်မက် ကိုတော့ ရုပ်ရှင် ကြည့်နေ ရသလို တစ်ကွက်ချင်း၊ တစ်ခန်းချင်း၊ အဖြစ်အပျက် တစ်ခုချင်းကို စွဲစွဲထင်ထင် မှတ်မိ နေခဲ့သည်။

ထို အကြောင်းကို မိဘများ၊ သူငယ်ချင်း များကို ကိုယ် ပြန်လည် ပြောပြ သော်လည်း ဘယ်သူမှ ကိုယ့်ကို မယုံကြ။ အိပ်မက် မက်သည်ဟု ဇာတ်လမ်းဆင်၍ ကိုယ် ပေါက်ကရတွေ လျှောက်ပြော နေသည် ဟုသာ သူတို့ ယုံကြည် ကြသည်။ အဲဒီ အိပ်မက် အကြောင်းကို ကိုယ် ဝတ္ထု တစ်ပုဒ်လို စာရေး ထားဖို့ တွေးထား ခဲ့သည်။

၂၀၀၇ ခုနှစ် ဝန်းကျင် လောက်က ဖြစ်သည်။ ကိုယ် အဲဒီတုန်းက တောင်ပေါ် ဒေသ ရွာလေး တစ်ရွာမှာ ရောက်ရှိ နေသည်။ စိတ်စွဲ၍ မက်သော အိပ်မက်လည်း မဟုတ်၊ အကြောင်းအရာ တိုက်ဆိုင်၍ မက်သော အိပ်မက်လည်း မဟုတ်ဘဲ ထိုအိပ်မက်သည် ကိုယ့်ည တစ်ညထဲ ထူးထူးဆန်းဆန်း ဝင်ရောက် လာခဲ့သည်။ ယခု ကိုယ်ရေးမည့် အကြောင်းအရာ သည် ဝတ္ထုလည်း မဟုတ်၊ ဆောင်းပါးလည်း မဟုတ်၊ အက်ဆေးလည်း မဟုတ်ပါ။ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တစ်ခုလို ကိုယ်တိုင် ကြုံခဲ့ တွေ့ခဲ့သော အဖြစ်အပျက် တစ်ခုကို ဇာတ်ကြောင်းပြန် ပြောပြသည့် ပုံစံမျိုး ဖြစ်နေလိမ့်မည်။

ဝိညာဉ် အိပ်မက်ဟု ဆိုပေမယ့် အချိန်ပြည့် ကြောက်စရာ ကောင်းနေခြင်း မဟုတ်၊ ရယ်ရတာ တွေလည်း ပါသည်။ ကိုယ့် အိပ်မက် ဆုံးသည် အထိ စာဖတ်သူ အဖို့ ကြောက်စရာ ကောင်းချင် မှလည်း ကောင်းလိမ့်မည်။ ကိုယ့် အတွက်တော့ သံဝေဂ ရစရာ တွေရော၊ တုန်လှုပ် ခြောက်ခြား စရာတွေရော အကုန်လုံး ရောပြွန်း နေခဲ့သည်။ အဲဒီ အကြောင်းကိုပဲ ရေးမည်ဟု ကိုယ် ဆုံးဖြတ် လိုက်သည်။

ကိုယ် … သေဆုံး သွားသည်။ ဟုတ်သည် … အိပ်မက် စစချင်း မှာပင် ကိုယ် သေဆုံးပြီးသား လူတစ်ယောက် ဖြစ်နေ ခဲ့ပြီ။ ကိုယ့် ရုပ်အလောင်း ဘယ်မှာလဲ ကိုယ်မသိ၊ ကိုယ်ကိုယ်တိုင်၏ စိတ်နှင့် ဝိညာဉ် ကတော့ အသက်ရှင်လျက် ရှိနေသည်။ ကိုယ့်ဘေးမှာ ကိုယ့်လိုပဲ သေဆုံးပြီးသား အရင်းနှီးဆုံး သူငယ်ချင်း ရှိနေသည်။ ကိုယ် ဘာကြောင့် သေဆုံး ခဲ့သလဲ ပြန်စဉ်းစား မိသည်။ ကိုယ့် အာရုံများ ဝေဝေဝါးဝါး ထွေးထွေးနောက်နောက် .. စဉ်းစား၍ မရ။ အသေအချာ ပြန် စဉ်းစား ကြည့်တော့မှ ကိုယ် သေဆုံး ခဲ့ရသည့် အဖြစ်ကို ပြန်သတိရ တော့သည်။ အဖြစ် အပျက်က ရှင်းရှင်းလေး။
ကိုယ်ရယ် .. ကိုယ့်ညီရယ် .. ကိုယ့် အရင်းနှီးဆုံး သူငယ်ချင်းရယ် သုံးယောက် တောင်ဥက္ကလာပ နန္ဒဝန်ဈေ း အနီး လမ်းမ ပေါ်တွင် ဟိုင်းလပ်ကား တစ်စီးကို မောင်းနှင်လျက် ရှိသည်။ သူငယ်ချင်း တစ်ဦးဦး ဆီမှ ပြန်လာခြင်း ဖြစ်မည် ထင်သည်။

ထိုအချိန် ကိုယ်တို့ ကားကို ကုန်ကားကြီး တစ်စင်း ရှေ့တည့်တည့်မှ အရှိန်ှနှင့် ဝင်တိုက်သည်။ ကိုယ် မျက်လုံး မှိတ်လိုက်သည်။ နာကျင်မှု မရှိ၊ ကြောက်လန့်မှု မရှိ … ရုတ်တရက် ကိုယ် သေဆုံး သွားသည်။ သေဆုံး ပြီးသော ကိုယ့် အလောင်းကောင်သည် ရှေ့ဆက် ဖြစ်သော ကိစ္စတွေကို ဘာမှ သိနိုင်ခြင်း မရှိတော့။ ကိုယ့် ဖြစ်တည်မှု အလုံးစုံ ခဏလေး ပျောက်သွားသည်။ ခဏနေတော့ ကိုယ်သည် ကိုယ့်ဝိညာဉ် နှင့်အတူ လေထဲတွင် ပျံဝဲလျက် ရှိနေပြီ။ သုံးယောက်လုံး ကားတိုက် ခံရခြင်း ဖြစ်သော်လည်း ကိုယ့်ညီကို ရှာမတွေ့တော့။ သူ မသေဘူးဟု ထင်သည်။ ကိုယ်နှင့် ကိုယ့် သူငယ်ချင်း တို့သာ သေဆုံး သွားသည်ဟု ကိုယ့်စိတ်ထဲ အလိုလို သိလိုက်သည်။ ခဏနေတော့ ကိုယ်နှင့် ကိုယ့် သူငယ်ချင်းသည် ကိုယ့်အိမ် အဝင်ပေါက် ခြေနင်းခုံတွင် ထိုင်လျက်သား ရောက်ရှိ နေကြသည်။

ထူးဆန်း တာက သေဆုံး ပြီးမှန်း သိသော်လည်း ကိုယ်တို့နှစ်ဦး စိုးရိမ် ကြောက်လန့်ခြင်း မဖြစ်မိကြ။ အသက် ရှင်နေစဉ် တုန်းကလိုပဲ ပေါ့ပေါ့ပါးပါး။ ကိုယ်တို့ နှစ်ဦး အနားတွင် ကိုယ့်စက်ဘီးလေး ရှိနေသည်ကို မှတ်မိသည်။ ကိုယ့် သူငယ်ချင်းက ကိုယ့်ကို ပြောသည်။

“ဟေ့ကောင် .. ငဘုန်း၊ ငါတို့ နှစ်ယောက်က သေပြီး ဝိညာဉ် ဖြစ်နေတာ ဆိုတော့ ငါတို့ကို ဘယ်သူမှ မြင်ရမှာ မဟုတ်ဘူး၊ မင်းနဲ့ငါ စက်ဘီး လျှောက်စီးပြီး လမ်းမှာ တွေ့တဲ့ ကောင်မလေး တွေကို လိုက်နောက် ရအောင်”ကိုယ် သဘောတူ လိုက်သည်။ သူငယ်ချင်းက ရှေ့မှ စက်ဘီး နင်းပြီး ကိုယ်က အနောက် ထိုင်ခုံမှ ထိုင်၍ လိုက်သည်။ လမ်းပေါ်မှ လူများ ကိုယ်တို့ကို မမြင်နိုင်ဘူးဟု ထင်သည်။ ကောင်မလေး တစ်ယောက်နား ရောက်တော့ သူငယ်ချင်းက ထိုမိန်းကလေး အနားသို့ စက်ဘီးကို ကပ်နင်း၍ အရှိန်လျှော့ ပေးသည်။

ထို ကောင်မလေး ခေါင်းကို ကိုယ် ပုတ်လိုက်သည်။ ကိုယ့်စိတ်ထဲ ထင်တာက ကောင်မလေး နောက်လှည့် ကြည့်လျှင် ကိုယ်တို့ကို မြင်မည် မဟုတ်။ မမြင် ရသော အရာဝတ္ထု တစ်ခုက သူ့ခေါင်းကို လာပုတ်ခြင်းကို သိသွားလျှင် ကောင်မလေး ကြောက်လန့် သွားမည်ဟု ထင်ခဲ့သည်။ သို့သော် .. ကိုယ်တို့ မအောင်မြင်ပါ။ ဘာကြောင့်မှန်း မသိ။ ကောင်မလေးသည် ကိုယ်တို့ နှစ်ဦး၏ တစ်ကိုယ်လုံးကို မမြင်ရ သော်လည်း ကိုယ်တို့၏ ခေါင်းတွေ ကိုတော့ မြင်နေရသည်။ ကိုယ်တို့ကို သူ လှောင်ပြောင်၍ အော်ဟစ်ပြီး ကျန်ခဲ့ လေသည်။ ကိုယ်တို့ ထပ်၍ စမ်းသပ် ကြည့်သည်။

လူတိုင်း ကိုယ်တို့ နှစ်ဦးကို ခေါင်းတွေ မြင်နေကြ လေသည်။ ကိုယ်တို့ နှစ်ဦးကို သူတို့ ကြောက်လန့် ရမည့်အစား ပြန်လည်၍ လှောင်ပြောင် သရော် ကြသည်။ စိတ်ပျက် လက်ပျက်ဖြင့် ကိုယ်တို့ နှစ်ယောက် ကိုယ့်အိမ်ကို ပြန်လာ ခဲ့ကြသည်။

ထို အချိန်တွင် ညနေ စောင်းနေပြီ ဖြစ်သည်။ အိမ်မှာ ဘယ်သူမှလည်း ရှိကြပုံ မရ။ ကိုယ်တို့ နှစ်ဦးတည်း။ ကိုယ်တို့ အိမ်မှာ ဆက်၍ ထိုင်မနေ ချင်တော့။ ဒါနဲ့ပဲ ကိုယ်နှင့် သူငယ်ချင်းလမ်းမပေါ် ခြေဦးတည့် ရာ လျှောက်လာ ခဲ့ကြသည်။ လမ်းပေါ် မှာလည်း ဘယ်သူမှ မတွေ့။ တစ်လောက လုံးမှာ .. ကိုယ်တို့ နှစ်ယောက် တည်းလား၊ ကိုယ်တို့နှင့် ဘဝတူ ဝိညာဉ် တွေကိုလည်း မတွေ့ရ။
ညနေ မှောင်မှောင်ရီရီတွင်ကိုယ်တို့ နှစ်ဦးလူသူလေးပါးတိတ်ဆိတ်၍ ကြောက်စရာ ကောင်းလောက်အောင် အထီးကျန် နေသော လမ်းမပေါ် လျှောက်နေ ကြသည်။ ထို အချိန်မှာပဲ ကိုယ်တို့ ရှေ့မှာ လူနှစ်ယောက် ပေါ်လာသည်။ တစ်ဦးက အရပ် ပုပု လူကောင် လုံးလုံးလေး။ တစ်ဦးက အရပ်ရှည်ရှည် ပိန်ပိန်။ သူတို့ နှစ်ဦး အတူတူ လျှောက်လာ ကြသည်။ ကိုယ်နှင့် ကိုယ့်သူငယ်ချင်းလို သူတို့ နှစ်ဦး သည်လည်း သေဆုံး ပြီးသား ဝိညာဉ် နှစ်ကောင် ဖြစ်၍ နေသည်။

ထိုလူ နှစ်ယောက်နှင့် အတူတူ လျှောက်သွားဖို့ ကိုယ်တို့ နှစ်ယောက် ဆုံးဖြတ် လိုက်ကြသည်။ သူတို့ နှစ်ယောက်နှင့် ဘာစကားမှ မပြောဖြစ်၊ မိတ်မဖွဲ့ ဖြစ်ပါဘဲ မိတ်ဆွေ ဖြစ်သွားပြီး လမ်းအတူတူ လျှောက်မိ ကြသည်။ လေးယောက် ဘေးတိုက် တန်းစီ၍ ဖြစ်သည်။ ဘယ်ဖက် အစွန်မှာ ပိန်ပိန်ရှည်ရှည် ဝိညာဉ်၊ သူ့ ဘေးမှာ ပုပုလုံးလုံး ဝိညာဉ်၊ အဲဒီ ဘေးမှာ ကိုယ်၊ ကိုယ့်ဘေးမှာ ကိုယ့် သူငယ်ချင်း အစဉ်လိုက် ဖြစ်သည်။ ထိုအချိန်မှာ မမျှော်လင့်တာ တစ်ခု ဖြစ်လာသည်။

ပိန်ပိန် ရှည်ရှည် လူ၏ ကုတ်အကျီ င်္ ဘေးအိတ် ထဲမှ ပိုက်ဆံ တစ်ထောင်တန် တစ်အုပ်ကို ခပ်ပုပု လူက ရုတ်တရက် နှိုက်လိုက် သည်။ ပိန်ပိန်ရှည်ရှည် လူက အဲဒါကို မသိ။ နှိုက်ပြီးပြီး ချင်းမှာပင် ခပ်ပုပု လူက အဲဒီ တစ်ထောင်တန် ပိုက်ဆံအုပ်ကို ကိုယ့်လက်ထဲ ထည့်၍ လေသံ တိုးတိုးဖြင့် “ခဏ သိမ်းပေးထား” ဟု ပြောသည်။ အယောင်ယောင် အမှားမှားဖြင့် ကိုယ် ယူထား လိုက်မိသည်။ ခဏနေတော့ ပိန်ပိန်ရှည်ရှည် လူက သူ့အိတ်ထဲက ပိုက်ဆံ ပျောက်နေကြောင်း သိသွားပြီး ကိုယ်တို့ သုံးယောက်ဖက် လှည့်လာသည်။ သူ့မျက်နှာမှာ ဒေါသ အရိပ်အယောင် တွေနှင့်။

အဖြစ်အပျက်က အလွန်မြန်သည်။ သူ လှည့်လာလာချင်း ဘာမှ မပြောရ သေးခင်မှာ ခပ်ပုပု လူက သူ့လက်ထဲ ဖွက်ထား သော ဓါးမြှောင်ကို ထုတ်ကာ ထို ပိန်ပိန်ရှည်ရှည် လူ၏ ဝမ်းဗိုက်ကို အားကုန် ထိုးချ လိုက်သည်။ ပိန်ပိန် ရှည်ရှည် ဝိညာဉ်သည် အံ့သြမှု တစ်ဝက်၊ ဒေါသ တစ်ဝက် ပါဝင်သော မျက်နှာဖြင့်ပင် လဲကျ သေဆုံး သွားလေသည်။ ခပ်ပုပု လူက ဓါးကို ပြန်သိမ်း ပြီးနောက် ကိုယ့်ဖက် လှည့်လာပြီး ကိုယ့်ကို ပြောသည်။

“ပိုက်ဆံ သိမ်းပေးတာ ကျေးဇူးပဲ .. ပေးတော့၊ ရပြီ” ကိုယ့်ဆီက ပိုက်ဆံအုပ်ကို တောင်းယူ ပြီးနောက် ခပ်ပု ပု ဝိညာဉ်သည် ကိုယ်တို့ နှစ်ဦးနှင့် လမ်းခွဲ သွားလေသည်။ သေပြီးသား လူသည် ပိုက်ဆံ ကိုင်၍ ရသလား၊ နောက်ပြီး သေပြီးသား ဝိညာဉ်သည် ဓါးနှင့် ထပ်အထိုးခံ ရလျှင် ထပ်မံ၍ သေဆုံး တတ်သလား၊ သေပြီးသော သူများ အတွက် ထိုပိုက်ဆံသည် ဓါးနှင့် ထိုး၍ လုယူ ရလောက်အောင် တန်ဖိုး ရှိနေ သေးသလား၊ သေဆုံး ပြီးသူ တို့၏ စိတ် ဝိညာဉ်သည်။

ဗလာဟင်းလင်း ဖြစ်မနေဘဲ လောဘ မောဟများ ကပ်ငြိ၍ နေနိုင် သေးသလား။ ကိုယ် … ဘာကိုမှ နားမလည်နိုင်။ စိတ်ရှုပ်၍ .. ကြောက်လန့်၍ … တုန်လှုပ် ခြောက်ခြား၍ ကိုယ်တို့ အိမ်ကို ပြန်လာ ခဲ့သည်။ ကိုယ့်ကိုယ်ကို သေဆုံး ပြီးသားမှန်း သိသော်လည်း ကြောက်လန့်သည့် ခံစားမှု မရှိခဲ့သည့် ကိုယ်သည် အခု ကြောက်လန့်၍ နေသည်။ ကိုယ် … မသေချင်တော့။ သေဆုံး ပြီးသား လူတစ်ယောက် အဖြစ်ကို ခံယူဖို့ ကိုယ် ကြောက်လာသည်။ ကိုယ် … အိမ်ကို အမြန် ပြန်ပြေး လာခဲ့သည်။

အိမ်ပြန် ရောက်တော့ တစ်အိမ်လုံး အနှံ့ အမေ့ကို ကိုယ်ရှာသည်။ အမေ အိမ်ပေါ်ထပ် သူ့အခန်း လေး ထဲမှာ ရှိနေ လိမ့်မည်ဟု ကိုယ် အလိုလို သိနေသည်။ အပေါ်ထပ် တက်၍ အမေ့ အခန်းလေးထဲ ဝင်လိုက်တော့ အမေက အိပ်ယာ ပေါ်မှာ ခေါင်းကို လက်ဖြင့် ထောက်၍ လှဲနေသည်။ ကိုယ့်ကို အမေက “ဘာလဲ” ဟူသော သဘောဖြင့် မျက်လုံး ဝေ့ကြည့် သည်။ ကိုယ် သေဆုံး သွားတာကို အမေ အခုထိ မသိသေး တာတော့ မဖြစ်နိုင်။ ဒါဆို ဘာလို့ ကိုယ့်အတွက် ပူဆွေး ဝမ်းနည်း မနေတာလဲ။ အဲဒါတွေ စဉ်းစားမိပြီး ကိုယ် ခဏတော့ တွေဝေ သွားသည်။ ခဏလေးပဲ … ကိုယ် အမောတကော အမေ့ကို တောင်းဆို မိသည်။ အမေ့ ကုတင် ဘေးမှာ ဒူးထောက်လျက်။

“အမေ .. သားအတွက် ဘုန်းကြီးတွေ ပင့်ပြီး ရေစက်ချ အမျှဝေ ပေးပါ .. သား .. လူပြန်ဖြစ်ချင်တယ်”
ကိုယ့်စိတ်ထဲတွင် အမေသာ ဘုန်းကြီးတွေ ပင့်ပြီး ကိုယ့်အတွက် အလှူအတန်း ပြုလုပ်၍ အမျှဝေ ပေးလျှင် ကိုယ်သည် ကားတိုက်၍ မသေခင်က အခြေအနေကို ပြန်ရောက် သွားမည်၊ အသက် ပြန်ရှင် လာမည်ဟု ထင်နေသည်။ အဲဒီ အတိုင်းပဲ စွဲစွဲမြဲမြဲ ယုံကြည် နေမိသည်။ ကိုယ် .. ဝိညာဉ် ဘဝမှာ မနေချင်တော့။ လွတ်ရာ ကျွတ်ရာ အခြား ဘုံဘဝ တစ်ခု ကိုလည်း မသွားချင်။ ကိုယ် အမေ့သား ပြန်ဖြစ် ချင်သည်။

ကိုယ် မသေဆုံးခင် အချိန်က ဘဝကိုပဲ မက်မက် မောမော ပြန်လို ချင်သည်။ ကိုယ် ပြောတာကို အမေ စိတ်မဝင်စား ဘူးလား။ အမေသည် ဝန်ကျေတန်းကျေ ပုံစံမျိုးဖြင့် “အေး .. အေး” ဟုသာ ပြန်ဖြေသည်။ ကိုယ် နည်းနည်း စိတ်ပျက် သွားသည်။ ကိုယ် အမေ့ကို လာ၍ စနောက် နေသည်ဟု အမေ ထင်နေသလား။ ဒါမှမဟုတ် ကိုယ့်ကို အမေ မလိုချင် တော့ဘူးလား။ ကိုယ် … ထပ်၍ ပြောမိသည်။
“သား အရေးကြီးလို့ ပြောနေတာ အမေ .. တကယ် .. သား .. သားကို အလှူအတန်းလုပ် အမျှဝေ ပေးပါ .. သား ချက်ချင်း လူပြန်ဖြစ် လာမှာ အမေ … လုပ်ပေးပါနော်”ကိုယ် ပြောပြီးတော့ အောက်ထပ်ကို ပြန် ၍ ပြေးဆင်း လာခဲ့သည်။ ကိုယ့် သူငယ်ချင်း ကတော့ အိမ်ပေါက်ဝမှာ။ သူက ဘာမှ အပူအပင် မရှိ သလိုမျိုး ဂစ်တာ ထိုင်တီး နေသည်။

ကိုယ် အားလျော့ ညှိုးနွမ်းစွာ သူ့အနား ထိုင်ချ လိုက်မိ သည်။ အခု .. ကိုယ် ဘာလုပ် ရမလဲ။ ဘာတွေ ဆက်ဖြစ်လာ ဦးမလဲ။ ဘာမှ ဆက်၍ မတွေးနိုင်ခင် ကိုယ်နှင့် ကိုယ့် သူငယ်ချင်း အကြားသို့ မိုးပေါ်မှ စာရွက်လိပ် အရှည်ကြီး တစ်ရွက် ဖြည်းဖြည်းချင်း ကျလာသည်။ ကောင်းကင်မှ တန်ခိုးရှင် တစ်ဦးဦးက ကိုယ်တို့ဆီ ရောက်အောင် လွှတ်ချ လိုက်သည့် ပုံစံမျိုး။ ကိုယ်နှင့် သူငယ်ချင်း အဲဒီစာကို ယူ၍ ဖတ်ကြည့် မိသည်။
“မင်းတို့ နှစ်ယောက်ဟာ အသက်ရှင်စဉ် လူ့ဘဝမှာ တုန်းကလည်း မကောင်းမှုတွေ အများကြီး လုပ်ခဲ့တယ်။ ဒီတော့ အခု ဝိဉာဉ် ဘဝကနေ လွန်မြောက်ရင် မင်းတို့နှစ်ယောက် ငရဲမှာ နှစ်ပေါင်း တစ်သန်းတိတိ ငရဲကျခံ ရလိမ့်မယ်။ အဲဒီ ငရဲကနေ လွတ်ရင်လည်း မင်းတို့ လူပြန် ဖြစ်မယ်လို့ မစဉ်းစားနဲ့။ မင်းတို့ နှစ်ယောက် ပုရွက်ဆိတ် ဘဝကို ရောက်သွား ကြလိမ့်မယ်”စာကို ဖတ်ပြီးတော့ ကိုယ် .. တုန်ယင် နေသည်။ ဘာမျှော်လင့်ချက်မှ မရှိတော့။ ကိုယ်တို့ တကယ်ပဲ လူ့ဘဝ တုန်းက မကောင်းမှုတွေ အများကြီး လုပ်ခဲ့သလား။ သူများတွေလို နေ့စဉ် ဘဝ ရှင်သန်မှုဖြင့် နေထိုင်ခဲ့သည်။ ပုံမှန် အတိုင်း စားသောက် သွားလာသည်။ သူများတကာ တွေလို ကိုယ့်မှာ ကောက်ကျစ် စဉ်းလဲစိတ် အနည်းငယ် ရှိသည်။

ဖြူစင် ကြင်နာစိတ် အနည်းငယ် ရှိသည်။ ကိုယ် လူပေါင်း များစွာကို အမှန်အတိုင်းလည်း ပြောခဲ့ဖူးသည်။ လိမ်ညာ ၍လည်း ပြောခဲ့ဖူးသည်။ ကိုယ် … သူလို ကိုယ်လိုပဲ ရှင်သန် နေထိုင် ခဲ့တာပါ။ သေချာတာ တစ်ခုကတော့ ကိုယ် ဘယ်သူ့ အပေါ် မှာမှ အကြီးအကျယ် ထိခိုက် နစ်နာ ဆုံးရှုံး စေလိုစိတ်ဖြင့် မမိုက်ရိုင်းခဲ့၊ မယုတ်မာခဲ့။ ဒါဖြင့် ကိုယ့်ကို ဘာလို့ ငရဲသို့ သွားရမည်ဟု စေလွှတ် ပါသနည်း။ ကိုယ် ပြုခဲ့သော အကုသိုလ် များကိုသာ ရေတွက်၍ ကိုယ်လုပ်ခဲ့ ဖူးသော ကောင်းမှု များသည် အရာမထင် တော့ဘူးလား။ ငရဲက လွတ်လျှင်လည်း ကိုယ်သည် လူပြန် ဖြစ်ခွင့် မရှိတဲ့။ လူ့အဖြစ်ထက် များစွာ နိမ့်ပါးသော တရိစ္ဆာန် တစ်ကောင် ဘဝသို့သာ ရောက်ရမည်တဲ့။

ကိုယ် … အရမ်းကို ကြောက်လန့် နေမိပြီ။ ကိုယ့် သူငယ်ချင်းကို ကြည့်တော့ သူလည်း တုန်လှုပ် ခြောက်ခြား နေပုံ ရသည်။ ဂစ်တာ ဆက်မတီး နိုင်တော့။ ကိုယ် .. ဒီလို လွယ်လွယ်တော့ အရှုံးမပေး လိုက်ချင်ပါ။ ကိုယ် လူပြန် ဖြစ်ချင် သည်။ ကိုယ် မသေဆုံး ချင်တော့။ ဝိညာဉ် တစ်ကောင် ဘဝဖြင့် ဆက်၍ မနေလိုတော့။ ကိုယ် အခုနေ အသက် ပြန်ရှင်ခွင့် မရလျှင် … လူပြန် ဖြစ်ခွင့် မရလျှင် ကိုယ် ဘယ်တော့မှ လူ့အဖြစ်၏ အခွင့်အရေးကို ပြန်လည် ရရှိမှာ မဟုတ်တော့ဟု ထင်လာသည်။ ကိုယ် .. လက်မခံနိုင်ပါ။ ကိုယ် လူပြန်ဖြစ်မှ ရမည်။ ကိုယ် … ဖြစ်နိုင်လျှင် အခုချက်ချင်း အသက် ပြန်ရှင် ချင်သည်။ ကိုယ့်ကို ကယ်တင် နိုင်သူမှာ အမေ တစ်ယောက်တည်းသာ ရှိသည်။ အမေ .. ကိုယ့်ကို ကယ်တင် နိုင်လိမ့် မည်။ ကိုယ့်ကို ရည်စူး၍ အလှူအတန်း တစ်ခုခု ချက်ချင်း ပြုပေးလျှင် ကိုယ် လူပြန် ဖြစ်လိမ့်မည်။

ကိုယ် အမေ့ အခန်းလေး ထဲသို့ သွေးရူးသွေးတန်း ပြန်၍ တက်လာ ခဲ့သည်။ သားကို ကယ်ပါ … မေမေ။
“အမေ .. သားကို ကယ်ပါ … အမေ သားအတွက် အလှူဒါန မလုပ်ပေးရင် .. အမျှ မဝေပေးရင် သား ငရဲကို သွားရ တော့မယ်၊ ပြီးရင် သား ပုရွက်ဆိတ် ဖြစ်တော့မယ်၊ သား .. လူ ပြန်ဖြစ် ချင်တယ်၊ အသက် ပြန်ရှင် ချင်တယ်၊ အမေ အခုနေ တစ်ခုခု လုပ်ပေးရင် သား ချက်ချင်း အသက် ပြန်ရှင် လာမှာ အမေရဲ့၊ သားကို ကယ်ပါ အမေရယ် … သား ဝိဉာဉ် မဖြစ်ချင်ဘူး .. သား မသေချင်ဘူး … သားကို အမေတို့ အနားမှာပဲ နေခွင့် ပေးပါ အမေရယ် ..”

အမေ့ ကုတင်ဘေး ထိုင်၍ ကိုယ် အဆက်မပြတ် ပြောနေမိသည်။ အမေ ကတော့ ခုနက အတိုင်းပင် မတုန် မလှုပ်၊ အေးတိ အေးစက် မျက်နှာနှင့် ကိုယ့်ကို ကြည့်၍သာ နေသည်။ ကိုယ် ဝမ်းနည်း သွားသည်။ အမေ ကိုယ့်ကို မလိုချင် တော့တာ သေချာပြီ။ ကိုယ် သေဆုံး သွားတာကို သိလျက်နဲ့ အမေ ကိုယ့်အတွက် ပူဆွေး ဝမ်းနည်းမှုလည်း မဖြစ်၊ အခု ကိုယ် တောင်းဆို တာကိုလည်း စိတ်ဝင်စားပုံ မပေါ်။ ကိုယ် … ငရဲ သို့သာ သွားရတော့မည် ထင်သည်။ မျှော်လင့်ချက် မဲ့သူ တို့၏ ထုံးစံ အတိုင်းပင် ကိုယ် ခေါင်းငိုက်စိုက် ချ၍ အောက်ကို ပြန်ဆင်း လာခဲ့သည်။ ကိုယ့် ရင်ထဲမှာ ဗလာ ဟင်းလင်း ပွင့်လျက်။ အိမ်ရှေ့ တံခါးပေါက် ရောက်တော့ သူငယ်ချင်းဘေး ပြန်ထိုင် လိုက်သည်။ ကိုယ် သူ့ကို ကြည့်လိုက် မိသည်။ သွားပြီ … တကယ့်ကို အချိန် ကျပြီ ထင်သည်။

ကိုယ့် သူငယ်ချင်းသည် ခုနကလို ပုံစံမျိုး မရှိတော့။ သူ၏ တစ်ကိုယ်လုံး အဖြူရောင် အမှုန်များ အဖြစ် တဖြည်းဖြည်း ပြောင်းလဲ လာနေသည်။ သူ့ကို လာရောက် ခေါ်ငင်ပြီ ထင်သည်။ ကိုယ့် မျက်စိအောက် မှာပင် ကိုယ့် သူငယ်ချင်းသည် လူခန္ဓာကိုယ် အစိုင်အခဲ အဖြစ်မှ အဖြူရောင် အမှုန်အစများ အဖြစ်သို့ ပြောင်းလဲ၍ ပျောက်ကွယ် နေပြီ။ ကိုယ် ဘာမှ မတတ်နိုင်ပါ။ ကိုယ် … သွေးပျက် ခြောက်ခြားစွာ ကြည့်နေ ခဲ့ရသည်။ ကိုယ် … ကိုယ့်ကိုရော ဘယ်တော့ လာခေါ်မလဲ။ ကိုယ် .. သွားရ တော့မည်။

ဒီလောကကြီး ထဲကနေ ကိုယ် အပြီးတိုင် ပျောက်ကွယ် သွားရ တော့မည်ဟု ထူးထူးဆန်းဆန်း ခံစားလာရသည်။ ကိုယ် ချစ်သော သူများ အနားသို့ ကိုယ် ဘယ်တော့မှ ပြန်ရောက် လာနိုင်မှာ မဟုတ်တော့။ ကိုယ်လည်း မကြာခင် အဖြူရောင် အမှုန် ကလေးများ အဖြစ်သို့ ဖြည်းဖြည်း ချင်း ရောက်ရှိတော့မည်။ သူတို့ ကိုယ့်ကို တိုက်စား ဝါးမြို သွားတော့မည်။

ကိုယ့် သူငယ်ချင်းသည် တစ်ကိုယ်လုံး ပျောက်ကွယ်စ ပြုနေပြီ။ သူ့ တစ်ကိုယ်လုံးမှာ ဘယ်ဖက် လက်ကိုသာ မြင်ရ တော့သည်။ သူ အဆုံးတိုင် ပျောက်ကွယ်လု ဆဲဆဲတွင် သူ၏ လက်ထိပ်ဖျား လေးနှင့် ကိုယ့် ပုခုံးကို လာရောက် ထိတို့ သွားသည်။ သူ ကိုယ့်ကို နောက်ဆုံး နှုတ်ဆက်ခြင်း ဖြစ်သည်ဟု ကိုယ် သိလိုက်သည်။ သူ့ လက်ဖျား လေးကို ကိုယ် လှမ်းဆွဲ ထားလိုက်ဖို့ ကြိုးစား သော်လည်း မရတော့။ သူ ကိုယ့်အနားမှ အပြီးတိုင် ပျောက်ကွယ် သွားပြီ။ ကိုယ် အလိုလို သိလိုက်သည်။

ကိုယ်လည်း မကြာခင် ဒီလိုပဲ ပျောက်ကွယ် သွားရတော့မည်။ တွေးနေတုန်း အချိန်မှာပင် ကိုယ့် ခြေထောက်တွေ ပေါ့ပါး၍ လာကာ မရှိတော့ သလို ခံစား လိုက်ရသည်။ ကိုယ်လည်း တဖြည်းဖြည်း ပျောက်ကွယ်စ ပြုလာသည်။ အချိန်ကျပြီ ဖြစ်သည်။ ဘာကိုမှ မတွေးတော့ဘဲ ကိုယ့်မျက်လုံး များကို ခပ်တင်းတင်း မှိတ်ထား လိုက်မိ လေသည်။

သူရဿဝါ –

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...