======

အဟႎသဓမၼ ႏွင့္ ဂႏၵီ ၏ ႏိုင္ငံေရး အျမင္

အဟႎသဓမၼ ႏွင့္ ဂႏၵီ ၏ ႏိုင္ငံေရး အျမင္

ဂႏၵီသည္ အိႏၵိယႏိုင္ငံ၏ ထင္ရွားေသာ ကမၻာ့အသိအမွတ္ျပဳ ႏိုင္ငံေရးေခါင္းေဆာင္တဦးျဖစ္သည္။ သူသည္ ေသြးကင္းေသာ ေတာ္လွန္ေရးကို ဦးေဆာင္သူ တဦးလည္းျဖစ္သည္။ ယင္းသို႔ ေသြးကင္းေသာ ေတာ္လွန္ေရးကို ဦးေဆာင္ႏိုင္ခဲ့ျခင္းသည္ သူကိုယ္တိုင္ လက္ခံက်င့္သံုးေနေသာ အဟႎသဓမၼ ျဖစ္သည့္ အၾကမ္းမဖက္ေရး အယူအဆေၾကာင့္ ျဖစ္ပါသည္။ အဟႎသဓမၼသည္ သကၠတေဝါဟာရ ျဖစ္သည္။ ထိုေဝါဟာရ၏ အဓိပၸါယ္ကို အစဥ္အလာ ေရွးရိုးအယူအဆအားျဖင့္၄င္း၊ ဘာသာေဗဒအားျဖင့္၄င္း၊ သက္ရွိသတၱဝါမ်ားကို အၾကမ္းမဖက္ျခင္း (Ahimsa (Sanskrit), Traditionally and Literially, non-violence to Living creatures.) ဟူ၍ အဓိပၸါယ္ဖြင့္ဆိုခဲ့ၾကသည္။ ေခတ္သစ္ အိႏၵိယဒႆ ပညာရွင္မ်ားက သတၱဝါအားလံုးကို ၾကင္နာျခင္း (For modern Indian Thinkers, a positive sense of Kindness to all creatures.)ဟူ၍ ကင္းဘရစ္ ဒႆန အဘိဓာန္ (Cambridage Dictionary of Philosophy) တြင္ ဖြင့္ဆိုထားသည္။ အဟႎသဓမၼဟူေသာ အသက္ဇီဝရွိေသာ သတၱဝါအားလံုးကို သတ္ျဖတ္ညႇဥ္းပန္း ႏွိပ္စက္ျခင္း မျပဳရ အယူအဆကို ေဖာ္ထုတ္ခဲ့သူမ်ားသည္ ေဂ်းနား(Jainas) ေခါင္းေဆာင္မဟာဝီရ (Mahavira) ႏွင့္ ဗုဒၶဝါဒေခါင္းေဆာင္ ေဂါတမ (Gautama) တို႔ ျဖစ္ၾကသည္။ ေဂ်းနားတို႔ႏွင့္ ဗုဒၶဘာသာဝင္မ်ား အားလံုးသည္ အၾကမ္းမဖက္ျခင္း သို႔မဟုတ္-သူ႔အသက္ကို မသတ္ျခင္းကို အျမင့္ျမတ္ဆံုး ေကာင္းျမတ္ျခင္းတရားအျဖစ္ ခံယူထားၾကသည္။ ေဂ်းနားဝါဒ၊ ဟိႏၵဴဝါဒ ႏွင့္ ဗုဒၶဝါဒတို႔သည္ အဟႎသဓမၼျဖင့္ သံသရာဝဋ္ဆင္းရဲမွ လြန္ေျမာက္ျခင္း မုကၡ (Moksa) ရရွိႏိုင္သည္ဟု ယံုၾကည္ၾကသည္။ ဂႏၵီကမူ လူထဲက လူတေယာက္ ျဖစ္၍ လူတို႔၏ စီးပြားေရး၊ ႏိုင္ငံေရး၊ လူမႈေရး ႏွင့္ ေလာကီေရးတြင္ ရည္ရြယ္ျပီး အဟႎသဓမၼကို လက္ခံက်င့္သံုး ခဲ့သည္။

“အဟႎသဓမၼသည္ အျမင့္ျမတ္ဆံုး ကရုဏာထားျခင္းႏွင့္ ကိုယ္က်ိဳးစြန္႔လႊတ္ျခင္း ျဖစ္သည္၊ အဟႎသဓမၼသည္ အၾကမ္းမဖက္ျခင္း ကာယကံ၊ ဝစီကံ၊ မေနာကံတို႔ကို မက်ဴးလြန္ျခင္းျဖစ္သည္။ အဟႎသဓမၼသည္ ေလာဘ၊ ေဒါသ၊ မာန္မာနတို႔ကို ေစာင့္ထိန္းျခင္း ျဖစ္သည္၊ အဟႎသဓမၼသည္ ခြင့္လႊတ္ျခင္းေၾကာင့္ စိတ္ကင္းျခင္း၊ သတိရွိျခင္း၊ က်ိဳးႏြံျခင္းႏွင့္ ဘုရားကို အၾကြင္းမဲ့ အပ္ႏွံထားျခင္း ျဖစ္သည္။”

ဂႏၵီသည္ ယင္းဓမၼကို ရင္ဝယ္ပိုက္ထားရံုမွ်မက ေတာ္စတြိဳင္း (Tolstoy)၏ အၾကြင္းမဲ့သေဘာေဆာင္ေသာ ပရဟိတဝါဒ (Absolute Altuism) ကိုလည္း ယံုၾကည္စြာ လက္ခံခဲ့သူတဦး ျဖစ္သည္။ ဂႏၵီက လူသည္ လူမႈေရး တာဝန္မ်ားကို ေရွာင္လႊဲ၍ မရေခ်။ လူ႔ေလာကတြင္ လူမႈေရးတာဝန္ကို ေက်ာ္လြန္၍ေသာ္၄င္း၊ လူမႈေရး တာဝန္ႏွင့္ ကင္းကြာ၍၄င္း၊ ေပ်ာ္ရႊင္ခ်က္ ဘာမွကို မရႏိုင္ဟု လက္ခံထားသည္။ ဂႏၵီက အၾကမ္းမဖက္ျခင္း ဝါဒကို လက္ခံက်င့္သံုးသူမ်ားသည္ သစၥာရွိျခင္း၊ က်ိဳးႏြံျခင္း၊ သည္းခံျခင္း၊ ေမတၱာထားျခင္း စသည္တို႔ကို နားလည္သေဘာေပါက္ရန္ လိုအပ္သည္။ အၾကမ္းမဖက္ျခင္းသည္ လူသား၏ ဝိညာဥ္အား ျဖစ္သည္။ တိရစၧာန္မ်ားတြင္ မရွိႏိုင္ေခ်။ တိရစၧာန္စိတ္ရွိေသာ သူတို႔သည္ အၾကမ္းဖက္ျခင္း လက္ခံၾကသည္။ သို႔ျဖစ္၍ တိရစၧာန္မ်ားလည္း ကာယအင္အားႀကီးျခင္းႏွင့္ ရုပ္ပိုင္းဆိုင္ရာ ဖြံ႔ျဖိဳးမႈႀကီးထြား ေနရသည္။ လူသားစိတ္ထား ရွိသူသည္ လူ၏ဉာဏ္သိကၡာျဖစ္သည္။ အၾကမ္းဖက္ျခင္းကို ေစာင့္ထိန္းရမည့္ တာဝန္တရပ္ဟု နားလည္ရမည္ ျဖစ္သည္။ သို႔မွသာ လူသားသည္ ပို၍ ျမင့္ျမတ္ေသာေနရာသို႔ ေရာက္ရွိမည္ ျဖစ္သည္။

ဂႏၵီက အၾကမ္းမဖက္ေရးႏွင့္ ေမတၱာထားျခင္းတို႔သည္ လူသား၏ ဂုဏ္သိကၡာဟုခံယူသည္။ မည္သည့္အမႈကိစၥကို မဆို ေဆာင္ရြက္သည့္အခါ ေဖာ္ျပပါအယူအဆမ်ားသည္ လူသားကိုလမ္းညႊန္ျပသ
ေနသည္။ အမ်ားအက်ိဳး စီးပြားျဖစ္၍ တဦးတေယာက္၏ အက်ိဳးစီးပြားကို ပ်က္ျပားေစျခင္းသည္ အၾကမ္းဖက္ျခင္းတမ်ိဳးျဖစ္သည္။ အၾကမ္းဖက္ျခင္းကို လူသားတဦးတေယာက္ကိုေသာ္၄င္း၊ လူ႔အဖြဲ႔အစည္း တရပ္ကိုေသာ္၄င္း၊ မျပဳလုပ္သင့္ဟု ဂႏၵီက အဆိုျပဳခဲ့သည္။ ဂႏၵီအလိုရ အၾကမ္းဖက္မႈ ျပဳလုပ္သူမ်ားကို သည္းခံခြင့္လႊတ္၍ ေမတၱာထားျခင္းျဖင့္ ေနာင္တတရားမ်ား ျဖစ္ေပၚေစျပီး အၾကမ္းဖက္လုပ္ျခင္းကို ရပ္ဆိုင္းလာမည္ဟုဆိုသည္။ ဂႏၵီသည္ ရန္ကိုရန္ခ်င္း မတုံ႔ျပန္ဘဲ ျဗိတိသွ်တို႔၏ စစ္ဖိနပ္ေအာက္မွ ေသြးကင္းေသာ ေတာ္လွန္ေရးကို ဆင္ႏႊဲခဲ့သည္။ ၁၉၃၀-တြင္ ျဗိတိသွ်တို႔က အိႏၵိယတိုင္းရင္းသားမ်ားသည္ အသံတိတ္ ဆႏၵျပခဲ့ၾကသည္။ ထိုဆႏၵျပမႈေၾကာင့္ အိႏၵိယတိုင္းရင္းသားမ်ား ေထာင္သြင္းအက်ဥ္းခ်ခံခဲ့ရသည့္ျပင္ ျဗိတိသွ် အာဏာတို႔၏ ညႇင္းပန္းႏွိပ္စက္မႈ အမ်ိဳးမ်ိဳး ခံခဲ့ရသည္။ သို႔ေသာ္ ဂႏၵီက ျဗိတိသွ်အစိုးရကဲ့သို႔ အၾကမ္းဖက္နည္း မသံုးဘဲ ေမတၱာထား၍ အၾကမ္းဖက္မႈမ်ား ျပန္၍ မျပဳၾကရန္ ေဟာေျပာခဲ့သည္။

ထို႔ေၾကာင့္ ဂႏၵီ၏ အၾကမ္းမဖက္ေရး အယူအဆကို ကမၻာက မွတ္ျပဳခဲ့သည္။ ထိုသို႔ အသိအမွတ္ျပဳသူမ်ား အနက္ အဲ့လဗက္ အိုင္းစတိုင္း (Albert Einstein) ႏွင့္ လူဝီ ဖစ္ရွား (Louis Fisher) တို႔သည္ ထင္ရွားသည္။
“ကမၻာေက်ာ္ သိပၸံပညာရွင္ အဲလဗတ္အိုင္စတိုင္းက အႏၵိယအမ်ိဳးသားေခါင္းေဆာင္ ျဖစ္၍ ျပင္ပႏိုင္ငံမ်ားမွ အားေပးကူညီမႈကို မရရွိခဲ့ေခ်။ တို္က္ပြဲတိုင္း ေအာင္ႏိုင္မႈ ျဖစ္ေသာ္လည္း မည္သည့္အင္အားကိုမွ် အသံုးမျပဳခဲ့ေခ်။ ဥေရာပ၏ ရက္စက္ၾကမ္းၾကဳတ္မႈမ်ားကို သာမန္လူသားတို႔၏ ဂုဏ္သိကၡာႏွင့္ ရင္ဆိုင္ခဲ့ျခင္းျဖင့္ အိႏၵိယသည္ ေအာင္ျမင္မႈရရွိခဲ့သည္ဟု ဂုဏ္ျပဳေဖာ္ျပခဲ့သည္။

“လူဝီဖစ္ရွားက အိႏၵိယသည္ အဏုျမဴကို စြန္႔လြႊတ္၍ အဟႎသဓမၼကို လက္ကိုင္အသံုးျပဳခဲ့သည္။ ဂႏၵီသည္ ႏ်ဴကလီးယားႏွင့္ ပတ္သက္၍ အလြန္ငယ္ေသာကေလးအဆင့္တြင္ ရွိေနေသာ္လည္း ကိုယ္က်င့္တရားႏွင့္ ပတ္သက္၍ အလြန္အျမင္က်ယ္ျပီး ရင့္က်က္သူတဦး ျဖစ္သည္။ ဂႏၵီသည္ သူတပါး၏ အသက္ကန္႔သတ္ျခင္းႏွင့္ ပတ္သက္၍ ဘာမွ်မသိေသာ္လည္း ႏွစ္ဆယ္ရာစုတြင္ အသက္ရွင္ေနႏိုင္ေရးႏွင့္ ပတ္သက္၍မူ မ်ားစြာအေထာက္အကူ ေပးႏိုင္ခဲ့သည္ဟု လူဝီဖစ္ရွာက ဂုဏ္ျပဳေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ဂႏၵီ၏ ဒႆနကိုၾကည့္လွ်င္ အဟႎသဓမၼ အေျခခံျပီး တည္ေဆာက္ျပီး အရာရာကို အဟႎသဓမၼျဖစ္ေသာ အေၾကာင္း၊ စာဖတ္ရေရးဝါဒ ရႈေထာင့္မွ ေဆာင္ရြက္ခဲ့ေၾကာင္း ေတြ႔ရရံုမွ်မက သူ၏ အဟႎသဓမၼသည္ ကမၻာေပၚရွိ အၾကမ္းတမ္းဆံုး လက္နက္မ်ားထက္ပင္ စြမ္းပကားႀကီးမားခဲ့သည္ကို
ေသြးကင္းေသာ အိႏၵိယေတာ္လွန္ေရးျဖင့္ သက္ေသျပခဲ့သည္ဟု ဆိုရမည္ ျဖစ္ေပသည္။

Credit -Soe Oo (dathana)
===============

အဟိံသဓမ္မ နှင့် ဂန္ဒီ ၏ နိုင်ငံရေး အမြင်

ဂန္ဒီသည် အိန္ဒိယနိုင်ငံ၏ ထင်ရှားသော ကမ္ဘာ့အသိအမှတ်ပြု နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်သည်။ သူသည် သွေးကင်းသော တော်လှန်ရေးကို ဦးဆောင်သူ တဦးလည်းဖြစ်သည်။ ယင်းသို့ သွေးကင်းသော တော်လှန်ရေးကို ဦးဆောင်နိုင်ခဲ့ခြင်းသည် သူကိုယ်တိုင် လက်ခံကျင့်သုံးနေသော အဟိံသဓမ္မ ဖြစ်သည့် အကြမ်းမဖက်ရေး အယူအဆကြောင့် ဖြစ်ပါသည်။ အဟိံသဓမ္မသည် သက္ကတဝေါဟာရ ဖြစ်သည်။ ထိုဝေါဟာရ၏ အဓိပ္ပါယ်ကို အစဉ်အလာ ရှေးရိုးအယူအဆအားဖြင့်၄င်း၊ ဘာသာဗေဒအားဖြင့်၄င်း၊ သက်ရှိသတ္တဝါများကို အကြမ်းမဖက်ခြင်း (Ahimsa (Sanskrit), Traditionally and Literially, non-violence to Living creatures.) ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြသည်။ ခေတ်သစ် အိန္ဒိယဒဿ ပညာရှင်များက သတ္တဝါအားလုံးကို ကြင်နာခြင်း (For modern Indian Thinkers, a positive sense of Kindness to all creatures.)ဟူ၍ ကင်းဘရစ် ဒဿန အဘိဓာန် (Cambridage Dictionary of Philosophy) တွင် ဖွင့်ဆိုထားသည်။ အဟိံသဓမ္မဟူသော အသက်ဇီဝရှိသော သတ္တဝါအားလုံးကို သတ်ဖြတ်ညှဉ်းပန်း နှိပ်စက်ခြင်း မပြုရ အယူအဆကို ဖော်ထုတ်ခဲ့သူများသည် ဂျေးနား(Jainas) ခေါင်းဆောင်မဟာဝီရ (Mahavira) နှင့် ဗုဒ္ဓဝါဒခေါင်းဆောင် ဂေါတမ (Gautama) တို့ ဖြစ်ကြသည်။ ဂျေးနားတို့နှင့် ဗုဒ္ဓဘာသာဝင်များ အားလုံးသည် အကြမ်းမဖက်ခြင်း သို့မဟုတ်-သူ့အသက်ကို မသတ်ခြင်းကို အမြင့်မြတ်ဆုံး ကောင်းမြတ်ခြင်းတရားအဖြစ် ခံယူထားကြသည်။ ဂျေးနားဝါဒ၊ ဟိန္ဒူဝါဒ နှင့် ဗုဒ္ဓဝါဒတို့သည် အဟိံသဓမ္မဖြင့် သံသရာဝဋ်ဆင်းရဲမှ လွန်မြောက်ခြင်း မုက္ခ (Moksa) ရရှိနိုင်သည်ဟု ယုံကြည်ကြသည်။ ဂန္ဒီကမူ လူထဲက လူတယောက် ဖြစ်၍ လူတို့၏ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး နှင့် လောကီရေးတွင် ရည်ရွယ်ပြီး အဟိံသဓမ္မကို လက်ခံကျင့်သုံး ခဲ့သည်။

“အဟိံသဓမ္မသည် အမြင့်မြတ်ဆုံး ကရုဏာထားခြင်းနှင့် ကိုယ်ကျိုးစွန့်လွှတ်ခြင်း ဖြစ်သည်၊ အဟိံသဓမ္မသည် အကြမ်းမဖက်ခြင်း ကာယကံ၊ ဝစီကံ၊ မနောကံတို့ကို မကျူးလွန်ခြင်းဖြစ်သည်။ အဟိံသဓမ္မသည် လောဘ၊ ဒေါသ၊ မာန်မာနတို့ကို စောင့်ထိန်းခြင်း ဖြစ်သည်၊ အဟိံသဓမ္မသည် ခွင့်လွှတ်ခြင်းကြောင့် စိတ်ကင်းခြင်း၊ သတိရှိခြင်း၊ ကျိုးနွံခြင်းနှင့် ဘုရားကို အကြွင်းမဲ့ အပ်နှံထားခြင်း ဖြစ်သည်။”

ဂန္ဒီသည် ယင်းဓမ္မကို ရင်ဝယ်ပိုက်ထားရုံမျှမက တော်စတွိုင်း (Tolstoy)၏ အကြွင်းမဲ့သဘောဆောင်သော ပရဟိတဝါဒ (Absolute Altuism) ကိုလည်း ယုံကြည်စွာ လက်ခံခဲ့သူတဦး ဖြစ်သည်။ ဂန္ဒီက လူသည် လူမှုရေး တာဝန်များကို ရှောင်လွှဲ၍ မရချေ။ လူ့လောကတွင် လူမှုရေးတာဝန်ကို ကျော်လွန်၍သော်၄င်း၊ လူမှုရေး တာဝန်နှင့် ကင်းကွာ၍၄င်း၊ ပျော်ရွှင်ချက် ဘာမှကို မရနိုင်ဟု လက်ခံထားသည်။ ဂန္ဒီက အကြမ်းမဖက်ခြင်း ဝါဒကို လက်ခံကျင့်သုံးသူများသည် သစ္စာရှိခြင်း၊ ကျိုးနွံခြင်း၊ သည်းခံခြင်း၊ မေတ္တာထားခြင်း စသည်တို့ကို နားလည်သဘောပေါက်ရန် လိုအပ်သည်။ အကြမ်းမဖက်ခြင်းသည် လူသား၏ ဝိညာဉ်အား ဖြစ်သည်။ တိရစ္ဆာန်များတွင် မရှိနိုင်ချေ။ တိရစ္ဆာန်စိတ်ရှိသော သူတို့သည် အကြမ်းဖက်ခြင်း လက်ခံကြသည်။ သို့ဖြစ်၍ တိရစ္ဆာန်များလည်း ကာယအင်အားကြီးခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကြီးထွား နေရသည်။ လူသားစိတ်ထား ရှိသူသည် လူ၏ဉာဏ်သိက္ခာဖြစ်သည်။ အကြမ်းဖက်ခြင်းကို စောင့်ထိန်းရမည့် တာဝန်တရပ်ဟု နားလည်ရမည် ဖြစ်သည်။ သို့မှသာ လူသားသည် ပို၍ မြင့်မြတ်သောနေရာသို့ ရောက်ရှိမည် ဖြစ်သည်။

ဂန္ဒီက အကြမ်းမဖက်ရေးနှင့် မေတ္တာထားခြင်းတို့သည် လူသား၏ ဂုဏ်သိက္ခာဟုခံယူသည်။ မည်သည့်အမှုကိစ္စကို မဆို ဆောင်ရွက်သည့်အခါ ဖော်ပြပါအယူအဆများသည် လူသားကိုလမ်းညွှန်ပြသ
နေသည်။ အများအကျိုး စီးပွားဖြစ်၍ တဦးတယောက်၏ အကျိုးစီးပွားကို ပျက်ပြားစေခြင်းသည် အကြမ်းဖက်ခြင်းတမျိုးဖြစ်သည်။ အကြမ်းဖက်ခြင်းကို လူသားတဦးတယောက်ကိုသော်၄င်း၊ လူ့အဖွဲ့အစည်း တရပ်ကိုသော်၄င်း၊ မပြုလုပ်သင့်ဟု ဂန္ဒီက အဆိုပြုခဲ့သည်။ ဂန္ဒီအလိုရ အကြမ်းဖက်မှု ပြုလုပ်သူများကို သည်းခံခွင့်လွှတ်၍ မေတ္တာထားခြင်းဖြင့် နောင်တတရားများ ဖြစ်ပေါ်စေပြီး အကြမ်းဖက်လုပ်ခြင်းကို ရပ်ဆိုင်းလာမည်ဟုဆိုသည်။ ဂန္ဒီသည် ရန်ကိုရန်ချင်း မတုံ့ပြန်ဘဲ ဗြိတိသျှတို့၏ စစ်ဖိနပ်အောက်မှ သွေးကင်းသော တော်လှန်ရေးကို ဆင်နွှဲခဲ့သည်။ ၁၉၃၀-တွင် ဗြိတိသျှတို့က အိန္ဒိယတိုင်းရင်းသားများသည် အသံတိတ် ဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြမှုကြောင့် အိန္ဒိယတိုင်းရင်းသားများ ထောင်သွင်းအကျဉ်းချခံခဲ့ရသည့်ပြင် ဗြိတိသျှ အာဏာတို့၏ ညှင်းပန်းနှိပ်စက်မှု အမျိုးမျိုး ခံခဲ့ရသည်။ သို့သော် ဂန္ဒီက ဗြိတိသျှအစိုးရကဲ့သို့ အကြမ်းဖက်နည်း မသုံးဘဲ မေတ္တာထား၍ အကြမ်းဖက်မှုများ ပြန်၍ မပြုကြရန် ဟောပြောခဲ့သည်။

ထို့ကြောင့် ဂန္ဒီ၏ အကြမ်းမဖက်ရေး အယူအဆကို ကမ္ဘာက မှတ်ပြုခဲ့သည်။ ထိုသို့ အသိအမှတ်ပြုသူများ အနက် အဲ့လဗက် အိုင်းစတိုင်း (Albert Einstein) နှင့် လူဝီ ဖစ်ရှား (Louis Fisher) တို့သည် ထင်ရှားသည်။
“ကမ္ဘာကျော် သိပ္ပံပညာရှင် အဲလဗတ်အိုင်စတိုင်းက အန္ဒိယအမျိုးသားခေါင်းဆောင် ဖြစ်၍ ပြင်ပနိုင်ငံများမှ အားပေးကူညီမှုကို မရရှိခဲ့ချေ။ တို်က်ပွဲတိုင်း အောင်နိုင်မှု ဖြစ်သော်လည်း မည်သည့်အင်အားကိုမျှ အသုံးမပြုခဲ့ချေ။ ဥရောပ၏ ရက်စက်ကြမ်းကြုတ်မှုများကို သာမန်လူသားတို့၏ ဂုဏ်သိက္ခာနှင့် ရင်ဆိုင်ခဲ့ခြင်းဖြင့် အိန္ဒိယသည် အောင်မြင်မှုရရှိခဲ့သည်ဟု ဂုဏ်ပြုဖော်ပြခဲ့သည်။

“လူဝီဖစ်ရှားက အိန္ဒိယသည် အဏုမြူကို စွန့်လွွှတ်၍ အဟိံသဓမ္မကို လက်ကိုင်အသုံးပြုခဲ့သည်။ ဂန္ဒီသည် နျူကလီးယားနှင့် ပတ်သက်၍ အလွန်ငယ်သောကလေးအဆင့်တွင် ရှိနေသော်လည်း ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ အလွန်အမြင်ကျယ်ပြီး ရင့်ကျက်သူတဦး ဖြစ်သည်။ ဂန္ဒီသည် သူတပါး၏ အသက်ကန့်သတ်ခြင်းနှင့် ပတ်သက်၍ ဘာမျှမသိသော်လည်း နှစ်ဆယ်ရာစုတွင် အသက်ရှင်နေနိုင်ရေးနှင့် ပတ်သက်၍မူ များစွာအထောက်အကူ ပေးနိုင်ခဲ့သည်ဟု လူဝီဖစ်ရှာက ဂုဏ်ပြုဖော်ပြထားသည်။

ထို့ကြောင့် ဂန္ဒီ၏ ဒဿနကိုကြည့်လျှင် အဟိံသဓမ္မ အခြေခံပြီး တည်ဆောက်ပြီး အရာရာကို အဟိံသဓမ္မဖြစ်သော အကြောင်း၊ စာဖတ်ရရေးဝါဒ ရှုထောင့်မှ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရရုံမျှမက သူ၏ အဟိံသဓမ္မသည် ကမ္ဘာပေါ်ရှိ အကြမ်းတမ်းဆုံး လက်နက်များထက်ပင် စွမ်းပကားကြီးမားခဲ့သည်ကို
သွေးကင်းသော အိန္ဒိယတော်လှန်ရေးဖြင့် သက်သေပြခဲ့သည်ဟု ဆိုရမည် ဖြစ်ပေသည်။

Credit -Soe Oo (dathana)

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...