Loading...

ဒီ စာလေး ကို စိတ် အရမ်းညစ်နေတဲ့ သူတွေ / လက်ရှိ အခြေအနေ တစ်ခုမှာ အဆင်မပြေဖြစ်နေတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ရေးပေးထားတာပါ..

စိတ် ဆိုတာ အရမ်းကြောက်ဖို့ ကောင်းပါတယ်


ကိုယ် ကို ကိုယ် ……





သင်က ……
ဆိုတာ အရင်တွေးပါ .……


Credit :ဘဝခွန်အား
=====
ကိုယ့်ကို စိတ်ညစ် အောင်လုပ်တာလည်း …… ” ကိုယ်ပါပဲ ”
ကိုယ် ကို ပျော်ရွှင်အောင် လုပ်ပေး နိုင်တာလည်း …… ” ကိုယ်ပါပဲ ”
ကိုယ့် ကို အောင်မြင် အောင် လုပ်နေတာလည်း …… ” ကိုယ်ပါပဲ ”
ကိုယ့် ကို ကျရှုံးအောင် ပြန်လုပ်တာလည်း …… ” ကိုယ်ပါပဲ ”
” အဓိက ” က ကိုယ့်ရဲ့ ” စိတ် ” ပါပဲ
စိတ် ဆိုတာ အရမ်းကြောက်ဖို ့ ့ကောင်းပါတယ်

” စိတ် ”ကောင်းထားတတ်ရင် တန်ဖိုးရှိတဲ့ ” ဆေးတစ်ခွက် ” ဖြစ်နိုင်ပြီး …… မကောင်းတဲ့ ” စိတ် ”တွေ ထားမယ်ဆိုရင်တော့ ကြောက်စရာကောင်းတဲ့ ” ဘေး ” အန္တရယ် တစ်ခု ဖြစ်သွားနိုင်ပါတယ် ……
ကဲ့ …… အဲ့တော့ အရေးအကြီး ဆုံးက … မိမိကိုယ် မိမိ စိတ် ချမ်းသာအောင်ထားဖို ့နဲ့ တန်ဖိုး ရှိအောင်နေထိုင်ဖို ့ပဲ မဟုတ်လား……
ဥပမာ – ရေနွေးပူ တစ်ခွက်ကို သင် ကြာကြာ ကိုင်ထားကြည့်လိုက်ပါ

သင်ကိုင်ထားသ၍ ကတော့ အဲ့ဒီ ” အပူဒဏ် ”ကို ကြိတ်မှိတ်ပြီး ခံစားနေရဦးမှာပဲ ……
သင် လွှတ်ချ နိုင်လိုက်မှသာ သင် အပူဒဏ် နဲ့ ဝေးသွားပြီး အဆင်ပြေသွားမှာဖြစ်တယ် ……
ဒီလိုပဲ …… သင်မှာရှိတဲ့ စိတ်ညစ် စရာတွေကို သင်တွေးနေသ၍ စိတ်ညစ် စရာတွေဟာ
ပိုကြီးထွားလာပြီး … သင်ဆက်ပြီး စိတ်ဆင်း ရဲနေရဦးမှာပါ……
ဒါတွေကို မတွေးတော့ပဲ … ဖြေရှင်းဖို ့နည်းလမ်းရှာမှသာ ………အဆင်ပြေမှာပါ ……
တစ်ချို့က အိမ်အတွက် စိတ်ညစ် ကြတယ် တစ်ချို့က ချစ်သူရည်းစားအတွက် / တစ်ချို့က အလုပ်အတွက် / ငွေကြေးပြသနာအတွက်
အစရှိတယ် …… စိတ်ညစ် မှု့မျိုးဆုံပေါ့
ဒါတွေကို ထိုင်ပြီးတော့ စိတ်ဆင်းရဲနေတာ ……
ကိုယ် ကို ကိုယ် ……
” ပြစ်ဒဏ် ” ပေး အကျဉ်းချနေတာပါ ……
” အဓိက ” ဘာလုပ်ရမှာလည်း ဖြေရှင်းနိုင်မဲ့ နည်းလမ်းရှာဖို ့ပါပဲ

” အကျိုးရှိရင် အကြောင်းရှိသလို ”
အခက်အခဲ ရှိရင် ဖြေရှင်းလို ့ရမဲ့ နည်းလမ်းဆိုတာရှိစမြဲပါ …
သင်တို ့လွန်ခဲ့တဲ့ ၂ / ၃ နှစ်တုန်းကလည်း စိတ်ညစ်ဖူးမှာပါ
ဒါတွေက ခုချိန်မှာ ရယ်စရာ တစ်ခုသာသာ ဖြစ်သွားတာပဲလေ ……
အတွေ့အကြုံ နဲ့ သင်ခန်းစာ ဖြစ်သွားတာပဲလေ ……
အပျော်တွေနဲ့ပဲ နေပါ / အပျော်တွေကို ဖန်တီးပါ / စိတ်ကို တတ်နိုင်သလောက် ပျော်အောင်ထားပါ ……

” လောက ” ကြီးက ” စိန်ခေါ်မှု့” တွေ အရမ်းများတယ် …… ဆုံးရှုံးမှု့ဒဏ်တွေ / ဝမ်းနည်းကြေကွဲမှု့ ဒဏ်တွေ / ကို သင်မခံနိုင် ရင် ” စိန်ခေါ်မှု့” တွေ များတဲ့ ” လောက” ကြီးကို ဘယ်လို ဆက်ပြီး ရင်ဆိုင်မလည်း ………??? စဉ်းစားပါ ………®
” ကိုယ့် ကို ကိုယ် ” သေကြောင်းကြံတဲ့ နည်းနဲ့ ဖြေရှင်းမှားလား ……??
ဒါဆို သင် ” လုံလောက်တဲ့ ” ရင့်ကျက်မှု့မရှိသေးလို ့ဆိုတာ မမေ့ပါနဲ့
” လုံလောက်တဲ့ ” ရင့်ကျက်မှု့ရှိသူတိုင်းဟာ ” ကိစ္စတိုင်း ”ကို ထည့်တွက်မနေကြပါဘူး
” ပူလောင်မှု့” ကိုခံစားနေရတယ် ဆိုတာ ”မေတ္တာ” စိတ်မရှိလို ့ပါ
ပြီးတော့ ”အတ္တ” စိတ်ကြီးနေတာ မိမိ ကိုယ် မိမိ ချစ်တာ / မိမိ လောဘ ကို မိမိ မြှောက်ပေးနေတာ / မိမိ မာန ကို ”ရှေ ့တန်း ”တင်ပေးနေတာ

ဒီတော့ ဒါတွေမဖြစ်အောင် / သင်စိတ်ညစ်စရာတွေနဲ့ ဝေးသွားအောင် …… ဒီလိုစိတ်ထားကြည့်ပါ ………
{ ၁ }ခွင့်လွှတ် နားလည်ပေးကြည့်ပါ
{ ၂ }ကိုယ်ချင်းစာစိတ်နဲ့ကြည့်ပါ
{ ၃ }အကောင်းမြင်စိတ်လေးနဲ့ အကောင်းမြင်ပေးပါ ……
အရင်ငြိမ်းချမ်းသွားမှာက သင်ပါ
လူတစ်ယောက်ရဲ့ ” အမှား ”ကို မေ့ပစ်ခြင်းဟာ လည်း
အကောင်းဆုံး ”ဂလဲ့စား” ချေခြင်းတစ်မျိုးပါပဲ ……

” ကံဆိုးမ သွားရာ မိုးလိုက်လို ့ရွာ ” တဲ့
မိုးလည်း ( ၁၂ ) ရာသီ လုံးလိုက်မရွာ နိုင်ပါဘူး …
( သူလည်းအားချင်မှအားမှာလေ ) 🙂
” မုန်တိုင်း ” ပြီးရင်တော့ ” လေပြေ ” ရောက်လာစမြဲပါ ……
” အကောင်းဆုံး ”တွေ လာဖို ့ အဆိုးတွေ အရင် လာလည်တာပါ ……
” နေရိပ် ” ကို လိုချင်လို ့နေပူထဲ ရပ်စောင့်နေရပါလားလို ့အကောင်းမြင်စိတ်လေးနဲ့တွေးကြည့်ပါ
ငါ ” ပေ ” ဖြစ်နေလို ့ခံနေရတာ ” တူ ”ဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ စိတ်ဓါတ် မွေးကြည့်ပါ ..……
လူဘဝ ဆိုတာ တစ်ကယ်တော့ ” ခနတာ ” လေးပါ အဲ့ထဲမှာ

သင်က ……
ထမင်းစားဖို ့အသက်ရှင်နေတာလား ……?
အသက်ရှင်ဖို ့ ထမင်းစားနေတာလား …… ?
ဆိုတာ အရင်တွေးပါ .……
”ကာဗွန် ” ခြင်း တူရင်တောင် မီးသွေး အဖြစ်မခံပါနဲ့ ……
တန်ဖိုးရှိတဲ့ ” စိန် ” ပဲ ဖြစ်အောင်ပဲကြိုးစားပါ ……

သင်အလုပ်တွေ လုပ်နေရင်းနဲ့ ပညာတွေဆက်ရှာပါ / အမြဲမပြတ် လေ့လာပါ / သင်ယူပါ /
ပြီးတော့ လူသားတွေ ကို အကျိုးပြု နိုင်တဲ့ ” ပရဟိတ ” တွေများများလုပ်ပါ
များများလှူပါ / ကူညီပါ / ဖေးမပါ / စိတ်ကောင်းထားပါ / “ရိုးသားစွာ” ကြိုးစားပါ

ကဲ .… ဒါဆို သင် ဘဝတစ်ခုလုံးအတွက် “တန်ဖိုး” ရှိစွာနေထိုင်နိုင်တဲ့ ” လူ ” တစ်ယောက်ဖြစ်သွားနိုင်ပါပြီ
Credit :ဘဝခွန်အား

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...