ကမၻာကို စုိးရိမ္မွူေပးလိုက္တဲ့ ပန္းခ်ီကား..

တအားေပၚျပဳလာျဖစ္ေနတ့ဲ
ကမၻာကို စုိးရိမ္မွူေပးလိုက္တယ္ဆိုတ့ဲ
ေဘဂ်င္း ၂၀၀၈ ဆိုတ့ဲ ပန္းခ်ီကားမို႔
က်မ ၃ ၄ ရက္ ႀကည့္ယူရတယ္…

တရုတ္-ကေနဒါ ကျပားျဖစ္တဲ့ ပန္းခ်ီဆရာ
လီရိ ေရးဆြဲထားတဲ့ ေဘဂ်င္း ၂၀၀၈ ဆိုတဲ့ ပန္းခ်ီကားဟာ အေတြးေပါင္းမ်ားစြာကို လွဴပ္ႏွဳိးေပးႏိုင္စြမ္းပါတယ္။

ပံုထဲမွာ ေက်ာကိုေဆးမင္ေၾကာင္ခ်ယ္ထားတဲ့ အမ်ဳိးသမီးေလးဟာ တရုတ္ျပည္ကို
ကိုယ္စားျပဳျပီး ဘယ္ဘက္က ကစား၀ိုင္းကို အာရုံစူးစိုက္ေနသူေလးကေတာ့ ဂ်ပန္ပါတဲ့။

ည၀တ္အက်ီၤနဲ႔ ေခါင္းကို ေနာက္လွန္ထား သူကေတာ့ အေမရိကန္မယ္ေလးျဖစ္ျပီး ၾကမ္းေပၚမွာလဲေလ်ာင္းေနတာကေတာ့ ရုရွားမိန္းကေလးျဖစ္ပါတယ္။

ေဘးနားမွာရပ္ၾကည့္ေနတဲ့ကေလးမေလး
ကေတာ့ ထိုင္၀မ္သူေလးပါ။

ေဘဂ်င္း ၂၀၀၈ ပန္းခ်ီကားဟာ အေနာက္တိုင္းနဲ႔ အင္တာနက္ေပၚမွာ အၾကိတ္အနယ္ေဆြးေႏြး
ရတဲ့ အေၾကာင္းအရာတစ္ခု ျဖစ္ခဲ့ပါတယ္။

မိန္းမ ၄ ေယာက္ မာေဂ်ာင္ကစားေနတဲ့
ပံုဟာ လ်ဳိ႔၀ွက္အဓိပၸါယ္မ်ဳိးစံုနဲ႔ ျပည့္ႏွက္ေနတဲ့
အျပင္ နာမည္ကိုက ေဘဂ်င္း ၂၀၀၈ ပါတဲ့။

တရုတ္ရဲ့ ေခါင္းစဥ္ကိုက အေရွ႔ေလ လို႔ ႏွစ္ခြအဓိပၸါယ္ရေနပါတယ္။

တစ္ခုက တရုတ္ျပည္ရဲ့ကမၻာ့အင္အား
ျပိဳင္ဘက္အဆင့္ကို ေဖာ္ျပျပီး
ေနာက္တစ္ခုကေတာ့ တရုတ္ရဲ့ စစ္အင္အားနဲ႔ လက္နက္အင္အားတို႔ဟာ စားပြဲေပၚမွာ အဆင္သင့္ေရာက္ေနျပီလို႔ ျပသထားပါတယ္။

တစ္ဖက္မွာေတာ့ တရုတ္ဟာ ေနရာေကာင္း
ရထား သလိုလိုရွိေနေပမဲ့လည္း မိန္းကေလးရဲ့ တစ္ျခားလက္တစ္ဖက္ကို ျမင္ခြင့္မရပါဘူး။

ဒါ့အျပင္ မိန္းကေလးဟာ ေနာက္လက္တစ္ဖက္
ကလည္း စားပြဲေအာက္မွာ၀ွက္ကစား
ေနပါေသးတယ္။

အေမရိကန္သူေလးကေတာ့ သိပ္ကို ယံုၾကည္မွဳရွိတဲ့ပံုစံေလးနဲ႔ပါ။ ထိုင္၀မ္သူေလး
ကို လွမ္းၾကည့္အကဲခတ္ေနျပီး မ်က္ႏွာရိပ္ မ်က္ႏွာကဲ ျပေနပံုေပၚပါတယ္။

ရုရွားမယ္ကေတာ့ ကစားပြဲကို စိတ္မ၀င္စား ခ်င္ေယာင္ေဆာင္ေနေပမယ့္ တကယ္တမ္းမွာ ေျခတစ္ဖက္က အေမရိကန္ကို ခ်ိတ္လို႔ လက္တစ္ဖက္ကေတာ့ တရုတ္ကို ကမ္းလွ်က္ရွိေနပါတယ္။
ႏိုင္ငံႏွစ္ခုလံုးနဲ႔ တိတ္တဆိတ္ အက်ဳိးစီးပြား ဖလွယ္ေလ့ရွိတဲ့သေဘာပါ။

ဂ်ပန္ကေတာ့ အင္တိုက္အားတိုက္ကို သူ႔အက်ဳိးစီးပြားေတြကို အာရုံျပဳေနျပီး တျခားသူေတြကို ဂရုမျပဳပါဘူး။

ထိုင္၀မ္သူေလးက ရုိးရာအက်ၤီနီေလးကို ၀တ္ဆင္ထားျပီး သူဟာ တရုတ္ရဲ့ ယဥ္ေက်းမွဳ အေမြဆက္ခံသူျဖစ္ေၾကာင္း ျပသေနပါတယ္။ သူ႔လက္ထဲမွာ သစ္သီးပန္းကန္ကိုကိုင္လို႔ လက္တဖက္မွာေတာ့ ဓါးတစ္ေခ်ာင္းနဲ႔ပါ။

သူဟာ တရုတ္ကို ေၾကကြဲနာက်င္တဲ့ အမုန္းေတြ
နဲ႔ စိုက္ၾကည့္ေနျပီး ကစားပြဲမွာ ဘယ္သူပဲ
ႏိုင္ႏိုင္ သစ္သီးေတြကို ေကြ်းဖို႔ေစာင့္ေနရပါတယ္။

အျပင္ဘက္မွာေတာ့ ျမစ္ေရျပင္ဟာ
ေလထန္ေနျပီး မုန္တိုင္းက်ေတာ့မဲ့
အေျခအေနမ်ဳိးမို႔ ဒါဟာ တိုင္းျပည္ႏွစ္ခုၾကားက တင္းမာေပါက္ကြဲလုလုအေနအထားကို ျပဆိုပါတယ္။ နံရံမွာ ခ်ိတ္ဆြဲထားတဲ့ ပန္းခ်ီကားကလဲ သိပ္ကို အဓိပၸါယ္ရွိတာပါ။

မာအိုရဲ့ မ်က္ႏွာ၊ ခ်န္ေကရွိတ္ရဲ့ နဖူးေျပာင္နဲ႔ ဆြန္ယက္ဆင္ရဲ့ မုတ္ဆိတ္တို႔ကို ေပါင္းစပ္ ေရးဆြဲထားပါတယ္။

မိန္းကေလး ၄ ေယာက္ရဲ့ အ၀တ္အစား အေနအထားဟာ တိုင္းျပည္တစ္ခုစီရဲ့
စီးပြားေရးကို ျပဆိုပါတယ္။ တရုတ္ဟာ အေပၚပိုင္းဗလာေပမယ့္ ေအာက္ပိုင္းမွာေတာ့ စကတ္နဲ႔ အတြင္းခံကို ၀တ္ဆင္ထားပါတယ္။

အေမရိကန္ကေတာ့ ဘရာစီယာနဲ႔
အေပၚရုံအက်ီၤကို ၀တ္ထားေပမဲ့လည္း ေအာက္ပိုင္းဗလာျဖစ္ေနျပန္ပါတယ္။
ရုရွားကေတာ့ အတြင္းခံေဘာင္းဘီေလးသာ
က်န္ျပီး ဂ်ပန္ကေတာ့ လံုးတီးနဲ႔ပါ။

ရုတ္တရက္ၾကည့္လိုက္ရင္ အေမရိကန္က အေျခအေနအေကာင္းဆံုးလို႔ထင္ရျပီး ေတာက္ေျပာင္ေနေပမယ့္ အထိအရွမခံႏိုင္ဆံုး အပိုင္းဟာ ရွင္းရွင္းၾကီးေပၚေနပါျပီ။

တရုတ္နဲ႔ ရုရွားဟာ အ၀တ္မပါဘူးဆိုေပမဲ့
လည္း လံုရမယ့္အပိုင္းေတြကို လံုေအာင္ဖံုးထားႏိုင္စြမ္းရွိေနပါေသးတယ္။

တကယ္လို႔မ်ား ဒီကစားပြဲအျပီးမွာ
က်န္သမွ်ကိုသာ ခြ်တ္ၾကရေၾကးဆိုရင္ တရုတ္ရွဴံးခဲ့ရင္ ရုရွားနဲ႔တူပါေတာ့မယ္။
( ဒါဟာ ရုရွားျပိဳကြဲျခင္းကို ညႊန္းပါတယ္။ )
အေမရိကန္ ရွဴံးခဲ့ရင္လဲ ရုရွားနဲ႔ပဲ တူျပန္မွာပါပဲ။ တကယ္လို႔ ရုရွားရွဴံးရင္ေတာ့ အားလံုးရွဴံးျပီး ဂ်ပန္ကေတာ့ နဂိုကထဲက ဘာမွမက်န္ေတာ့တာပါ။

ရုရွားဟာ အိမ္ျဖည့္ရုံ၀င္ကစား
ေနတယ္ထင္ရေပမယ့္ တကယ္ေတာ့ တရုတ္နဲ႔
ေပါင္းျပီး လိမ္ကစားေနပါတယ္။ တကယ္အိမ္ျဖည့္ေနရသူကေတာ့ ဂ်ပန္ပါ။ ဒီတစ္ခါရွဴံးရင္ေတာ့ ဂ်ပန္ဟာ ကစား၀ိုင္းကထြက္ရပါေတာ့မယ္။

အေမရိကန္ဟာ အေကာင္းဆံုး ျဖစ္ေန တယ္ဆိုေပမယ့္ အႏၱရာယ္ေတြ၀ိုင္းလို႔ပါ။ ဒီတစ္ခ်ီရွဴံးရင္ ကမၻာ့အင္အားၾကီးအေန
အထားကို စြန္႔လႊတ္ရပါမယ္။ ရုရွားကေတာ့ ႏွစ္ဖက္ကစားေနျပီး တရုတ္လြတ္လပ္ခါစ အေနအထားမ်ဳိးျဖစ္ေနပါတယ္။

အဲဒီတုန္းက တရုတ္ဟာ ရွင္သန္ရပ္တည္
ေရးအတြက္ ရုရွားကိုမွီခိုျပီးေနာက္
အေမရိကန္ကို မီွခိုခဲ့ရပါတယ္။

တရုတ္ရဲ့ မာေဂ်ာင္အတံုးကေလး
ေတာ္ေတာ္မ်ားမ်ားကို ျမင္ခြင့္မရတာဟာ
တရုတ္မွာ လ်ဳိ႔၀ွက္ဖံုးကြယ္ထားတဲ့ ရည္မွန္းခ်က္အေတာ္မ်ားမ်ားရွိလိမ့္မယ္လုိ႔ ျပဆိုပါတယ္။ ဒါ့အျပင္ တရုတ္ဟာ ရုရွားနဲ႔ တိတ္တိတ္ဖလွယ္ေနျပီး အေမရိကန္ကေတာ့ ထိုင္၀မ္သူေလးရဲ့ ပံုစံကေနသာ မွန္းဆ
ေနရပါတယ္။ ဂ်ပန္ကေတာ့ သူ႔ကိုယ္သူက
လြဲလို႔ ဘယ္အရာမွ စိတ္မ၀င္စားပါ။

ထိုင္၀မ္ကေလးမကေတာ့ ကစားပြဲကို ေအးစက္စက္နဲ႔ၾကည့္ေနပါတယ္။
ကစားသမား ၄ ေယာက္လံုး ဘာလုပ္
ေနသလဲလို႔ ေကာင္းေကာင္းျမင္ႏိုင္ျပီး ဘာေတြဆက္ျဖစ္မလဲလို႔ နားလည္ထားပါတယ္။

ဒါေပမဲ့လည္း ကစားပြဲကို ၀င္ခြင့္လံုး၀မရွိတဲ့
အျပင္ စကားေတာင္ေျပာခြင့္မရပါဘူး။
သူ႔မွာ ေျပာစရာ၊ အျပစ္တင္စရာအေတာ္မ်ားမ်ား
ရွိတာေတာင္မွ ဘယ္သူ႔ကိုမွ ေျပာခြင့္မရပါဘူး။ သူလုပ္ႏိုင္သမွ်ကေတာ့ လိမၼာတဲ့မိန္းကေလးလို ေနျပျပီး ေအာင္ႏို္င္သူကို သစ္သီးဆက္ဖို႔ပါပဲ။

ေနာက္ဆံုးဘယ္သူႏိုင္မလဲဆိုတာ တရုတ္နဲ႔ အေမရိကန္ၾကားမွာပဲ ရွိေနတာထင္ရွားလွပါတယ္။ အနီးကပ္ထပ္ၾကည့္ရင္ေတာ့ အေမရိကန္က ကစားအားရွိေနေသးေပမဲ့ ကစားေနတာက တရုတ္မာေဂ်ာင္ပါ။ အေနာက္တိုင္းပိုကာ ကစားနည္းမဟုတ္ပါဘူး။ တရုတ္ရဲ့ ကစားပြဲ
စည္းမ်ဥ္းေတြနဲ႔ ကစားေနျပီးတဲ့ေနာက္ အေမရိကန္ႏိုင္ဖို႔ အခြင့္အလမ္း ဘယ္ေလာက္မ်ားရွိႏိုင္ပါ့မလဲ။

ျမန္မာျပည္သား

#ckk

(ပန္းခ်ီကားတစ္ကားရဲ့လ်ိဴ ့၀ွက္ခ်က္နဲ့ အနုပညာဆိုတာဘာလဲ ဘယ္လိုခံစားရလဲ ဘာကိုရည္ညြွန္းတာလဲဆိုတာ ဗဟုသုတအေနနဲ့ ဖတ္ေစခ်င္လို့ရွယ္လိုက္ပါတယ္။)
=====
 တအားပေါ်ပြုလာဖြစ်နေတဲ့
ကမ္ဘာကို စိုးရိမ်မှူပေးလိုက်တယ်ဆိုတဲ့
ဘေဂျင်း ၂၀၀၈ ဆိုတဲ့ ပန်းချီကားမို့
ကျမ ၃ ၄ ရက် ကြည့်ယူရတယ်…

တရုတ်-ကနေဒါ ကပြားဖြစ်တဲ့ ပန်းချီဆရာ
လီရိ ရေးဆွဲထားတဲ့ ဘေဂျင်း ၂၀၀၈ ဆိုတဲ့ ပန်းချီကားဟာ အတွေးပေါင်းများစွာကို လှူပ်နှိုးပေးနိုင်စွမ်းပါတယ်။

ပုံထဲမှာ ကျောကိုဆေးမင်ကြောင်ချယ်ထားတဲ့ အမျိုးသမီးလေးဟာ တရုတ်ပြည်ကို
ကိုယ်စားပြုပြီး ဘယ်ဘက်က ကစားဝိုင်းကို အာရုံစူးစိုက်နေသူလေးကတော့ ဂျပန်ပါတဲ့။

ညဝတ်အကျီင်္နဲ့ ခေါင်းကို နောက်လှန်ထား သူကတော့ အမေရိကန်မယ်လေးဖြစ်ပြီး ကြမ်းပေါ်မှာလဲလျောင်းနေတာကတော့ ရုရှားမိန်းကလေးဖြစ်ပါတယ်။

ဘေးနားမှာရပ်ကြည့်နေတဲ့ကလေးမလေး
ကတော့ ထိုင်ဝမ်သူလေးပါ။

ဘေဂျင်း ၂၀၀၈ ပန်းချီကားဟာ အနောက်တိုင်းနဲ့ အင်တာနက်ပေါ်မှာ အကြိတ်အနယ်ဆွေးနွေး
ရတဲ့ အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။

မိန်းမ ၄ ယောက် မာဂျောင်ကစားနေတဲ့
ပုံဟာ လျို့ဝှက်အဓိပ္ပါယ်မျိုးစုံနဲ့ ပြည့်နှက်နေတဲ့
အပြင် နာမည်ကိုက ဘေဂျင်း ၂၀၀၈ ပါတဲ့။

တရုတ်ရဲ့ ခေါင်းစဉ်ကိုက အရှေ့လေ လို့ နှစ်ခွအဓိပ္ပါယ်ရနေပါတယ်။

တစ်ခုက တရုတ်ပြည်ရဲ့ကမ္ဘာ့အင်အား
ပြိုင်ဘက်အဆင့်ကို ဖော်ပြပြီး
နောက်တစ်ခုကတော့ တရုတ်ရဲ့ စစ်အင်အားနဲ့ လက်နက်အင်အားတို့ဟာ စားပွဲပေါ်မှာ အဆင်သင့်ရောက်နေပြီလို့ ပြသထားပါတယ်။

တစ်ဖက်မှာတော့ တရုတ်ဟာ နေရာကောင်း
ရထား သလိုလိုရှိနေပေမဲ့လည်း မိန်းကလေးရဲ့ တစ်ခြားလက်တစ်ဖက်ကို မြင်ခွင့်မရပါဘူး။

ဒါ့အပြင် မိန်းကလေးဟာ နောက်လက်တစ်ဖက်
ကလည်း စားပွဲအောက်မှာဝှက်ကစား
နေပါသေးတယ်။

အမေရိကန်သူလေးကတော့ သိပ်ကို ယုံကြည်မှုရှိတဲ့ပုံစံလေးနဲ့ပါ။ ထိုင်ဝမ်သူလေး
ကို လှမ်းကြည့်အကဲခတ်နေပြီး မျက်နှာရိပ် မျက်နှာကဲ ပြနေပုံပေါ်ပါတယ်။

ရုရှားမယ်ကတော့ ကစားပွဲကို စိတ်မဝင်စား ချင်ယောင်ဆောင်နေပေမယ့် တကယ်တမ်းမှာ ခြေတစ်ဖက်က အမေရိကန်ကို ချိတ်လို့ လက်တစ်ဖက်ကတော့ တရုတ်ကို ကမ်းလျှက်ရှိနေပါတယ်။
နိုင်ငံနှစ်ခုလုံးနဲ့ တိတ်တဆိတ် အကျိုးစီးပွား ဖလှယ်လေ့ရှိတဲ့သဘောပါ။

ဂျပန်ကတော့ အင်တိုက်အားတိုက်ကို သူ့အကျိုးစီးပွားတွေကို အာရုံပြုနေပြီး တခြားသူတွေကို ဂရုမပြုပါဘူး။

ထိုင်ဝမ်သူလေးက ရိုးရာအကျင်္ီနီလေးကို ဝတ်ဆင်ထားပြီး သူဟာ တရုတ်ရဲ့ ယဉ်ကျေးမှု အမွေဆက်ခံသူဖြစ်ကြောင်း ပြသနေပါတယ်။ သူ့လက်ထဲမှာ သစ်သီးပန်းကန်ကိုကိုင်လို့ လက်တဖက်မှာတော့ ဓါးတစ်ချောင်းနဲ့ပါ။

သူဟာ တရုတ်ကို ကြေကွဲနာကျင်တဲ့ အမုန်းတွေ
နဲ့ စိုက်ကြည့်နေပြီး ကစားပွဲမှာ ဘယ်သူပဲ
နိုင်နိုင် သစ်သီးတွေကို ကျွေးဖို့စောင့်နေရပါတယ်။

အပြင်ဘက်မှာတော့ မြစ်ရေပြင်ဟာ
လေထန်နေပြီး မုန်တိုင်းကျတော့မဲ့
အခြေအနေမျိုးမို့ ဒါဟာ တိုင်းပြည်နှစ်ခုကြားက တင်းမာပေါက်ကွဲလုလုအနေအထားကို ပြဆိုပါတယ်။ နံရံမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားကလဲ သိပ်ကို အဓိပ္ပါယ်ရှိတာပါ။

မာအိုရဲ့ မျက်နှာ၊ ချန်ကေရှိတ်ရဲ့ နဖူးပြောင်နဲ့ ဆွန်ယက်ဆင်ရဲ့ မုတ်ဆိတ်တို့ကို ပေါင်းစပ် ရေးဆွဲထားပါတယ်။

မိန်းကလေး ၄ ယောက်ရဲ့ အဝတ်အစား အနေအထားဟာ တိုင်းပြည်တစ်ခုစီရဲ့
စီးပွားရေးကို ပြဆိုပါတယ်။ တရုတ်ဟာ အပေါ်ပိုင်းဗလာပေမယ့် အောက်ပိုင်းမှာတော့ စကတ်နဲ့ အတွင်းခံကို ဝတ်ဆင်ထားပါတယ်။

အမေရိကန်ကတော့ ဘရာစီယာနဲ့
အပေါ်ရုံအကျီင်္ကို ဝတ်ထားပေမဲ့လည်း အောက်ပိုင်းဗလာဖြစ်နေပြန်ပါတယ်။
ရုရှားကတော့ အတွင်းခံဘောင်းဘီလေးသာ
ကျန်ပြီး ဂျပန်ကတော့ လုံးတီးနဲ့ပါ။

ရုတ်တရက်ကြည့်လိုက်ရင် အမေရိကန်က အခြေအနေအကောင်းဆုံးလို့ထင်ရပြီး တောက်ပြောင်နေပေမယ့် အထိအရှမခံနိုင်ဆုံး အပိုင်းဟာ ရှင်းရှင်းကြီးပေါ်နေပါပြီ။

တရုတ်နဲ့ ရုရှားဟာ အဝတ်မပါဘူးဆိုပေမဲ့
လည်း လုံရမယ့်အပိုင်းတွေကို လုံအောင်ဖုံးထားနိုင်စွမ်းရှိနေပါသေးတယ်။

တကယ်လို့များ ဒီကစားပွဲအပြီးမှာ
ကျန်သမျှကိုသာ ချွတ်ကြရကြေးဆိုရင် တရုတ်ရှူံးခဲ့ရင် ရုရှားနဲ့တူပါတော့မယ်။
( ဒါဟာ ရုရှားပြိုကွဲခြင်းကို ညွှန်းပါတယ်။ )
အမေရိကန် ရှူံးခဲ့ရင်လဲ ရုရှားနဲ့ပဲ တူပြန်မှာပါပဲ။ တကယ်လို့ ရုရှားရှူံးရင်တော့ အားလုံးရှူံးပြီး ဂျပန်ကတော့ နဂိုကထဲက ဘာမှမကျန်တော့တာပါ။

ရုရှားဟာ အိမ်ဖြည့်ရုံဝင်ကစား
နေတယ်ထင်ရပေမယ့် တကယ်တော့ တရုတ်နဲ့
ပေါင်းပြီး လိမ်ကစားနေပါတယ်။ တကယ်အိမ်ဖြည့်နေရသူကတော့ ဂျပန်ပါ။ ဒီတစ်ခါရှူံးရင်တော့ ဂျပန်ဟာ ကစားဝိုင်းကထွက်ရပါတော့မယ်။

အမေရိကန်ဟာ အကောင်းဆုံး ဖြစ်နေ တယ်ဆိုပေမယ့် အန္တရာယ်တွေဝိုင်းလို့ပါ။ ဒီတစ်ချီရှူံးရင် ကမ္ဘာ့အင်အားကြီးအနေ
အထားကို စွန့်လွှတ်ရပါမယ်။ ရုရှားကတော့ နှစ်ဖက်ကစားနေပြီး တရုတ်လွတ်လပ်ခါစ အနေအထားမျိုးဖြစ်နေပါတယ်။

အဲဒီတုန်းက တရုတ်ဟာ ရှင်သန်ရပ်တည်
ရေးအတွက် ရုရှားကိုမှီခိုပြီးနောက်
အမေရိကန်ကို မှီခိုခဲ့ရပါတယ်။

တရုတ်ရဲ့ မာဂျောင်အတုံးကလေး
တော်တော်များများကို မြင်ခွင့်မရတာဟာ
တရုတ်မှာ လျို့ဝှက်ဖုံးကွယ်ထားတဲ့ ရည်မှန်းချက်အတော်များများရှိလိမ့်မယ်လို့ ပြဆိုပါတယ်။ ဒါ့အပြင် တရုတ်ဟာ ရုရှားနဲ့ တိတ်တိတ်ဖလှယ်နေပြီး အမေရိကန်ကတော့ ထိုင်ဝမ်သူလေးရဲ့ ပုံစံကနေသာ မှန်းဆ
နေရပါတယ်။ ဂျပန်ကတော့ သူ့ကိုယ်သူက
လွဲလို့ ဘယ်အရာမှ စိတ်မဝင်စားပါ။

ထိုင်ဝမ်ကလေးမကတော့ ကစားပွဲကို အေးစက်စက်နဲ့ကြည့်နေပါတယ်။
ကစားသမား ၄ ယောက်လုံး ဘာလုပ်
နေသလဲလို့ ကောင်းကောင်းမြင်နိုင်ပြီး ဘာတွေဆက်ဖြစ်မလဲလို့ နားလည်ထားပါတယ်။

ဒါပေမဲ့လည်း ကစားပွဲကို ဝင်ခွင့်လုံးဝမရှိတဲ့
အပြင် စကားတောင်ပြောခွင့်မရပါဘူး။
သူ့မှာ ပြောစရာ၊ အပြစ်တင်စရာအတော်များများ
ရှိတာတောင်မှ ဘယ်သူ့ကိုမှ ပြောခွင့်မရပါဘူး။ သူလုပ်နိုင်သမျှကတော့ လိမ္မာတဲ့မိန်းကလေးလို နေပြပြီး အောင်နို်င်သူကို သစ်သီးဆက်ဖို့ပါပဲ။

နောက်ဆုံးဘယ်သူနိုင်မလဲဆိုတာ တရုတ်နဲ့ အမေရိကန်ကြားမှာပဲ ရှိနေတာထင်ရှားလှပါတယ်။ အနီးကပ်ထပ်ကြည့်ရင်တော့ အမေရိကန်က ကစားအားရှိနေသေးပေမဲ့ ကစားနေတာက တရုတ်မာဂျောင်ပါ။ အနောက်တိုင်းပိုကာ ကစားနည်းမဟုတ်ပါဘူး။ တရုတ်ရဲ့ ကစားပွဲ
စည်းမျဉ်းတွေနဲ့ ကစားနေပြီးတဲ့နောက် အမေရိကန်နိုင်ဖို့ အခွင့်အလမ်း ဘယ်လောက်များရှိနိုင်ပါ့မလဲ။

မြန်မာပြည်သား

#ckk

(ပန်းချီကားတစ်ကားရဲ့လျိူ ့ဝှက်ချက်နဲ့ အနုပညာဆိုတာဘာလဲ ဘယ်လိုခံစားရလဲ ဘာကိုရည်ညွှန်းတာလဲဆိုတာ ဗဟုသုတအနေနဲ့ ဖတ်စေချင်လို့ရှယ်လိုက်ပါတယ်။)ါ

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...