တရားနာေနသူေတြကုိ ၀င္ပူးခဲ႔တဲ႔ သေရာင္းေခ်ာင္းသုႆ န္ မွ အကြ်တ္အလြတ္တရားပြဲ

ဧရာ၀တီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕ရွိ သေရာင္းေခ်ာင္း မီးသၿဂိဳလ္စက္သုႆန္တြင္ ပထမဆံုးအႀကိမ္အျဖစ္ အကြ်တ္အလြတ္တရားပြဲမ်ားကို မတ္လ ၁၉ ရက္ေန႔မွ မတ္လ ၂၁ ရက္ေန႔အထိ က်င္းပခဲ့ေၾကာင္း ပုသိမ္ၿမိဳ႕ခံမ်ားထံမွ သိရွိရသည္။ညစဥ္ ၇ နာရီမွ စတင္ကာ ၉ နာရီအထိ က်င္းပေသာ တရားပြဲမ်ားတြင္ ဆရာေတာ္ ၃ ပါးမွ တရားေတာ္မ်ား ေဟာၾကားခဲ့ၿပီး မကြ်တ္မလြတ္သူမ်ားအတြက္ အုတ္ဂူမ်ားေရွ႕တြင္ တရားနာရန္မီးမ်ားထြန္းကာ ေနရာထိုင္ခင္း သီးသန္႔ေပးျခင္း၊ အေအးခြက္မ်ားခ်ထားေပးျခင္း၊ အမွ်အတန္းေ၀ျခင္းမ်ားျပဳလုပ္ေပးခဲ့ေၾကာင္း သိရသည္။အဆိုပါ အကြ်တ္အလြတ္ တရားပြဲမ်ားကို ပုသိမ္ၿမိဳ႕ခံ တရားနာပရိသတ္ ေန႔စဥ္ ၁ ေထာင္ေက်ာ္လာေရာက္ တရားနာယူခဲ့ေၾကာင္း တရားပြဲစီစဥ္ခဲ့သည့္ ျမတ္ေစတနာလူမႈကူညီေရးအသင္းမွ သိရသည္။ “မကြ်တ္လြတ္တဲ့သူေတြရွိရင္လည္း သူတို႔ပါတရားနာႏုိင္ေအာင္ လုပ္ေပးခဲ့တာေပါ့။ ပုသိမ္မွာဒါကေတာ့ ပထမဆံုးအႀကိမ္ေပါ့။ ပုသိမ္ၿမိဳ႕သူၿမိဳ႕သားအားလံုး ကုသိုလ္ရေအာင္လို႔ တစ္ၿမိဳ႕လံုးသြားေနတဲ့ သုႆန္ ျဖစ္ေတာ့ တစ္ၿမိဳ႕လံုးက မကြ်တ္လြတ္တဲ့သူေတြအတြက္ကို ရည္စူးၿပီးလုပ္ေပးတာပါ။”ဟု ျမတ္ေစတနာ လူမႈကူညီေရး အသင္း အတြင္းေရးမွဴး ဦးသိန္းဟန္က ေျပာသည္။ တရားပြဲကို မေနာျဖဴလူမႈကူညီေရးအသင္းမွ ဆရာေတာ္ဦးစႏၵာသီရိ၊ ဦးနႏၵာ၀ံသတို႔၏ ၾသ၀ါဒကို ခံယူကာ ျမတ္ေစတနာလူမႈ ကူညီေရးအသင္းမွ ဦးေဆာင္က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သုႆန္အထူးတရားပြဲ၏ ပထမညတြင္ ဆရာေတာ္ ဥဴးနႏၵဝံသမွ ဘဝနိဂံုးအျပံဳးပန္းေဝ အမည္ရွိ တရားေတာ္အား ခ်ီးျမင့္ေတာ္မူခဲ့ၿပီး ဒုတိယညတြင္ ေဒါက္တာအရွင္စိႏၲာမယ (ေရႊဥကၠလာဆရာေတာ္) မွ "ဘဝနိဂံုး ဘယ္လိုအဆံုးသတ္မလဲ" အမည္ရွိတရားေတာ္အား ခ်ီးျမင့္ေတာ္မူခဲ့ကာ တတိယညတြင္ အရွင္ေကာသလႅ (ဘီလူးကြ်န္းဆရာေတာ္)မွ "ငါလိုခ်င္ တာဘာလဲ" အမည္ရွိ တရားေတာ္အား ခ်ီးျမင့္ေတာ္ မူခဲ့ေၾကာင္း တရားပြဲသြားေရာက္ခဲ့သည့္ ပုသိမ္ၿမိဳ႕ခံမ်ားထံမွ သိရသည္။“သုႆန္မွာ မကြ်တ္မလြတ္ေသးတဲ့သူ ကြ်တ္တန္း၀င္ေအာင္ဆိုၿပီးလုပ္တာ၊ တခ်ိဳ႕ရက္ေတြမွာေတာ့ ေနာက္ပိုင္းက တရား နာေနတဲ့သူတစ္ခ်ိဳ႕ကို ၀င္ပူးတယ္ၾကားတယ္။ အမွ်ေ၀တဲ့အခ်ိန္က်ျပန္ထြက္သြားတယ္လို႔ သိရတယ္။ တရားနာပရိသတ္ အမ်ားစုကေတာ့ သုႆန္အနီးအနားရပ္ကြက္ေတြနဲ႔ ပုသိမ္ၿမိဳ႕တြင္း ရပ္ကြက္ေတြက သူေတြမ်ားပါတယ္။”ဟု တရားပြဲ သြားေရာက္ခဲ့သည့္ ပုသိမ္ၿမိဳ႕၊ င၀န္ကြ်န္းသာ ရပ္ကြက္တြင္ ေနထိုင္သူ ေဒၚေဌးေဌးေအာင္က ေျပာသည္။ အကြ်တ္အလြတ္တရားပြဲမ်ား က်င္းပခဲ့သည့္ သေရာင္းေခ်ာင္း မီးသၿဂၤိဳလ္စက္သုႆန္သည္ ပုသိမ္ၿမိဳ႕ရွိ တစ္ခုတည္းေသာ မီးသၿဂိဳလ္စက္ျဖစ္ၿပီး ၿမိဳ႕တြင္းေသဆံုးသူမ်ား အားလံုးလာေရာက္ မီးသၿဂိၤဳလ္သည့္ သုႆန္တစ္ခုလည္းျဖစ္သည္။

ရတနာပုံ သတင္းစာ
===========
Unicode
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ သရောင်းချောင်း မီးသဂြိုလ်စက်သုဿန်တွင် ပထမဆုံးအကြိမ်အဖြစ် အကျွတ်အလွတ်တရားပွဲများကို မတ်လ ၁၉ ရက်နေ့မှ မတ်လ ၂၁ ရက်နေ့အထိ ကျင်းပခဲ့ကြောင်း ပုသိမ်မြို့ခံများထံမှ သိရှိရသည်။ညစဉ် ၇ နာရီမှ စတင်ကာ ၉ နာရီအထိ ကျင်းပသော တရားပွဲများတွင် ဆရာတော် ၃ ပါးမှ တရားတော်များ ဟောကြားခဲ့ပြီး မကျွတ်မလွတ်သူများအတွက် အုတ်ဂူများရှေ့တွင် တရားနာရန်မီးများထွန်းကာ နေရာထိုင်ခင်း သီးသန့်ပေးခြင်း၊ အအေးခွက်များချထားပေးခြင်း၊ အမျှအတန်းဝေခြင်းများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။အဆိုပါ အကျွတ်အလွတ် တရားပွဲများကို ပုသိမ်မြို့ခံ တရားနာပရိသတ် နေ့စဉ် ၁ ထောင်ကျော်လာရောက် တရားနာယူခဲ့ကြောင်း တရားပွဲစီစဉ်ခဲ့သည့် မြတ်စေတနာလူမှုကူညီရေးအသင်းမှ သိရသည်။ “မကျွတ်လွတ်တဲ့သူတွေရှိရင်လည်း သူတို့ပါတရားနာနိုင်အောင် လုပ်ပေးခဲ့တာပေါ့။ ပုသိမ်မှာဒါကတော့ ပထမဆုံးအကြိမ်ပေါ့။ ပုသိမ်မြို့သူမြို့သားအားလုံး ကုသိုလ်ရအောင်လို့ တစ်မြို့လုံးသွားနေတဲ့ သုဿန် ဖြစ်တော့ တစ်မြို့လုံးက မကျွတ်လွတ်တဲ့သူတွေအတွက်ကို ရည်စူးပြီးလုပ်ပေးတာပါ။”ဟု မြတ်စေတနာ လူမှုကူညီရေး အသင်း အတွင်းရေးမှူး ဦးသိန်းဟန်က ပြောသည်။ တရားပွဲကို မနောဖြူလူမှုကူညီရေးအသင်းမှ ဆရာတော်ဦးစန္ဒာသီရိ၊ ဦးနန္ဒာဝံသတို့၏ သြဝါဒကို ခံယူကာ မြတ်စေတနာလူမှု ကူညီရေးအသင်းမှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။သုဿန်အထူးတရားပွဲ၏ ပထမညတွင် ဆရာတော် ဥူးနန္ဒဝံသမှ ဘဝနိဂုံးအပြုံးပန်းဝေ အမည်ရှိ တရားတော်အား ချီးမြင့်တော်မူခဲ့ပြီး ဒုတိယညတွင် ဒေါက်တာအရှင်စိန္တာမယ (ရွှေဥက္ကလာဆရာတော်) မှ "ဘဝနိဂုံး ဘယ်လိုအဆုံးသတ်မလဲ" အမည်ရှိတရားတော်အား ချီးမြင့်တော်မူခဲ့ကာ တတိယညတွင် အရှင်ကောသလ္လ (ဘီလူးကျွန်းဆရာတော်)မှ "ငါလိုချင် တာဘာလဲ" အမည်ရှိ တရားတော်အား ချီးမြင့်တော် မူခဲ့ကြောင်း တရားပွဲသွားရောက်ခဲ့သည့် ပုသိမ်မြို့ခံများထံမှ သိရသည်။“သုဿန်မှာ မကျွတ်မလွတ်သေးတဲ့သူ ကျွတ်တန်းဝင်အောင်ဆိုပြီးလုပ်တာ၊ တချို့ရက်တွေမှာတော့ နောက်ပိုင်းက တရား နာနေတဲ့သူတစ်ချို့ကို ဝင်ပူးတယ်ကြားတယ်။ အမျှဝေတဲ့အချိန်ကျပြန်ထွက်သွားတယ်လို့ သိရတယ်။ တရားနာပရိသတ် အများစုကတော့ သုဿန်အနီးအနားရပ်ကွက်တွေနဲ့ ပုသိမ်မြို့တွင်း ရပ်ကွက်တွေက သူတွေများပါတယ်။”ဟု တရားပွဲ သွားရောက်ခဲ့သည့် ပုသိမ်မြို့၊ ငဝန်ကျွန်းသာ ရပ်ကွက်တွင် နေထိုင်သူ ဒေါ်ဌေးဌေးအောင်က ပြောသည်။ အကျွတ်အလွတ်တရားပွဲများ ကျင်းပခဲ့သည့် သရောင်းချောင်း မီးသင်္ဂြိုလ်စက်သုဿန်သည် ပုသိမ်မြို့ရှိ တစ်ခုတည်းသော မီးသဂြိုလ်စက်ဖြစ်ပြီး မြို့တွင်းသေဆုံးသူများ အားလုံးလာရောက် မီးသင်္ဂြိုလ်သည့် သုဿန်တစ်ခုလည်းဖြစ်သည်။

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...