DESCENDANTS OF THE SUN ရဲ႕ တ႐ုတ္ဗားရွင္း ႐ိုက္ကူးမည္


ဒုတိယဗားရွင္း ေပမဲ့ ပိုေကာင္းေအာင္ ႀကိဳးစားမယ္လို႔ ဆုိပါတယ္။ ေတာင္ကိုရီးယား သ႐ုပ္ေဆာင္ ေတြျဖစ္တဲ့ ေဆာင္းဂၽြန္ကီ နဲ႔ ေဆာင္းေဟက်ဳိ တို႔ ပါဝင္ထားတဲ့ နာမည္ႀကီး ေတာင္ကိုရီးယား ဒရာမာ ဇာတ္လမ္းတြဲ “Descendants of the Sun” ဇာတ္ကားရဲ႕ ဒုတိယဗားရွင္း ကို မၾကာခင္ ၾကည့္႐ႈႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

 DOTS တ႐ုတ္ဗားရွင္း ကို ဒါ႐ိုက္တာ Zhang Yibai ႐ိုက္ကူးမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ယင္းဒါ႐ိုက္တာဟာ ၂၀၁၆ ခုႏွစ္ထြက္ တ႐ုတ္ အခ်စ္ ဒရာမာ ဇာတ္ကား ျဖစ္တဲ့ “I Belonged to You” ရဲ႕ ဒါ႐ိုက္တာ အျဖစ္  နာမည္ႀကီးသူ ျဖစ္ပါတယ္။

“မူရင္း ဒရာမာ ဇာတ္ကား က အရမ္းကို စြဲေဆာင္မႈရွိတဲ့ သ႐ုပ္ေဆာင္ နွစ္ေယာက္ေၾကာင့္ နာမည္ႀကီးသြးတဲ့အတြက္ ကၽြန္ေတာ္တုိ႔မွာ ဖိအားအႀကီးႀကီးရွိေနပါတယ္။ မူရင္း ဒရာမာ ကားရဲ႕ ဂုဏ္ပုဒ္ကို ကၽြန္ေတာ္တုိ႔က အားကိုးသြားမွာ မဟုတ္ပါဘူး။ ဒါေပမဲ့ ဇာတ္ကားသစ္ဖန္တီးဖုိ႔အတြက္ ေဖာင္ေဒးရွင္း တစ္ခုအေနနဲ႔ သံုးသြားမွာပါ။ ပိုေကာင္းေအာင္ ဖန္တီးခ်င္ပါတယ္” လို႔ ယင္းဒါ႐ုိက္တာက ေျပာၾကားခဲ့ပါတယ္။
တ႐ုတ္ႏုိင္ငံ ရဲ႕ နာမည္ႀကီး ႐ုပ္သံထုတ္လုပ္ေရးအုပ္စုျဖစ္တဲ့ Huace Film & TV က DOTS ရုပ္သံဇာတ္လမ္းတြဲကို တ႐ုတ္ ႐ုပ္ရွင္ကား အျဖစ္ ျပန္လည္႐ိုက္ကူးခြင့္ ဝယ္ယူလုိက္တာျဖစ္ပါတယ္။
တ႐ုတ္ မင္းသမီး က်န္းက်ိရီ(Zhang Ziyi) နဲ႔ ထုိင္ဝမ္ဂ်ပန္မင္းသား တက္ကက္ရွီကာနီရွီယို (Takeshi Kaneshiro) တုိ႔က ေဆာင္းေဟက်ဳိနဲ႔ ေဆာင္းဂၽြန္ကီတုိ႔ေနရာမွာ သ႐ုပ္ေဆာင္မယ္လို႔သိရပါတယ္။
အဲဒီအခ်ိန္မွာ KBS ကလည္း Descendants of the Sun ဇာတ္ကားရဲ႕ ဒုတိယပိုင္းကို ဆက္လက္႐ိုက္ကူးမယ္လို႔ ကတိေပးခဲ့ပါတယ္။

“ၾကည့္႐ႈသူေတြရဲ႕ ေမွ်ာ္လင့္ခ်က္ကို ျဖည့္ဆည္းေပးဖို႔အတြက္ ဒုတိယေျမာက္ Descendants of the Sun ကို ထုတ္လုပ္ဖို႔ ႀကိဳးပမ္းေနပါတယ္။

Credit : Duwun


ဒုတိယဗားရှင်း ပေမဲ့ ပိုကောင်းအောင် ကြိုးစားမယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယား သရုပ်ဆောင် တွေဖြစ်တဲ့ ဆောင်းဂျွန်ကီ နဲ့ ဆောင်းဟေကျို တို့ ပါဝင်ထားတဲ့ နာမည်ကြီး တောင်ကိုရီးယား ဒရာမာ ဇာတ်လမ်းတွဲ “Descendants of the Sun” ဇာတ်ကားရဲ့ ဒုတိယဗားရှင်း ကို မကြာခင် ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။

 DOTS တရုတ်ဗားရှင်း ကို ဒါရိုက်တာ Zhang Yibai ရိုက်ကူးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယင်းဒါရိုက်တာဟာ ၂၀၁၆ ခုနှစ်ထွက် တရုတ် အချစ် ဒရာမာ ဇာတ်ကား ဖြစ်တဲ့ “I Belonged to You” ရဲ့ ဒါရိုက်တာ အဖြစ်  နာမည်ကြီးသူ ဖြစ်ပါတယ်။

“မူရင်း ဒရာမာ ဇာတ်ကား က အရမ်းကို စွဲဆောင်မှုရှိတဲ့ သရုပ်ဆောင် နှစ်ယောက်ကြောင့် နာမည်ကြီးသွးတဲ့အတွက် ကျွန်တော်တို့မှာ ဖိအားအကြီးကြီးရှိနေပါတယ်။ မူရင်း ဒရာမာ ကားရဲ့ ဂုဏ်ပုဒ်ကို ကျွန်တော်တို့က အားကိုးသွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဇာတ်ကားသစ်ဖန်တီးဖို့အတွက် ဖောင်ဒေးရှင်း တစ်ခုအနေနဲ့ သုံးသွားမှာပါ။ ပိုကောင်းအောင် ဖန်တီးချင်ပါတယ်” လို့ ယင်းဒါရိုက်တာက ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံ ရဲ့ နာမည်ကြီး ရုပ်သံထုတ်လုပ်ရေးအုပ်စုဖြစ်တဲ့ Huace Film & TV က DOTS ရုပ်သံဇာတ်လမ်းတွဲကို တရုတ် ရုပ်ရှင်ကား အဖြစ် ပြန်လည်ရိုက်ကူးခွင့် ဝယ်ယူလိုက်တာဖြစ်ပါတယ်။
တရုတ် မင်းသမီး ကျန်းကျိရီ(Zhang Ziyi) နဲ့ ထိုင်ဝမ်ဂျပန်မင်းသား တက်ကက်ရှီကာနီရှီယို (Takeshi Kaneshiro) တို့က ဆောင်းဟေကျိုနဲ့ ဆောင်းဂျွန်ကီတို့နေရာမှာ သရုပ်ဆောင်မယ်လို့သိရပါတယ်။
အဲဒီအချိန်မှာ KBS ကလည်း Descendants of the Sun ဇာတ်ကားရဲ့ ဒုတိယပိုင်းကို ဆက်လက်ရိုက်ကူးမယ်လို့ ကတိပေးခဲ့ပါတယ်။

“ကြည့်ရှုသူတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့အတွက် ဒုတိယမြောက် Descendants of the Sun ကို ထုတ်လုပ်ဖို့ ကြိုးပမ်းနေပါတယ်။

Credit : Duwun

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...