Loading...

Pantene Wild Card နဲ႕ Myanmar Idol ၿပိဳင္ပြဲသို႕ ျပန္လည္ေရာက္ရွိလာသူ ဇင္ႀကီး


Myanmar Idol ရဲ႕ စင္ျမင့္ထက္သို႕ ပရိသတ္ေတြရဲ႕ အားေပးမႈေၾကာင့္ ေနာက္တစ္ေခါက္ တက္ေရာက္ႏုိင္ခဲ့သူက ဇင္ႀကီးျဖစ္ ပါတယ္။  Pantene Wild Card နဲ႕ ပရိသတ္ေတြက ဇင္ႀကီးကို အမ်ားဆံုး မဲေပးႏုိင္ခဲ့တာျဖစ္ပါတယ္။ ဇင္ႀကီးကေတာ့ ဒီေန႕ မတ္လ(၉)ရက္ေန႕ Myanmar Idol ၿပိဳင္ပြဲမွာ ေနာက္ဆံုးက်န္ရွိခဲ့တဲ့ သားငယ္၊ ဘီလီလမင္းေအး၊ မိုင္းမိုင္းဆန္း၊ ပိုးမီတုိ႕နဲ႕အတူ ထပ္မံ ယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။
Top 6 ယွဥ္ၿပိဳင္မႈမွာ ပရိသတ္အားေပးမႈ နည္းခဲ့လို႕ ၿပိဳင္ပြဲက ထြက္ခြာသြားရတဲ့ ဇင္ႀကီးကိုေတာ့ ပရိသတ္ေတြ ပိုၿပီး သတိျပဳမိခဲ့တာ လည္း ျဖစ္ႏိုင္ပါတယ္။ ဇင္ႀကီးအတြက္ကေတာ့ ဝမ္းသာစရာညတစ္ညျဖစ္ခဲ့ပါတယ္။  ပရိသတ္ေတြ နည္းခဲ့လို႕ ၿပိဳင္ပြဲက ထြက္သြားခဲ့ရတဲ့ ဇင္ႀကီးကေတာ့ သူ႕ကို ပရိသတ္ေတြ အမွန္တကယ္ အားေပးၿပီဆိုတာ သူယံုသြားၿပီလို႕ ဒီေန႕ယွဥ္ၿပိဳင္မႈမွာ ေျပာသြားခဲ့ပါတယ္။
"ကၽြန္ေတာ္ဟိုတစ္ပတ္က ေျပာခဲ့တဲ့ ကၽြန္ေတာ့္ကို အားေပးတဲ့ ပရိသတ္ေတြနည္းခဲ့တယ္ဆိုတာ အမွန္ေတာ့ မဟုတ္ပါဘူး။ ကၽြန္ေတာ့္ကို အားေပးတဲ့ ပရိသတ္ေတြအမ်ားႀကီးရွိတာကၽြန္ေတာ္သိသြားပါၿပီ။ အရမ္းလည္း ဝမ္းသာမိပါတယ္။ ကၽြန္ေတာ္ အားအင္ အျပည့္ေတြနဲ႕ ျပန္လည္ယွဥ္ၿပိဳင္ဖို႕ ေရာက္ရွိလာတာပါ။ ဒီလိုမ်ိဳး ထပ္မံယွဥ္ၿပိဳင္ခြင့္ေပးတဲ့ ပရိသတ္ေတြကိုလည္း ေက်းဇူးတင္ပါတယ္ "လို႕ မတ္လ(၉)ရက္ေန႕ ညက Live ထုတ္လြႊင့္ျပသတဲ့ ပြဲမွာ ေျပာျပသြားခဲ့ပါတယ္။
ဒီညရဲ႕ Myanmar Idol ၿပိဳင္ပြဲဝင္ေတြကေတာ့ ေရွးက်တဲ့ ဂီတအမ်ိဳးအစားျဖစ္တဲ့ Blue music နဲ႕ ၿပိဳင္ပြဲဝင္ရမွာ ျဖစ္ပါတယ္။ ဒီညမွာ ေကာ ဘယ္သူေတြက အေကာင္းဆံုးယွဥ္ၿပိဳင္ႏုိင္မလဲဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

http://www.duwun.com.mm
=====
Myanmar Idol ရဲ့ စင်မြင့်ထက်သို့ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် နောက်တစ်ခေါက် တက်ရောက်နိုင်ခဲ့သူက ဇင်ကြီးဖြစ် ပါတယ်။  Pantene Wild Card နဲ့ ပရိသတ်တွေက ဇင်ကြီးကို အများဆုံး မဲပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဇင်ကြီးကတော့ ဒီနေ့ မတ်လ(၉)ရက်နေ့ Myanmar Idol ပြိုင်ပွဲမှာ နောက်ဆုံးကျန်ရှိခဲ့တဲ့ သားငယ်၊ ဘီလီလမင်းအေး၊ မိုင်းမိုင်းဆန်း၊ ပိုးမီတို့နဲ့အတူ ထပ်မံ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
Top 6 ယှဉ်ပြိုင်မှုမှာ ပရိသတ်အားပေးမှု နည်းခဲ့လို့ ပြိုင်ပွဲက ထွက်ခွာသွားရတဲ့ ဇင်ကြီးကိုတော့ ပရိသတ်တွေ ပိုပြီး သတိပြုမိခဲ့တာ လည်း ဖြစ်နိုင်ပါတယ်။ ဇင်ကြီးအတွက်ကတော့ ဝမ်းသာစရာညတစ်ညဖြစ်ခဲ့ပါတယ်။  ပရိသတ်တွေ နည်းခဲ့လို့ ပြိုင်ပွဲက ထွက်သွားခဲ့ရတဲ့ ဇင်ကြီးကတော့ သူ့ကို ပရိသတ်တွေ အမှန်တကယ် အားပေးပြီဆိုတာ သူယုံသွားပြီလို့ ဒီနေ့ယှဉ်ပြိုင်မှုမှာ ပြောသွားခဲ့ပါတယ်။
"ကျွန်တော်ဟိုတစ်ပတ်က ပြောခဲ့တဲ့ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေနည်းခဲ့တယ်ဆိုတာ အမှန်တော့ မဟုတ်ပါဘူး။ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေအများကြီးရှိတာကျွန်တော်သိသွားပါပြီ။ အရမ်းလည်း ဝမ်းသာမိပါတယ်။ ကျွန်တော် အားအင် အပြည့်တွေနဲ့ ပြန်လည်ယှဉ်ပြိုင်ဖို့ ရောက်ရှိလာတာပါ။ ဒီလိုမျိုး ထပ်မံယှဉ်ပြိုင်ခွင့်ပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ် "လို့ မတ်လ(၉)ရက်နေ့ ညက Live ထုတ်လွွှင့်ပြသတဲ့ ပွဲမှာ ပြောပြသွားခဲ့ပါတယ်။
ဒီညရဲ့ Myanmar Idol ပြိုင်ပွဲဝင်တွေကတော့ ရှေးကျတဲ့ ဂီတအမျိုးအစားဖြစ်တဲ့ Blue music နဲ့ ပြိုင်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ ဒီညမှာ ကော ဘယ်သူတွေက အကောင်းဆုံးယှဉ်ပြိုင်နိုင်မလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

http://www.duwun.com.mm

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...