======

အကယ်ဒမီနေတိုး၏မိခင်မှချွေးမလောင်းအတွက်ရေးတဲ့စာ


သမီးရေ ………
 သားက အရမ်းကို အေးအေးဆေးဆေးနေတတ်တော့ သူ့ဘဝရဲ့ လက်တွဲဖေါ်အဖြစ် ပိုင်ဆိုင်ခွင့်ရတဲ့ သမီးလေးက တအားကံကောင်းတဲ့မိန်းကလေးတို့ အရီးထင်တယ် ………
သမီးရေ ………
အရီးကတော့ ယောက္ခမနှစ်ပါးကိုလည်း အမေအဖေလို ဆက်ဆံပြုစုကျွေးမွေးခဲ့တယ် … အရီးလက်ထဲမှာပဲ ယောက္ခမဆုံးပါးသွားခဲ့တယ် … အခုထိလည်း နေ့တိုင်းကန်တော့ပြီးမှ အိပ်ရာဝင်တယ် ………
သမီးရေ ………
အရီးရဲ့သားကို ဘယ်လိုဘယ်ဝါ မိန်းကလေးမျိုးကိုမှ ရွေးချယ်ရမယ်လို့ တင်းကျပ်ထားတာလည်း မရှိပါဘူး … အရီးသားက အေးဆေးတည်ငြိမ်စွာ နေထိုင်တတ်သူမို့ အိမ်ထောင်တစ်ခု တည်ဆောက်ရင်လည်း ကိုယ့်မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် လူမှုဘဝလေး ရှင်သန်ချင်ပါတယ် ………
သမီးရေ ………
သားတစ်ယောက်ရဲ့ မိခင်တစ်ဦးအနေနဲ့ တစ်ချိန်ချိန်မှာ ဖြစ်ခွင့်မြင်ခွင့်ရမယ့် အရီးရဲ့ ချွေးမလောင်းလေးကို မိခင်တစ်ဦးအနေနဲ့လည်း ရိုးသားဖြူစင်စွာနဲ့ ဆန္ဒပြုပါတယ် သမီးရယ် ………
ဒေါ်သန်းမြိုင်









Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...