Loading...

သြဇာရွက်ကို အိပ်ယာအောက်မှာထားလိုက်မှ ဖုတ်သရဲက ထွက်သွားတယ်..။



"လာမြမြ တူမကြီး.."
" သေ သွား တာလေ".

"ဟုတ်...."
"ရှင် "
"ဒီလို မြမြ ရေ ညည်းတို့ဦးလေး သေမလိုဖြစ်သေးတယ်လေ ညည်းတို့ဒီအလည်မလာခင် ၁ လလောက်ကလေတော်တော်လေးဆိုးတာပါအေ ကျုပ်တို့ဖြင့်သေပြီထင်နေတာ.သူကသတိလစ် လစ် သွားတာကိုး..ငါတို့က ငွေခင်ကို ပြောသေးတယ် ညည်းယောက်ျားကျန်းမာရေး ပြန်ကောင်းလာတာ မရိုးသားဘူးပေါ့"


"ညည်းကလည်းသူတို့အိမ် ကိုကြည့် ခြံစည်းရိုး မရှိအကား အကွယ်မရှိဘူး အိမ်က သခ်ျိုင်းနားမှာလေ စိုးမောင်အသည်းအသန် ဖြစ်တုန်းကလဲ သေတော့မလိုနဲ့ အခု ငွေခင် သေတော့ သူက ဝ ဖြိုးနေတာပဲ နောက်ပြီး သူ့ မျက်နှာကိုကြည့်မိလား နှားခေါင်းက လန်ပြီး နားရွက်တွေလဲ လန်နေပြီလေ ဒါ သေတာ ကြာလို့ ဖြစ်လာတဲ့ လက္ခဏာ ပဲ ပြီး မိန်းမဆုံးတာတောင် ဘယ်လိုမှမနေတာ မထူးဆန်းဘူးလား "....... သူတို့ ဓလေ့ နဲ့ သူတို့အတွေးက ဟုတ်နေတာပဲ ကျွန်မလဲ လူတွေသေ ရင် ဒီလို လက္ခဏာ ရှိလားသေသေ ချာချာ မပြောတတ်ပါဘူး.....
"ကျွန်မကတော့ ထုတ်စေချင်တာပေါ့......သူ့မြေး ကကော သူက ကျွန်မနဲ့ နေတာမှ မဟုတ်တာ" ကျွန်မ ဦးလေးက သူ့မြေးမလေးနဲ့ နေတာဆိုတော့ သူ့မြေးမလေးသဘောကပဲ ပိုအရေးကြီးတာပေါ့လေ...."အင်းးး မြမြ ညည်း မှတ်မိလား ညည်းတို့အဘွားတုန်းကလဲ အသိမြန်လို့ မဟုတ်ရင် ဌေးဌေးလဲ သေ မှာ..."

အညာက ဖုန်းလာပါပြီ......

" ဘာလို့လဲ အဒေါ်"..
ပြေးရပြန်ပါပြီ......



"ဟင်............"
"အားးးး" ဟုအော်ကာ တစ်ကိုယ်လုံး လူးလှိမ့်ပြီး..မကြာခင်မှာ အသက်မရှိတော့တဲ့ ခန္ဓာကိုယ် ပဲကျန်တော့တယ်.............သူကတော့ သေတာ သိပ်မကြာသေးလို့ထင်တယ် အရမ်း ရုပ်ပျက်ဆင်းပျက်မဖြစ်သေးဘဲ ပုပ်စော်တော့ တော်တော်နံနေပါပြီ အဲ့တာကြောင့် ချက်ချင်း သဂြိုလ်လိုက်ကြရတယ် ရွာမှာလဲ အသံမစဲ ပဌာန်း ပွဲကြီးကို ချက်ချင်းစီစဉ် ကြပါတယ်...



"ဘာ ကြီးကြီးဒေါ်ငွေခင်ဆုံးပြီ ဟုတ်လား"
"အေး ညည်းကြီးဒေါ်ဆုံးသာ သာမာန်မဟုတ်ဘူး ညည်းအမြန် အညာ ဆင်းလာခဲ့"....
ဒေါ်ငွေခင် ကတော့ ကျွန်မတို့ အဘိုးဘက် က တစ်ဦးတည်း ကျန်တော့တဲ့ အမျိုးပါပဲ...အမျိုးတော်တာ က အဖိုးရဲ့တူ ဦးစိုးမောင် နဲ့ပါ ဒါပေမယ့် ဦးစိုးမောင်ထက် ကြီးကြီး ငွေခင်နဲ့ ပိုရင်းနှီးကြတယ်...ကျွန်မတို့ အညာက ပြန်လာတုန်းကတောင် ကြီးကြီးက ဘာရောဂါမှ မရှိပါဘူး ဒါပေမယ့် အသက်ကြီးလာလို့ ပိန်တာ နဲ့ အညာဘက်ဆိုတော့ အရမ်းပူတာကြောင့် အားပြတ်နေသလို နည်းနည်းလေး လှုပ်တာနဲ့ အားမရှိတော့တာမျိုးပဲ ဖြစ်တာပါ တကယ် ဆို ဦးစိုးမောင် ကသာ လွန်ခဲ့တဲ့ ၁ လလောက်က အတော် နေမကောင်ဖြစ်ပြီး သေမလို ဖြစ်ခဲ့တာ....အဲ့လို လူက မသေ ဘဲ ဘာရောဂါမှ မရှိတဲ့ ကြီးကြီးက ဆုံးပြီ တဲ့ နောက်ပြီးသွေးရိုးသားရိုးမဟုတ်ဘူးတဲ့ တခု ခုတော့ ထူးဆန်းနေပြီ ပဲ........လက်မှတ်ဖြတ်ပြီး အညာ ကို ပြန်ရောက်ခဲ့ပြန်ပြီ


"လာမြမြ တူမကြီး.."
"ဦးလေးစိုးမောင် ကြီးကြီး က ဘယ်လိုဖြစ်တာလဲဟင်"
" သေ သွား တာလေ".

ဦးလေးအဖြေကြီးက တမျိုးကြီးပဲ..ဦးလေးက ကြီးကြီးသေလို့ ဝမ်းနည်ပုံလည်းမရဘူး တကယ်ဆို ကြီးကြီး က ဦးလေးအပေါ်အရမ်းကောင်းတာကို..."မြမြ ဒီည ဒီမှာပဲ တည်းမလို့လား."
"ဟုတ်...."
"လာ အဲ့မှာ မတည်းနဲ့ ငါတို့ ဘက်ခြမ်းမှာလာအိပ်" ဦးလေးက သူ့ အိမ်မှာမိဘတွေမရှိတော့တဲ့ သူ့မြေးမ လေးကိုခေါ်ထားတယ် .....အာ့နဲ့ ကျွန်မလဲ ကြီးကြီး အမအိမ် ဘက်ရောက်လာတယ်..ကျွန်မတောင်မထိုင်ရသေးဘူး..."မြမြ ညည်းဦးလေး ဖုတ်ဝင်နေသလားမသိဘူး...."
"ရှင် "
"ကဲပါ တော်ကလည်း ထိုင်ပါစေဦး"
"မဟုတ်ပါဘူး အဒေါ် ကျွန်မကိုပြောပြပါ အုန်း"
"ဒီလို မြမြ ရေ ညည်းတို့ဦးလေး သေမလိုဖြစ်သေးတယ်လေ ညည်းတို့ဒီအလည်မလာခင် ၁ လလောက်ကလေတော်တော်လေးဆိုးတာပါအေ ကျုပ်တို့ဖြင့်သေပြီထင်နေတာ.သူကသတိလစ် လစ် သွားတာကိုး..ငါတို့က ငွေခင်ကို ပြောသေးတယ် ညည်းယောကျာ်းကျန်းမာရေး ပြန်ကောင်းလာတာ မရိုးသားဘူးပေါ့"

"အမလေး ညည်းတို့ ကြီးဒေါ်က ယောကျာ်းချစ်လေ သိတယ် အတိုင်း ကျုပ်တို့ ကိုအော်ဟစ် ငေါက် လွှတ်လိုက်တာ ကျုပ်တို့ ဘာမှ မပြောရဲဘူး ညည်းတို့လာတုန်းကလဲ ခဏတစ်ဖြုတ်ပဲဆိုတော့မပြောဖြစ်တာပေါ့နောက် ၅ ရက်တ ခါလောက် ငွေခင် မြို့ပေါ်တက် ဈေးဝယ် ပြီးပြန်လာရင် စိုးမောင်က နင်းပေးတယ်လေ.......အေး အဲ့လို နင်းပေးပြီးတာနဲ့ ငွေခင် တစ်ယောက် အားမရှိသလို ဖြူ ဖတ်ဖြူ ရော်နဲ့ နေမကောင်း ဖြစ်တတ်တယ်...ဒါကလဲ ကျုပ်တို့က စောင့်ကြည့်နေတဲ့သူတွေဆိုတော့ သတိ ထား မိတာပေါ့......." တစ်ယောက် တစ်လှည့် စီပြောနေတဲ့ ကြီးကြီးရဲ့ အဒေါ်စကားတွေကို ယုံတစ် မယုံတစ်ဝက် ဝေခွဲနေရတယ်..

"ဒေါ်လေးတို့က ဘယ်လိုသိတာလဲ"
"ညည်းကလည်းသူတို့အိမ် ကိုကြည့် ခြံစည်းရိုး မရှိအကား အကွယ်မရှိဘူး အိမ်က သချိ်ုင်းနားမှာလေ စိုးမောင်အသည်းအသန် ဖြစ်တုန်းကလဲ သေတော့မလိုနဲ့ အခု ငွေခင် သေတော့ သူက ဝ ဖြိုးနေတာပဲ နောက်ပြီး သူ့ မျက်နှာကိုကြည့်မိလား နှားခေါင်းက လန်ပြီး နားရွက်တွေလဲ လန်နေပြီလေ ဒါ သေတာ ကြာလို့ ဖြစ်လာတဲ့ လက္ခဏာ ပဲ ပြီး မိန်းမဆုံးတာတောင် ဘယ်လိုမှမနေတာ မထူးဆန်းဘူးလား "....... သူတို့ ဓလေ့ နဲ့ သူတို့အတွေးက ဟုတ်နေတာပဲ ကျွန်မလဲ လူတွေသေ ရင် ဒီလို လက္ခဏာ ရှိလားသေသေ ချာချာ မပြောတတ်ပါဘူး.....
"ကျုပ်တို့က အဲ့ ဖုတ်ကို ထုတ်စေချင်တယ်..ညည်း ကော"
"ကျွန်မကတော့ ထုတ်စေချင်တာပေါ့......သူ့မြေး ကကော သူက ကျွန်မနဲ့ နေတာမှ မဟုတ်တာ" ကျွန်မ ဦးလေးက သူ့မြေးမလေးနဲ့ နေတာဆိုတော့ သူ့မြေးမလေးသဘောကပဲ ပိုအရေးကြီးတာပေါ့လေ...."အင်း မြမြ ညည်း မှတ်မိလား ညည်းတို့အဘွားတုန်းကလဲ အသိမြန်လို့ မဟုတ်ရင် ဌေးဌေးလဲ သေ မှာ..."
"ဟုတ်တယ်နော် ဦးလေး စိုးမောင်က အဖွားလို ဖြစ်နေတာပေါ့နော်....."(ကျွန်မတစ်ခါရေးဖူးတဲ့ အစွယ်မပါဘဲ သွေးစုတ်တဲ့ ဖုတ်ကောင် အကြောင်းပေါ့)

"အန်တီမြ ဖွားလေးတို့ဘာပြောပြော သမီးက မယုံဘူး ဒါ့ကြောင့် သမီးကို ဘာမှ မပြောနဲ့ ဖိုးဖိုး က ဘာမှ မဖြစ်ဘူး ဘာမှလဲ ထုတ်စရာမလိုဘူး... ယုံလဲမယုံဘူး ဖွားဖွားကလဲ သူ့ဘာသာ သေတာ ဖိုးဖိုးနဲ့မဆိုင်ဘူး...".....သူ့သဘောက အဲ့လိုဆိုတော့ ကျွန်မတို့လဲ ဘာမှမတတ်နိုင်ဘဲ ရက်လည်ပြီးတော့ ..စိတ်မကောင်းစွာနဲ့ပဲ.ပြန်လာခဲ့ရတယ် ဒီလိုပြန်လာခဲ့တာ သူမအတွက် ကံမကောင်းချင်းဖြစ်နေလိမ့်မယ်ဆိုတာ ကျွန်မ ကြိုသိခဲ့မယ်ဆိုရင် ကျွန်မ တခါတည်း ဦးလေးကို ဖုတ် ထုတ်ဖို့ အတင်းပြောခဲ့မှာပါ......ရန်ကုန်ပြန်ရောက်တာ ၂ ပတ်ရှိတော့...."ဟဲလို မြမြရေ ထူးပြန်ပြီဟ"......
အညာက ဖုန်းလာပါပြီ......

" ဘာလို့လဲ အဒေါ်"..
" ဒီကို လာခဲ့အုန်း ကျုပ်တို့ ရွာတော့ ရွာနာတော့မယ်.."
ပြေးရပြန်ပါပြီ......
ရောက်တာနဲ့ တန်းပြီးအဒေါ်က "စိုးမောင် မြေးလေး ဆေးရုံ တင်ထားရတယ် ဒီနေ့ စိုးမောင်ကို ဖုတ် ထုတ်မယ် သူ့မြေးမလေးလဲ သေပြီး ဖုတ်ဝင်နေတယ်...."
ကျွန်မ နားအတော်ရှုပ်သွားတယ်....

ကျွန်မဦးလေးကို ရွာထဲက လူကြီးတွေ ဖမ်းချုပ်ထားတယ် နောက်ပြီး ဆန်မန်းတွေလဲ အိမ်ခန်းအရှေ့အနောက် တစ်နေရာမကျန်အောင် ဖျန်းထားကြတယ် "ငါ့အောက် က အရွက်တွေ ထုတ်ပေးကြ"အာဂေါင်ကိုခြစ်ပြီးကြောက်စရာ အသံကြီးနဲ့ တကယ် ပင် ကြက်သီးတွေထမိတယ်.....သိပ်မကြာခင်မှာ အရမ်ကို ဆိုးဆိုးဝါးဝါး အပုတ်နံ့ ထွက်လာတယ်..." ဖုတ်ကတော့ ထွက်သွားပြီ သူဒီအိမ်ထဲက ထွက်လိုရမှာမဟုတ်ဘူး ရွာသားတွေ အပြင်ထွက် ဒီအိမ်ကိုမီးရှို့ပြီး ဖုတ်ကိုသတ်ရမယ်...." တ စ တ စ နဲ့လောင်မြိုက်သွားတဲ့ ဦးလေး တို့အိမ်ကြီးကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ်...." ဦးလေးရဲ့ မြေးမလေးကော"...
"ဆေးရုံပေါ်မှာ သူကတော့ ဒီတိုင်း အမဲသားတောင်းတဲ့ဖုတ် ထင်တာပဲ ညနေစောင်းရင် အမဲသားတောင်းတယ်...."

"ဘယ်လိုဖြစ်ကြတာတုန်း ကျွန်မ ပြန်သွားတာတောင်မကြာသေးဘူး" "ဒီလိုအေ ကျုပ်တို့လဲ ခလေးမကို သူ့အဖိုး ဖုတ် ထုတ်ဖို့ပြောပေမယ့် မရဘူး နောက်ပိုင်းသူ အိပ်ရာထဲ လဲတော့ ငွေခင် လိုပဲ အားမရှိသလို ဖြူဖတ်ဖြူရော်နဲ့ ဒီကြားထဲ ငါတို့လဲ နေတွေပူတော့ မနက် မလင်းခင် ကြက်သွန်ခင်းသွား ညမိုးချုပ်မှ ပြန်လာတာ ဒါ့ကြောင့် သူကို သတိမရဘူး နောက်နေ့ ကျုပ် ညဖက်ကြီး အပေါ့သွား တော့ စိုးမောင်မြေးမ တောင်ပိုင်းအိမ်က ကြက်တွေ အစိမ်းစားနေတယ်လေ အဲ့တာကြောင့် တစ်အိမ်ထဲမှာ တစ်လ ထဲ ၃ လောင်းဖြစ်မှာဆိုးလို့ ခလေးမကို ဆေးရုံပို့ပြီး ဆေးရုံမှာပဲဖုတ် ထုတ်ကြဖို့ စီ စဉ်ထားတာ အခု ဆေးရုံသွားကြမယ် လာ........"

"ဟင်............"
ကျွန်မ သက်ပြင်းအရှည်ကြီးချ လိုက်မိတယ်...... ခုတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ပါပြီ......
"ငါ အမဲသား စားချင်တယ် ငါ့ကို အမဲသားကျွေး....ငါလက်တွေ ကြိုးဖြေပေး....."
"လာ ကုန်ပြီလား စိုးမောင် အခြေ အနေကော...." " လောက်တွေတောင် တက်နေပြီ အနံ့တွေ မခံနိုငိတော့လို့ အိမ်ပါ မီးရှို့ပြီး ဖုတ်ကိုပါ တက်ပလိုက်တယ်..ဒီ ခလေးကို ခဏ တုတ်ထား ကြ ကုတင်အောက်မှာ ခုံ ဖိနပ်နဲ့ သြဇာရွက်တွေ ထည့်လိုက်ဦးမယ်..."ကုတင်အောက်မှာ ခုံဖိနပ်ကို တစ်ဖက်ကို မှောက် ကျန်တစ်ဖက် ကို ပက်လက်ထားပြီး သြဇာရွက်ကို သူအိပ်တဲ့ အိပ်ယာအောက် မှာထည့်လိုက်တာနဲ့ အသံနက်ကြီးဖြင့်
"အား" ဟုအော်ကာ တစ်ကိုယ်လုံး လူးလှိမ့်ပြီး..မကြာခင်မှာ အသက်မရှိတော့တဲ့ ခန္ဓာကိုယ် ပဲကျန်တော့တယ်.............သူကတော့ သေတာ သိပ်မကြာသေးလို့ထင်တယ် အရမ်း ရုပ်ပျက်ဆင်းပျက်မဖြစ်သေးဘဲ ပုပ်စော်တော့ တော်တော်နံနေပါပြီ အဲ့တာကြောင့် ချက်ချင်း သဂြိုလ်လိုက်ကြရတယ် ရွာမှာလဲ အသံမစဲ ပဌာန်း ပွဲကြီးကို ချက်ချင်းစီစဉ် ကြပါတယ်...


‪#‎Thet‬ Tant Chit Thu (သက်တန့်ချစ်သူ) ရေးသည်။

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...