Loading...

လူေသနဲ႔ ေနထိုင္ၾကသူမ်ား


အမ်ားစုကေတာ့ ေသျခင္းတရား အေၾကာင္း ေတြးဖို႔၊ ေျပာဖို႔ တြန္႔ဆုတ္ ၾကေပမယ့္၊ လူေသတယ္ ဆိုတာ ဘာမွ မဆန္းသလို ေန႔စဥ္ဘဝရဲ့ အစိတ္အပိုင္း တစ္ရပ္အျဖစ္ ပါဝင္ေနတဲ့ ေနရာလည္း ရွိေနပါတယ္။

အင္ဒိုနီးရွား နိုင္ငံက ဆူလာေဝစီ ဆိုတဲ့ ေဒသမွာ ေနၾကတဲ့ တိုရာဂ်ာ မ်ိဳးႏြယ္စု ေတြမွာ ဆိုရင္ ကြယ္လြန္သူေတြရဲ့ ႐ုပ္အေလာင္းကို ေျမျမႇုပ္တာ၊ မီးရွို႔တာမ်ိဳး ခ်က္ျခင္း မလုပ္ပဲ ဧည့္ခန္းထဲမွာပဲ ႏွစ္ရွည္လမ်ား ထားေလ့ ရွိပါတယ္။

သူစိမ္းေတြ အတြက္ ဒီ အေလ့အထဟာ သိပ္ ထူးဆန္း ေနနိုင္ေပမယ့္ အင္ဒိုနီးရွား အေရွ႕ပိုင္းမွာ လက္ရွိ လူဦးေရ တစ္သန္းေက်ာ္ ရွိေနတဲ့ တိုရာဂ်ာ ေတြ အတြက္ေတာ့ ရာစုႏွစ္ေပါင္း မ်ားစြာ ျပဳမူလာတဲ့ အေလ့အထ တစ္ခု ျဖစ္ပါတယ္။

ရိုးရာ နတ္ကိုးကြယ္မွုလည္း ေရာေႏွာ က်င္းသုံးဆဲ ျဖစ္တဲ့ တိုရာဂ်ာေတြရဲ့ အယူအဆ အရ လက္ရွိကမၻာနဲ႔ ေသသည္ရဲ့ တျခားဘက္အရပ္ အၾကား ပိုင္းျခားထားတဲ့ စည္းဟာ အင္မတန္ ေဝေဝဝါးဝါး ေထြေထြျပားျပား ရွိလွတဲ့ အတြက္ ေသတဲ့တိုင္ေအာင္ ရွင္သူေတြရဲ့ၾကား ေရာေရာေထြးေထြး ေနနိုင္ၾကပါသတဲ့။

ဒါ့ေၾကာင့္ အိမ္တစ္အိမ္မွာ လူတစ္ေယာက္ ကြယ္လြန္ ၿပီဆို သၿဂႋဳဟ္တဲ့ အခမ္းအနား က်င္းပဖို႔ လေပါင္းမ်ားစြာ အခ်ိန္ယူေလ့ ရွိပါတယ္။

လူေသအေလာင္းကို အိမ္မွာပဲ ထားၿပီး သက္ရွိထင္ရွား လူမမာ တစ္ေယာက္ကို ျပဳစုတဲ့ ပုံမ်ိဳး ဂ႐ုစိုက္ၾကၿပီး၊ စားစရာ ေသာက္စရာက အစ စီးကရက္ အဆုံး တစ္ရက္ကို ႏွစ္ႀကိမ္ လူေသအတြက္ ယူလာ ေပးတဲ့ အျပင္၊ မွန္မွန္ ေရပတ္တိုက္ေပးတာမ်ိဳး အဝတ္လဲ ေပးတာမ်ိဳး ဝတ္ႀကီးဝတ္ငယ္ ျပဳစုၾကတယ္လို႔ တိုရာဂ်ာေတြ ၾကားထဲ ကိုယ္တိုင္ သြားခဲ့တဲ့ ဘီဘီစီ သတင္းေထာက္ ဆာဟာ ဇဲန္းက သူ႔ အေတြ႕အၾကဳံကို ဘီဘီစီ မဂၢဇင္းထဲ ေဆာင္းပါး ေရးသား ထားပါတယ္။

လူေသအေလာင္းကို ပစ္ထားတာမ်ိဳး ဘယ္ေတာ့မွ မလုပ္ပဲ၊ တစ္ေယာက္ မဟုတ္ တစ္ေယာက္ အနားမွာ အျမဲ ေနေပးၿပီး ေမွာင္လာရင္လည္း မီးထြန္း ေပးတယ္လို႔ ဆာဟာ ဇဲန္းက ဆိုပါတယ္။

အဘိုး ျဖစ္သူရဲ့ အေလာင္း အိမ္မွာ ရွိေနတဲ့ ေနရာမွာ ဆိုရင္ ေဘးမွာ ကေလးေတြ ေျပးလႊား ေဆာ့ေနၾကၿပီး၊ ေသတယ္ ဆိုတာ နားမလည္ ေသးတဲ့ ကေလးေတြက "အဘိုး၊ ဘာလို႔ တခ်ိန္လုံး အိပ္ေနတာလည္း… ထ… ထ ေဆာ့မယ္၊ ထမင္းစားမယ္ ဆိုၿပီး ေျပာေနၾကတာကို ဆာဟာ ဇဲန္း ၾကဳံခဲ့ရပါတယ္။

အေလာင္းကို ထိန္းသိမ္းဖို႔ ရိုးရာ ေဆးဘက္ဝင္ အရြက္ေတြ၊ ပရေဆးေတြ သုံးခဲ့ ၾကတာက အခုအခါမွာေတာ့ ေဖာ္မလင္လို ဓာတုေဆးမ်ိဳးေတြ ထိုးသြင္းတာမ်ိဳး လုပ္ေဆာင္ လာၾကပါၿပီ။

အတူ မေနၾကတဲ့ ေဆြမ်ိဳးေတြကလည္း ကြယ္လြန္သူရဲ့ အိမ္ကို မွန္မွန္ လာလည္တာမ်ိဳး၊ ဖုန္းဆက္တာမ်ိဳး လုပ္ၿပီး "အဘိုး ဘယ္လို ေနလဲ" ဆိုၿပီး အျမဲပဲ သတင္းေမး ၾကပါတယ္။

ဘာျဖစ္လို႔လည္း ဆိုေတာ့ တိုရာဂ်ာေတြ အတြက္ လူေသေတြလည္းပဲ ရွင္သူေတြနဲ႔ မျခား ၾကားနိုင္ ျမင္နိုင္တယ္လို႔ ယုံၾကည္ ေနၾကလို႔ ျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com/burmese


အများစုကတော့ သေခြင်းတရား အကြောင်း တွေးဖို့၊ ပြောဖို့ တွန့်ဆုတ် ကြပေမယ့်၊ လူသေတယ် ဆိုတာ ဘာမှ မဆန်းသလို နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်း တစ်ရပ်အဖြစ် ပါဝင်နေတဲ့ နေရာလည်း ရှိနေပါတယ်။

အင်ဒိုနီးရှား နိုင်ငံက ဆူလာဝေစီ ဆိုတဲ့ ဒေသမှာ နေကြတဲ့ တိုရာဂျာ မျိုးနွယ်စု တွေမှာ ဆိုရင် ကွယ်လွန်သူတွေရဲ့ ရုပ်အလောင်းကို မြေမြှုပ်တာ၊ မီးရှို့တာမျိုး ချက်ခြင်း မလုပ်ပဲ ဧည့်ခန်းထဲမှာပဲ နှစ်ရှည်လများ ထားလေ့ ရှိပါတယ်။

သူစိမ်းတွေ အတွက် ဒီ အလေ့အထဟာ သိပ် ထူးဆန်း နေနိုင်ပေမယ့် အင်ဒိုနီးရှား အရှေ့ပိုင်းမှာ လက်ရှိ လူဦးရေ တစ်သန်းကျော် ရှိနေတဲ့ တိုရာဂျာ တွေ အတွက်တော့ ရာစုနှစ်ပေါင်း များစွာ ပြုမူလာတဲ့ အလေ့အထ တစ်ခု ဖြစ်ပါတယ်။

ရိုးရာ နတ်ကိုးကွယ်မှုလည်း ရောနှော ကျင်းသုံးဆဲ ဖြစ်တဲ့ တိုရာဂျာတွေရဲ့ အယူအဆ အရ လက်ရှိကမ္ဘာနဲ့ သေသည်ရဲ့ တခြားဘက်အရပ် အကြား ပိုင်းခြားထားတဲ့ စည်းဟာ အင်မတန် ဝေဝေဝါးဝါး ထွေထွေပြားပြား ရှိလှတဲ့ အတွက် သေတဲ့တိုင်အောင် ရှင်သူတွေရဲ့ကြား ရောရောထွေးထွေး နေနိုင်ကြပါသတဲ့။

ဒါ့ကြောင့် အိမ်တစ်အိမ်မှာ လူတစ်ယောက် ကွယ်လွန် ပြီဆို သင်္ဂြိုဟ်တဲ့ အခမ်းအနား ကျင်းပဖို့ လပေါင်းများစွာ အချိန်ယူလေ့ ရှိပါတယ်။

လူသေအလောင်းကို အိမ်မှာပဲ ထားပြီး သက်ရှိထင်ရှား လူမမာ တစ်ယောက်ကို ပြုစုတဲ့ ပုံမျိုး ဂရုစိုက်ကြပြီး၊ စားစရာ သောက်စရာက အစ စီးကရက် အဆုံး တစ်ရက်ကို နှစ်ကြိမ် လူသေအတွက် ယူလာ ပေးတဲ့ အပြင်၊ မှန်မှန် ရေပတ်တိုက်ပေးတာမျိုး အဝတ်လဲ ပေးတာမျိုး ဝတ်ကြီးဝတ်ငယ် ပြုစုကြတယ်လို့ တိုရာဂျာတွေ ကြားထဲ ကိုယ်တိုင် သွားခဲ့တဲ့ ဘီဘီစီ သတင်းထောက် ဆာဟာ ဇဲန်းက သူ့ အတွေ့အကြုံကို ဘီဘီစီ မဂ္ဂဇင်းထဲ ဆောင်းပါး ရေးသား ထားပါတယ်။

လူသေအလောင်းကို ပစ်ထားတာမျိုး ဘယ်တော့မှ မလုပ်ပဲ၊ တစ်ယောက် မဟုတ် တစ်ယောက် အနားမှာ အမြဲ နေပေးပြီး မှောင်လာရင်လည်း မီးထွန်း ပေးတယ်လို့ ဆာဟာ ဇဲန်းက ဆိုပါတယ်။

အဘိုး ဖြစ်သူရဲ့ အလောင်း အိမ်မှာ ရှိနေတဲ့ နေရာမှာ ဆိုရင် ဘေးမှာ ကလေးတွေ ပြေးလွှား ဆော့နေကြပြီး၊ သေတယ် ဆိုတာ နားမလည် သေးတဲ့ ကလေးတွေက "အဘိုး၊ ဘာလို့ တချိန်လုံး အိပ်နေတာလည်း… ထ… ထ ဆော့မယ်၊ ထမင်းစားမယ် ဆိုပြီး ပြောနေကြတာကို ဆာဟာ ဇဲန်း ကြုံခဲ့ရပါတယ်။

အလောင်းကို ထိန်းသိမ်းဖို့ ရိုးရာ ဆေးဘက်ဝင် အရွက်တွေ၊ ပရဆေးတွေ သုံးခဲ့ ကြတာက အခုအခါမှာတော့ ဖော်မလင်လို ဓာတုဆေးမျိုးတွေ ထိုးသွင်းတာမျိုး လုပ်ဆောင် လာကြပါပြီ။

အတူ မနေကြတဲ့ ဆွေမျိုးတွေကလည်း ကွယ်လွန်သူရဲ့ အိမ်ကို မှန်မှန် လာလည်တာမျိုး၊ ဖုန်းဆက်တာမျိုး လုပ်ပြီး "အဘိုး ဘယ်လို နေလဲ" ဆိုပြီး အမြဲပဲ သတင်းမေး ကြပါတယ်။

ဘာဖြစ်လို့လည်း ဆိုတော့ တိုရာဂျာတွေ အတွက် လူသေတွေလည်းပဲ ရှင်သူတွေနဲ့ မခြား ကြားနိုင် မြင်နိုင်တယ်လို့ ယုံကြည် နေကြလို့ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...