Loading...
ဗိုက်ထဲကလေးငယ်ရဲ့ပုံကသရဲနဲ့တူနေလို့ ထိတ်လန့်နေတဲ့မိခင်လောင်း
source : thesun.co.uk
===
အင်္ဂလန်နိုင်ငံ မစ်ဒယ်ဘရော့မြို့မှာနေထိုင်တဲ့ အသက်(၂၅)နှစ်အရွယ် Stunned Charlotte အမည်ရ အမျိုးသမီးဟာ သူမ လွယ်ထားရတဲ့ (၂၀)ပတ်သားအရွယ် ကိုယ်ဝန်ကို Scan Photo သွားရောက်ရိုက်ကူးခဲ့ပါတယ်။ သူမဟာ Scan ပုံကို အမှုမဲ့အမှတ်မဲ့ကြည့်ပြီး အိမ်ကို ယူခဲ့ပါတယ်။
အိမ်ကိုပြန်ရောက်လို့ သေချာကြည့်တဲ့အခါကျမှ မမွေးရသေးတဲ့ကလေးရဲ့ Scan ပုံဟာ Scream flicks ဇာတ်ကားထဲမှာပါတဲ့ သရဲပုံနဲ့ တူနေလို့ ထိတ်လန့်တကြား ဖြစ်ခဲ့ရပါတယ်။ Charlotte က “Scan ကိစ္စပြီးသွားတော့ ကျွန်မလည်း ပုံကိုယူပြီး အိမ်ကို ပြန်ခဲ့ပါတယ် … အိမ်ကိုရောက်လို့ ပြန်ထုတ်ကြည့်တော့ ကျွန်မ တော်တော်လေး လန့်သွားပါတယ် … အဲဒီနောက် ကျွန်မချစ်သူဆီကို အမြန်သွားခဲ့ပြီး ဒါဟာ .. ကြောက်စရာပုံကြီးနဲ့ တူမနေဘူးလားလို့ မေးလိုက်ပါတယ်” သူမက ပြန်ပြောခဲ့ပါတယ်။
အသက်(၂၇)နှစ်အရွယ် သူမရဲ့ချစ်သူ Paul Smith ကလည်း အဲဒီပုံကိုကြည့်ပြီး သူမျက်လုံးကိုတောင် သူ မယုံနိုင်ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ Paul Smith က ” ကျွန်တော်တို့ သရဲဆိုတာကိုတော့ သိပ် မယုံကြပါဘူး …. ဒါပေမယ့် ဒါဟာ တက
ကယ့်ကို ကြက်သီးထစရာပါ … နောက်တစ်ကြိမ် ထပ်မကြည့်ဝံ့တော့လောက်အထိ ပါဘဲ “လို့ ဖွင့်ဟခဲ့ပါတယ်။ Scan ထဲက ကလေးပုံဟာ အလွန်ကြီးမားတဲ့ မျက်လုံးနက်နက် … ပါးစပ်ပြဲပြဲနဲ့မို့ သူတို့တစ်တွေ ထိတ်လန့်မယ်ဆိုရင်လည်း ထိတ်
လန့်စရာပါဘဲ။ မွေးမယ့်ရက်ကတော့ ဒီဇင်ဘာ၁၁ရက်နေ့ဖြစ်တယ်လို့သိရပါတယ်။
Credit: နတ်စည်တော် (Shwemom)
source : thesun.co.uk
Admin Apann Pyay
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...