Loading...

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု၏ပုခုံးအထက်သို့တက်ကာမတ်တပ်ရပ်သူတစ်ဦးအားဖမ်းဆီး


မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ မြို့လယ်လမ်းဆုံ အာဇာနည်ရင်ပြင်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးရုပ်တု၏ ပုခုံးအထက်သို့တက်ကာ မတ်တပ်ရပ်သူတစ်ဦးအား ဒီကနေ့ ဧပြီလ(၇) ရက်နေ့ နံနက် (၉) နာရီအချိန်ခန့်က တောင်တွင်းကြီးမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ပါတယ်။
အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်တုပေါ်တက်ခဲ့သောသူမှာ ဆင်ပေါင်ဝဲမြို့နယ် ညောင်ခြေထောက်ကျေးရွာမှ မျိုးမင်းနိုင်(သ)၂၁ နှစ်(ဘ) ဦးအောင်ရွှေ ဖြစ်ကြောင်းသိရပြီး၊ တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ စစ်ဆေးမေးမြန်ခြင်းများပြုလုပ်လျှက်ရှိကြောင်းသိရပါတယ်။
Aung KyawKyaw













Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...