Loading...

ဖေ့စ်ဘွတ်ခ်ပေါ် ကာမရာဂနှိုးဆွသည့်ဓာတ်ပုံ တင်ခဲ့သည့် ကျောင်းဆရာမ.



အင်္ဂလန်နိုင်ငံ အလယ်တန်းကျောင်းတကျောင်းမှ ကျောင်းဆရာမတဦးဟာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် အင်တာနက်စာမျက်နှာပေါ်မှတဆင့် ကာမရာဂနှိုးဆွတဲ့ ဆယ်လ်ဖီဓာတ်ပုံ တင်ခဲ့တဲ့အတွက် အလုပ်ထုတ်ခံခဲ့ရပါတယ်။
လေဒီယာ ဖာဂူဆန် အမည်ရတဲ့ အဲဒီကျောင်းဆရာမဟာ ကျောင်းဝန်ထမ်းတွေကြား တဏှာရာဂစိတ် ကြီးလွန်းတယ်ဆိုပြီး စွပ်စွဲခံရပြီးနောက်မှာ ခုလို ကျောင်းမှ ထုတ်ပယ်ခံခဲ့ရတာဖြစ်တယ်လို့ မက်ထရိုသတင်းမှာ ဧပြီ ၁ ရက်နေ့က ဖော်ပြပါတယ်။
ဖာဂူဆန်ဟာ ကလေး ၃ ယောက်မိခင်တဦးဖြစ်ပြီး ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့တဲ့ သူ့ရဲ့ ဆယ်လ်ဖီဓာတ်ပုံမှာတော့ အိပ်ယာကုတင်စွန်းမှာ အဖြူရောင်ဝတ်စုံအတိုကို ဝတ်ဆင်ထားခဲ့ပြီး ထိုင်နေခဲ့တာကို တွေ့ရပါတယ်။
ခုလိုထုတ်ပယ်ခံခဲ့ရပြီးတဲ့နောက်မှာ ဖာဂူဆန်ရဲ့ တပည့်တွေက “ဆရာမ ဖာဂူဆန်ကို ပြန်ခေါ်ပေးပါ” အမည်နဲ့ လှုပ်ရှားမှုတခုကို လုပ်ခဲ့ကြတာပါ။
တပည့်တွေထဲက တဦးကတော့ “ဆရာမဟာ ဒီဓာတ်ပုံမှာ သူဘာမှားယွင်းခဲ့တယ် ဆိုတာကို မသိခဲ့ဘူး။ ပုံကို ပြန်ခြုံငုံကြည့်ရင် ဒီပုံမှာ ခြေထောက်ကိုပဲ အသားပေးဖော်ပြထားတာလေ” လို့ ပြောပါတယ်။
တပည့် ကလေးငယ်တွေဟာ ၂၄ နာရီအတွင်း ဆရာမ ဖာဂူဆန် အလုပ်ထုတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးမှု ၂၅၀ ကျော်ကို စုစည်းပြီး တင်ပြခဲ့ကြတာပါ။
ဖာဂူဆန်ကလည်း ဒီပုံဟာ ကာမရာဂနှိုးဆွပေးတဲ့ပုံ မဟုတ်ဘူးလို့ ငြင်းဆိုလိုက်ပြီး တုံ့ပြန်ခဲ့ပါတယ်။
“ကျမအနေနဲ့ ဒီပုံကို မသင့်တော်တဲ့ပုံလို့ မထင်မိဘူးရှင့်။ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ် လူမှုကွန်ရက်တွေ အသုံးပြုတိုင်း သူတို့ရဲ့စည်းမျဉ်းတွေကို လိုက်နာပါတယ်။ ကျမရဲ့ပုံတွေဟာ စိတ်ပျက်စရာကောင်းနေခဲ့မယ်ဆိုရင် ဒါတွေကို ဘယ်တော့မှ တင်မှာမဟုတ်ပါဘူး။”
ကျောင်းအုပ် ဆူးကားဘာ့တ်ကတော့ “ကျမတို့ရဲ့ သင်ကြားရေးဝန်ထမ်းတယောက်နဲ့ ပတ်သက်လာတဲ့ ကိစ္စတွေမှာ ကျောင်းသားတွေနဲ့ ဆွေးနွေးမှာ မဟုတ်ပါဘူး။ လက်ရှိဖြစ်ရပ်မှန် အခြေအနေနဲ့ ဆုံးဖြတ်မှုတွေမှာ အတင်းအဖျင်းတွေ၊ ကောလာဟလတွေကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
http://www.thadinatin.com

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...