======
------
မင်းမိုက်တယ် " ဆိုတဲ့ သီချင်းစာသားလေးတွေကြောင့်ပရိသတ်အားပေးမှုများစွာရရှိခဲ့
အတွက် တစ်ခြားသူများအနေနဲ့သီချင်းကို ဇာတ်ကားကြီးများ ဗီဒီိယိုများတွင်သုံးခွင့်မရှိကြောင်း
ပြောပါတယ်။
သတင်း-Akon Ti New
Photo- မနော Page
 ယနေ့ လူမှုကွန်ယက်ပေါ်ရောက် " ဗိုလ်အောင်ဒင် " သီချင်းပြသာနာ
------
'' ဗိုလ်အောင်ဒင် '' သီချင်းကို ရုပ်ရှင်ကားကြီးနဲ့ဗီဒီယိုတွေမှာသုံးခွင့်မပြုဘူးဆိုတဲ့ မနော
နှင့် တချိန်က ဗိုလ်အောင်ဒင်ရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့သူ ဒါရိုက်တာရွှေဒုံးဘီအောင်၏
မြေးဖြစ်သူရဲ့ ကန့်ကွက်စာ။
"ငါကဗိုလ်အောင်ဒင် နင့်ကဒါကိုမမြင် ငါအသည်းကို ခလုတ်တိုက်သွားတဲ့ မိန်းကလေးရယ်
မင်းမိုက်တယ် " ဆိုတဲ့ သီချင်းစာသားလေးတွေကြောင့်ပရိ်သတ်အားပေးမှုများစွာရရှိခဲ့
သလိုအနုပညာ ကြေးအများဆုံးရနေတဲ့အဆိုတော်တစ်ဦးရယ်လို့သတင်းတွေထွက်နေတဲ့
အဆိုတော်မနောက ဗိုလ်အောင်ဒင်သီချင်းကို ဇာတ်ကားကြီးတစ်ကားတွင်ရောင်းထားတဲ့
အတွက် တစ်ခြားသူများအနေနဲ့သီချင်းကို ဇာတ်ကားကြီးများ ဗီီဒီိယိုများတွင်သုံးခွင့်မရှိကြောင်း
အကုန်သိသတင်းဌာနကိုပြောပါတယ်။
'' သီချင်းကိုရောင်းထားလို့သုံးခွင့်မရှိဘူးပြောတာပါ။တစ် ခြားသဘောနဲ့ပြောဆိုတာတော့
မဟုတ်ဘူး။အသိပေး ပြောထားတဲ့ကြားကအသုံးပြုတယ်ဆိုရင်တော့ပြန်လည်ဖြေရှင်းမှု
လုပ်ပေးရမှာဖြစ်ပါတယ်'' လို့ပြောပါတယ်။ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားတွင်းသီချင်းအသုံးပြု
ရန်အတွက်ပုံမှန်အားဖြင့်သီချင်းတစ်ပုဒ်ကို၁ဝသိန်းသတ်မှတ်ထားပြီး ယခု ၂နှစ်စာငွေကျပ်
၁၈သိန်းနဲ့ရောင်းချကာအသုံးပြု ခွင့်ပေးထားကြောင်း သက်တမ်းပြည့်မှတစ်ခြားသူများကို
ပြန်လည်ရောင်းခွင့်ရှိသလိုအသုံးပြု ခွင့်ပေးသွားမည်ဖြစ်ကြောင်းပြောပါတယ်။'' သီချင်းရဲ့တီးလုံး
ပုံစံရော သီချင်းရဲ့စာသားတွေကိုပါတစ်ခြားဘယ်ဇာတ်ကားမှအသုံးပြုလို့မရပါဘူး''လို့ထပ်မံ
ပြောပါတယ်။
တချိန်တည်းမှပင် တချိန်က ဗိုလ်အောင်ဒင်ရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့သူ ဒါရိုက်တာရွှေဒုံးဘီအောင်၏
မြေးဖြစ်သူ ခင်သန့်စင်အောင်မှ သူမ၏အဘိုးဖြစ်သူ ကိုယ်တိုင်ဝတ္တုရေးသားကာ ရုပ်ရှင်အဖြစ်ရိုက်ကူး
ခဲ့သည့် " ဗိုလ်အောင်ဒင် " ခေါင်းစဉ်သုံးစွဲမှုအပေါ် ခွင့်ပြုချက်ရယူရန်လိုကြောင်း မြန်မာနိုင်ငံဂီတ
အစည်းအရုံးသို့ ရဲ့ ကန့်ကွက်စာပေးပို့ခဲ့ကြောင်း လူမှုကွန်ယက်သတင်းများအရ သိရှိခဲ့ပါတယ်
သတင်း-Akon Ti New
Photo- မနော Page
Admin Apann Pyay
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...