======

ေရသူမ ဆုိသူႏွင့္ ေတြ႔ခဲ့သည့္ ကယ္လီဖုိးနီးယား ရဲတပ္ဖြဲ႔ဝင္မ်ား အံ့ၾသတႀကီး စုံစမ္းစစ္ေဆး

သူ႔ကိုယ္သူ ေရသူမ လုိ႔ေျပာတဲ့ အမ်ဳိးသမီးတဦးကို လမ္းေပၚမွာေတြ႔လို႔ အေမရိကန္ႏုိင္ငံ ကယ္လီဖုိးနီးယားကရဲေတြ အံ့ၾသၿပီး ပေဟဠိျဖစ္ေနတယ္လုိ႔ အင္ဒီပင္းဒန္႔သတင္းမွာ ဧၿပီ ၅ ရက္ေန႔က ေရးထားပါတယ္။
သူမနာမည္ ဂ်ဳိဟာနာျဖစ္ၿပီး ေရသူမျဖစ္တယ္လို႔ ေျပာတာကလြဲလို႔ တျခားအခ်က္အလက္ေတြ မသိရွိရဘဲ ေဖာ္ထုတ္ႏုိင္ေအာင္ ရဲေတြကုိ အကူအညီ ေခၚခဲ့ရတယ္လုိ႔ ဆုိပါတယ္။
ေလာ့စ္အိန္ဂ်လိစ္နဲ႔ ဆန္ဖရန္စစၥကိုၿမိဳ႕ၾကားက ဖရက္စ္ႏုိၿမိဳ႕မွာ သူမကုိ ေရစုိဆံပင္ေတြနဲ႔ ေတြ႔ခဲ့တာျဖစ္ၿပီး သူမက အဲ့ဒီအနီးအနား ေရကန္ထဲကလုိ႔ ေျပာခဲ့တာပါ။
စံုစမ္းစစ္ေဆးမႈေတြအရ သူမရဲ႕ ေျခေထာက္ ၂ ဘက္လံုးမွာ အေရျပားဆက္ေနတဲ့ ေျခေခ်ာင္းေတြပါရွိၿပီး သူမနဲ႔ပတ္သက္တဲ့ ဘာသတင္းအခ်က္မွလည္း မေပးႏုိင္ဘဲ ရဲေတြရဲ႕ ေမးခြန္းအမ်ားစုကို “က်မ မသိဘူး” လို႔ ေျဖခဲ့ေၾကာင္း ဆုိပါတယ္။
အဲဒီအမ်ိဳးသမီးကုိ ဧၿပီ ၄ ရက္ မနက္ ၃ နာရီေလာက္က ေရကန္တခုအနီး လမ္းေပၚမွာ ေတြ႔ခဲ့တာလုိ႔ ဖရက္စ္ႏုိ္ရဲသတင္းအရင္းအျမစ္ေတြက အင္ဒီပင္းဒန္႔သတင္းဌာနကို အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။
ကားသမားတဦးက သူမကို ေတြ႔ခဲ့တာျဖစ္ၿပီး သူမ အဆင္ေျပ မေျပ သိရေအာင္ ကားရပ္ၿပီး စစ္ေဆးခဲ့ခ်ိန္မွာ အမ်ိဳးသမီးက အကူအညီေတာင္းလို႔ ဖရက္စ္ႏုိေျမာက္ပုိင္းက ေဆး႐ုံကုိ ပုိ႔ခဲ့ရတယ္လုိ႔ ဆုိပါတယ္။ အဲဒီေနာက္ ေဆး႐ုံမွာ သူမ ဘယ္သူဘယ္ဝါျဖစ္တယ္ဆုိတာ သိရဖုိ႔ ရဲေတြကို ေခၚခဲ့တာပါ။
သူမရဲ႕အျပဳအမူေတြက ထူးဆန္းေနတယ္လုိ႔ ရဲေတြကေျပာၿပီး သူမနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို မေျပာႏုိင္တာက က်န္းမာေရးမေကာင္းလုိ႔လား၊ ဒါမွမဟုတ္ တကယ့္ကို ႐ုိး႐ုိးသားသားပဲလားဆုိတာ ရဲေတြအေနနဲ႔ မဆံုးျဖတ္ႏုိင္ ျဖစ္ေနတာပါ။

အမ်ိဳးသမီးက ရွင္းရွင္းလင္းလင္း ယုတၱိရွိရွိ ေျပာႏုိင္ၿပီး အလိုက္သင့္ တုံ႔ျပန္ေပမယ့္ ရဲေတြရဲ႕ေမးခြန္းေတြကိုေတာ့ မေျဖႏုိင္ဘူးလို႔ သိရပါတယ္။
ရဲေတြက သူမကုိ ေပ်ာက္ဆံုးေနတဲ့သူအျဖစ္ စာရင္းမွတ္လုိက္ၿပီး သူမ ဘယ္သူဘယ္ဝါျဖစ္တယ္ဆုိတာ သိႏုိင္ဖုိ႔ လူထုထံ အကူအညီေတာင္းခံ ေမးျမန္းထားတယ္လုိ႔ ဆုိပါတယ္။
သူမ ဘယ္သူဘယ္ဝါျဖစ္တယ္ဆိုတာ စံုစမ္းႏုိင္မယ္လုိ႔ ရဲေတြက ယူဆေနၿပီး သိရမွ ျပန္လႊတ္ေပးမယ္လုိ႔ ဆုိပါတယ္။
Credit: DVB
=============

သူ့ကိုယ်သူ ရေသူမ လို့ပြောတဲ့ အမျိုးသမီးတဦးကို လမ်းပေါ်မှာတွေ့လို့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားကရဲတွေ အံ့သြပြီး ပဟေဠိဖြစ်နေတယ်လို့ အင်ဒီပင်းဒန့်သတင်းမှာ ဧပြီ ၅ ရက်နေ့က ရေးထားပါတယ်။
သူမနာမည် ဂျိုဟာနာဖြစ်ပြီး ရေသူမဖြစ်တယ်လို့ ပြောတာကလွဲလို့ တခြားအချက်အလက်တွေ မသိရှိရဘဲ ဖော်ထုတ်နိုင်အောင် ရဲတွေကို အကူအညီ ခေါ်ခဲ့ရတယ်လို့ ဆိုပါတယ်။
လော့စ်အိန်ဂျလိစ်နဲ့ ဆန်ဖရန်စစ္စကိုမြို့ကြားက ဖရက်စ်နိုမြို့မှာ သူမကို ရေစိုဆံပင်တွေနဲ့ တွေ့ခဲ့တာဖြစ်ပြီး သူမက အဲ့ဒီအနီးအနား ရေကန်ထဲကလို့ ပြောခဲ့တာပါ။
စုံစမ်းစစ်ဆေးမှုတွေအရ သူမရဲ့ ခြေထောက် ၂ ဘက်လုံးမှာ အရေပြားဆက်နေတဲ့ ခြေချောင်းတွေပါရှိပြီး သူမနဲ့ပတ်သက်တဲ့ ဘာသတင်းအချက်မှလည်း မပေးနိုင်ဘဲ ရဲတွေရဲ့ မေးခွန်းအများစုကို “ကျမ မသိဘူး” လို့ ဖြေခဲ့ကြောင်း ဆိုပါတယ်။
အဲဒီအမျိုးသမီးကို ဧပြီ ၄ ရက် မနက် ၃ နာရီလောက်က ရေကန်တခုအနီး လမ်းပေါ်မှာ တွေ့ခဲ့တာလို့ ဖရက်စ်နို်ရဲသတင်းအရင်းအမြစ်တွေက အင်ဒီပင်းဒန့်သတင်းဌာနကို အတည်ပြု ပြောကြားခဲ့ပါတယ်။
ကားသမားတဦးက သူမကို တွေ့ခဲ့တာဖြစ်ပြီး သူမ အဆင်ပြေ မပြေ သိရအောင် ကားရပ်ပြီး စစ်ဆေးခဲ့ချိန်မှာ အမျိုးသမီးက အကူအညီတောင်းလို့ ဖရက်စ်နိုမြောက်ပိုင်းက ဆေးရုံကို ပို့ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနောက် ဆေးရုံမှာ သူမ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ သိရဖို့ ရဲတွေကို ခေါ်ခဲ့တာပါ။
သူမရဲ့အပြုအမူတွေက ထူးဆန်းနေတယ်လို့ ရဲတွေကပြောပြီး သူမနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မပြောနိုင်တာက ကျန်းမာရေးမကောင်းလို့လား၊ ဒါမှမဟုတ် တကယ့်ကို ရိုးရိုးသားသားပဲလားဆိုတာ ရဲတွေအနေနဲ့ မဆုံးဖြတ်နိုင် ဖြစ်နေတာပါ။

အမျိုးသမီးက ရှင်းရှင်းလင်းလင်း ယုတ္တိရှိရှိ ပြောနိုင်ပြီး အလိုက်သင့် တုံ့ပြန်ပေမယ့် ရဲတွေရဲ့မေးခွန်းတွေကိုတော့ မဖြေနိုင်ဘူးလို့ သိရပါတယ်။
ရဲတွေက သူမကို ပျောက်ဆုံးနေတဲ့သူအဖြစ် စာရင်းမှတ်လိုက်ပြီး သူမ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ သိနိုင်ဖို့ လူထုထံ အကူအညီတောင်းခံ မေးမြန်းထားတယ်လို့ ဆိုပါတယ်။
သူမ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ စုံစမ်းနိုင်မယ်လို့ ရဲတွေက ယူဆနေပြီး သိရမှ ပြန်လွှတ်ပေးမယ်လို့ ဆိုပါတယ်။
Credit: DVB

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...