======

ေဆး႐ုံက ေသၿပီေျပာသည့္ ကေလး မီးသၿဂႋဳဟ္ခါနီး အသက္ရွင္ေနေၾကာင္းေတြ႔ (႐ုပ္သံ)


အိႏိၵယႏုိင္ငံ အေနာက္ေျမာက္ဘက္ပိုင္း ရာဂ်က္စတန္ျပည္နယ္က ဘန္ဒီၿမိဳ႕ေဆး႐ုံမွာ သူနာျပဳေတြက ေသၿပီလုိ႔ ေျပာလိုက္တဲ့ ကေလးကုိ မီးရိႈ႕မသၿဂႋဳဟ္ခင္ စကၠန္႔ပိုင္းအလုိမွာ အသက္ရွင္ေနေၾကာင္း ေတြ႔ရတယ္လုိ႔ ေမရာသတင္းက ဧၿပီလ ၈ ရက္ေန႔မွာ ေရးထားပါတယ္။
ကေလးက ပန္ဒစ္ဘရစ္ခ်္ဆန္ဒါရွာမာ အေထြေထြေဆး႐ုံမွာ မိခင္ကုိယ္ဝန္ ၆ လနဲ႔ လမျပည့္ပဲ ေမြးလာခဲ့ခ်ိန္မွာ အေလးခ်ိန္ ၃၅၀ ဂရမ္ပဲ ရွိတယ္လုိ႔ ဆုိပါတယ္။
ကေလးက ေဆး႐ုံမွာ လႈပ္ရွားမႈမရွိပဲ လဲေလ်ာင္းေနလို႔ ကြ်မ္းက်င္သူနာျပဳေတြက ကေလးေသဆံုးၿပီဟု ေျပာၿပီး ခ်က္ျခင္းမီးရိႈ႕သၿဂႋဳဟ္ဖုိ႔ ေဆြမ်ိဳးေတြကို အႀကံျပဳခဲ့တယ္လုိ႔ သိရပါတယ္။
ဆရာဝန္ေတြရဲ႕ စစ္ေဆးမႈမယူပဲ သူနာျပဳေတြကသာ ကေလးေသဆံုးမႈျဖစ္ေၾကာင္း ေျပာတာလုိ႔ အိႏိၵယတုိင္းမ္သတင္းစာအရ သိရပါတယ္။
ကေလးကုိသၿဂႋဳဟ္ဖုိ႔ ျပင္ဆင္ခ်ိန္မွာ ကေလး ႏွလံုးခုန္ေနၿပီး အသက္႐ႉေနတာကို ေဆြမ်ိဳးေတြက သတိထားမိလုိ႔ ေဆး႐ုံေကုိ အျမန္ေခၚသြားၿပီး အထူးဂ႐ုစုိက္မႈေတြ လုပ္ေဆာင္ေနတယ္လုိ႔ သိရပါတယ္။
“ကေလးေမြးတာက မနက္ ၆ နာရီေလာက္မွာပါ။ ၿပီးေတာ့ သူတုိ႔က ကေလး ေသသြားတယ္ေျပာၿပီး ကေလးကို မီးသၿဂႋဳဟ္သင့္တယ္လုိ႔ ေျပာတယ္၊ က်ေနာ္တုိ႔လည္း ကေလးကုိ သၿဂႋဳဟ္ဖုိ႔ ျပင္ဆင္ၾကတယ္” လုိ႔ ေဆြမ်ိဳးတစ္ဦးက ေျပာပါတယ္။
“ကေလးကုိယ္ေပၚက ပဝါကုိ ဖယ္လုိက္ေတာ့ ကေလးက အသက္႐ႉေနတယ္၊ ဒါေၾကာင့္ ကေလးကို ေဆး႐ုံျပန္ပို႔လုိက္တယ္” လုိ႔ ဆုိပါတယ္။
ဆရာဝန္ျဖစ္ပံုရတဲ့ လူတစ္ဦးကေတာ့ ကေလးအသက္ရွင္ႏုိင္ေျခ နည္းတယ္လို႔ ေျပာပါတယ္။
ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈေတြ လုပ္ေနတယ္လို႔ သိရပါတယ္။
DVB
http://burmese.dvb.no/archives/200274
Unicode
အိန္ဒိယနိုင်ငံ အနောက်မြောက်ဘက်ပိုင်း ရာဂျက်စတန်ပြည်နယ်က ဘန်ဒီမြို့ဆေးရုံမှာ သူနာပြုတွေက သေပြီလို့ ပြောလိုက်တဲ့ ကလေးကို မီးရှို့မသင်္ဂြိုဟ်ခင် စက္ကန့်ပိုင်းအလိုမှာ အသက်ရှင်နေကြောင်း တွေ့ရတယ်လို့ မေရာသတင်းက ဧပြီလ ၈ ရက်နေ့မှာ ရေးထားပါတယ်။
ကလေးက ပန်ဒစ်ဘရစ်ချ်ဆန်ဒါရှာမာ အထွေထွေဆေးရုံမှာ မိခင်ကိုယ်ဝန် ၆ လနဲ့ လမပြည့်ပဲ မွေးလာခဲ့ချိန်မှာ အလေးချိန် ၃၅၀ ဂရမ်ပဲ ရှိတယ်လို့ ဆိုပါတယ်။
ကလေးက ဆေးရုံမှာ လှုပ်ရှားမှုမရှိပဲ လဲလျောင်းနေလို့ ကျွမ်းကျင်သူနာပြုတွေက ကလေးသေဆုံးပြီဟု ပြောပြီး ချက်ခြင်းမီးရှို့သင်္ဂြိုဟ်ဖို့ ဆွေမျိုးတွေကို အကြံပြုခဲ့တယ်လို့ သိရပါတယ်။
ဆရာဝန်တွေရဲ့ စစ်ဆေးမှုမယူပဲ သူနာပြုတွေကသာ ကလေးသေဆုံးမှုဖြစ်ကြောင်း ပြောတာလို့ အိန္ဒိယတိုင်းမ်သတင်းစာအရ သိရပါတယ်။
ကလေးကိုသင်္ဂြိုဟ်ဖို့ ပြင်ဆင်ချိန်မှာ ကလေး နှလုံးခုန်နေပြီး အသက်ရှူနေတာကို ဆွေမျိုးတွေက သတိထားမိလို့ ဆေးရုံကေို အမြန်ခေါ်သွားပြီး အထူးဂရုစိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“ကလေးမွေးတာက မနက် ၆ နာရီလောက်မှာပါ။ ပြီးတော့ သူတို့က ကလေး သေသွားတယ်ပြောပြီး ကလေးကို မီးသင်္ဂြိုဟ်သင့်တယ်လို့ ပြောတယ်၊ ကျနော်တို့လည်း ကလေးကို သင်္ဂြိုဟ်ဖို့ ပြင်ဆင်ကြတယ်” လို့ ဆွေမျိုးတစ်ဦးက ပြောပါတယ်။
“ကလေးကိုယ်ပေါ်က ပဝါကို ဖယ်လိုက်တော့ ကလေးက အသက်ရှူနေတယ်၊ ဒါကြောင့် ကလေးကို ဆေးရုံပြန်ပို့လိုက်တယ်” လို့ ဆိုပါတယ်။
ဆရာဝန်ဖြစ်ပုံရတဲ့ လူတစ်ဦးကတော့ ကလေးအသက်ရှင်နိုင်ခြေ နည်းတယ်လို့ ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...