Loading...

အလောင်းတွေနဲ့ ချစ်တင်းနှောတဲ့ ကြောက်စရာ အမျိုးသမီးဂိုဏ်း

ရန်သူတွေကိုသတ်,သွေးသောက်ပြီး အလောင်းတွေနဲ့ ချစ်တင်းနှောတဲ့ အမျိုးသမီးဂိုဏ်း

မက္ကဆီကို ထိပ်တန်းရာဇ၀တ်သားတွေထဲမှာ ထေူးထူးခြားခြား ပါဝင်နေတဲ့ Las Flakas La Peque လို့ လူသိများတဲ့ အမျိုးသမီးအဖွဲ့ဟာ လှပတဲ့ရုပ်ရည်လေးကို ပိုင်ဆိုင်ထားကြပေမယ့် ရက်စက်မှုမှာတော့ နှစ်ယောက်မရှိဘူးလို့ နာမည်ကြီးတဲ့ အဖွဲ့ ဖြစ်ပါ တယ်။ ဒါကြောင့် ၎င်းတို့ကို တစ်လိုင်းတည်းသမား အမျိုးသားတွေကတောင် ရှိန်ကြတယ်လို့ ဆိုပါတယ်။
Las Flakas အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ မက္ကဆီကန်စတိုင်ကို ဖယ်ရှားပြီး၊ ခွဲစိတ်မှုတွေ ပြုလုပ်ကာ မူးယစ်ကုန်သည် အမျိုးသားတွေကို ဖမ်းစားဖို့ ကြိုးစားကြကြောင်း၊ ၎င်းတို့ဟာ သုံးယောက်တစ်တွဲလေးယောက်တစ်တွဲ လှုပ်ရှားကြပြီး သူတိုရုပ်ရည်နဲ့  မြူစွယ်ကာ ယောက်ျားတွကို သိမ်းသွင်းကြပါတယ်။
အဓိကအားဖြင့်  Las Flakas အဖွဲ့ဟာ မူးယစ်ကုန်သည်ကြီးတွေရဲ့ ကြေးစားလူသတ်သမား အလုပ်တွေကို လုပ်ကိုင်ပေး ကြပြီး၊ ပြိုင်ဘက် မူးယစ်ကုန်သည်အမျိုးသားတွေကို မာယာနဲ့သိမ်းသွင်းကာ နောက်ဆုံးမှာ ရက်ရက်စက်စက် သတ်ဖြတ်
ပစ်ကြတယ်လို့ ဆိုပါတယ်။ တစ်ခါတရံမှာတော့ အမျိုးသမီးအချင်းချင်း ပြန်သတ်ရတဲ့ ကိစ္စမျိုးလည်း ရှိပါတယ်။
Las Flakas ရဲ့ အဓိပ္ပါကတော့ (Skinny Girl) လို့ အဓိပ္ပါယ်ရပြီး၊ သူတို့တစ်တွေရဲ့ လှုပ်ရှားမှုပိခြင်းတွေကြောင့် ရဲတပ်ဖွဲ့ဟာ ခိုင်မာတဲ့ ထုတ်ဖော်မှုတွေ မပြုလုပ်နိုင်သေးပါဘူး။ La Peque လို့ နာမည်ကြီးတဲ့ အလှဘု ရင်မလေးကတော့ အမျိုးသား ငါးယောက်ကို ခေါင်းဖြတ် သတ်ခဲ့ကြောင်း၊ ယင်းနောက် သွေးကို စိမ်ပြေနပြေသောက်ပြီး  ခေါင်းပြတ်အလောင်း ကောင်တွေနဲ့ ချစ်တင်းနှောခဲ့ကြောင်း ဆိုပါတယ်။
La Peque မက္ကဆီကိုရဲက ဖမ်းဆီးရမိပြီးနောက် သူမက လူသတ်မှုတွေကို ၀န်ခံခဲ့ပြီး၊ အနည်းဆုံးတော့ ငါးယောက်ခန့် ရှိကြောင်း၊ သွေးပူပူလေး သောက်ရတာကို နှစ်ခြိုက်ကြောင်း၊ အလောင်းကောင်တွေနဲ့ ချစ်တင်းနှောသည်ဆိုသည်မှာလည်း ဟုတ်မှန်ကြောင်း ဖြောင့်ချက်ပေးခဲ့ပါတယ်။
အခြား လုသတ်မယ် အမျိုးသမီးကတော့ La Malandra ဖြစ်ပြီး၊ သူမကလည်း La Peque လိုပဲ ရက်စက်မှုမှာ ခြေ
ရာတစ်ထပ်တည်းကျအောင် နင်းနိုင်သူလို့ ဆိုပါတယ်။ Joselyn Niño လို့ အမည်ရတဲ့ လူသတ်ရာဇ၀တ်ကောင်ကလည်း လူမှုကွန်ယက်မှာ နာမည်ကြီးသူ ဖြစ်ပါတယ်။
သူမဟာ La Gladys လို့ အမည်ရတဲ့အမျိးသမီးတစ်ယောက်ကို ဓားနဲ့ခုတ်သတ်ခဲ့ပြီး၊ အင်တာနက်လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးအောင် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ယခုအချိန်ထိတော့ နာမည်ကျော်တွေ ဖြစ်တဲ့ Gladys၊ Niño နဲ့ Malandra တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိဖို့ ကြိုးစားနေဆဲလို့ သိရပါတယ်။
မူရင်းသတင်းကို ဖတ်ချင်ပါက https://www.thesun.co.uk/news/3226027/how-mexicos-worst-drug-cartels-are-being-taken-over-by-bloodthirsty-women-who-claim-to-have-sex-with-the-beheaded-corpses-of-their-enemies/ မှာ ဖတ်နိုင်ပါတယ်။
ညီလင်းထက် (Shwemom) မှ ကူးယူဖေါ်ပြပါသည်။

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...