======

ထရမ့္ သမၼတျဖစ္မည္ဟု ေဟာခဲ့သည့္ အၾကားအျမင္ပုဂၢိဳလ္ တတိယကမာၻစစ္ျဖစ္မည့္ေန႔ကို ေဟာကိန္းထုတ္


ေဒၚနယ္လ္ထရမ့္ အေမရိကန္သမၼတျဖစ္မယ္လုိ႔ အတိအက်ေဟာကိန္းထုတ္ခဲ့တဲ့ အၾကားအျမင္ရ ပုဂၢဳိလ္က  တတိယကမာၻစစ္ျဖစ္မယ့္ ေန႔စြဲအတိအက်ကို ေဟာကိန္းထုတ္လုိက္ပါတယ္။
Our Lady of Fatima လို႔ေခၚတဲ့ ႐ိုမန္ကက္သလစ္ဘာသာက အထြတ္အျမတ္ထားရာ အပ်ိဳစင္မာရီ ကို အမြန္အျမတ္ထား ဂုဏ္ျပဳတဲ့ ႏွစ္ ၁၀၀ ျပည့္ အထိမ္းအမွတ္ေန႔ ေမလ ၁၃ ရက္၊ ၂၀၁၇ ခုႏွစ္မွာ ႏ်ဴကလီးယာစစ္မီး ေတာက္မယ္လုိ႔ “ဘုရားသခင္ရဲ႕ သတင္းစကားပါးသူ” အျဖစ္ ကုိယ့္ကိုယ့္ကုိယ္ ထုတ္ေဖာ္ေျပာခဲ့တဲ့ ဟုိရက္စီ႐ိုဗစ္လာဂက္စ္က ယူဆေနတာပါ။
ဒီအၾကားအျမင္ရပုဂၢိဳလ္က အေမရိကန္ေရြးေကာက္ပြဲအတြင္း ထရမ့္အႏုိင္ရႏုိင္တယ္လုိ႔ ၂၀၁၅ ခုႏွစ္က အာ႐ံုေပၚ ေဟာကိန္းထုတ္ခဲ့တယ္လို႔ ေဒးလီးစတားသတင္းအရ သိရပါတယ္။
ကမာၻႀကီးကို တတိယကမာၻစစ္ျဖစ္ေအာင္ တြန္းပုိ႔မယ့္ သန္းႂကြယ္သူေဌး စီးပြားေရးသမားက “အလင္းျပဘုရင္” ျဖစ္မယ္လုိ႔ ဗစ္လာဂက္စ္က ေဟာကိန္းထုတ္ခဲ့တာပါ။
သူ႔ရဲ႕ေဟာကိန္းေတြထဲက တခုျဖစ္တ့ဲ အေမရိကန္ေခါင္းေဆာင္က ဆီးရီးယားကုိ တုိက္ခုိက္ႏိုင္တယ္ဆိုတဲ့ ေဟာကိန္းက ဒီလအေစာပုိင္းမွာ ထရမ့္က ဆီးရီးယားကို ေလေၾကာင္းနဲ႔ အႀကီးအက်ယ္တုိက္ခိုက္ခဲ့ၿပီးျဖစ္လုိ႔ တုန္လႈပ္ဖြယ္ရာ မွန္ကန္ေနတာကို ေတြ႔ရပါတယ္။
ကမာၻ႔ပဋိပကၡထဲမွာ တ႐ုတ္၊ ေျမာက္ကိုရီးယားနဲ႔ ႐ုရွားႏုိင္ငံေတြ ပါဝင္လာမယ္လုိ႔လည္း ေဟာကိန္းထုတ္ထားတာပါ။
အာဝါေလဒီေခၚ ဘုရားသခင္ဂ်ီးဇက္ရဲ႕မယ္ေတာ္ အပ်ိဳစင္မာရီက ေပၚတူဂီႏုိင္ငံအလယ္ပုိင္းက ဖာတမာဆိုတဲ့ ရြာေလးတရြာကုိ ေျခာက္ႀကိမ္လာေရာက္ခဲ့ၿပီး လူေတြ လိုက္နာသင့္တာေတြကို ေတာင္းဆုိခဲ့ေၾကာင္း၊ ပထမအႀကိမ္ လာေရာက္ခဲ့တာက ေမလ ၁၃ ရက္၊ ၁၉၁၇ ခုႏွစ္ျဖစ္ၿပီး အပ်ိဳစင္မာရီ လာေရာက္ခဲ့တဲ့ ႏွစ္ ၁၀၀ ျပည့္ေန႔မွာ စစ္စတင္ျဖစ္မယ္လို႔ ဗစ္လာဂက္စ္က ေဟာကိန္းထုတ္လုိက္တာပါ။
အပ်ိဳစင္မာရီ ဖာတမာရြာေလးကို ေနာက္ဆံုးလာေရာက္ခဲ့တာက ေအာက္တုိဘာလ ၁၃ ရက္၊ ၁၉၁၇ ေန႔ျဖစ္ၿပီး အဲဒီေန႔ရဲ႕ ႏွစ္ ၁၀၀ ျပည့္မွာ တတိယကမာၻစစ္ႀကီး ၿပီးမယ္လုိ႔လည္း အၾကားအျမင္ရ ပုဂၢိဳလ္က ေျပာလိုက္ပါတယ္။
“အဓိက လူေတြသိရမယ့္ သတင္းစကားကေတာ့ ၂၀၁၇ ခုႏွစ္၊ ေမလ ၁၃ ရက္နဲ႔ ေအာက္တုိဘာလ ၁၃ ရက္အတြင္းမွာ လူေတြ ျပင္ဆင္စရာရွိတာ ျပင္ဆင္ထားရမယ္။ စစ္ႀကီးျဖစ္ၿပီး ေသဆံုးမႈေတြ၊ ထိတ္လန္႔တုန္လႈပ္စရာေတြ၊ ႀကီးစြာေသာ ဆုံး႐ႈံးပ်က္စီးမႈေတြနဲ႔ စစ္ႀကီးၿပီးဆံုးမယ္” လုိ႔ ဗစ္လာဂက္စ္က ေဒးလီးစတား သတင္းဌာနကို ေျပာခဲ့ေၾကာင္း ေမရာသတင္းရဲ႕ ဧၿပီ ၁၉ ရက္ေန႔ သတင္းတပုဒ္မွာ ေရးထားပါတယ္။
http://burmese.dvb.no
Unicode
ဒေါ်နယ်လ်ထရမ့် အမေရိကန်သမ္မတဖြစ်မယ်လို့ အတိအကျဟောကိန်းထုတ်ခဲ့တဲ့ အကြားအမြင်ရ ပုဂ္ဂိုလ်က  တတိယကမ္ဘာစစ်ဖြစ်မယ့် နေ့စွဲအတိအကျကို ဟောကိန်းထုတ်လိုက်ပါတယ်။

Our Lady of Fatima လို့ခေါ်တဲ့ ရိုမန်ကက်သလစ်ဘာသာက အထွတ်အမြတ်ထားရာ အပျိုစင်မာရီ ကို အမွန်အမြတ်ထား ဂုဏ်ပြုတဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်နေ့ မေလ ၁၃ ရက်၊ ၂၀၁၇ ခုနှစ်မှာ နျူကလီးယာစစ်မီး တောက်မယ်လို့ “ဘုရားသခင်ရဲ့ သတင်းစကားပါးသူ” အဖြစ် ကိုယ့်ကိုယ့်ကိုယ် ထုတ်ဖော်ပြောခဲ့တဲ့ ဟိုရက်စီရိုဗစ်လာဂက်စ်က ယူဆနေတာပါ။

ဒီအကြားအမြင်ရပုဂ္ဂိုလ်က အမေရိကန်ရွေးကောက်ပွဲအတွင်း ထရမ့်အနိုင်ရနိုင်တယ်လို့ ၂၀၁၅ ခုနှစ်က အာရုံပေါ် ဟောကိန်းထုတ်ခဲ့တယ်လို့ ဒေးလီးစတားသတင်းအရ သိရပါတယ်။

ကမ္ဘာကြီးကို တတိယကမ္ဘာစစ်ဖြစ်အောင် တွန်းပို့မယ့် သန်းကြွယ်သူဌေး စီးပွားရေးသမားက “အလင်းပြဘုရင်” ဖြစ်မယ်လို့ ဗစ်လာဂက်စ်က ဟောကိန်းထုတ်ခဲ့တာပါ။

သူ့ရဲ့ဟောကိန်းတွေထဲက တခုဖြစ်တဲ့ အမေရိကန်ခေါင်းဆောင်က ဆီးရီးယားကို တိုက်ခိုက်နိုင်တယ်ဆိုတဲ့ ဟောကိန်းက ဒီလအစောပိုင်းမှာ ထရမ့်က ဆီးရီးယားကို လေကြောင်းနဲ့ အကြီးအကျယ်တိုက်ခိုက်ခဲ့ပြီးဖြစ်လို့ တုန်လှုပ်ဖွယ်ရာ မှန်ကန်နေတာကို တွေ့ရပါတယ်။

ကမ္ဘာ့ပဋိပက္ခထဲမှာ တရုတ်၊ မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံတွေ ပါဝင်လာမယ်လို့လည်း ဟောကိန်းထုတ်ထားတာပါ။

အာဝါလေဒီခေါ် ဘုရားသခင်ဂျီးဇက်ရဲ့မယ်တော် အပျိုစင်မာရီက ပေါ်တူဂီနိုင်ငံအလယ်ပိုင်းက ဖာတမာဆိုတဲ့ ရွာလေးတရွာကို ခြောက်ကြိမ်လာရောက်ခဲ့ပြီး လူတွေ လိုက်နာသင့်တာတွေကို တောင်းဆိုခဲ့ကြောင်း၊ ပထမအကြိမ် လာရောက်ခဲ့တာက မေလ ၁၃ ရက်၊ ၁၉၁၇ ခုနှစ်ဖြစ်ပြီး အပျိုစင်မာရီ လာရောက်ခဲ့တဲ့ နှစ် ၁၀၀ ပြည့်နေ့မှာ စစ်စတင်ဖြစ်မယ်လို့ ဗစ်လာဂက်စ်က ဟောကိန်းထုတ်လိုက်တာပါ။

အပျိုစင်မာရီ ဖာတမာရွာလေးကို နောက်ဆုံးလာရောက်ခဲ့တာက အောက်တိုဘာလ ၁၃ ရက်၊ ၁၉၁၇ နေ့ဖြစ်ပြီး အဲဒီနေ့ရဲ့ နှစ် ၁၀၀ ပြည့်မှာ တတိယကမ္ဘာစစ်ကြီး ပြီးမယ်လို့လည်း အကြားအမြင်ရ ပုဂ္ဂိုလ်က ပြောလိုက်ပါတယ်။


“အဓိက လူတွေသိရမယ့် သတင်းစကားကတော့ ၂၀၁၇ ခုနှစ်၊ မေလ ၁၃ ရက်နဲ့ အောက်တိုဘာလ ၁၃ ရက်အတွင်းမှာ လူတွေ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားရမယ်။ စစ်ကြီးဖြစ်ပြီး သေဆုံးမှုတွေ၊ ထိတ်လန့်တုန်လှုပ်စရာတွေ၊ ကြီးစွာသော ဆုံးရှုံးပျက်စီးမှုတွေနဲ့ စစ်ကြီးပြီးဆုံးမယ်” လို့ ဗစ်လာဂက်စ်က ဒေးလီးစတား သတင်းဌာနကို ပြောခဲ့ကြောင်း မေရာသတင်းရဲ့ ဧပြီ ၁၉ ရက်နေ့ သတင်းတပုဒ်မှာ ရေးထားပါတယ်။

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...