======

သမီးျပည္႔တန္ဆာ


(၁)
ပစၥည္းကို ဘယ္လာပို႕ရမလဲတဲ့။
ေျသာ္…ပစၥည္းဆိုတာ ငါ့သမီးကို ေျပာေနတာကို
ငါ့ သမီးဟာ လူမဟုတ္ေတာ့ဘူး ပစၥည္း တစ္ခု ျဖစ္သြားျပီေပါ့။ ဟုတ္တယ္ သက္ရွိ ေယာက်ၤားေတြရဲ႕ တဏွာ ရမၼက္ အညစ္အေျကးေတြကို အန္ထုတ္မယ့္ ေထြးခံလို ပစၥည္းေပါ့။

(၂)
က်ြန္မက ကိုထြန္းခိုင္ရဲ႕ နဖူးကို စမ္းျကည့္လိုက္ေတာ့ ပူေနတုန္းပဲ ရွိေသးတယ္။ အဖ်ား မက်ေသးဘူး ထင္ပါရဲ႕လို႕ ေတြးျပီး က်ြန္မ စိတ္ညစ္သြားတယ္။ ညေနက်ရင္ လမ္းထိပ္က မာမြတ္တို႕ ေဆးဆိုင္ကို သြားျပီး ေဆးစပ္ခိုင္းဦးမွပါပဲေလ။

ကိုခိုင္ ကိုခိုင္ ထဦး ဆန္ျပဳတ္ပူပူေလး ေသာက္လိုက္ဦး

` တိုက္သာ တိုက္ရတယ္။ လူမမာမ်ိဳလို႕ က်ပါ့မလားေတာင္ မသိဘူး။ အသားမပါ ငါးမပါနဲ႕ အျဖဴထည္ သက္သက္ကိုး။

ကိုခိုင္ ပူေနတုန္းေလး ေသာက္လိုက္ဦး ေအးသြားရင္ ရွင္မ်ိဳလို႕ က်မွာ မဟုတ္ဘူး။ ဘာသားမွ မပါဘဲ ဆန္ျကမ္းကို ျပဳတ္ထားတာ ဆိုေတာ့ သိတဲ့အတိုင္းပဲ ေတာ္ေရ

ရပါတယ္ မေဌးရယ္ ငါဒီလို ဆန္ျပဳတ္နဲ႕ အသားက်ေနတာ ႏွစ္ေတြေတာင္ မနည္း ျကာေနျပီပဲ ဥစၥာ

ဟုတ္ေတာ့လည္း ဟုတ္ပါတယ္ေလ။ ကိုခိုင္ ခါးေအာက္ပိုင္း ေသျပီး တစ္လေက်ာ္ေက်ာ္ ေဆးရံုေပၚမွာ လဲေနတုန္းကလည္း ဒီလို ဆန္ျပဳတ္ အျဖဴထည္ကိုခ်ည္း ေန႕စဥ္ ရက္ဆက္ တုိက္ခဲ့ရတာ မဟုတ္လား။ ျကာေတာ့ ျကာပါျပီ။ လြန္ခဲ့တဲ့၉ ႏွစ္ေလာက္တုန္းကေပါ့။ အငယ္ဆံုးေကာင္ ေဇယ်ာခိုင္ေတာင္ ၂ ႏွစ္ပဲ ရွိေသးတာ။
ဒီမတုိင္မီတုန္းကေတာ့ ကိုခိုင္က ပန္းရန္ေခါင္း ဆိုေတာ့ ပိုပို လွ်ံလွ်ံ မဟုတ္ေတာင္ သားငါးစိုိစုိ စား၇ေသးတယ္။ အိမ္မွာ စားမယ့္ ပါးစပ္ေပါက္ ကလည္း အမ်ားသား မဟုတ္လား။ အဲဒီတုန္းက အျကီးဆံုး သမီး သႏၱာခိုင္က ၁၀ တန္းကို ၂ခါက်ျပီး စိတ္ေလေနတာ။ အလတ္ေကာင္ ေက်ာ္၀င္းခိုင္က ၈တန္း အငယ္မ ေကသီိခိုင္ကေတာ့ ၁ တန္းပဲ ရွိေသးတယ္။
မွတ္မိပါေသးတယ္။ အဲဒီတုန္းက ေဆာင္းတြင္းျကီး။ ႏွစ္ထပ္ ေစ်းသစ္ျကီး ေဆာက္မယ္ဆိုျပီး ကန္ထရိုက္က ကိုထြန္းခိုင္ကို လာေခၚေတာ့ ျမိဳးျမိဳးျမက္ျမက္ေလး စားရျပီ မွတ္တာ။ ဘာျကာသတုန္း။ ေဆာက္လက္စမွာပဲ ကိုထြန္းခိုင္ တစ္ေယာက္ တိုက္ေပၚက ျပဳတ္က်ျပီး ခါးဆစ္ရိုး လြဲသြားပါေရာလား။
ေတာ္ေသးတယ္။ လူမေသလို႕။ ဒါေပမဲ့ ေစာင္းသြားတဲ့ ခါးဆစ္ရုိးက တစ္လခြဲ ႏွစ္လေလာက္ျကာေအာင္ ညွပ္မိလို႕ ခါးဆစ္ရိုး ျပန္တည့္ လာတဲ့ အခ်ိန္မွာေတာင္ အာရံုေျကာေတြ ျပန္မေကာင္းေတာ့ဘဲ ခါးေအာက္ပိုင္း ေသသြားတယ္ေလ။
အဲဒီတုန္းကမ်ား ကုန္လိုက္တဲ့ ေငြ ေသာက္ေသာက္လဲ။ ကသီလိုက္တာလည္း မေျပာပါနဲ႕ေတာ့။ လက္ရွိေနေနတဲ့ အိမ္ကို ေရာင္းျပီး ေဟာဒီ အိမ္ေလးကို စေပၚေပး ငွားခဲ့ရတာပဲျကည့္။ ေဆးရံုက ဆင္းတုန္းကမ်ား ကိုထြန္းခိုင္ ခမ်ာ သူ႕ဘ၀ေတာ့ ဆံုးပါျပီ ဆိုျပီး ေယာက်္ားျကီးတန္မဲ့ ငိုလိုက္တာ က်ဴက်ဴပါပါေရာလား။
ေနာက္ပိုင္းက်ေတာ့လည္း သူ႕စိတ္ကို သူေျဖတယ္နဲ႕ တူပါတယ္။ ရပ္ကြက္ထဲက လာအပ္တဲ့ ျကိမ္ကုလားထိုင္ အေဟာင္းေလးေတြကို ျကိမ္ထိုးျပီး သူတတ္နိုင္သေလာက္ေလးေတာ့ ၀င္ေငြရွာေပး ရွာတယ္။ ျကိမ္ထိုးတဲ့ အလုပ္ဆိုတာကလည္း ဘယ္မွာလာျပီး အျမဲ အဆင္ေျပနိုင္ပါ့မလဲ။ က်ြန္မတို႕ ရပ္ကြက္ထဲမွာ ျကိမ္ခံုနဲ႕ ထိုင္နိုင္တဲ့ အိမ္ဘယ္နွစ္အိမ္မ်ား ရွိတာ မွတ္လို႕။

အဟြတ္……အဟြတ္

ကိုထြန္းခိုင္က ဆန္ျပဳတ္ေသာက္ရင္း ေခ်ာင္းတဟြပ္ဟြပ္ ဆိုးလာလို႕ ဆန္ျပဳတ္ပန္းကန္ကို ေဘးခ် ထားလိုက္ရသည္။
က်ြန္မက…..

အငယ္မေရ…နင့္အေဖ အတြက္ ေသာက္ေ၇ တစ္ခြက္ ခပ္ခဲ့စမ္း။ ျမန္ျမန္လုပ္ဟဲ့….

အဟြတ္…အဟြတ္….ေအာ့….ေ၀ါ့

ဟင္….ကိုထြန္းခိုင္ သလိပ္ ေထြးခ်င္လို႕လား။ ဟဲ့ ဘယ္မလဲ ေထြးခံ။ အို….ျကာပါတယ္ေလ…ေဟာဒီ က်ြန္မ လက္ခုပ္ထဲသာ ေထြးခ်လိုက္ေတာ့ ေထြး….ေထြး

ေ၀ါ့

က်ြန္မ လက္ခုပ္ထဲက ကိုထြန္းခိုင္ ေထြးခ်လိုက္တဲ့ သလိပ္ေတြကို မရြံရွာအားဘဲ ေနာက္ေဖး ေရကျပင္ကို သြားျပီး ေဆးခ်လိုက္ရတယ္။
တကယ္ဆို ကိုထြန္းခိုင္ ဖ်ားတာ က်ြန္မ အျပစ္ မကင္းဘူး။ မေန႕ကေပါ့။ ေပါင္ထားတဲ့ စက္ဘီးေလးက ၇က္ေစ့လို႕ အတုိးသတ္ဖို႕ ေနာက္ဆံုး ရက္ေရာက္တာေနတာနဲ႕ မထြက္မျဖစ္ ထြက္ခဲ့ရတယ္။ ကိုထြန္းခိုင္ကေတာ့ အိမ္ေရွ႕ ကြက္လပ္မွာ ၀ါးကပ္ေပၚထိုင္ရင္း အပ္ထားတဲ့ ကုလားထိုင္ အေဟာင္းတစ္လံုးကို ျကိမ္ထိုးရင္း က်န္ခဲ့ေလရဲ႕။
ျဖစ္ခ်င္ေတာ့ မိုးက ဆုိင္းမဆင့္ ဗံုမဆင့္ သည္းသည္းမည္းမည္းျကီး ရြာခ်လုိက္ပါေရာ။
ေအာက္ပိုင္းေသေနတဲ့ ဒုကိၡတ ကိုထြန္းခိုင္ကေတာ့ မိုးေရထဲမွာ ငုတ္တုတ္။ က်ြန္မ အေျပးအလႊား ျပန္ေရာက္လာမွပဲ သူကကို အိမ္ေရွ႕ ကြက္လပ္ထဲကေန ခ်ီမျပီး အိမ္ထဲ သြင္းရတယ္။ အဲဒီကတည္းက တဟြတ္ဟြတ္နဲ႕ ေခ်ာင္းသံေလး ပါလာလိုက္တာ ဖ်ားေတာ့မယ္လို႕ေတာ့ ထင္သား။

မေဌးေရ….အဟြတ္….အဟြတ္

ခပ္သဲ့သဲ့ ေခၚသံေျကာင့္ က်ြန္မက ေရစိုေနတဲ့ လက္ကို လံုခ်ည္ေအာက္နားစနဲ႕ ကပ်ာကယာ သုတ္ျပီး ကိုထြန္းခိုင္နား ျပန္လာလိုက္သည္။

ရွင္….ကိုခိုင္….ဘာလိုခ်င္လို႕လဲ

ေရာ့….ဒီ ဆန္ျပဳတ္ပန္းကန္ကို ျပန္သိမ္းလိုက္ပါေတာ့ဟာ။ ငါေသာက္ခ်င္စိတ္ မရွိေတာ့ဘူး။

ကိုခိုင္စကားေျကာင့္ က်ြန္မ စိတ္မေကာင္း ျဖစ္သြားတယ္။ ဒါျဖင့္ ရွင္ဘာစားခ်င္သလဲ လို႕ ေမးဖို႕ ခြန္အားလည္း က်ြန္မမွာ မရွိဘူးေလ။ က်ြန္မ လက္ထဲမွာ ပိုက္ဆံက ၂၀၀ ေတာင္ ျပည့္ေအာင္ မရွိေတာ့ဘူးကိုး။ အလကားပဲ…။ လူ႕ဘ၀ကို က်ြန္မတို႕ဟာ ဒုကၡခံဖို႕ သက္သက္ ေရာက္လာျကတာ။ ေလာကျကီးဟာ မတရားဘူး။
အဲဒီလို စဥ္းစားေနတဲ့ အခ်ိန္မွာပဲ အငယ္မ ေကသီခိုင္က ေရာက္လာျပီး ေလသံ ခပ္တိုးတိုးနဲ႕

အေမ…..အေမ….ဟိုမွာ ျကီးျကီး ေဒၚသိန္းျမျကီး လာေနျပီ။ ဧကႏၱ အေမ့ဆီ အေျကြးလာေတာင္းတာ ထင္တယ္

က်ြန္မ ျပဴးျပဴးပ်ာပ်ာ ျဖစ္သြားျပီး

ေအး….ေအး…သြား အေမ မရွိဘူးလို႕ သြားေျပာခ်ည္စမ္း သမီး…သြား…သြား ခပ္ျမန္ျမန္သြားေျပာ

အငယ္မက မ်က္ႏွာေလး ပ်က္တက္တက္နဲ႕ပင္ ေခါင္းညိမ့္ျပျပီး သုတ္ခနဲ အိမ္ေရွ႕ဘက္ ေျပးထြက္သြားတယ္။ သံုးထပ္ျပား တစ္ခ်ပ္သာ ျခားေနတာ ဆိုေတာ့ သူတို႕ အသံေတြကို အထဲက အတိုင္းသား ျကားေနရတယ္။

ဟဲ့ ေကသီခိုင္ ညည္းအေမ ဘယ္မွာလဲ

ဟို ျကီးျကီး အေမ….အေမ မရွိဘူး

ဟဲ့ မရွိရေအာင္ ဒင္းက ဘယ္သြားေနတာမို႕လို႕လဲ။ ဟင္း…ဟင္း သိတယ္ေနာ္။ င့ါအေျကြး မေပးခ်င္လို႕ တမင္ေရွာင္ေနတာ မဟုတ္လား။ ဒီလို ေရွာင္ေနရံုနဲ႕ ျပီးမလားဟဲ့။ နင္တို႕ကေလ….ထမင္း၀ေတာ့ တစ္မ်ိဳး။ ငတ္ေတာ့ တစ္မ်ိဳးနဲ႕။ ငါ့ကို ဒီေစာက္ခ်ိဳး လာမခ်ိဳးနဲ႕။ သိန္းျမ အေျကာင္း ေကာင္းေကာင္း သိသြားမယ္။ ဘယ္မလဲ မိေဌး…ဟဲ့ မိေဌး

အေမ အိမ္မွာ တကယ္ မရွိတာပါ ျကီးျကီးရယ္

ေအး ဒါဆိုလည္း ညည္းအေမကို ေျပာလိုက္။ မနက္ျဖန္ ညေနမွ ငါ့အေျကြး မေပးလို႕ကေတာ့ ေဖတစ္ရာနဲ႕ကို ကေလာ္ တုတ္ပစ္မယ္လို႕။ အံမယ္ေလး ညည္းတို႕ မိသားစုကိုေတာ့ လက္လန္ပါရဲ႕ေအ။ တစ္မိသားစုလံုးက ကလိမ္ကက်စ္ေတြခ်ည္းပဲ။

ေဒၚသိန္းျမ၇ဲ႕ အသံဟာ က်ြန္မ နားထဲမွာ က်ယ္ေလာင္ေနေပမဲ့ နား၀ကေန လွ်ံက်သြားတယ္။ စကားလံုးေတြဟာ နာျကည္းစရာ ေကာင္းေပမဲ့ အေ၇ထူေနတဲ့ နြားတစ္ေကာင္လို က်ြန္မ မနာက်င္ႏိုင္ေတာ့ပါဘူး။ ဒါေပမဲ့ ဘာေျကာင့္မွန္း မသိဘူး။ က်ြန္မ မ်က္လံုးထဲက မ်က္ရည္ေတြ စီးက်လာတယ္။ ကိုထြန္းခိုင္ကို ျကည့္လိုက္မိေတာ့ မ်က္ရည္၀ိုင္းေနတဲ့ မ်က္လံုး အစံုနဲ႕ က်ြန္မကို စုိက္ျကည့္ေနတယ္။
ဒီအခ်ိန္မွာ က်ြန္မ သမီးျကီး သႏၱာခိုင္ကို သတိရလုိက္တာေလ။

သူသာရွိရင္ ေဒၚသိန္းျမ ပိုက္ဆံကို နည္းနည္းျဖစ္ျဖစ္ ဖဲ့ျပီး ေပးနုိင္မွာပဲ။
အခုေတာ့ သူကလည္း ေထာင္နံရံ အုတ္တံတိုင္းရဲ႕ ေနာက္ကြယ္မွာ ဆိုေတာ့ ဘယ္တတ္နိုင္မွာလဲေလ။
` ေျသာ္…..သမီးျကီး…သမီးျကီး ေနလို႕မွ ေကာင္းရဲ႕လား မသိဘူးေနာ္။

(၃)
သမီးျကီးအေျကာင္း စဥ္းစားလိုက္မိေတာ့ မ်က္ရည္ကိုပဲ အေဖာ္ျပဳခဲ့ရတဲ့ေန႕ရက္ေတြကို ျပန္သတိရမိျပန္ေရာ။ အဲဒီတုန္းက ကိုထြန္းခိုင္က ခါးဆစ္ရိုး က်ိဳးခါစေဆးရံုေပၚမွာ ပိုက္တန္းလန္းနဲ႕ ေနရတဲ့ အခ်ိန္ေပါ့။
က်ြန္မက ၂ ႏွစ္သား ေဇယ်ာခိုင္ေလးကို ခါးထစ္ခြင္ျပီး ဟုိေျပးရ ဒီလႊားရ ဟိုလူ႕ မ်က္ႏွာေအာက္ခ် ပုိက္ဆံ ေခ်းရ ဒီလူ႕ပါးစပ္ အျမဳပ္ထြက္မတတ္ ငွားရနဲ႕။ အလတ္ေကာင္နဲ႕ အငယ္မက ေက်ာင္းပိတ္ထားခ်ိန္မို႕ ေတာ္ေသးတယ္။
ေဆးရံုေပၚ ပက္လက္ျဖစ္ေနတဲ့ အေဖ့နားမွာ လက္တိုလက္ေတာင္း ခိုင္းလို႕ေတာ့ ရတာေပါ့ေလ။ အေဖ ေဆးရံုတက္ကာစကတည္းက လံုးလံုးေပၚမလာတာကေတာ့ အျကီးမ သႏၱာခိုင္ပဲ။
တစ္ေန႕ တစ္ေန႕ ကုန္လိုက္တဲ့ ပိုက္ဆံေတြကို ဘယ္ကေန ရွာရမလဲ ဆိုတာ ေခါင္းမူးေအာင္ စဥ္းစားရတာက တစ္မ်ိဳး သေဘၤာဆလင္ တစ္ေယာက္နဲ႕ ဘာဘာညာညာ ျဖစ္ေနတယ္ ဆိုတဲ့ သမီးျကီးအတြက္ ရင္ပူရတာက တစ္သြယ္နဲ႕။ မေတာ္ ဟိုက မယားျကီးေတြ ဘာေတြ ရွိေနမွျဖင့္ မခက္ေပဘူးလား။
ဒါေပမဲ့ သမီးျကီး အေျပာအရေတာ့ မုဆိုးဖိုဆိုလား တစ္ခုလပ္ ဆိုလားပဲ မုဆိုးဖို ျဖစ္တာ တစ္ခုလပ္ ျဖစ္တာက သိပ္ေတာ့ အေ၇းမျကီးပါဘူး။ တင့္ေတာင္တင့္တယ္နဲ႕ သမီးျကီးကို အတည္ယူရင္ပဲ က်ြန္မ ေက်နပ္လွပါျပီေလ။
ဒါေပမဲ့ လူမမာ လာေမးတဲ့ ကိုထြန္းခိုင္ရဲ႕ ႏွမ၀မ္းကြဲ မတုတ္ကေတာ့ က်ြန္မ အနား တိုးတိုးကပ္ျပီး

မိေဌးေရ….နင့္သမီး သႏၱာခိုင္ တစ္ေယာက္ အထက္ဘက္ သြားတဲ့ သေဘၤာေတြေပၚမွာ ခဏခဏ ေတြ႕ေနရတယ္ဆိုပဲေအ့။ နည္းနည္းပါးပါး ေမးျမန္းျကည့္ဦး။

က်ြန္မက က်ဳပ္သမီး သေဘၤာဆလင္နဲ႕ ျကိဳက္ေနတာလို႕ ျပန္ေျပာမယ္ လုပ္ေနတုန္းမွာပဲ ေက်ာင္းဆင္းခါစ ဆရာ၀န္ငယ္ငယ္ေလး ေရာက္လာျပီး ဓာတ္မွန္လည္း ရိုက္ရမယ္။ ေသြးလည္း စစ္ရမယ္ဆိုလို႕ က်ြန္မ ေခါင္းပူသြားတယ္။ လက္ထဲမွာ ဆုပ္ကိုင္ထားတဲ့ ပိုက္ဆံအိတ္ထဲက ပိုက္ဆံေလးေတြကို ဘယ္ေလာက္ရွိေသးလဲ ဆိုျပီး ျကိတ္ေရတြက္ေနတုန္း အလုပ္သမား တစ္ေယာက္က ဘီးတပ္လွည္းတြန္းလာျပီး ကိုထြန္းခိုင္ကို ေပြ႕ခ်ီတင္ေခၚသြားတာနဲ႕ ေနာက္က ကသုတ္ကရိုက္ ေျပးလိုက္သြားရတယ္။
ေဆးရံုေပၚ ေရာက္ျပီး ၄ - ၅ ရက္ေလာက္ အျကာမွာပဲ ကိုထြန္းခိုင္မွာ အဖ်ားပါ၀င္လာလို႕ ဆရာ၀န္ျကီးက ဘာမွ မစားရဘူး ဆိုျပီး ပုလင္းျကီးေတြပဲ တစ္လံုးျပီး တစ္လံုး ခ်ိတ္ခိုင္းတယ္။ တစ္ရက္ တစ္ရက္ကို ေျခာက္လံုး ခုႏွစ္လံုးေလာက္ အေျကာထဲ သြင္း၇တာဆိုေတာ့ ဘယ္ေလာက္ ကုန္မလဲ တြက္သာ ျကည့္ျကေပေတာ့။
ကန္ထရိုက္က ေလ်ာ္ေျကးေပးမယ္ဆိုတဲ့ ပိုက္ဆံကလည္း ခုထိ မလာေသးဘူးေလ။ စရိတ္မွ်ေပး ေဆးဆိုင္က ဦးေလးျကီးက ေလာေလာဆယ္ ေငြမလြယ္ေသးရင္လည္း ၁၀ ရက္ေလာက္ေနမွ တစ္ေပါင္းတည္း ရွင္းေပါ့လို႕ ေျပာတာနဲ႕ နည္းနည္း အသက္ရွဴေခ်ာင္ သြားတယ္။
၁၀ ရက္ေျမာက္တဲ့ေန႕မွာပဲ ေဆးရံုကို သြားဖို႕ မီးဖိုေခ်ာင္ထဲမွာ ျပင္ဆင္ေနတုန္း ျဗဳန္းဆို သမီးျကီး သႏၱာခိုင္ အိမ္ေပၚတက္လာတယ္။ သူ႕ကို ျကည့္ရတာ ပင္ပန္းေနသလိုပဲ။ ေနေလာင္ထားသလို အသားေတြကလည္း မည္းသြားလိုက္တာ။ ေျခာက္ကပ္ကပ္နဲ႕ စိုစိုျပည္ျပည္ မရွိေတာ့ဘူး။ ေရာက္ေရာက္ခ်င္း ေဆာက္နဲ႕ထြင္းသလို သႏၱာခိုင္က စကားတိုတို မာဆတ္ဆတ္နဲ႕

ေရာ့…..အေမ ပိုက္ဆံ ၂သိန္း အေဖ့ အတြက္ ေဆးဖိုး သံုးဖို႕ ယူထားလိုက္

လက္ထဲ ေရာက္လာတဲ့ တစ္ေထာင္တန္ နွစ္အုပ္ကုိ ျကည့္ျပီး က်ြန္မ ရုတ္တရက္ ၀မ္းသာသြားတယ္။ ဒီေန႕ အတြက္ ေဆးဖိုး ရွင္းလို႕ ရျပီေပါ့။

ဟဲ့ သမီး အေဖဆီ လိုက္ခဲ့ျပီး မ်က္ႏွာေလး ဘာေလး လာျပဦးေလ။ ဟိုမယ္ ညည္းအေဖက

ဟာ..အေမကလည္း အေဖ့နား သမီး သြားကပ္ထိုင္ေနေတာ့ေရာ သမီးက ဘာလုပ္တတ္မွာမို႕လို႕လဲ။ တူတူထိုင္ျပီး စိတ္ညစ္ေနရံု အျပင္ ဘာမွ ပိုထူးလာမွာ မဟုတ္ဘူး။ အိမ္ရဲ႕ စား၀တ္ေနေ၇းကလည္း ရွိေသးတယ္ေလ။

သမီးျကီးက ဒီလိုေျပာေတာ့ က်ြန္မ စိတ္ထဲ ဟုတ္သလိုလိုေတာ့ ၇ွိသားလို႕ ေတြးမိလိုက္တယ္။ ဒီေတာ့မွ က်ြန္မ အာရံုထဲ အငယ္ႏွစ္ေကာင္ကို သတိရသြားျပီး

ဟုတ္ပါရဲ႕ စား၀တ္ေနေ၇း ဆိုလို႕ ဒီေန႕ အငယ္ႏွစ္ေကာင္ စားဖို႕ ဘာနဲ႕ ဘယ္လို စီမံေပးရမွန္းေတာင္ မသိဘူး။

ထားလိုက္အေမ။ သမီး ျပန္လာေတာ့ ေမာင္ေလးနဲ႕ ညီမေလးကို လမ္းထိပ္မွာ ေတြ႕တာနဲ႕ မုန္႕ဖိုးေပးျပီး ထမင္း သြား၀ယ္စားခိုင္းထားလိုက္ျပီ။ အေမသာ အေဖ့အနား သြားျပီး စိတ္ေျဖာင့္ေျဖာင့္ေနပါ အေမရယ္

သမီးျကီးက အဲဒီလို ေျပာျပီး အခန္းထဲ ၀င္သြားတယ္။ ဘာမ်ားလုပ္တာလဲ လို႕ လွမ္းကဲ ျကည့္လိုက္ေတာ့ စလင္းဘတ္ အိတ္ထဲ အ၀တ္အစား သံုးေလးစံု ထည့္ေနတာကို က်ြန္မ ျမင္လိုက္တယ္။ျပန္ထြက္လာျပီး

သြားဦးမယ္ အေမ။ သမီး ကိစၥေလးေတြ ရွိေသးလို႕

က်ြန္မ ဘာမွ ျပန္ေျပာဖို႕ အခ်ိန္မ၇လိုက္ခင္မွာပဲ သမီးျကီးက အိမ္ေပၚကေန ခပ္သုတ္သုတ္ ေျပးဆင္းသြားတယ္။
အင္းေလ…..ေျပာခြင့္ရလိုက္တယ္ ဆိုရင္လည္း က်ြန္မ ဘာေျပာရမွန္းမွ မသိတာ။
အဲဒီ တဒဂၤမွာ ကိုယ့္ဆံုးျဖတ္ခ်က္ ဘာမွမရွိေတာ့ သလိုျဖစ္သြားတယ္။ ေဆးဖိုး၀ါးခ အတြက္ စိတ္ေပါ့ပါးျပီး သက္ျပင္းခ်လိုက္သလား ဒါမွမဟုတ္ သမီးအတြက္ စိတ္ရႈပ္ရႈပ္နဲ႕ ညည္းညဴလိုက္မိသလား။ ဘာမွန္းမသိတဲ့ အသံ တစ္ခုကို ႏႈတ္ခမ္းကေန ေရရြတ္လိုက္မိတယ္။
က်ြန္မ လက္ထဲကို ျပန္ငံု႕ျကည့္လိုက္ေတာ့ သမီးျကီး ေပးသြားတဲ့ တစ္ေထာင္တန္ ႏွစ္အုပ္က အရြက္အျကီး အေသး မညီမညာ ျဖစ္ေနတာကို သားေရကြင္းနဲ႕ ျဖစ္သလို စုစည္းထားလို႕။
ေျသာ္ သမီးျကီး တစ္ေယာက္ ဒီပိုက္ဆံေတြကို ဘယ္ကရလာတာပါလိမ့္။
က်ြန္မ အေတြး အေျဖမထုတ္နိုင္ခင္မွာပဲ တိုင္ကပ္နာရီဆီက မနက္ ၁၀ နာရီ ထိုးသံေျကာင့္ ေဆးရံုကို ကပ်ာကယာ သုတ္ေျခတင္လာခဲ့ရေတာ့တယ္။

(၄)
က်ြန္မ အေျဖ မထုတ္နိုင္တဲ့ ပုစာၦကို အဆံုးသတ္ေစမယ့္ တစ္ညမွာေပါ့။
ဆရာ၀န္ျကီး လွည့္စစ္ျပီးခ်ိန္ေလာက္ က်ြန္မက ေဆးဖိုး အေျကြးရွင္းဖို႕နဲ႕ လိုအပ္တဲ့ ေဆး၀ါးေတြ ထပ္၀ယ္ဖို႕ စရိတ္မွ်ေပးေဆးဆိုင္ဆီ ဆင္းလာခဲ့တယ္။ အားလံုး ျပီးစီးဖို႕ ေဆးရံုေပၚ ျပန္တက္မယ့္ အခ်ိန္မွာပဲ က်ြန္မ လက္ကို တစ္စံုတစ္ေယာက္က လွမ္းဆြဲလို႕ လွည့္ျကည့္လိုက္ေတာ့ က်ြန္မေယာင္းမ မတုတ္ ျဖစ္ေနတယ္။
မတုတ္က မ်က္စိပ်က္ မ်က္ႏွာပ်က္နဲ႕ ေလသံကို ႏွိမ့္ျပီး

ေယာင္းမရယ္ နင့္ကို ငါ ေျပာလည္း ေျပာခ်င္တယ္။ ဟို….ဟိုဒင္းလည္း ျဖစ္တယ္

ဘာတုန္းေအ့…ဟိုဒင္း ျဖစ္တယ္ဆိုတာ

နင္ ငါ့ကို စိတ္မဆိုးရဘူးေနာ္။ ငါက အေကာင္းေျပာတာ။ နင့္သမီး သႏၱာခုိင္ကေလ သေဘၤာေတြေပၚလိုက္ျပီး ဟုိဟာ လုပ္စားေနတာတဲ့။ ဆိပ္ကမ္းမွာ အလုပ္သမားေခါင္းလုပ္တဲ့ ငါတို႕ ၇ပ္ကြက္ထဲက ေကာင္ေလးေျပာတာ

အားတင္းျပီး ျငင္းဖို႕ က်ြန္မ ျကိဳးစားလိုက္ေသးတယ္။
ဒါေပမဲ့ ဘာစကားမွ ထြက္မလာေတာ့ဘူး။ မတုတ္ေျပာသလို ျဖစ္ေနနိုင္ေလာက္တယ္လို႕ ဟိုပိုက္ဆံ ေတြရကတည္းက ရင္ထဲမွာ ဖံုးတစ္၀က္ ေပၚတစ္၀က္နဲ႕ တြက္ဆ ထားမိျပီးသားပါ။
တကယ္ဆို က်ြန္မ ဟို ပိုက္ဆံ ၂သိန္း ရကတည္းက သမီးျကီးကို ေမးလိုက္ဖို႕ ေကာင္းတယ္။ ဒါေပမဲ့ သူ ျပန္ေျပာလာမယ့္ အေျဖကို က်ြန္မ မျကားရဲလို႕ပါ။ က်ြန္မ ကတုန္ကယင္ ျဖစ္ျပီး အျကာျကီး ငိုင္ေနမိတယ္။
မတုတ္ကေတာ့ မ်က္ႏွာပူလို႕လား မသိဘူး။ သူ႕အစ္ကိုကိုေတာင္ ေဆးရံဳေပၚ တက္မျကည့္ေတာ့ဘဲ ႏႈတ္ဆက္ျပီး ျပန္သြားတယ္။ မတုတ္ ျပန္သြားေတာ့မွ က်ြန္မ ေျခေထာက္ေတြဟာ ေသြးမေလွ်ာက္ေတာ့သလို ထံုက်ဥ္ ေလးလံလြန္းလို႕ ဆက္မေရြ႕နုိင္ဘဲ အနီးဆံုး အုတ္ခံုေလးေပၚမွာ တံုးခနဲ ပစ္ထုိင္ခ်လိုက္ရတယ္။ အဲဒီ ေနရာမွာ ထိုင္ေနမိတဲ့ တစ္ခ်ိန္လံုး က်ြန္မကိုယ္ က်ြန္မ သစ္သားရုပ္ျကီး ျဖစ္ေနသလို ခံစားရတယ္။ ဘာကိုမွလညး္ စဥ္းစားလို႕ မရဘူး။ ဘာခံစားခ်က္မွလည္း ရွိမေနဘူး။ အဲဒီလိုျကီး လိပ္ျပာလြင့္ေနလိုက္တာ ဘယ္ေလာက္ေတာင္ ျကာသြားလဲ မသိဘူး။ က်ြန္မ သတိျပန္၀င္လာေတာ့ ေဆးရံု စျကၤန္တစ္ေလွ်ာက္ လူရွင္းေနျပီ။
ဒါနဲ႕ မျဖစ္ေခ်ဘူး ဆိုျပီး ေဆးရံဳ ေပၚျပန္တက္လာခဲ့တယ္။ ခုတင္နားကို ေရာက္ေတာ့ ကိုထြန္းခိုင္ တစ္ေယာက္ မ်က္လံုး စံုမွိတ္ျပီး မွိန္းေနတာကို ေတြ႕ရတယ္။ က်ြန္မက ေဆးထုပ္ေလး အသာခ်ရင္း

ကိုခိုင္ ရွင္သက္သာရဲ႕လား

လို႕ မူမပ်က္ေအာင္ အသံကို မနည္းထိန္းျပီး ေမးလိုက္တယ္။ ရင္ထဲမွာ ဘယ္ေလာက္ လုပ္ဂႈားေနလဲေတာ့ မေျပာျပတတ္ဘူး။ကိုယ္ျပန္ျကားလိုက္တဲ့ အသံဟာ ကိုယ့္အသံေတာင္ ဟုတ္ပါေလစလို႕ ဇေ၀ဇ၀ါ ျဖစ္မတတ္ပါပဲ။ ကိုထြန္းခိုင္က မ်က္လံုး ဖြင့္ျကည့္ျပီး

ေအး သက္သာပါတယ္ မေဌးရယ္။ ေစာေစာက ဆ၇ာ၀န္ေလးကေတာ့ အနာသက္သာေအာင္ဆိုျပီး အိပ္ေဆးတစ္လံုး ထိုးေပးသြားတယ္။ ငါ မ်က္ခြံေတြေလးလို႕ ေမွးလိုက္ဦးမယ္ကြာ

အဲဒီလုိေျပာျပီး ကိုထြန္းခိုင္က မ်က္လံုးကို ျပန္မွိတ္သြားတယ္။ ဒီေတာ့မွပဲ ဘယ္လိုျဖစ္မွန္း မသိဘူး။ ၀မ္းနည္းစိတ္ေတြ ပ်ိဳ႕ပ်ိဳ႕ျပီး တက္လာတယ္။ သမီးျကီး အေျကာင္း ကိုထြန္ခိုင္ကို ေျပာလည္း ေျပာျပခ်င္ရဲ႕။ ေျပာလို႕ကေတာ့ ဘယ္ထြက္ပါ့မလဲ။ ဒါေျကာင့္ ပါးစပ္ေလးဟျပီး ခပ္တိုးတိုးေဟာက္လို႕ အိပ္ေပ်ာ္ေနတဲ့ ကိုထြန္းခိုင္ရဲ႕ မ်က္နွာကို က်ြန္မက ေစ့ေစ့ျကည့္ရင္း စိတ္ထဲကေန

ကိုခိုင္ေရ…..က်ြန္မတို႕ သမီးျကီး ဖာ ျဖစ္ေနျပီေတာ့

လို႕ အသံမထြက္ဘဲ ေျပာေနမိတယ္။ က်ြန္မ မ်က္လံုးထဲက မ်က္ရည္ေတြကလည္း ေရစည္လွည္း အဆို႕ ပြင့္က်သလို ထိန္းမနိုင္ သိမ္းမ၇ က်လာလိုက္တာ ဆိုတာေလ။
ေနာက္တစ္လေလာက္ျကာေတာ့ ဆရာ၀န္ျကီး ခြင့္ျပဳခ်က္နဲ႕ ေဆးရံုက ဆင္းရတဲ့ ကိုထြန္းခိုင္ကို ငွားထားတဲ့ အိမ္ေလးဆီ ေခၚလာခဲ့တယ္။ ခါးဆစ္ရိုးက ေငါထြက္မေနေတာ့ေပမဲ့ ေအာက္ပိုင္းကေတာ့ လံုးလံုး ေသသြားျပီေလ။
ရပ္ကြက္ထဲက လူေတြကလည္း လူနာ ေမးလာလိုက္ျကတာ တစ္ေယာက္ဆင္း တစ္ေယာက္တက္နဲ႕ အိမ္မွာ ဧည့္သည္ျပတ္တယ္လို႕ကို မရွိဘူး။ ဒီအထဲက တခ်ိဳ႕ကေတာ့ လူနာလာေမးခ်င္တာက နည္းနည္း သမီးျကီး သႏၱာခိုင္ အေျကာင္း စကားႏႈိက္ခ်င္လို႕က မ်ားမ်ားေပါ့ေလ။
ကိုယ့္သမီး ကိစၥဟာ လူျကားမေကာင္းေတာ့ သူတို႕ စကားစလာတိုင္း က်ြန္မ စိတ္ဆင္းရဲရတာမွန္ေပမယ့္ မနည္းသည္းခံစိတ္ ေမြးရတယ္။

ဟဲ့ ခင္ေဌး ညည္းသမီး သႏၱာခိုင္တစ္ေယာက္ မေတြ႕တာျကာျပီေနာ္။ ဘယ္သြားေနတုန္းေအ့။

ဟို……ဟို သူ႕အေပါင္းအသင္းေတြနဲ႕ စပ္တူ အေရာင္းအ၀ယ္ေလး ဘာေလးလုပ္ေနလို႕ပါ

ေျသာ္……သူက ညအိပ္ ညေန ခရီးထြက္ရတယ္ေပါ့ ဟုတ္လား

အင္း ဟိုေလ အထက္ဘက္ကို ငါးပိေလး ငါးေျခာက္ေလး သြားေရာင္းတာဆိုေတာ့ တစ္ခါတေလေတာ့လည္း ဟို….ခရီးသြားရတယ္ေလ

က်ြန္မ ပါးစပ္က အေယာင္ေယာင္အမွားမွားနဲ႕ ကူလီကူမာ စကားေတြ ေလွ်ာက္ေျပာေနမိမယ္ဆိုတာ က်ြန္မသိတယ္။ က်ြန္မေလ အဲဒီလို အလိုက္ကမ္းဆိုးမသိ စပ္စုေနတဲ့ အရပ္ထဲက မိန္းမ နွစ္ေယာက္ကို ေဒါသလည္းထြက္ ခံလည္း ခံျပင္းလိုက္တာ။ ဘယ္ႏွယ့္ရွင္ သူမ်ား အနာကိုမွ တုတ္နဲ႕ လာဆြခ်င္ေနျကတယ္။ တကယ္ဆို အဲဒီ ကိစၥကို ဒင္းတို႕ သိျပီးသား။ သက္သက္မဲ့ က်ြန္မကို အေျဖခက္ေအာင္ တမင္တကာ လာျပီး ေမးေနျကတာ။
ေသြးတိုးစမ္းခ်င္ေနျကတာ။
အဲဒါေတြကို ျမင္ရ ျကားရေတာ့ က်ြန္မ လူေတြကို ေတာ္ေတာ္ စိတ္ကုန္သြားမိတယ္။
စိတ္အကုန္ဆံုးကေတာ့ ပိုက္ဆံသာရွိျပီး လူလို တစ္စက္မွ နားမလည္တဲ့ ေဒၚသိန္းျမပဲ။ အဲဒီေန႕တုန္းကေတာ့ ကိုထြန္းခိုင္က ေန႕ခင္းေဆးတစ္ဖံုေသာက္ျပီး နည္းနည္းမွိန္းခ်င္တယ္ဆိုလို႕ ေခါင္းအံုးဆင့္ေပးျပီး ခါးေအာက္ပိုင္းကို ေစာင္ပါးေလး တစ္ထည္ ျခံဳေပးလိုက္တယ္။
သူအိပ္ေပ်ာ္သြားလို႕ က်ြန္မလည္း အိမ္ေရွ႕ ထြက္လိုက္ေရာ အိမ္၀ိုင္းထဲ လွမ္း၀င္လာတဲ့ ေဒၚသိန္းျမက ဆီးျပီး

ဟဲ့ မိေဌး ထြန္းခိုင္ ေဆးရံုက ျပန္ဆင္းလာျပီဆို။ သက္သာရဲ႕လား

ဟုတ္…..ဟုတ္ကဲ့ သက္သာပါတယ္

သက္သာလည္း ျပီးတာပဲေအ။ အဆင္ေျပရင္ ငါ့ဆီက ယူထားတဲ့ ေျကြးလည္း ျပန္ဆပ္ဦးေလ။

ဟုတ္…က်ြန္မ သတိရပါတယ္။ ေငြမလည္ေသးလို႕ ခဏဆိုင္းထားတာပါ

အံမယ္ေလးေအ ညည္းတို႕က ေငြမလည္ဘူးတဲ့လား။ ညည္းသမီး ဒီေလာက္ ပိုက္ဆံ အရွာေကာင္းေနတဲ့ ဥစၥာေအ….ညည္းကလဲ

ေဒၚသိန္းျမ စကားကို အိုးမလံဳ အံုပြင့္တယ္ပဲ ဆိုဆို တီေကာင္ေပၚ ဆားက်တယ္ပဲေျပာေျပာ က်ြန္မ ေထာင္းခနဲ ျဖစ္သြားျပီးေတာ့

က်ြန္မ သမီး ပိုက္ဆံ အရွာေကာင္းတယ္ဆိုတဲ့ စကားက ဘာသေဘာနဲ႕ ေျပာတာလဲ ေဒၚသိန္းျမ

မိေဌးရယ္ ဆင္ေသကို ဆိတ္သားေရနဲ႕ မဖံုးစမး္ပါနဲ႕။ ညည္းသမီး ကိစၥက ရပ္ေက်ာ္ရြာေက်ာ္ သိေနတဲ့ ကိစၥကိုေအ။ အထက္ဘက္က ျပန္လာတဲ့ သေဘၤာတိုင္းမွာ ညည္းသမီး အိပ္ထားတဲ့ နားရြက္ရာေတြခ်ည္းပဲ။ အဲဒါ ပိုက္ဆံ အရွာေကာင္းတာ မဟုတ္လို႕ ဘာတုန္းေအ့

၇ွင္…..ရွင္ေနာ္ ပါးဆြဲရိုက္တာ မခံခ်င္ရင္ ဒီေနရာက ထြက္သြား။ ရွင့္ ပိုက္ဆံ အခ်ိန္တန္လို႕ ျပန္ဆပ္နိုင္ရင္ ျပီးေရာ မဟုတ္လား

အံမယ္ေလး သြားမွာပါ သြားမွာပါေတာ္။ ကိုယ့္သမီးကိုယ္ ဖာေထာင္စားတဲ့ မိန္းမမ်ိဳးနဲ႕လည္း က်ဳပ္က ဖက္ျပီး ရန္မျဖစ္ရဲေပါင္ေတာ္။ ထြီ……ရြံလြန္းလို႕

ေဒၚသိန္းျမက တံေတြးကို ထြီခနဲ လွည့္ေထြးျပီး လံုခ်ည္ကိ ခပ္တုိတို မ လို႕ ေဘာက္ဆတ္ ေဘာက္ဆတ္နဲ႕ ထြက္သြားတယ္။
ကိုယ့္ သမီးကိုယ္ ဖာေထာင္စားတဲ့ မိန္းမတဲ့။
ဟုတ္…..ဟုတ္သလားဟင္ သူေျပာသလို က်ြန္မ တကယ္ပဲ အဲဒီလို အေမမ်ိဳး ျဖစ္ေနျပီလား။ ဟင့္အင္း မဟုတ္ဘူး မဟုတ္ဘူး။ က်ြန္မ ကိုယ့္ကိုယ့္ကို ျငင္းဖို႕ ျကိဳးစားမိတယ္။ စိတ္ထဲမွာ အားေတာ့ သိပ္မရွိလွဘူး။သမီးျကီး ရွာေပးတဲ့ ပိုက္ဆံေတြနဲ႕ တစ္အိမ္လံုး ထမင္းစားေနတာကိုလည္း ကိုယ့္ ကိုယ္ေစာင့္နတ္က အသိ။ ပိုက္ဆံေတြ ဘယ္က ရသလဲ ဆိုတာ မသိစိတ္က လက္ညွိဳးထိုးျပေနရက္နဲ႕ က်ြန္မက အမွန္တရားကို တူတူပုန္းဖို႕ ျကိဳးစားေနတာ။
အခုေတာ့ အဲဒီ ပုံဆိုးပန္းဆိုး အမွန္တရားက ဘြားဘြားျကီး ေပၚလို႕။ အို ေပၚေတာ့ေရာ ဘာျဖစ္ေသးလဲ။ က်ြန္မတို႕ ဆင္းရဲငတ္ျပတ္ေနတုန္းက အခုေမးေငါ့ေနတဲ့သူေတြ ဘယ္သူက ထမင္း တစ္လုတ္ လာေက်ြးေဖာ္ရလို႕လဲ။ က်ြန္မစိတ္ေတြ ပြင့္ကန္ ထြက္သြားတယ္။ ထမီတိုတို ျပင္၀တ္လိုက္ျပီး

အရပ္ထဲက ဟာေတြ နင္တို႕ ေတာ္ေတာ္ ငါ့သမီး၇ဲ႕**** ကို စိတ္၀င္စားေနျကတယ္ေပါ့ ဟုတ္လား။ ဘာျဖစ္သလဲ ကိုယ့္ ***** နဲ႕ ကိုယ္ ***** တာ ဘယ္သူ႕ ေစာက္ဂရုစို္က္ရမွာလဲ။ မိေဌးကို ျငိမ္ခံေနလို႕ ေရေျမြလို႕ မေအာက္ေမ့နဲ႕ေနာ္။ နင္တို႕ အေပါက္ေတြ ပိတ္ရင္ ပိတ္ထား။ မပိတ္လို႕ကေတာ့ ငါ့ **** နဲ႕ လာဆို႕ ပစ္မယ္။ ဘာမွတ္ေနလဲ

ကဲ မွတ္ကေရာ ေျပာခ်လုိက္ျပီ။ ရင္ထဲကို ေပါ့သြားတာပဲ။ တအံု႕ေႏြးေႏြးနဲ႕ တစ္ေယာက္တည္း ျကိတ္ရွက္ေနရတဲ့ အျဖစ္ဆိုးျကီးကို လူသိရွင္ျကား ေဖာက္ခြဲပစ္လိုက္ေတာ့လည္း တစ္ခ်ီတည္းနဲ႕ ကိစၥေအးသြားေ၇ာ မဟုတ္လား။ တစ္ရက္ တစ္ရက္ မိုးလင္းတိုင္း ရင္ တထိတ္ထိတ္နဲ႕ မေနရေတာ့ဘူးေပါ့။
မ်က္ႏွာေျပာင္တိုက္လိုက္ရလို႕ ေပါ့ပါးသြားတဲ့ ေျခလွမ္းေတြနဲ႕ က်ြန္မ အိမ္ေပၚ ျပန္တက္လာခဲ့တယ္။ အခန္းထဲကို ၀င္လိုက္ေတာ့

ဟင္

ကိုထြန္းခိုင္က က်ြန္မ ထင္သလို အိပ္ေပ်ာ္မေနဘဲ ထရံကို မွီထိုင္ရင္း မ်က္လံုးအေျကာင္သားနဲ႕ က်ြန္မကို ေငးျကည့္ေနတယ္။ သူ႕ရဲ႕ အျကည့္ေသထဲမွာ အဓိပၸာယ္ေတြ အျပည့္နဲ႕။
က်ြန္မ ဘယ္လိုမွ စိတ္ကိုတင္းထားလို႕ မရေတာ့ဘူး။ ကိုထြန္းခိုင္ကို ေျပးဖက္ျပီး ဟီး ခနဲ ခ်ံဳးပြဲခ် ငိုလိုက္မိတယ္။ ကိုထြန္းခိုင္ကလည္း အံျကိတ္ထားရင္းက မ်က္ရည္ေတြ ပိုးပိုးေပါက္ေပါက္ က်လို႕။
ေစာေစာက တစ္ရပ္ကြက္လံုးကို ထမီ အလံထူ စိန္ေခၚဆဲေရးျပီး ေအာက္တန္းက်က် လက္ခေမာင္းခတ္ျပလိုက္တဲ့ မိန္းမျကမ္းျကီး က်ြန္မဟာ ခုေတာ့ ကူကယ္ရာမဲ့ ကေလးတစ္ေယာက္လို ရႈိက္ျကီးတငင္ငိုေနတာကို ရွင္တို႕ ဘယ္သိနိုင္ပါ့မလဲေနာ္။

သမီးျပည့္တန္ဆာ (ထက္ျမတ္နိုင္ဇင္)



(၁)
ပစ္စည်းကို ဘယ်လာပို့ရမလဲတဲ့။
သြော်…ပစ္စည်းဆိုတာ ငါ့သမီးကို ပြောနေတာကို
ငါ့ သမီးဟာ လူမဟုတ်တော့ဘူး ပစ္စည်း တစ်ခု ဖြစ်သွားပြီပေါ့။ ဟုတ်တယ် သက်ရှိ ယောင်္ကျားတွေရဲ့ တဏှာ ရမ္မက် အညစ်အကြေးတွေကို အန်ထုတ်မယ့် ထွေးခံလို ပစ္စည်းပေါ့။

(၂)
ကျွန်မက ကိုထွန်းခိုင်ရဲ့ နဖူးကို စမ်းကြည့်လိုက်တော့ ပူနေတုန်းပဲ ရှိသေးတယ်။ အဖျား မကျသေးဘူး ထင်ပါရဲ့လို့ တွေးပြီး ကျွန်မ စိတ်ညစ်သွားတယ်။ ညနေကျရင် လမ်းထိပ်က မာမွတ်တို့ ဆေးဆိုင်ကို သွားပြီး ဆေးစပ်ခိုင်းဦးမှပါပဲလေ။

ကိုခိုင် ကိုခိုင် ထဦး ဆန်ပြုတ်ပူပူလေး သောက်လိုက်ဦး

` တိုက်သာ တိုက်ရတယ်။ လူမမာမျိုလို့ ကျပါ့မလားတောင် မသိဘူး။ အသားမပါ ငါးမပါနဲ့ အဖြူထည် သက်သက်ကိုး။

ကိုခိုင် ပူနေတုန်းလေး သောက်လိုက်ဦး အေးသွားရင် ရှင်မျိုလို့ ကျမှာ မဟုတ်ဘူး။ ဘာသားမှ မပါဘဲ ဆန်ကြမ်းကို ပြုတ်ထားတာ ဆိုတော့ သိတဲ့အတိုင်းပဲ တော်ရေ

ရပါတယ် မဌေးရယ် ငါဒီလို ဆန်ပြုတ်နဲ့ အသားကျနေတာ နှစ်တွေတောင် မနည်း ကြာနေပြီပဲ ဥစ္စာ

ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ ကိုခိုင် ခါးအောက်ပိုင်း သေပြီး တစ်လကျော်ကျော် ဆေးရုံပေါ်မှာ လဲနေတုန်းကလည်း ဒီလို ဆန်ပြုတ် အဖြူထည်ကိုချည်း နေ့စဉ် ရက်ဆက် တိုက်ခဲ့ရတာ မဟုတ်လား။ ကြာတော့ ကြာပါပြီ။ လွန်ခဲ့တဲ့၉ နှစ်လောက်တုန်းကပေါ့။ အငယ်ဆုံးကောင် ဇေယျာခိုင်တောင် ၂ နှစ်ပဲ ရှိသေးတာ။
ဒီမတိုင်မီတုန်းကတော့ ကိုခိုင်က ပန်းရန်ခေါင်း ဆိုတော့ ပိုပို လျှံလျှံ မဟုတ်တောင် သားငါးစိိုစို စား၇သေးတယ်။ အိမ်မှာ စားမယ့် ပါးစပ်ပေါက် ကလည်း အများသား မဟုတ်လား။ အဲဒီတုန်းက အကြီးဆုံး သမီး သန္တာခိုင်က ၁၀ တန်းကို ၂ခါကျပြီး စိတ်လေနေတာ။ အလတ်ကောင် ကျော်ဝင်းခိုင်က ၈တန်း အငယ်မ ကေသိီခိုင်ကတော့ ၁ တန်းပဲ ရှိသေးတယ်။
မှတ်မိပါသေးတယ်။ အဲဒီတုန်းက ဆောင်းတွင်းကြီး။ နှစ်ထပ် ဈေးသစ်ကြီး ဆောက်မယ်ဆိုပြီး ကန်ထရိုက်က ကိုထွန်းခိုင်ကို လာခေါ်တော့ မြိုးမြိုးမြက်မြက်လေး စားရပြီ မှတ်တာ။ ဘာကြာသတုန်း။ ဆောက်လက်စမှာပဲ ကိုထွန်းခိုင် တစ်ယောက် တိုက်ပေါ်က ပြုတ်ကျပြီး ခါးဆစ်ရိုး လွဲသွားပါရောလား။
တော်သေးတယ်။ လူမသေလို့။ ဒါပေမဲ့ စောင်းသွားတဲ့ ခါးဆစ်ရိုးက တစ်လခွဲ နှစ်လလောက်ကြာအောင် ညှပ်မိလို့ ခါးဆစ်ရိုး ပြန်တည့် လာတဲ့ အချိန်မှာတောင် အာရုံကြောတွေ ပြန်မကောင်းတော့ဘဲ ခါးအောက်ပိုင်း သေသွားတယ်လေ။
အဲဒီတုန်းကများ ကုန်လိုက်တဲ့ ငွေ သောက်သောက်လဲ။ ကသီလိုက်တာလည်း မပြောပါနဲ့တော့။ လက်ရှိနေနေတဲ့ အိမ်ကို ရောင်းပြီး ဟောဒီ အိမ်လေးကို စပေါ်ပေး ငှားခဲ့ရတာပဲကြည့်။ ဆေးရုံက ဆင်းတုန်းကများ ကိုထွန်းခိုင် ခမျာ သူ့ဘဝတော့ ဆုံးပါပြီ ဆိုပြီး ယောကျာ်းကြီးတန်မဲ့ ငိုလိုက်တာ ကျူကျူပါပါရောလား။
နောက်ပိုင်းကျတော့လည်း သူ့စိတ်ကို သူဖြေတယ်နဲ့ တူပါတယ်။ ရပ်ကွက်ထဲက လာအပ်တဲ့ ကြိမ်ကုလားထိုင် အဟောင်းလေးတွေကို ကြိမ်ထိုးပြီး သူတတ်နိုင်သလောက်လေးတော့ ဝင်ငွေရှာပေး ရှာတယ်။ ကြိမ်ထိုးတဲ့ အလုပ်ဆိုတာကလည်း ဘယ်မှာလာပြီး အမြဲ အဆင်ပြေနိုင်ပါ့မလဲ။ ကျွန်မတို့ ရပ်ကွက်ထဲမှာ ကြိမ်ခုံနဲ့ ထိုင်နိုင်တဲ့ အိမ်ဘယ်နှစ်အိမ်များ ရှိတာ မှတ်လို့။

အဟွတ်……အဟွတ်

ကိုထွန်းခိုင်က ဆန်ပြုတ်သောက်ရင်း ချောင်းတဟွပ်ဟွပ် ဆိုးလာလို့ ဆန်ပြုတ်ပန်းကန်ကို ဘေးချ ထားလိုက်ရသည်။
ကျွန်မက…..

အငယ်မရေ…နင့်အဖေ အတွက် သောကေ်၇ တစ်ခွက် ခပ်ခဲ့စမ်း။ မြန်မြန်လုပ်ဟဲ့….

အဟွတ်…အဟွတ်….အော့….ဝေါ့

ဟင်….ကိုထွန်းခိုင် သလိပ် ထွေးချင်လို့လား။ ဟဲ့ ဘယ်မလဲ ထွေးခံ။ အို….ကြာပါတယ်လေ…ဟောဒီ ကျွန်မ လက်ခုပ်ထဲသာ ထွေးချလိုက်တော့ ထွေး….ထွေး

ဝေါ့

ကျွန်မ လက်ခုပ်ထဲက ကိုထွန်းခိုင် ထွေးချလိုက်တဲ့ သလိပ်တွေကို မရွံရှာအားဘဲ နောက်ဖေး ရေကပြင်ကို သွားပြီး ဆေးချလိုက်ရတယ်။
တကယ်ဆို ကိုထွန်းခိုင် ဖျားတာ ကျွန်မ အပြစ် မကင်းဘူး။ မနေ့ကပေါ့။ ပေါင်ထားတဲ့ စက်ဘီးလေးက ၇က်စေ့လို့ အတိုးသတ်ဖို့ နောက်ဆုံး ရက်ရောက်တာနေတာနဲ့ မထွက်မဖြစ် ထွက်ခဲ့ရတယ်။ ကိုထွန်းခိုင်ကတော့ အိမ်ရှေ့ ကွက်လပ်မှာ ဝါးကပ်ပေါ်ထိုင်ရင်း အပ်ထားတဲ့ ကုလားထိုင် အဟောင်းတစ်လုံးကို ကြိမ်ထိုးရင်း ကျန်ခဲ့လေရဲ့။
ဖြစ်ချင်တော့ မိုးက ဆိုင်းမဆင့် ဗုံမဆင့် သည်းသည်းမည်းမည်းကြီး ရွာချလိုက်ပါရော။
အောက်ပိုင်းသေနေတဲ့ ဒုက္ခိတ ကိုထွန်းခိုင်ကတော့ မိုးရေထဲမှာ ငုတ်တုတ်။ ကျွန်မ အပြေးအလွှား ပြန်ရောက်လာမှပဲ သူကကို အိမ်ရှေ့ ကွက်လပ်ထဲကနေ ချီမပြီး အိမ်ထဲ သွင်းရတယ်။ အဲဒီကတည်းက တဟွတ်ဟွတ်နဲ့ ချောင်းသံလေး ပါလာလိုက်တာ ဖျားတော့မယ်လို့တော့ ထင်သား။

မဌေးရေ….အဟွတ်….အဟွတ်

ခပ်သဲ့သဲ့ ခေါ်သံကြောင့် ကျွန်မက ရေစိုနေတဲ့ လက်ကို လုံချည်အောက်နားစနဲ့ ကပျာကယာ သုတ်ပြီး ကိုထွန်းခိုင်နား ပြန်လာလိုက်သည်။

ရှင်….ကိုခိုင်….ဘာလိုချင်လို့လဲ

ရော့….ဒီ ဆန်ပြုတ်ပန်းကန်ကို ပြန်သိမ်းလိုက်ပါတော့ဟာ။ ငါသောက်ချင်စိတ် မရှိတော့ဘူး။

ကိုခိုင်စကားကြောင့် ကျွန်မ စိတ်မကောင်း ဖြစ်သွားတယ်။ ဒါဖြင့် ရှင်ဘာစားချင်သလဲ လို့ မေးဖို့ ခွန်အားလည်း ကျွန်မမှာ မရှိဘူးလေ။ ကျွန်မ လက်ထဲမှာ ပိုက်ဆံက ၂၀ဝ တောင် ပြည့်အောင် မရှိတော့ဘူးကိုး။ အလကားပဲ…။ လူ့ဘဝကို ကျွန်မတို့ဟာ ဒုက္ခခံဖို့ သက်သက် ရောက်လာကြတာ။ လောကကြီးဟာ မတရားဘူး။
အဲဒီလို စဉ်းစားနေတဲ့ အချိန်မှာပဲ အငယ်မ ကေသီခိုင်က ရောက်လာပြီး လေသံ ခပ်တိုးတိုးနဲ့

အမေ…..အမေ….ဟိုမှာ ကြီးကြီး ဒေါ်သိန်းမြကြီး လာနေပြီ။ ဧကန္တ အမေ့ဆီ အကြွေးလာတောင်းတာ ထင်တယ်

ကျွန်မ ပြူးပြူးပျာပျာ ဖြစ်သွားပြီး

အေး….အေး…သွား အမေ မရှိဘူးလို့ သွားပြောချည်စမ်း သမီး…သွား…သွား ခပ်မြန်မြန်သွားပြော

အငယ်မက မျက်နှာလေး ပျက်တက်တက်နဲ့ပင် ခေါင်းညိမ့်ပြပြီး သုတ်ခနဲ အိမ်ရှေ့ဘက် ပြေးထွက်သွားတယ်။ သုံးထပ်ပြား တစ်ချပ်သာ ခြားနေတာ ဆိုတော့ သူတို့ အသံတွေကို အထဲက အတိုင်းသား ကြားနေရတယ်။

ဟဲ့ ကေသီခိုင် ညည်းအမေ ဘယ်မှာလဲ

ဟို ကြီးကြီး အမေ….အမေ မရှိဘူး

ဟဲ့ မရှိရအောင် ဒင်းက ဘယ်သွားနေတာမို့လို့လဲ။ ဟင်း…ဟင်း သိတယ်နော်။ ငါ့အကြွေး မပေးချင်လို့ တမင်ရှောင်နေတာ မဟုတ်လား။ ဒီလို ရှောင်နေရုံနဲ့ ပြီးမလားဟဲ့။ နင်တို့ကလေ….ထမင်းဝတော့ တစ်မျိုး။ ငတ်တော့ တစ်မျိုးနဲ့။ ငါ့ကို ဒီစောက်ချိုး လာမချိုးနဲ့။ သိန်းမြ အကြောင်း ကောင်းကောင်း သိသွားမယ်။ ဘယ်မလဲ မိဌေး…ဟဲ့ မိဌေး

အမေ အိမ်မှာ တကယ် မရှိတာပါ ကြီးကြီးရယ်

အေး ဒါဆိုလည်း ညည်းအမေကို ပြောလိုက်။ မနက်ဖြန် ညနေမှ ငါ့အကြွေး မပေးလို့ကတော့ ဖေတစ်ရာနဲ့ကို ကလော် တုတ်ပစ်မယ်လို့။ အံမယ်လေး ညည်းတို့ မိသားစုကိုတော့ လက်လန်ပါရဲ့အေ။ တစ်မိသားစုလုံးက ကလိမ်ကကျစ်တွေချည်းပဲ။

ဒေါ်သိန်းမြ၇ဲ့ အသံဟာ ကျွန်မ နားထဲမှာ ကျယ်လောင်နေပေမဲ့ နားဝကနေ လျှံကျသွားတယ်။ စကားလုံးတွေဟာ နာကြည်းစရာ ကောင်းပေမဲ့ အေ၇ထူနေတဲ့ နွားတစ်ကောင်လို ကျွန်မ မနာကျင်နိုင်တော့ပါဘူး။ ဒါပေမဲ့ ဘာကြောင့်မှန်း မသိဘူး။ ကျွန်မ မျက်လုံးထဲက မျက်ရည်တွေ စီးကျလာတယ်။ ကိုထွန်းခိုင်ကို ကြည့်လိုက်မိတော့ မျက်ရည်ဝိုင်းနေတဲ့ မျက်လုံး အစုံနဲ့ ကျွန်မကို စိုက်ကြည့်နေတယ်။
ဒီအချိန်မှာ ကျွန်မ သမီးကြီး သန္တာခိုင်ကို သတိရလိုက်တာလေ။

သူသာရှိရင် ဒေါ်သိန်းမြ ပိုက်ဆံကို နည်းနည်းဖြစ်ဖြစ် ဖဲ့ပြီး ပေးနိုင်မှာပဲ။
အခုတော့ သူကလည်း ထောင်နံရံ အုတ်တံတိုင်းရဲ့ နောက်ကွယ်မှာ ဆိုတော့ ဘယ်တတ်နိုင်မှာလဲလေ။
` သြော်…..သမီးကြီး…သမီးကြီး နေလို့မှ ကောင်းရဲ့လား မသိဘူးနော်။

(၃)
သမီးကြီးအကြောင်း စဉ်းစားလိုက်မိတော့ မျက်ရည်ကိုပဲ အဖော်ပြုခဲ့ရတဲ့နေ့ရက်တွေကို ပြန်သတိရမိပြန်ရော။ အဲဒီတုန်းက ကိုထွန်းခိုင်က ခါးဆစ်ရိုး ကျိုးခါစဆေးရုံပေါ်မှာ ပိုက်တန်းလန်းနဲ့ နေရတဲ့ အချိန်ပေါ့။
ကျွန်မက ၂ နှစ်သား ဇေယျာခိုင်လေးကို ခါးထစ်ခွင်ပြီး ဟိုပြေးရ ဒီလွှားရ ဟိုလူ့ မျက်နှာအောက်ချ ပိုက်ဆံ ချေးရ ဒီလူ့ပါးစပ် အမြုပ်ထွက်မတတ် ငှားရနဲ့။ အလတ်ကောင်နဲ့ အငယ်မက ကျောင်းပိတ်ထားချိန်မို့ တော်သေးတယ်။
ဆေးရုံပေါ် ပက်လက်ဖြစ်နေတဲ့ အဖေ့နားမှာ လက်တိုလက်တောင်း ခိုင်းလို့တော့ ရတာပေါ့လေ။ အဖေ ဆေးရုံတက်ကာစကတည်းက လုံးလုံးပေါ်မလာတာကတော့ အကြီးမ သန္တာခိုင်ပဲ။
တစ်နေ့ တစ်နေ့ ကုန်လိုက်တဲ့ ပိုက်ဆံတွေကို ဘယ်ကနေ ရှာရမလဲ ဆိုတာ ခေါင်းမူးအောင် စဉ်းစားရတာက တစ်မျိုး သင်္ဘောဆလင် တစ်ယောက်နဲ့ ဘာဘာညာညာ ဖြစ်နေတယ် ဆိုတဲ့ သမီးကြီးအတွက် ရင်ပူရတာက တစ်သွယ်နဲ့။ မတော် ဟိုက မယားကြီးတွေ ဘာတွေ ရှိနေမှဖြင့် မခက်ပေဘူးလား။
ဒါပေမဲ့ သမီးကြီး အပြောအရတော့ မုဆိုးဖိုဆိုလား တစ်ခုလပ် ဆိုလားပဲ မုဆိုးဖို ဖြစ်တာ တစ်ခုလပ် ဖြစ်တာက သိပ်တော့ အေ၇းမကြီးပါဘူး။ တင့်တောင်တင့်တယ်နဲ့ သမီးကြီးကို အတည်ယူရင်ပဲ ကျွန်မ ကျေနပ်လှပါပြီလေ။
ဒါပေမဲ့ လူမမာ လာမေးတဲ့ ကိုထွန်းခိုင်ရဲ့ နှမဝမ်းကွဲ မတုတ်ကတော့ ကျွန်မ အနား တိုးတိုးကပ်ပြီး

မိဌေးရေ….နင့်သမီး သန္တာခိုင် တစ်ယောက် အထက်ဘက် သွားတဲ့ သင်္ဘောတွေပေါ်မှာ ခဏခဏ တွေ့နေရတယ်ဆိုပဲအေ့။ နည်းနည်းပါးပါး မေးမြန်းကြည့်ဦး။

ကျွန်မက ကျုပ်သမီး သင်္ဘောဆလင်နဲ့ ကြိုက်နေတာလို့ ပြန်ပြောမယ် လုပ်နေတုန်းမှာပဲ ကျောင်းဆင်းခါစ ဆရာဝန်ငယ်ငယ်လေး ရောက်လာပြီး ဓာတ်မှန်လည်း ရိုက်ရမယ်။ သွေးလည်း စစ်ရမယ်ဆိုလို့ ကျွန်မ ခေါင်းပူသွားတယ်။ လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ ပိုက်ဆံအိတ်ထဲက ပိုက်ဆံလေးတွေကို ဘယ်လောက်ရှိသေးလဲ ဆိုပြီး ကြိတ်ရေတွက်နေတုန်း အလုပ်သမား တစ်ယောက်က ဘီးတပ်လှည်းတွန်းလာပြီး ကိုထွန်းခိုင်ကို ပွေ့ချီတင်ခေါ်သွားတာနဲ့ နောက်က ကသုတ်ကရိုက် ပြေးလိုက်သွားရတယ်။
ဆေးရုံပေါ် ရောက်ပြီး ၄ - ၅ ရက်လောက် အကြာမှာပဲ ကိုထွန်းခိုင်မှာ အဖျားပါဝင်လာလို့ ဆရာဝန်ကြီးက ဘာမှ မစားရဘူး ဆိုပြီး ပုလင်းကြီးတွေပဲ တစ်လုံးပြီး တစ်လုံး ချိတ်ခိုင်းတယ်။ တစ်ရက် တစ်ရက်ကို ခြောက်လုံး ခုနှစ်လုံးလောက် အကြောထဲ သွင်း၇တာဆိုတော့ ဘယ်လောက် ကုန်မလဲ တွက်သာ ကြည့်ကြပေတော့။
ကန်ထရိုက်က လျော်ကြေးပေးမယ်ဆိုတဲ့ ပိုက်ဆံကလည်း ခုထိ မလာသေးဘူးလေ။ စရိတ်မျှပေး ဆေးဆိုင်က ဦးလေးကြီးက လောလောဆယ် ငွေမလွယ်သေးရင်လည်း ၁၀ ရက်လောက်နေမှ တစ်ပေါင်းတည်း ရှင်းပေါ့လို့ ပြောတာနဲ့ နည်းနည်း အသက်ရှူချောင် သွားတယ်။
၁၀ ရက်မြောက်တဲ့နေ့မှာပဲ ဆေးရုံကို သွားဖို့ မီးဖိုချောင်ထဲမှာ ပြင်ဆင်နေတုန်း ဗြုန်းဆို သမီးကြီး သန္တာခိုင် အိမ်ပေါ်တက်လာတယ်။ သူ့ကို ကြည့်ရတာ ပင်ပန်းနေသလိုပဲ။ နေလောင်ထားသလို အသားတွေကလည်း မည်းသွားလိုက်တာ။ ခြောက်ကပ်ကပ်နဲ့ စိုစိုပြည်ပြည် မရှိတော့ဘူး။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းသလို သန္တာခိုင်က စကားတိုတို မာဆတ်ဆတ်နဲ့

ရော့…..အမေ ပိုက်ဆံ ၂သိန်း အဖေ့ အတွက် ဆေးဖိုး သုံးဖို့ ယူထားလိုက်

လက်ထဲ ရောက်လာတဲ့ တစ်ထောင်တန် နှစ်အုပ်ကို ကြည့်ပြီး ကျွန်မ ရုတ်တရက် ဝမ်းသာသွားတယ်။ ဒီနေ့ အတွက် ဆေးဖိုး ရှင်းလို့ ရပြီပေါ့။

ဟဲ့ သမီး အဖေဆီ လိုက်ခဲ့ပြီး မျက်နှာလေး ဘာလေး လာပြဦးလေ။ ဟိုမယ် ညည်းအဖေက

ဟာ..အမေကလည်း အဖေ့နား သမီး သွားကပ်ထိုင်နေတော့ရော သမီးက ဘာလုပ်တတ်မှာမို့လို့လဲ။ တူတူထိုင်ပြီး စိတ်ညစ်နေရုံ အပြင် ဘာမှ ပိုထူးလာမှာ မဟုတ်ဘူး။ အိမ်ရဲ့ စားဝတ်နေေ၇းကလည်း ရှိသေးတယ်လေ။

သမီးကြီးက ဒီလိုပြောတော့ ကျွန်မ စိတ်ထဲ ဟုတ်သလိုလိုတော့ ၇ှိသားလို့ တွေးမိလိုက်တယ်။ ဒီတော့မှ ကျွန်မ အာရုံထဲ အငယ်နှစ်ကောင်ကို သတိရသွားပြီး

ဟုတ်ပါရဲ့ စားဝတ်နေေ၇း ဆိုလို့ ဒီနေ့ အငယ်နှစ်ကောင် စားဖို့ ဘာနဲ့ ဘယ်လို စီမံပေးရမှန်းတောင် မသိဘူး။

ထားလိုက်အမေ။ သမီး ပြန်လာတော့ မောင်လေးနဲ့ ညီမလေးကို လမ်းထိပ်မှာ တွေ့တာနဲ့ မုန့်ဖိုးပေးပြီး ထမင်း သွားဝယ်စားခိုင်းထားလိုက်ပြီ။ အမေသာ အဖေ့အနား သွားပြီး စိတ်ဖြောင့်ဖြောင့်နေပါ အမေရယ်

သမီးကြီးက အဲဒီလို ပြောပြီး အခန်းထဲ ဝင်သွားတယ်။ ဘာများလုပ်တာလဲ လို့ လှမ်းကဲ ကြည့်လိုက်တော့ စလင်းဘတ် အိတ်ထဲ အဝတ်အစား သုံးလေးစုံ ထည့်နေတာကို ကျွန်မ မြင်လိုက်တယ်။ပြန်ထွက်လာပြီး

သွားဦးမယ် အမေ။ သမီး ကိစ္စလေးတွေ ရှိသေးလို့

ကျွန်မ ဘာမှ ပြန်ပြောဖို့ အချိန်မ၇လိုက်ခင်မှာပဲ သမီးကြီးက အိမ်ပေါ်ကနေ ခပ်သုတ်သုတ် ပြေးဆင်းသွားတယ်။
အင်းလေ…..ပြောခွင့်ရလိုက်တယ် ဆိုရင်လည်း ကျွန်မ ဘာပြောရမှန်းမှ မသိတာ။
အဲဒီ တဒင်္ဂမှာ ကိုယ့်ဆုံးဖြတ်ချက် ဘာမှမရှိတော့ သလိုဖြစ်သွားတယ်။ ဆေးဖိုးဝါးခ အတွက် စိတ်ပေါ့ပါးပြီး သက်ပြင်းချလိုက်သလား ဒါမှမဟုတ် သမီးအတွက် စိတ်ရှုပ်ရှုပ်နဲ့ ညည်းညူလိုက်မိသလား။ ဘာမှန်းမသိတဲ့ အသံ တစ်ခုကို နှုတ်ခမ်းကနေ ရေရွတ်လိုက်မိတယ်။
ကျွန်မ လက်ထဲကို ပြန်ငုံ့ကြည့်လိုက်တော့ သမီးကြီး ပေးသွားတဲ့ တစ်ထောင်တန် နှစ်အုပ်က အရွက်အကြီး အသေး မညီမညာ ဖြစ်နေတာကို သားရေကွင်းနဲ့ ဖြစ်သလို စုစည်းထားလို့။
သြော် သမီးကြီး တစ်ယောက် ဒီပိုက်ဆံတွေကို ဘယ်ကရလာတာပါလိမ့်။
ကျွန်မ အတွေး အဖြေမထုတ်နိုင်ခင်မှာပဲ တိုင်ကပ်နာရီဆီက မနက် ၁၀ နာရီ ထိုးသံကြောင့် ဆေးရုံကို ကပျာကယာ သုတ်ခြေတင်လာခဲ့ရတော့တယ်။

(၄)
ကျွန်မ အဖြေ မထုတ်နိုင်တဲ့ ပုစ္ဆာကို အဆုံးသတ်စေမယ့် တစ်ညမှာပေါ့။
ဆရာဝန်ကြီး လှည့်စစ်ပြီးချိန်လောက် ကျွန်မက ဆေးဖိုး အကြွေးရှင်းဖို့နဲ့ လိုအပ်တဲ့ ဆေးဝါးတွေ ထပ်ဝယ်ဖို့ စရိတ်မျှပေးဆေးဆိုင်ဆီ ဆင်းလာခဲ့တယ်။ အားလုံး ပြီးစီးဖို့ ဆေးရုံပေါ် ပြန်တက်မယ့် အချိန်မှာပဲ ကျွန်မ လက်ကို တစ်စုံတစ်ယောက်က လှမ်းဆွဲလို့ လှည့်ကြည့်လိုက်တော့ ကျွန်မယောင်းမ မတုတ် ဖြစ်နေတယ်။
မတုတ်က မျက်စိပျက် မျက်နှာပျက်နဲ့ လေသံကို နှိမ့်ပြီး

ယောင်းမရယ် နင့်ကို ငါ ပြောလည်း ပြောချင်တယ်။ ဟို….ဟိုဒင်းလည်း ဖြစ်တယ်

ဘာတုန်းအေ့…ဟိုဒင်း ဖြစ်တယ်ဆိုတာ

နင် ငါ့ကို စိတ်မဆိုးရဘူးနော်။ ငါက အကောင်းပြောတာ။ နင့်သမီး သန္တာခိုင်ကလေ သင်္ဘောတွေပေါ်လိုက်ပြီး ဟိုဟာ လုပ်စားနေတာတဲ့။ ဆိပ်ကမ်းမှာ အလုပ်သမားခေါင်းလုပ်တဲ့ ငါတို့ ၇ပ်ကွက်ထဲက ကောင်လေးပြောတာ

အားတင်းပြီး ငြင်းဖို့ ကျွန်မ ကြိုးစားလိုက်သေးတယ်။
ဒါပေမဲ့ ဘာစကားမှ ထွက်မလာတော့ဘူး။ မတုတ်ပြောသလို ဖြစ်နေနိုင်လောက်တယ်လို့ ဟိုပိုက်ဆံ တွေရကတည်းက ရင်ထဲမှာ ဖုံးတစ်ဝက် ပေါ်တစ်ဝက်နဲ့ တွက်ဆ ထားမိပြီးသားပါ။
တကယ်ဆို ကျွန်မ ဟို ပိုက်ဆံ ၂သိန်း ရကတည်းက သမီးကြီးကို မေးလိုက်ဖို့ ကောင်းတယ်။ ဒါပေမဲ့ သူ ပြန်ပြောလာမယ့် အဖြေကို ကျွန်မ မကြားရဲလို့ပါ။ ကျွန်မ ကတုန်ကယင် ဖြစ်ပြီး အကြာကြီး ငိုင်နေမိတယ်။
မတုတ်ကတော့ မျက်နှာပူလို့လား မသိဘူး။ သူ့အစ်ကိုကိုတောင် ဆေးရုံပေါ် တက်မကြည့်တော့ဘဲ နှုတ်ဆက်ပြီး ပြန်သွားတယ်။ မတုတ် ပြန်သွားတော့မှ ကျွန်မ ခြေထောက်တွေဟာ သွေးမလျှောက်တော့သလို ထုံကျဉ် လေးလံလွန်းလို့ ဆက်မရွေ့နိုင်ဘဲ အနီးဆုံး အုတ်ခုံလေးပေါ်မှာ တုံးခနဲ ပစ်ထိုင်ချလိုက်ရတယ်။ အဲဒီ နေရာမှာ ထိုင်နေမိတဲ့ တစ်ချိန်လုံး ကျွန်မကိုယ် ကျွန်မ သစ်သားရုပ်ကြီး ဖြစ်နေသလို ခံစားရတယ်။ ဘာကိုမှလညး် စဉ်းစားလို့ မရဘူး။ ဘာခံစားချက်မှလည်း ရှိမနေဘူး။ အဲဒီလိုကြီး လိပ်ပြာလွင့်နေလိုက်တာ ဘယ်လောက်တောင် ကြာသွားလဲ မသိဘူး။ ကျွန်မ သတိပြန်ဝင်လာတော့ ဆေးရုံ စင်္ကြန်တစ်လျှောက် လူရှင်းနေပြီ။
ဒါနဲ့ မဖြစ်ချေဘူး ဆိုပြီး ဆေးရုံ ပေါ်ပြန်တက်လာခဲ့တယ်။ ခုတင်နားကို ရောက်တော့ ကိုထွန်းခိုင် တစ်ယောက် မျက်လုံး စုံမှိတ်ပြီး မှိန်းနေတာကို တွေ့ရတယ်။ ကျွန်မက ဆေးထုပ်လေး အသာချရင်း

ကိုခိုင် ရှင်သက်သာရဲ့လား

လို့ မူမပျက်အောင် အသံကို မနည်းထိန်းပြီး မေးလိုက်တယ်။ ရင်ထဲမှာ ဘယ်လောက် လုပ်ဂှာုးနေလဲတော့ မပြောပြတတ်ဘူး။ကိုယ်ပြန်ကြားလိုက်တဲ့ အသံဟာ ကိုယ့်အသံတောင် ဟုတ်ပါလေစလို့ ဇဝေဇဝါ ဖြစ်မတတ်ပါပဲ။ ကိုထွန်းခိုင်က မျက်လုံး ဖွင့်ကြည့်ပြီး

အေး သက်သာပါတယ် မဌေးရယ်။ စောစောက ဆ၇ာဝန်လေးကတော့ အနာသက်သာအောင်ဆိုပြီး အိပ်ဆေးတစ်လုံး ထိုးပေးသွားတယ်။ ငါ မျက်ခွံတွေလေးလို့ မှေးလိုက်ဦးမယ်ကွာ

အဲဒီလိုပြောပြီး ကိုထွန်းခိုင်က မျက်လုံးကို ပြန်မှိတ်သွားတယ်။ ဒီတော့မှပဲ ဘယ်လိုဖြစ်မှန်း မသိဘူး။ ဝမ်းနည်းစိတ်တွေ ပျို့ပျို့ပြီး တက်လာတယ်။ သမီးကြီး အကြောင်း ကိုထွန်ခိုင်ကို ပြောလည်း ပြောပြချင်ရဲ့။ ပြောလို့ကတော့ ဘယ်ထွက်ပါ့မလဲ။ ဒါကြောင့် ပါးစပ်လေးဟပြီး ခပ်တိုးတိုးဟောက်လို့ အိပ်ပျော်နေတဲ့ ကိုထွန်းခိုင်ရဲ့ မျက်နှာကို ကျွန်မက စေ့စေ့ကြည့်ရင်း စိတ်ထဲကနေ

ကိုခိုင်ရေ…..ကျွန်မတို့ သမီးကြီး ဖာ ဖြစ်နေပြီတော့

လို့ အသံမထွက်ဘဲ ပြောနေမိတယ်။ ကျွန်မ မျက်လုံးထဲက မျက်ရည်တွေကလည်း ရေစည်လှည်း အဆို့ ပွင့်ကျသလို ထိန်းမနိုင် သိမ်းမ၇ ကျလာလိုက်တာ ဆိုတာလေ။
နောက်တစ်လလောက်ကြာတော့ ဆရာဝန်ကြီး ခွင့်ပြုချက်နဲ့ ဆေးရုံက ဆင်းရတဲ့ ကိုထွန်းခိုင်ကို ငှားထားတဲ့ အိမ်လေးဆီ ခေါ်လာခဲ့တယ်။ ခါးဆစ်ရိုးက ငေါထွက်မနေတော့ပေမဲ့ အောက်ပိုင်းကတော့ လုံးလုံး သေသွားပြီလေ။
ရပ်ကွက်ထဲက လူတွေကလည်း လူနာ မေးလာလိုက်ကြတာ တစ်ယောက်ဆင်း တစ်ယောက်တက်နဲ့ အိမ်မှာ ဧည့်သည်ပြတ်တယ်လို့ကို မရှိဘူး။ ဒီအထဲက တချို့ကတော့ လူနာလာမေးချင်တာက နည်းနည်း သမီးကြီး သန္တာခိုင် အကြောင်း စကားနှိုက်ချင်လို့က များများပေါ့လေ။
ကိုယ့်သမီး ကိစ္စဟာ လူကြားမကောင်းတော့ သူတို့ စကားစလာတိုင်း ကျွန်မ စိတ်ဆင်းရဲရတာမှန်ပေမယ့် မနည်းသည်းခံစိတ် မွေးရတယ်။

ဟဲ့ ခင်ဌေး ညည်းသမီး သန္တာခိုင်တစ်ယောက် မတွေ့တာကြာပြီနော်။ ဘယ်သွားနေတုန်းအေ့။

ဟို……ဟို သူ့အပေါင်းအသင်းတွေနဲ့ စပ်တူ အရောင်းအဝယ်လေး ဘာလေးလုပ်နေလို့ပါ

သြော်……သူက ညအိပ် ညနေ ခရီးထွက်ရတယ်ပေါ့ ဟုတ်လား

အင်း ဟိုလေ အထက်ဘက်ကို ငါးပိလေး ငါးခြောက်လေး သွားရောင်းတာဆိုတော့ တစ်ခါတလေတော့လည်း ဟို….ခရီးသွားရတယ်လေ

ကျွန်မ ပါးစပ်က အယောင်ယောင်အမှားမှားနဲ့ ကူလီကူမာ စကားတွေ လျှောက်ပြောနေမိမယ်ဆိုတာ ကျွန်မသိတယ်။ ကျွန်မလေ အဲဒီလို အလိုက်ကမ်းဆိုးမသိ စပ်စုနေတဲ့ အရပ်ထဲက မိန်းမ နှစ်ယောက်ကို ဒေါသလည်းထွက် ခံလည်း ခံပြင်းလိုက်တာ။ ဘယ်နှယ့်ရှင် သူများ အနာကိုမှ တုတ်နဲ့ လာဆွချင်နေကြတယ်။ တကယ်ဆို အဲဒီ ကိစ္စကို ဒင်းတို့ သိပြီးသား။ သက်သက်မဲ့ ကျွန်မကို အဖြေခက်အောင် တမင်တကာ လာပြီး မေးနေကြတာ။
သွေးတိုးစမ်းချင်နေကြတာ။
အဲဒါတွေကို မြင်ရ ကြားရတော့ ကျွန်မ လူတွေကို တော်တော် စိတ်ကုန်သွားမိတယ်။
စိတ်အကုန်ဆုံးကတော့ ပိုက်ဆံသာရှိပြီး လူလို တစ်စက်မှ နားမလည်တဲ့ ဒေါ်သိန်းမြပဲ။ အဲဒီနေ့တုန်းကတော့ ကိုထွန်းခိုင်က နေ့ခင်းဆေးတစ်ဖုံသောက်ပြီး နည်းနည်းမှိန်းချင်တယ်ဆိုလို့ ခေါင်းအုံးဆင့်ပေးပြီး ခါးအောက်ပိုင်းကို စောင်ပါးလေး တစ်ထည် ခြုံပေးလိုက်တယ်။
သူအိပ်ပျော်သွားလို့ ကျွန်မလည်း အိမ်ရှေ့ ထွက်လိုက်ရော အိမ်ဝိုင်းထဲ လှမ်းဝင်လာတဲ့ ဒေါ်သိန်းမြက ဆီးပြီး

ဟဲ့ မိဌေး ထွန်းခိုင် ဆေးရုံက ပြန်ဆင်းလာပြီဆို။ သက်သာရဲ့လား

ဟုတ်…..ဟုတ်ကဲ့ သက်သာပါတယ်

သက်သာလည်း ပြီးတာပဲအေ။ အဆင်ပြေရင် ငါ့ဆီက ယူထားတဲ့ ကြွေးလည်း ပြန်ဆပ်ဦးလေ။

ဟုတ်…ကျွန်မ သတိရပါတယ်။ ငွေမလည်သေးလို့ ခဏဆိုင်းထားတာပါ

အံမယ်လေးအေ ညည်းတို့က ငွေမလည်ဘူးတဲ့လား။ ညည်းသမီး ဒီလောက် ပိုက်ဆံ အရှာကောင်းနေတဲ့ ဥစ္စာအေ….ညည်းကလဲ

ဒေါ်သိန်းမြ စကားကို အိုးမလုံ အုံပွင့်တယ်ပဲ ဆိုဆို တီကောင်ပေါ် ဆားကျတယ်ပဲပြောပြော ကျွန်မ ထောင်းခနဲ ဖြစ်သွားပြီးတော့

ကျွန်မ သမီး ပိုက်ဆံ အရှာကောင်းတယ်ဆိုတဲ့ စကားက ဘာသဘောနဲ့ ပြောတာလဲ ဒေါ်သိန်းမြ

မိဌေးရယ် ဆင်သေကို ဆိတ်သားရေနဲ့ မဖုံးစမး်ပါနဲ့။ ညည်းသမီး ကိစ္စက ရပ်ကျော်ရွာကျော် သိနေတဲ့ ကိစ္စကိုအေ။ အထက်ဘက်က ပြန်လာတဲ့ သင်္ဘောတိုင်းမှာ ညည်းသမီး အိပ်ထားတဲ့ နားရွက်ရာတွေချည်းပဲ။ အဲဒါ ပိုက်ဆံ အရှာကောင်းတာ မဟုတ်လို့ ဘာတုန်းအေ့

၇ှင်…..ရှင်နော် ပါးဆွဲရိုက်တာ မခံချင်ရင် ဒီနေရာက ထွက်သွား။ ရှင့် ပိုက်ဆံ အချိန်တန်လို့ ပြန်ဆပ်နိုင်ရင် ပြီးရော မဟုတ်လား

အံမယ်လေး သွားမှာပါ သွားမှာပါတော်။ ကိုယ့်သမီးကိုယ် ဖာထောင်စားတဲ့ မိန်းမမျိုးနဲ့လည်း ကျုပ်က ဖက်ပြီး ရန်မဖြစ်ရဲပေါင်တော်။ ထွီ……ရွံလွန်းလို့

ဒေါ်သိန်းမြက တံတွေးကို ထွီခနဲ လှည့်ထွေးပြီး လုံချည်ကိ ခပ်တိုတို မ လို့ ဘောက်ဆတ် ဘောက်ဆတ်နဲ့ ထွက်သွားတယ်။
ကိုယ့် သမီးကိုယ် ဖာထောင်စားတဲ့ မိန်းမတဲ့။
ဟုတ်…..ဟုတ်သလားဟင် သူပြောသလို ကျွန်မ တကယ်ပဲ အဲဒီလို အမေမျိုး ဖြစ်နေပြီလား။ ဟင့်အင်း မဟုတ်ဘူး မဟုတ်ဘူး။ ကျွန်မ ကိုယ့်ကိုယ့်ကို ငြင်းဖို့ ကြိုးစားမိတယ်။ စိတ်ထဲမှာ အားတော့ သိပ်မရှိလှဘူး။သမီးကြီး ရှာပေးတဲ့ ပိုက်ဆံတွေနဲ့ တစ်အိမ်လုံး ထမင်းစားနေတာကိုလည်း ကိုယ့် ကိုယ်စောင့်နတ်က အသိ။ ပိုက်ဆံတွေ ဘယ်က ရသလဲ ဆိုတာ မသိစိတ်က လက်ညှိုးထိုးပြနေရက်နဲ့ ကျွန်မက အမှန်တရားကို တူတူပုန်းဖို့ ကြိုးစားနေတာ။
အခုတော့ အဲဒီ ပုံဆိုးပန်းဆိုး အမှန်တရားက ဘွားဘွားကြီး ပေါ်လို့။ အို ပေါ်တော့ရော ဘာဖြစ်သေးလဲ။ ကျွန်မတို့ ဆင်းရဲငတ်ပြတ်နေတုန်းက အခုမေးငေါ့နေတဲ့သူတွေ ဘယ်သူက ထမင်း တစ်လုတ် လာကျွေးဖော်ရလို့လဲ။ ကျွန်မစိတ်တွေ ပွင့်ကန် ထွက်သွားတယ်။ ထမီတိုတို ပြင်ဝတ်လိုက်ပြီး

အရပ်ထဲက ဟာတွေ နင်တို့ တော်တော် ငါ့သမီး၇ဲ့**** ကို စိတ်ဝင်စားနေကြတယ်ပေါ့ ဟုတ်လား။ ဘာဖြစ်သလဲ ကိုယ့် ***** နဲ့ ကိုယ် ***** တာ ဘယ်သူ့ စောက်ဂရုစိ်ုက်ရမှာလဲ။ မိဌေးကို ငြိမ်ခံနေလို့ ရေမြွေလို့ မအောက်မေ့နဲ့နော်။ နင်တို့ အပေါက်တွေ ပိတ်ရင် ပိတ်ထား။ မပိတ်လို့ကတော့ ငါ့ **** နဲ့ လာဆို့ ပစ်မယ်။ ဘာမှတ်နေလဲ

ကဲ မှတ်ကရော ပြောချလိုက်ပြီ။ ရင်ထဲကို ပေါ့သွားတာပဲ။ တအုံ့နွေးနွေးနဲ့ တစ်ယောက်တည်း ကြိတ်ရှက်နေရတဲ့ အဖြစ်ဆိုးကြီးကို လူသိရှင်ကြား ဖောက်ခွဲပစ်လိုက်တော့လည်း တစ်ချီတည်းနဲ့ ကိစ္စအေးသွားေ၇ာ မဟုတ်လား။ တစ်ရက် တစ်ရက် မိုးလင်းတိုင်း ရင် တထိတ်ထိတ်နဲ့ မနေရတော့ဘူးပေါ့။
မျက်နှာပြောင်တိုက်လိုက်ရလို့ ပေါ့ပါးသွားတဲ့ ခြေလှမ်းတွေနဲ့ ကျွန်မ အိမ်ပေါ် ပြန်တက်လာခဲ့တယ်။ အခန်းထဲကို ဝင်လိုက်တော့

ဟင်

ကိုထွန်းခိုင်က ကျွန်မ ထင်သလို အိပ်ပျော်မနေဘဲ ထရံကို မှီထိုင်ရင်း မျက်လုံးအကြောင်သားနဲ့ ကျွန်မကို ငေးကြည့်နေတယ်။ သူ့ရဲ့ အကြည့်သေထဲမှာ အဓိပ္ပာယ်တွေ အပြည့်နဲ့။
ကျွန်မ ဘယ်လိုမှ စိတ်ကိုတင်းထားလို့ မရတော့ဘူး။ ကိုထွန်းခိုင်ကို ပြေးဖက်ပြီး ဟီး ခနဲ ချုံးပွဲချ ငိုလိုက်မိတယ်။ ကိုထွန်းခိုင်ကလည်း အံကြိတ်ထားရင်းက မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလို့။
စောစောက တစ်ရပ်ကွက်လုံးကို ထမီ အလံထူ စိန်ခေါ်ဆဲရေးပြီး အောက်တန်းကျကျ လက်ခမောင်းခတ်ပြလိုက်တဲ့ မိန်းမကြမ်းကြီး ကျွန်မဟာ ခုတော့ ကူကယ်ရာမဲ့ ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်ငိုနေတာကို ရှင်တို့ ဘယ်သိနိုင်ပါ့မလဲနော်။


သမီးပြည့်တန်ဆာ (ထက်မြတ်နိုင်ဇင်)

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...