Loading...

ၾကည္လင္းႏွင့္အေပါင္းအပါ သံုးဦးအား ရံုးထုတ္၊ တရားလိုျပသက္ေသကို စစ္ေဆး


ၾကည္လင္းႏွင့္အေပါင္းအပါ သံုးဦးအား ရံုးထုတ္၊ တရားလိုျပသက္ေသကို စစ္ေဆး  အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)၏ ဥပေဒအႀကံေပး တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီလုပ္ႀကံခံရမႈႏွင့္ပတ္သက္၍ ေသနတ္သမားၾကည္လင္းႏွင့္ အေပါင္းအပါသံုးဦးကို ဧၿပီလ ၇ ရက္ မနက္ပိုင္းက ရန္ကုန္ေျမာက္ပိုင္းခရိုင္တရားရံုးတြင္ စတုတၳအႀကိမ္ေျမာက္ ရံုးထုတ္သည္။ ယခု႐ုံးခ်ိန္း၌ လက္နက္မႈအတြက္ တရားလိုျပသက္ေသတဦးအား စစ္ေဆးခဲ့သည္။ ဦးကိုနီကို လုပ္ႀကံမႈတြင္ပါဝင္သည့္ ၾကည္လင္း၊ ေအာ္ဝင္းေဇာ္၊ ေအာင္ဝင္းထြန္း၊ ေဇယ်ာၿဖိဳးတို႔ကို ျပစ္မႈႀကီးအမွတ္ ၄၅/၂၀၁၆ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၂၀/၃၄/၂၁၂ ျဖင့္လည္းေကာင္း၊ ေသနတ္သမားၾကည္လင္းႏွင့္ ေအာင္ဝင္းေဇာ္တို႔ကို ျပစ္မႈႀကီးအမွတ္ ၄၆/၂၀၁၇ လက္နက္ဥပေဒပုဒ္မ ၁၉-စ/ဃ တို႔ျဖင့္လည္းေကာင္း တရားစြဲဆိုထားျခင္းျဖစ္ၿပီး ေနာက္ႀကိမ္ရံုးခ်ိန္းကို ဧၿပီလ ၂၁ ရက္သို႔ ခ်ိန္းဆိုသည္။ ၿပီးခဲ့သည့္ တတိယအႀကိမ္ေျမာက္ ရံုးထုတ္တြင္ ၾကည္လင္း၊ ေအာင္ဝင္းေဇာ္၊ ေအာင္ဝင္းထြန္း၊ ေဇယ်ာၿဖိဳးတို႔အား တရားစြဲဆိုထားသည့္ တရားလိုရဲအရာရွိကို စစ္ေဆးခဲ့သည္။
ေနာင္ေနာင္ Photo-Victor https://www.facebook.com/NewsWatchJournal/posts/1305700212801110

ကြည်လင်းနှင့်အပေါင်းအပါ သုံးဦးအား ရုံးထုတ်၊ တရားလိုပြသက်သေကို စစ်ဆေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ သေနတ်သမားကြည်လင်းနှင့် အပေါင်းအပါသုံးဦးကို ဧပြီလ ၇ ရက် မနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် စတုတ္ထအကြိမ်မြောက် ရုံးထုတ်သည်။ ယခုရုံးချိန်း၌ လက်နက်မှုအတွက် တရားလိုပြသက်သေတဦးအား စစ်ဆေးခဲ့သည်။ ဦးကိုနီကို လုပ်ကြံမှုတွင်ပါဝင်သည့် ကြည်လင်း၊ အော်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ ဇေယျာဖြိုးတို့ကို ပြစ်မှုကြီးအမှတ် ၄၅/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၀/၃၄/၂၁၂ ဖြင့်လည်းကောင်း၊ သေနတ်သမားကြည်လင်းနှင့် အောင်ဝင်းဇော်တို့ကို ပြစ်မှုကြီးအမှတ် ၄၆/၂၀၁၇ လက်နက်ဥပဒေပုဒ်မ ၁၉-စ/ဃ တို့ဖြင့်လည်းကောင်း တရားစွဲဆိုထားခြင်းဖြစ်ပြီး နောက်ကြိမ်ရုံးချိန်းကို ဧပြီလ ၂၁ ရက်သို့ ချိန်းဆိုသည်။ ပြီးခဲ့သည့် တတိယအကြိမ်မြောက် ရုံးထုတ်တွင် ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ ဇေယျာဖြိုးတို့အား တရားစွဲဆိုထားသည့် တရားလိုရဲအရာရှိကို စစ်ဆေးခဲ့သည်။ 
နောင်နောင် Photo-Victor

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...