======

လိမ်လည်ခေါ်ဆောင်ကာ တစ်လခန့် သားမယားပြုကျင့်သူကို အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်



 မိန်​းက​လေးငယ်​များကို အခ​ကြေး​ငွေယူပြီး ထိုင်​းနိုင်​ငံသို့ ပို့​ပေးမည်​ဟု လိမ်​​ခေါ်ပြီး တစ်​လခန်​့ သားမယားပြုကျင့် ခဲ့​ကြောင်​း စွပ်​စွဲချက်​ဖြင့် အမှုရင်​ဆိုင်​​နေရ​သူဖြစ်​သည့် မွန်ပြည်နယ် ​ပေါင်​မြို့နယ်​ ထန်​းပင်​​ချောင်​ကြီး​ကျေးရွာမှ ဦးငယ်​ နှင့် ဒေါ်စန်​းနုတို့၏သား မင်​ဦး ၂၂ နှစ်​အား ​ပေါင်​မြို့နယ်​ တရားရုံး ရာဇဝတ်​ကြီးမှု အမှတ်​ ၂၈၈/၂၀၁၆ ရာဇသတ်​ကြီး ဥပ​ဒေပုဒ်​မ ၃၆၃ အရ​အလုပ်​ကြမ်​းနှင့် ထောင်​ဒဏ်​ ၇နှစ်​ကျခံ​စေရန်​ မြို့နယ်​တရားသူကြီး​ဒေါ်ဝင်​းမာခင်​ မှ ထိ​ရောက်​ဟန်​့ တား​လောက်​​သော အမြင့်ဆုံးပြစ်​ဒဏ်​များကို ၂၀၊၄၊၂၀၁၇ ရက်​​နေ့က အမိန်​့ချမှတ်​ခဲ့သည်​။ မင်​းဦးသည်​ မြဝတီ၊ ထန်​းပင်​​ချောင်​လိုင်​းကား​မောင်​း​နေသူဖြစ်​ပြီး ၎င်း၏မိခင်​​ဒေါ်စန်​းနုက ငွေ ၈သိန်​းကျပ်​ယူကာ အလုပ်​ရှာ​ပေးမည်​ဟု ​ပြောဆို ချိတ်​ဆက်​​ပေးသည့် အသက်​၁၆နှစ်​အရွယ်​ ထန်​းပင်​​ချောင်​ရွာမှ မ×××အား မိမိကားဖြင့် တင်​​ခေါ်သွားပြီး​နောက်​ မဲ​ဆောက်​မြို့ရှိ ၎င်းတို့ငှားရမ်​းထား​သော ကားဂိတ်​တိုက်​ခန်​းတွင် ​ညဘက်​အချိန်​ သားမယားပြုကျင့်ကာ ​နေရာအချို့သို့တစ်​လခန်​့​ခေါ်ထားခဲ့စဉ်​ မိန်​းက​လေး၏အဖွားဖြစ်​သူက အမှုတိုင်​တန်​းခဲ့​သော​ကြောင့် တစ်​နှစ်​​ကျော်​ကြာ အမှုရင်​ဆိုင်​ခဲ့ပြီး ယခုကဲ့သို့ပြစ်​ဒဏ်​များ ချမှတ်​ခံရခြင်​းဖြစ်​သည်​။ ၎င်း၏အကိုဖြစ်​သူ ရန်​​အောင်​မှာလည်​း အလားတူပြစ်​မှုဖြင့်လည်​း​ကောင်​း မိခင်​​ဒေါ်စန်​းနုမှာ ပြည်​ပအလုပ်​အကိုင်​ရှာ​ဖွေ​ရေး ဥပ​ဒေပုဒ်​မ၂၆ အရလည်​း​ကောင်​း သားဖြစ်​သူပြစ်​မှုကျုးလွန်​စဉ်​ပါဝင်​ကူညီခဲ့သဖြင့်လည်​း​ကောင်​း ​ထောင်​ဒဏ်​များ ကျခံ​နေရဆဲဖြစ်​သည်​။ Paung Daily https://www.facebook.com/paungdaily/

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...