Loading...

အတန်းဖော်သူငယ်ချင်းတွေ မမှတ်မိတော့သည်အထိ ၀ိတ်ချနိုင်ခဲ့တဲ့ ကျောင်းသူလေး






ဩစတျေးလျနိုင်ငံ နယူးဆောက်ဝေးလ် ပြည်နယ် ဆစ်ဒနီမြို့တွင်နေထိုင်တဲ့ ဂျနီဖာ အော့နီနို စကီဆိုသူ ကျောင်းသူလေးဟာ သူမရဲ့ ၂၁ နှစ်ပြည့်မွေးနေ့မှာ ပေါင် ၃၅၀ ( ၂၅ စတုံ) မျှ အလေးချိန် ရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ဒါပေမဲ့ သူငယ်ချင်းတွေနဲ့ အပြင်ထွက် လမ်းနည်းနည်းလျှောက်ရင်မောနေတတ်ခြင်း၊အ၀တ်အစားဆိုရင် ဆိုဒ်နံပါတ် ၂၈ ဆိုဒ်မှတော်ခြင်းစတာတွေကြောင့် သူမဟာ ၀ိတ်ချဖို့ကို စတင်စဉ်းစားခဲ့ပါတယ်။ ၀ိတ်လျှော့ဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့ နောက်မှာ သူမဟာ အစားအစာ စားသုံးမှုပုံစံကို ပြောင်းလဲခဲ့ပြီး ပရိုတင်းကြွယ်ဝတဲ့ အစားအစာ၊အသီးအနှံများနဲ့ ကစီဓာတ် (carbohydrate) နည်းပါးတဲ့ အစားအစာတွေကို စတင်စားသုံးခဲ့ပါတယ်။

ဒီလို အစားအသောက်ပုံစံပြောင်းလဲပြီးနောက်ပိုင်း ၂ လအကြာမှာပဲ သူမဟာ ၂၈ ပေါင် (၂ စတုံ ) မျှကျသွားခဲ့ပြီးနောက်ပိုင်းမှာတော့ သူမရဲ့ ကစီဓာတ်ပါတဲ့ အစားအစာ များကို ရှောင်ကြဉ်ခဲ့ပြီး ၅ လအကြာမှာတော့ သူမဟာ 126 ပေါင် (၉ စတုံ) မျှ ကျသွားခဲ့တယ် လို့သူမက ဆိုပါတယ်။ တစ်နှစ်အကြာမှာတော့ ဂျနီဖာ ဟာ စုစုပေါင်း ၁၉၆ ပေါင် ( ၁၄ စတုံ) မျှ ၀ိတ်ချနိုင်ခဲ့ပါတယ်။

သူမဟာ ယခုအချိန်ထိ အားကစားရုံသို့သွား၍ လေ့ကျင့် နေဆဲဖြစ်ပြီး သူမရဲ့ အလေးချိန်ဟာ တစ်နှစ်အတွင်း သိသိသာသာ ကျဆင်းသွားခဲ့တဲ့ အတွက် သူမရဲ့ သူငယ်ချင်းတွေတောင် သူမကို မမှတ်မိခဲ့ဘူး လို့ဆိုပါတယ်။ ” ကျွန်မ အခုလို ၁၉၆ ပေါင် ( ၁၄ စတုံ) မျှ ၀ိတ်ချနိုင်ခဲ့တာကို အရမ်းပျော်ရပါတယ်။ကျွန်မ ဟာ အခုချိန်ထိ Gym ကစားစာခန်းသို့ သွားရောက်လေ့ကျင့်နေဆဲ ဖြစ်ပြီး ကျွန်မ ၀ိတ်ချနေတဲ့ ကာလအတွင်း မတွေ့လိုက်တဲ့ သူငယ်ချင်းတွေဆိုရင် ကျွန်မကို မမှတ်မိကြဘူး။

ပိန်လည်း ကျွန်မ ၊၀လည်း ကျွန်မ ပဲဆိုတာ မှန်ပေမဲ့ ကျွန်မ အခုဆိုရင် ပိုပြီး ကိုယ့်ကိုကို ယုံကြည်ချက်တွေရှိလာတယ်။ ” လို့ ဂျနီဖာက ဩစတျေးလျနိုင်ငံ Daily mail သတင်းစာကို ပြောခဲ့ပါတယ်။ သူမဟာ ၀ိတ်မချခင်တုန်းက ဆိုအမြဲဆာလောင်နေတတ်ပြီး အစားတစ်ခုခု မစားရဘဲ နှစ်နာရီလောက်တောင် နေလို့ မရဘူး လို့ဆိုပါတယ်။ဂျနီဖာဟာ အဆီများတဲ့ အစားအစာတွေနဲ့ ကစီဓာတ်များတဲ့ အစားအစာတွေကုလည်း အလွယ်တကူ စားသုံးခဲ့ပြီး သူမဟာ ၀ိတ်လျှော့နေစဉ် ကာလအတွင်းမှာလည်း ခွဲစိတ်မှုတစ်ခုကို ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။ဗိုက်ထဲက အဆီများကို ထုတ်ပစ်တဲ့ ခွဲစိတ်မှုအပြီးမှာ ခန္ဓာကိုယ်အပေါ်ပိုင်း၊ရင်သား၊ဗိုက်နဲ့ ပေါင်တို့မှာ အရေပြားတွေ တွဲကျနေခဲ့ပြီး လေ့ကျင့်ခန်းကြိုးစားလုပ်ခဲ့တယ်လို့သိရပါတယ်။

ဂျနီဖာဟာ သူမရဲ့ အံ့မခန်း အလေးချိန် လျှော့ချနိုင်ခဲ့ပုံကို သူမရဲ့ Instagram pageဖြစ်တဲ့ Jen’s Health Journey မှာ ဓာတ်ပုံများတင်လျက်ရှိပြီး တခြားသောသူများကို ခွန်အားယူနိုင်စေရန် ရည်ရွယ်တယ် လို့ဆိုပါတယ်။

 Ref : Daily Mail
Credit : Shwemom

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...