Loading...

ကမာၻ႔ပထမဦးဆုံး လိင္အပန္းေျဖကစားကြင္း ဘရာဇီးတြင္ တည္ေဆာက္ေန(႐ုပ္/သံ)


ဘရာဇီးႏိုင္ငံသည္ ထူးခြၽန္ေသာ ေဘာလုံးကစားသမားမ်ား၊ သိုင္းေပါင္းစုံ ကစားသမားမ်ားႏွင့္ သဘာဝသံယံဇာတ အျဖစ္ မိုးသစ္ေတာ စသည္တို႔ျဖင့္ လူသိမ်ားထင္ရွားေသာ တိုင္ျပည္တစ္ခုျဖစ္ၿပီး ယခုတဖန္ စြဲေဆာင္မႈအသစ္တစ္ခုျဖစ္လာမည့္ ကမာၻ႔ပထမဦးဆုံး လိင္အပန္းေျဖကစားကြင္း တစ္ခုကို စတင္တည္ေဆာက္ေနျပန္ပါတယ္။

“ErotikaLand” လို႔ အမည္ေပးထားတဲ့ အပန္းေျဖကစားကြင္းကို လာမယ့္ ၂၀၁၈ ခုႏွစ္မွာ ဖြင့္လွစ္ႏိုင္ေအာင္ စီစဥ္ေနၿပီ ကမာၻေက်ာ္ “Dianeyland” ပုံစံမ်ိဳးကို အညႇီအေဟာက္ေတြနဲ႔ ထုံမႊမ္းထားမွာျဖစ္ပါတယ္။
အေမရိကန္ေဒၚလာ သန္း ၈၀ ေလာက္ကုန္က်မယ့္ တည္ေဆာက္မႈမွာ ကာမျပတိုက္၊ ကိုယ္လုံးတီးေရကူးကန္နဲ႔ သရဲရထားကို ရမၼက္ႂကြေစမယ့္ပုံစံမ်ိဳးေတြ ပါဝင္လာမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ ကစားကြင္းေတြမွာ ပါေနက်ျဖစ္တဲ့ ေရလႊာေလ်ာစီးေတြလည္း ပါဝင္မွာျဖစ္ပါတယ္။

တစ္ျခားအရာေတြအေနနဲ႔ အညႇီအေဟာက္ကစားကြင္းေတြ၊ လိင္ပိုင္းဆိုင္ရာပစၥည္းေရာင္းခ်ဆိုင္ေတြနဲ႔ 7-D ႐ုပ္ႂကြ႐ုပ္႐ုပ္႐ုံလဲရွိမွာျဖစ္ၿပီး ႐ုပ္ရွင္႐ုံရဲ႕ ထိုင္ခုံေတြက တုန္ခါမႈေတြနဲ႔ အပူခ်ိန္အေျပာင္းအလဲေတြကို ႐ုပ္ရွင္ၾကည့္ေနခ်ိန္မွာ တစ္ၿပိဳင္ထဲ ခံစားႏိုင္မွာျဖစ္ပါတယ္။

ပန္းၿခံကို အသက္ ၁၈ ႏွစ္ႏွင့္အထက္သာ ဝင္ေရာက္ခြင့္ျပဳမည္ျဖစ္ၿပီး ဝင္ေၾကးက ေဒၚလာ ၁၀၀ ေလာက္ ေပးရမွာျဖစ္ပါတယ္။ ပန္းၿခံကို တည္ေထာင္သူရဲ႕ အဆိုအရ ပန္းၿခံဟာ လိင္အပန္းေျဖ႐ုံႏွင့္ ေဖ်ာ္ေျဖေရးသက္သက္ သာမကပဲ လူေတြကို လိင္ပိုင္းဆိုင္ရာ ပညာေပးဖို႔ (ေဘးကင္းတဲ့ လိင္ဆက္ဆံေရး) စသည္ျဖင့္တို႔ပါ ရည္႐ြယ္ထားေၾကာင္း သိရွိရသည္။ ပန္းၿခံဝန္ထမ္းေတြက လာေရာက္တဲ့ ဧည့္သည္ေတြကို ကြန္ဒုံးသုံးၿပီး ေဘးကင္းတဲ့ ကာမဆက္ဆံနည္းေတြကို ပံ့ပိုးအားေပးမွာျဖစ္ပါတယ္။

ပန္ၿခံထဲမွာ ေဖ်ာ္ေျဖသမွ်အရာေတြ၊ လႈပ္ရွားမွဒေတြအားလုံးကို တရားဝင္မွတ္တမ္းတင္ၿပီး ထိန္းသိမ္းထာမွာျဖစ္ပါတယ္။ ဒါေပမယ့္ ပန္းၿခံနယ္နမိတ္ထဲမွာေတာ့ ကာမစပ္ရွက္ၾကဖို႔ကို ခြင့္ျပဳမွာမဟုတ္ပါဘူး။

“ဒီေနရာဟာ တစ္ကယ္ေတာ့ မယ္သီလရင္ေတြ လာသင့္တဲ့ေနရာေတာ့မဟုတ္ပါဘူး ဒါေပမယ့္ ျဖစ္ခ်င္ရာျဖစ္ပုံစံနဲ႔ ကာမစပ္ရွက္ဖို႔လည္း ဖန္တီးေပးထားတဲ့ ေနရာလည္း မဟုတ္ပါဘူး။ ပန္ၿခံလာၾကတဲ့သူေတြ သူ႔ေဒါသ သူမထိန္းႏိုင္တဲ့ စိတ္ျဖစ္လာရင္ အနီးနားမွာ ဖြင့္ထားတဲ့ မိုတယ္ေတြကို သြားႏိုင္ပါတယ္။ ဒီမိုတယ္ေတြကလည္း ကြၽန္ေတာ္တို႔ဟာေတြပါပဲ” ဟု လိင္အပန္းေျဖကစားကြင္းကို ဦးေဆာင္အေကာင္အထည္ေဖာ္သူ Mauro Morata က ေျပာၾကားခဲ့ပါတယ္။


Unicode
ဘရာဇီးနိုင်ငံသည် ထူးချွန်သော ဘောလုံးကစားသမားများ၊ သိုင်းပေါင်းစုံ ကစားသမားများနှင့် သဘာဝသံယံဇာတ အဖြစ် မိုးသစ်တော စသည်တို့ဖြင့် လူသိများထင်ရှားသော တိုင်ပြည်တစ်ခုဖြစ်ပြီး ယခုတဖန် စွဲဆောင်မှုအသစ်တစ်ခုဖြစ်လာမည့် ကမ္ဘာ့ပထမဦးဆုံး လိင်အပန်းဖြေကစားကွင်း တစ်ခုကို စတင်တည်ဆောက်နေပြန်ပါတယ်။

“ErotikaLand” လို့ အမည်ပေးထားတဲ့ အပန်းဖြေကစားကွင်းကို လာမယ့် ၂၀၁၈ ခုနှစ်မှာ ဖွင့်လှစ်နိုင်အောင် စီစဉ်နေပြီ ကမ္ဘာကျော် “Dianeyland” ပုံစံမျိုးကို အညှီအဟောက်တွေနဲ့ ထုံမွှမ်းထားမှာဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာ သန်း ၈၀ လောက်ကုန်ကျမယ့် တည်ဆောက်မှုမှာ ကာမပြတိုက်၊ ကိုယ်လုံးတီးရေကူးကန်နဲ့ သရဲရထားကို ရမ္မက်ကြွစေမယ့်ပုံစံမျိုးတွေ ပါဝင်လာမယ်လို့ မျှော်လင့်ထားပါတယ်။ ကစားကွင်းတွေမှာ ပါနေကျဖြစ်တဲ့ ရေလွှာလျောစီးတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

တစ်ခြားအရာတွေအနေနဲ့ အညှီအဟောက်ကစားကွင်းတွေ၊ လိင်ပိုင်းဆိုင်ရာပစ္စည်းရောင်းချဆိုင်တွေနဲ့ 7-D ရုပ်ကြွရုပ်ရုပ်ရုံလဲရှိမှာဖြစ်ပြီး ရုပ်ရှင်ရုံရဲ့ ထိုင်ခုံတွေက တုန်ခါမှုတွေနဲ့ အပူချိန်အပြောင်းအလဲတွေကို ရုပ်ရှင်ကြည့်နေချိန်မှာ တစ်ပြိုင်ထဲ ခံစားနိုင်မှာဖြစ်ပါတယ်။

ပန်းခြံကို အသက် ၁၈ နှစ်နှင့်အထက်သာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ဝင်ကြေးက ဒေါ်လာ ၁၀ဝ လောက် ပေးရမှာဖြစ်ပါတယ်။ ပန်းခြံကို တည်ထောင်သူရဲ့ အဆိုအရ ပန်းခြံဟာ လိင်အပန်းဖြေရုံနှင့် ဖျော်ဖြေရေးသက်သက် သာမကပဲ လူတွေကို လိင်ပိုင်းဆိုင်ရာ ပညာပေးဖို့ (ဘေးကင်းတဲ့ လိင်ဆက်ဆံရေး) စသည်ဖြင့်တို့ပါ ရည်ရွယ်ထားကြောင်း သိရှိရသည်။ ပန်းခြံဝန်ထမ်းတွေက လာရောက်တဲ့ ဧည့်သည်တွေကို ကွန်ဒုံးသုံးပြီး ဘေးကင်းတဲ့ ကာမဆက်ဆံနည်းတွေကို ပံ့ပိုးအားပေးမှာဖြစ်ပါတယ်။

ပန်ခြံထဲမှာ ဖျော်ဖြေသမျှအရာတွေ၊ လှုပ်ရှားမှဒတွေအားလုံးကို တရားဝင်မှတ်တမ်းတင်ပြီး ထိန်းသိမ်းထာမှာဖြစ်ပါတယ်။ ဒါပေမယ့် ပန်းခြံနယ်နမိတ်ထဲမှာတော့ ကာမစပ်ရှက်ကြဖို့ကို ခွင့်ပြုမှာမဟုတ်ပါဘူး။

“ဒီနေရာဟာ တစ်ကယ်တော့ မယ်သီလရင်တွေ လာသင့်တဲ့နေရာတော့မဟုတ်ပါဘူး ဒါပေမယ့် ဖြစ်ချင်ရာဖြစ်ပုံစံနဲ့ ကာမစပ်ရှက်ဖို့လည်း ဖန်တီးပေးထားတဲ့ နေရာလည်း မဟုတ်ပါဘူး။ ပန်ခြံလာကြတဲ့သူတွေ သူ့ဒေါသ သူမထိန်းနိုင်တဲ့ စိတ်ဖြစ်လာရင် အနီးနားမှာ ဖွင့်ထားတဲ့ မိုတယ်တွေကို သွားနိုင်ပါတယ်။ ဒီမိုတယ်တွေကလည်း ကျွန်တော်တို့ဟာတွေပါပဲ” ဟု လိင်အပန်းဖြေကစားကွင်းကို ဦးဆောင်အကောင်အထည်ဖော်သူ Mauro Morata က ပြောကြားခဲ့ပါတယ်။

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...