======

မိန်းခလေးတွေနှစ်ယောက်ထဲ ရှိတဲ့အခါ ပြောလေ့ရှိတဲ့စကားများ


ကောင်လေးတို့… မိမိကောင်မလေး သူမရဲ့မိန်းကလေးသူငယ်ချင်းများနဲ့ အပြင်ထွက်တွေ့ဆုံကြတဲ့အခါ သူတို့ ဘာတွေပြောဆိုဆွေးနွေးကြမလဲ သိချင်ကြတယ်ဟုတ်။ ပွင့်ပွင့်လင်းလင်းပြောရရင် မိန်းကလေးတွေဟာ  စကားအရမ်းပြောချင်ကြသူတွေ ဖြစ်ပါတယ်။ သေချာတာက သင့်အကြောင်းလည်း သူမ ထည့်ပြောလေ့ရှိပါတယ်။ မိန်းကလေးချင်း စကားပြောဆိုဆွေးနွေးတဲ့အခါ အများဆုံးပြောဖြစ်တဲ့အကြောင်းအရာ (၆) ခုရှိပါတယ်။
၁။ တခြားမိန်းကလေးတွေအကြောင်း
ဟုတ်ပါတယ်။ မိန်းကလေးတွေ ဒါမျိုး စပ်စပ်စုစုရှိကြပါတယ်။ လူတွေ သတိထားမိစေတယ်လို့ ယူဆတဲ့ မိန်းကလေးတစ်ယောက်အကြောင်း သူတို့ပြောဆိုဆွေးနွေးကြပါတယ်။ သူတို့ စောင့်ကြည့်နေတဲ့ မိန်းကလေးတစ်ယောက်တော့ အမြဲတမ်းရှိပါတယ်။ ဒီတော့ သူမတင်လိုက်တဲ့ပုံ ဘယ်လိုမိုက်ကြောင်း သို့မဟုတ် ဘယ်လောက်စုတ်ပြတ်သတ်နေကြောင်း စသဖြင့် သူမအကြောင်းကိုပဲ အများဆုံးပြောဖြစ်ကြပါတယ်။
၂။ မိမိတို့အချစ်ရေးအကြောင်း
အချစ်ရေးအကြောင်းလည်း အချင်းချင်းလိုက်မေးကြပါတယ်။ အခြေနေဘယ်လိုရှိလဲ၊ သူကတော့ good kisser တစ်ယောက်ဖြစ်ကြောင်း စသည်စသည်ဖြင့်။ ပြီးတော့ ချစ်သူကောင်လေးရဲ့ ချစ်စရာကောင်းတဲ့ လျို့ဝှက်ချက်လေးတွေလည်း ရင်ဖွင့်ကြပါသေးတယ်။
၃။ ချစ်သူကောင်လေးရဲ့ ပင်ကိုယ်စရိုက်
ဟုတ်ပါတယ်။ ဒါကြောင့် သူမနဲ့တွေ့အခါ ကြည့်ကောင်းအောင် ပြုမူနေထိုင်ပါ။ သူမ ဖွင့်မပြောချင်တာတောင်မှ သူ့သူငယ်ချင်းတွေ သူမကို မငြင်းသာအောင် အမျိုးစုံ လှည့်ပတ်မေးမြန်းကြပါလိမ့်မယ်။
၎။ ကြိတ်ကြွေမိတဲ့ crush အကြောင်း
အိုင်းစ်…!! တချို့မိန်းကလေးတွေမှာ လူမသိသူမသိ တိတ်တိတ်ကလေး စောင့်ကြည့်နေတဲ့ crush တွေ ရှိကြပါတယ်။ ဒီတော့ သူငယ်ချင်းတွေနဲ့ ဆုံတဲ့အခါ သူဘယ်လောက် sexy ဖြစ်ကြောင်း၊ တစ်နေ့ပြီးတစ်နေ့ ဘယ်လိုဆွဲဆောင်မှုရှိလာကြောင်းစသဖြင့် ပြောဆိုကြပါလိမ့်မယ်။
၅။ Entertainment လောကအကြောင်း
အမျိုးသမီးအများစု အနုပညာဖျော်ဖြေတင်ဆက်မှုလောကအကြောင်းလည်း စကားလက်ဆုံပြောဆိုဆွေးနွေးကြပါတယ်။
၆။ မိသားစုအကြောင်း
လူတစ်ဦးတစ်ယောက်ချင်းဆီဟာ မိသားစုဇာတ်လမ်းတချို့တော့ မဖြစ်မနေ ရင်ဆိုင်ကြရပါတယ်။ ဒါကြောင့် တခါတလေ မိန်းကလေးတွေဟာ ဖြစ်ပျက်တဲ့အကြောင်းအရာတွေအားလုံး ပြောဆိုကြပါတယ်။ ရန်ပွဲတွေအကြောင်း ကောင်းတာရော မကောင်းတာပါ အကုန်စင်ထုတ်ပြောတော့တာပါပဲ။ 
Ref: Youngisthan
http://www.trend.com.mm/2017/04/05/relationships-12016

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...