Loading...

သင်္ကြန်မှာ ကျန်းမာရေးဂရုစိုက်ကြဖို့ စိုးရိမ်စိတ်နဲ့သတိပေးလိုက်တဲ့ ခင်ဝင့်ဝါ

-------- နေဦးလွင် -------
အနုပညာလောကမှာ ပရိသတ် ချစ်ခင်မှုကို ခံထားရတဲ့ သရုပ်ဆောင်
အလှမယ် ခင်ဝင့်ဝါက ယခုနှစ်သင်္ကြန်မှာ ၄င်းအတွက် မည့်သည့်အစီအစဉ်မှ မရှိသော်လည်း သင်္ကြန်လည်ပတ်ကြမည့် ပရိသတ်များအတွက် စိုးရိမ်စိတ်တွေနဲ့ အတူ ကျန်းမာရေးဂရုစိုက်ကြဖို့ သတိပေးလိုက်ပါတယ်။
ဆက်သွယ်ရေးကုမ္ပဏီတစ်ခုရဲ့ ငွေကြေးလှူဒါန်းပွဲတစ်ခုမှာ ခင်ဝင့်ဝါကို တွေ့ဆုံခိုက် အကုန်သိ သတင်းဌာနက သင်္ကြန်အစီအစဉ်တွက် မေးမြန်းခဲ့ရာ သူမက “ သင်္ကြန်မှာတော့ ဘာအစီအစဉ်မှမရှိ သေးပါဘူး။ ပရိသတ်တွေ ဒီနှစ်သင်္ကြန်မှာ စိတ်သစ်လူသစ်နဲ့ ကံကောင်းခြင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ။ သင်္ကြန်မှာ နေပူတဲ့အတွက်ကြောင့် ကျန်းမာရေးဂရုစိုက်ပြီး ကစားကြပါ။ ဘေးအန္တရာယ်ကင်း ရှင်းပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ သင်္ကြန်ကိုဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ” လို့ ပြောပါတယ်။
လက်ရှိ အနုပညာလှုပ်ရှားမှုအနေနဲ့ ဧပြီ ၃ ရက်နေ့ က ကလောမြို့ မှာ ဗီဒီယိုဇတ်ကားတစ်ကားရိုက်ကူးပြီးစီးခဲ့ပြီး ဧပြီ ၄ ရက်နေ့မှာတော့ ဒါရိုက်တာ ပွင့်သီဂီင်္ဇော် ရိုက်ကူးမယ့် ဗီဒီယိုဇာတ်ကားအတွက် မင်းသား နေတိုးနှင့် တွဲပြီးသရုပ်ဆောင်ဖို့ ရှိနေတယ်လို့ လည်း ပြောပါတယ်။ အချစ်ရေးနဲ့ 
ပက်သက်ပြီး လက်ရှိမှာ ရင်ခုန်ရမယ့်သူ မရှိသေးဘူးလို့ ပြောကြားခဲ့ပြီးတော့ ပရိတ်သတ်တွေက ချစ်ခင်လို့ပဲဖြစ်ဖြစ်၊ မုန်းလို့ပဲဖြစ်ဖြစ် အားပေးသည့်အတွက် ကျေးဇူးတင်ကြောင်း၊ အပါအ၀င် ပရိတ်သတ်အားပေးနေသ၍ ကြိုးစားသွားမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့ပါတယ်။


Credit, AKonThi

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...