Loading...

သားငယ်ကို နှိမ့်ချပြောဆို တိုက်ခိုက်နေတဲ့ lvan oo ကို ပန်ဆယ်လို အကြီးအကျယ်လှော်ပြီ။


အဟင်း
အချို့လူတွေဟာ ကိုယ့်မှာ လုံးဝမရှိတဲ့အရာကို
အရမ်းရှိချင်ယောင် ဆောင်တတ်ကြတယ်။
အငုံ့စိတ်လို့ပဲ ဆိုရမလား။

အရပ်ပုတဲ့ လူတစ်ယောက်ဆိုပါတော့
အရပ်ရှည်သယောင် ထင်ရမယ့် အဆင်မျိုးတွေ ဝတ်တယ်။
ဖိနပ်ဆိုရင် ခပ်မြင့်မြင့်တွေ စီးတယ်။
ဝတဲ့လူတစ်ယောက်ဆိုပါတော့
ပိန်တယ်ထင်ရမယ့် အဆင်တွေရွေးဝတ်မယ်။
ပိန်စေတယ်ထင်ရတဲ့ အကြပ်အစည်းတွေ ဝတ်မယ်။
ဒါအပြစ်မဟုတ်ပါဘူး. . .  သဘာဝပေါ့။
ရိုးရိုးသားသား လူဆန်ကြတာပါ။

အဲ့လိုတွေထဲမှာ အောက်တန်းအကျဆုံးနဲ့ စိတ်ပျက်စရာအကောင်းဆုံးက
အဆင့်အတန်းတစ်စက်မှ မရှိဘဲ အဆင့်အတန်းရှိချင်ယောင်ဆောင်တဲ့ အငုံ့စိတ်ပဲ။
ကိုယ့်မှာ မရှိလေတော့ ရှိချင်ယောင်ဆောင်ရတာအမော
အဲ့လိုရှိချင်ယောင် ဆောင်ရင်းနဲ့ကို ဘွင်းဘွင်းကြီး အဆင့်အတန်းမရှိကြောင်း ပေါ်နေတော့တာ။

အဆင့်အတန်းဆိုတာ ဘယ်နိုင်ငံမှာ နေတယ်
ဘယ်လိုအိမ်နဲ့နေတယ် ဘယ်လိုသုံးနိုင်တယ်ဆိုတဲ့ အပေါ်ပဲ
တန်ဖိုးဖြတ်တတ်နေလား မသိဘူး။
သူတပါးရဲ့ ဖြူစင်ရိုးသားသော သက်မွေးဝမ်းကြောင်း လုပ်ငန်းကို နှိမ်တယ်။
ဘာရန်ငြိုးရန်စမှမရှိတဲ့ လူတစ်ယောက်ကို ပလိန်းကြီး စော်ကားတယ်။

သားငယ် အကြော်ကြော်ရောင်းတယ်
ဒါကို သူကိုယ်တိုင်က ဖုံးဖိထားတာ မဟုတ်ဘူး။
ပွင့်ပွင့်လင်းလင်း ကျွန်တော်အကြော်ရောင်းပါတယ်လို့ ဝန်ခံထားတယ်။
အကြော်ရောင်းတာဟာ ဘယ်သူ့ဆီကမှ ခိုးတာဝှက်တာ မဟုတ်တာလုပ်တာ မဟုတ်ဘူး။
အဲ့ဒါကို အကြော်သည် အကြော်သည်ဆိုပြီး နှိမ်နေတာ
စောက်ပုံ မဟုတ်ဘူး။

ပြောတဲ့ကောင်ကို ကြည့်ပြန်တော့ သမာအာဇီဝဆိုတာ ဘာမှန်းနားမလည်တဲ့ စစ်အစိုးရကို ဆဲချင်ယောင်ဆောင်ခဲ့ပြီး နိုင်ငံရေးခိုလှုံခွင့်နဲ့ အစိုးရထောက်ပံ့ငွေ အလကားထိုင်စားခဲ့တဲ့ တရုတ်ဘိန်းစားအခွက်နဲ့
သုတ်ကြောင်ကောင်။

ဘီလီလမင်းအေးကို အမေရိကားခေါ်မယ်ဆိုတော့
ဟိုမှာ လူသိန်းချီနဲ့ ကမ္ဘာကျော်ရှိုးပွဲကြီး လုပ်ပေးတော့မယ့် စောက်ထာ။
တကယ့်တကယ်ကျ  ရွာမှာ ပွဲကန်ထရိုက်သွင်းသလောက်တောင် ပညာသားမပါတဲ့ ခန်းမတစ်ခုလောက်မှာ လုပ်မယ့်ပွဲ။
သူက အဲ့ဒီ့ပွဲအတွက် ဘာကောင်လဲဆိုတော့ ဘာကောင်မှမဟုတ်ဘူး။
ဖင်ယားတာဆိုတာ မြင်မကောင်းဘူး။
ဘီလီလမင်းအေးနဲ့ ပရိသတ်ကို ရန်တိုက်ပြီး ပရိသတ်အမုန်းခံရအောင် စောက်ဆဲတောင်းတယ်ပဲ ထင်တယ်။

Trollerတွေပြောသလို ပြောရရင်
ငါ့အဖေက ဘယ်သူ
ငါ့ဦးလေးက ဘယ်ဝါ
ငါ့ဘယ်အမျိုးက ဘယ်လို
တစ်မျိုးလုံး ပြောချသွား
သူဘာကောင်ဆိုတာ ဘယ်သူမှမသိလိုက်ဘူး။
ဘယ်နေရာမှလည်း ဖြစ်ဖြစ်မြောက်မြောက် အောင်မြင်ခဲ့တာ မရှိဘူး။
အခု သေခါနီးမှာ စပူရှက်တဲ့ကိစ္စနဲ့ လူသိတာ နည်းတဲ့စကေးလ်လား။

သရုပ်ဆောင် မင်းသွေးက မခံနိုင်လို့ ဝင်ပြောတယ်။
ရခိုင်တွေ အောက်တန်းစားတွေဆိုပြီး သိမ်းကြုံးဆဲတယ်။
သုတ်ကြောင်တယ်ဆိုတာ အဲ့လောက် ပလပ်ကျွတ်မှန်း
အဲ့သူတောင်းစား မြင်မှပဲ သိတော့တယ်။

ဟော့ဒီ့ အိမ်ကြီးတွေ့လား
ဟော့ဒီ့ကား တွေ့လား
ဟော့ဒီ့နိုင်ငံ တွေ့လား
အဲ့လိုအဆင့်အတန်း နေဖူးလားလို့ ထင်တဲ့ ထုတ်ပြောတဲ့ သတ္တဝါတွေ မြင်ရင် ကိုယ်တော့ သိပ်သနားမိတယ်။

ကိုယ်ပိုင် စိတ်ဓါတ်အဆင့်အတန်း တစ်ပဲတစ်ပြားဖိုးမှ မရှိလေတော့
ရုပ်ဝတ္ထုတွေကိုပဲ အဆင့်အတန်းယောင်ယောင်
ကိုယ့်ကိုယ်ကိုယ် ပြန်လည်လိမ်လည်လှည့်ဖျားရင်း
သာယာနေကြတဲ့ဟာတွေ. . . .

မနေဖူးမစားဖူးတွေ ခွေးတိုးပေါက်ကနေ
အမေလိကားရောက် အချောင်နေအချောင်စားနဲ့
ငပိရည်နဲ့ ချိစ် တွဲစားမိပြီး
ပြောမိပြောရာတွေ လျှောက်ပြော
စောက်သုံးမကျလို့ စောက်ဆဲခံရတာကိုပဲ
စောက်ဆရာကြီးဖြစ်ပြီ အထင်ရောက်နေတဲ့ ဟာတွေ. . . .

ကိုဝီ့ Thant Zin Myint စတိုင်နဲ့ ပြောရရင်
ဖီလင်- အမေလိကားရောက် အခန်းပျက်အချို့အကြောင်းပေါ့

အဟက် အဟက်. . .ဟက်

Credit ' ပန်ဆယ်လို

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...