Loading...

အိမ်ရှင်မတွေသတိထားစရာ


ပြောမယုံကြုံဖူးမှသိဆိုသလိုပဲ ကိုယ်တွေ့ကြုံမှပဲသိတော့တယ်၊ ဒီမနက်ဈေးထဲကနေ ငါးပုဏ္ဏားလေးတွေတွေ့တာနဲ့ ဝယ်လာတာ အမြှီး၊
ခေါင်းလေးတွေကတ်ကြေးနဲ့ညှပ်ရင်းဝမ်းဗိုက်အောက်နား လောက်မှာအနီစက်လေး တွေတွေ့တော့သတိရသွားတာက လွန်ခဲ့တဲ့၂ပတ်လောက်က ရုံးကအမတယောက်နဲ့နေ့လည်စာအတူစားရင်းသူ့ရဲ့ကိုယ်တွေ့အဖြစ်အပျက်ကိုပြောပြတာမှာ သူ့အမေအတွက်ကြည့်မြင်တိုင်ငါးဈေးကငါးပုဏ္ဏားဝယ်လာတာ ငါးကိုင်ရင်းသတိထားမိလာတာက ငါးအားလုံးရဲ့ဝမ်းဗိုက်အောက်မှာတူညီတဲ့အနီစက်လေးတွေတွေ့တယ်တဲ့၊သူကအပ်ပေါက်ရာလို့ယူဆပြီး ငါးအားလုံးကိုဒီအတိုင်းပန်းကန်ကန်ထဲထည့်ပြီး ထားလိုက်တယ်တဲ့၊ ခဏကြာတော့ ပုရွက်ဆိတ်အနက်တွေပန်းကန်ပေါ်ကိုတက်လာတာတွေ့တယ်၊
Image may contain: food
ဒါပေမဲ့ ပါးရွက်ဆိတ်နက်လေးတွေဟာချက်ချင်းပဲပန်းကန်ပေါ်ကနေပြန်ဆင်းသွားကြတယ်တဲ့၊သူတို့သားအမိတနေကုန်စောင့်ကြည့်တာ ဘာအကောင်မှမလာတော့တဲ့အပြင်ညနေစောင်းအထိ အဲ့ငါးကမပုပ်မသိုးရှိနေတယ်တဲ့၊ ဟိုတလောလေးကလည်း တယောက်ကကိုယ်တွေ့ကိုရှယ်ထားတာမှာ မုန့်ဖတ်ဝယ်တာ တနေကုန်အဲဒီမုန့်ဖတ်ကမချဉ်မသိုး ဒီတိုင်းလေးပဲတဲ့ ကြာရှည်ခံအောင် ဖော်မလင်တွေနဲ့စိမ်ထားတယ်ဆိုလားဖတ်လိုက်ရတယ်၊ ဖော်မလင်ဆိုတာက လူသေတွေကြာရှည်ထားခံအောင် အလောင်းတွေမှာထိုးတဲ့ဆေးတဲ့၊
No automatic alt text available.
ခုလည်းဒီဈေးကြီးငါးတွေ ရေရှည်ခံအောင် တကောင်ခြင်းစီကိုစိတ်ရှည် လက်ရှည်ဆေးထိုးထားပြီးရောင်းတဲ့၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ဝိသမလောဘသားစီးပွားရေးသမားတွေရယ်၊ အဲလိုလူမျိုးတွေကိုဖော်ထုတ်ပေးမဲ့ ခိုင်မာတဲ့ စားသုံးသူအခွင့်အရေးကာကွယ်ပေးတဲ့အဖွဲ့လိုမျိုးတွေမရှိတာကြောင့်
မြန်မာနိုင်ငံဟာ ကင်ဆာမှာ ကမ္ဘာ့အဆင့် နံပါတ်၂ဖြစ်နေပါပြီဆိုတာ အများသိအောင် ရှယ်လိုက်ရပါကြောင်း
May Than Oo

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...