Loading...

"ကၽြန္ႏု္ပ္ႏွင့္ သရဲေၿခာက္ေသာ ၀ါးရံုေတာ" ..!


(၁) အခ်ိန္ကာလကား လမိုက္ည သန္းေခါင္ယံ ။ ပတ္၀န္းက်င္တစ္ခုလံုး အေမွာင္ထုက တိတ္ဆိတ္စြာ ၾကီးစိုးေန၏ ။ ေႏြဦးေပါက္မို႔ တစ္ခ်က္တစ္ခ်က္ တိုက္ခတ္ေသာ ေလတိုးသံမွအပ မည္သည့္အသံမွ် မၾကားရေပ ။ သက္ ကယ္ေသာင္ ရြာကေလးကား အေမွာင္ထုေအာက္၀ယ္ တိတ္ဆိတ္ၿငိမ္သက္စြာ တည္ရွိေနေလ၏ ။ ရြာေတာင္ ဖက္တြင္ရွိေသာ သခၤ်ိဳင္းကုန္းမွ ဆြဲဆြဲငင္ငင္ အူလိုက္ေသာ ေခြးအူသံေၾကာင့္ ေၿခာက္ၿခားဖြယ္ အလြန္ ေကာင္း လွေပ၏ ။ ထိုအခိုက္ မပီ၀ိုးတ၀ါး လမိုက္ညတြင္ မဲမဲသ႑ာန္ႏွစ္ခုက ရြာေတာင္ဖက္ သခၤ်ိဳင္းအလည္မွ တေရြ႕ ေရြ႕သြားေန၏ ။ သက္ကယ္ေသာင္ရြာႏွင့္ ရြာသခၤ်ိဳင္းၾကားတြင္ လြန္စြာရွည္လွ်ားေသာ ၀ါးရံုေတာ ၾကီးတစ္ခု ရွိေလ၏ ။ ထို၀ါးရံုေတာႏွင့္ ရြာကေလးကလည္း အေတာ္အလွမ္းေ၀း၏ ။ မဲမဲသ႑ာန္ႏွစ္ခုကား သခၤိ်ဳင္းကို လြန္ေၿမာက္ၿပီးေနာက္ ၀ါးရံုေတာၾကီးေအာက္သို႔ ေရာက္ရွိလာ၏ ။ ကြမ္းတစ္ယာညက္ခန္႔ ၾကာေသာ အခါ ၀ါးရံုေတာၾကီးသည္ တေ၀ါေ၀ါၿမည္ကာ သြက္သြက္ခါေအာင္ လႈပ္ယမ္းလာေခ်၏ ။ ထိုသုိ႔ ၿဖစ္ၿပီး မၾကာမီမွာ ပင္ မဲမဲသ႑ာန္ႏွစ္ခုသည္ သက္ကယ္ေသာင္ရြာဆီသို႔ ေၿပးထြက္သြားေလ၏ ။

” ကယ္ၾကပါဦးဗ်ိဳ႕… ကယ္ၾကပါဦး.. သ…သရဲ ေၿခာက္လို႔ဗ်ိဳ႕ “
 အေမာတေကာ ေၿပး၀င္လာၿပီး ေအာ္ဟစ္ေနၾကေသာ အသံမ်ားေၾကာင့္ တစ္ရြာလံုးလိုလို ႏိုးလာေလသည္ ။ ထို႔ ေနာက္ မီးအိမ္ေလးေတြကိုင္ၿပီး ရြာလယ္လမ္းမသို႔ ထြက္လာၾက၏ ။

” အလို ထြန္းခင္နဲ႔ ညိဳေအးတို႔ပါလား ” ရြာလူၾကီး ဦးေအးေမာင္က လွမ္းေမးလိုက္သည္ ။ ” ေဟ့ ဘာၿဖစ္လာၾကတာတုန္း ညၾကီးမင္းၾကီး အလန္႔တၾကားနဲ႕ “ ” ဟို…ဟို…”
ထိုႏွစ္ေယာက္ကား ရုတ္တရက္ ၿပန္မေၿဖႏိုင္ရွာေပ ။ ေမာဟုိက္လြန္း၍ အသက္ကို မနဲ ရွုရွိုက္ေနရ၏ ။ ” ကဲကဲ သူတို႔ကို ေရတိုက္လိုက္ပါဦး ” အေတာ္ၾကာအေမာ ေၿဖေစၿပီးမွ ထြန္းခင္က ” ဟို ဟို ကၽြန္ေတာ္တို႔ႏွစ္ေယာက္က ကိုင္းဖိုးေငြေတြ သြားေခ်တာပါ အဲဒါ ရွစ္ဆိပ္ရြာကေန အၿပန္ ရြာ သခၤ်ိဳင္း လည္း ၿဖတ္ၿပီး၀ါးရံုေတာလည္း ေရာက္ေရာ ၀ါးရံုေတာၾကီးက ေလမတိုက္ပဲနဲ႔ တေ၀ါေ၀ါ ၿမည္လာတယ္ ၿပီးေတာ့ ၀ါးရံု ပင္ၾကီးေတြက ကၽြန္ေတာ္တုိ႔ ႏွစ္ေယာက္ေနာက္ကို လိုက္လာလို႔ ကၽြန္ေတာ္တို႔ အသက္လုၿပီး ထြက္ေၿပး လာရတာပါ “

” ေဟ.. ဟုတ္လို႔လားကြာ ငါတို႔ရြာမွာ ဒီလို အၿဖစ္မ်ိဳး တစ္ခါမွ မၾကားဖူးပါဘူး “ ရြာသားအားလံုး တအံ့တၾသႏွင့္ အထိတ္တလန္႔ ၿဖစ္ကုန္ၾက၏ ။ ” ဟယ္ ၀ါးရံုေတာက သရဲေၿခာက္တယ္တဲ့ ေအာင္မေလး “ တစ္ေယာက္တစ္ေပါက္ဆူညံၾကကုန္၏ ။ ” ကဲကဲ ဒါဆိုလည္း လူစုၿပီး ၀ါးရံုေတာကို သြားၾကည့္ၾကရေအာင္

“ ” ဟို …ဟို.. ကၽြန္ေတာ္တို႔ေတာ့ ၿပန္မလိုက္ရဲၾကေတာ့ဘူး “ “ေအး မင္းတို႔ ႏွစ္ေယာက္ေနခဲ့ က်န္တဲ့ ကာလသားေတြ ငါနဲ႔လိုက္ခဲ့ “ သူၾကီး ဦးေအးေမာင္ ေနာက္သို႔ ကာလာသမ်ား စုရံုးစုရံုးလိုက္သြားၾကသည္ ။
၀ါးရံုေတာသို႔အေရာက္ ေၿခလွမ္း တိုင္း လိုလိုက ေႏွးသြားၾကေလသည္။ အေမွာင္ထုေအာက္၀ယ္ ၀ါးရံုေတာၾကီးကား မိစၧာ ေကာင္ၾကီး ထိုင္ေန သည့္ ႏွယ္ ။ အခ်ိဳ႕ ကားေၾကာက္လြန္း၍ မ်က္စိမ်က္ႏွာမ်ားပင္ ပ်က္၍ ေနေပသည္ ။ လူအုပ္ၾကီးက ၀ါးရံုပင္ကို တိတ္ဆိတ္ၿငိမ္သက္စြာ ေစာင့္ၾကည့္ေနေလ၏ ။

တစ္နာရီခန္႔ၾကာေသာ္ မည္သည့္ ထူး ၿခားမႈမွ မရွိေသာေၾကာင့္ ရြာသို႔ ၿပန္ခဲ့ၾကေလသည္ ။ ေနာက္တစ္ေန႔ မနက္တြင္ တစ္ရြာလံုးကား ဟိုတစ္စု ဒီတစ္ ္စု ႏွင့္ ၀ါးရံုေတာ သရဲအေၾကာင္းကား ေတာမီးပမာ ပ်ံ႕ႏွ႔ံသြားေလေတာ့သည္ ။
(၂) သရဲအေၿခာက္ခံရေသာ ထြန္းခင္ႏွင့္ ညိဳေအးတို႔မွာလည္း အေၾကာက္လြန္ၿပီး ကိုယ္ေတြ ၿခစ္ၿခစ္ေတာက္ပူကာ ဆရာေခၚ၍ ကုသရေလသည္ ။ ထိုသို႔ၿဖင့္ အၿခားရြာသို႔ သြားစရာရွိလွ်င္ အၿခာလမ္းမွ ပတ္သြားၿပီး ၀ါးရံုေတာႏွင့္ ရြာသခၤိ်ဳင္းကို ၿဖတ္ေသာ လမ္းမွာ တစတစ တိတ္ဆိတ္ ေၿခာက္ေသြ႔လာေလသည္ ။ မၿဖစ္မေန ကိစၥရွိမွသာလွ်င္ ထိုလမ္းကို အသံုးၿပဳၾကေလသည္ ။

အထက္ပါအၿဖစ္အပ်က္မ်ားၿဖစ္ပြားၿပီး ၂ ရက္ခန္႔အၾကာတြင္ သက္ကယ္ေသာင္ရြာကေလးသို႔ လူႏွစ္ဦး ေရာက္ရွိ လာ ေလသည္။ တစ္ဦးကား အထူးကုဆရာ၀န္ေလး ေဒါက္တာ ႏိုင္ေဇာ္ၿဖစ္ၿပီး က်န္တစ္ဦးကား ကၽြႏု္ပ္သက္တန္႔ ပင္ၿဖစ္ေလေတာ့သည္ ။

 ေဒါက္တာႏိုင္ေဇာ္မွာ အသက္ ၃၀ ခန္႔၀န္းက်င္ အရပ္အေမာင္း ေထာင္ေထာင္ ေမာင္းေမာင္းႏွင့္ လြန္စြာ ကိုယ္ခႏၶာ အခ်ိဳးအစားက်လွသူ တစ္ဦးၿဖစ္ေလသည္။ သူသည္ အထူးကု ဆရာ၀န္ဘြဲ႔ၾကီးကို ယူထားေသာ္လည္း ၿမိဳ႕ၾကီးၿပၾကီး တြင္မေနထိုင္ပဲ ေက်းလက္ေတာရြာမ်ားတြင္ လွည့္လည္ ေဆးကုသေနေသာ ေစတနာ ဆရာ၀န္တစ္ဦး ၿဖစ္ေလသည္ ။ ထို႔အၿပင္သူသည္ လြန္စြာ ဗဟုသုတႏွင့္ ၿပည့္စံုသကဲ့သို႔ တိုက္ရိုက္ခိုက္ရည္ႏွင့္ ၿပည့္စံုေသာ စြန္႔စား၀ံ့သူ တစ္ဦးလည္း ၿဖစ္ေပသည္ ။ သူ႔တြင္ လိုင္စင္ႏွင့္ကိုင္ေသာ ေတာပစ္ေသနတ္တစ္လက္လည္း ရွိေပသည္ ။ ကၽြႏု္ပ္သည္ ထိုအခ်ိန္က သာမန္ ဆရာ၀န္တစ္ဦး ၿဖစ္ၿပီး ေဒါက္တာႏိုင္ေဇာ္ႏွင့္ လြန္စြာ အတြဲညီလွေသာ ညီအစ္ကို ရင္းကဲ့သို႔ သူငယ္ခ်င္းမ်ား ၿဖစ္ၾကေလသည္ ။

 ေက်းလက္ေတာရြာမ်ားတြင္ လွည့္လည္ေဆးကုရင္း သက္ကယ္ေသာင္ရြာသို႔ အေရာက္တြင္ လူနာႏွစ္ဦးႏွင့္ ၀ါးရံုေတာသရဲအေၾကာင္းက ဆီးၾကိဳေနေလသည္ ။ ကၽြႏု္ပ္တို႔ ႏွစ္ဦးသည္ ရြာသို႔ေရာက္ေရာက္ၿခင္း ရြာလူၾကီး ဦးေအးေမာင္ဆီသို႔ အက်ိဳး အေၾကာင္း သြားေၿပာ ၿပေလသည္ ။ ဦးေအးေမာင္သည္ ကၽြန္ေတာ္တို႔ အေၾကာင္းသိၿပီးေသာအခါ

” အဆင္သင့္လိုက္တာ ဆရာတို႔ရယ္ အခုတေလာ ရြာမွာ ၿဂိဳလ္၀င္ေနတယ္ဗ်ာ ၀ါးရံုေတာသရဲအေၿခာက္ခံရတဲ့ ႏွစ္ေယာက္ကလည္း သတိရတစ္ခ်က္ မရတစ္ခ်က္နဲ႔ တစ္ခ်က္ေလာက္ၾကည့္ပါဦး ဆရာရယ္ “ ထိုသို႔ေၿပာၿပီး မၾကာခင္မွာပင္ ရြာသားတစ္ဦး အေမာတေကာႏွင့္ ေၿပး၀င္လာေလသည္ ။

 ” သူၾကီး သူၾကီး ကိုထြန္းခင္ၾကီး ဆံုးသြားလို႔ တဲ့ အဲဒါသူၾကီးကို လာအေၾကာင္းၾကားတာပါ “

” ေဟ ၿဖစ္ရေလကြာ ကဲ ကဲ ..ဆရာ တို႔လည္း ရွိတုန္း တခ်က္ေလာက္ ၾကည္႔ေပးပါဦး ဗ်ာ “

သို႔ၿဖင့္ ကၽြန္ေတာ္တို႔ ႏွစ္ဦးကား သူၾကီးႏွင့္အတူ ထြက္လာခဲ့ၾကေတာ့သည္ ။ အိမ္တစ္အိမ္အေရာက္တြက္ ရွိေလသည္ ။ အိမ္ေပၚသို႔ တက္ၾကည့္ေသာ္ ထြန္းခင္ဆိုသူကား အသက္ေသဆံုးေနၿပီ ၿဖစ္ေလသည္ ။ ေၾကာက္ မက္ဖြယ္ရာ တစ္ခုခုကို ၾကံဳေတြ႔ၿပီး မအိပ္ႏိုင္မစားႏိုင္ႏွင့္ စိတ္ေၿခာက္ၿခားကာ အသက္ေသဆံုးၿခင္းပင္ ၿဖစ္ေလ သည္ ။

” အင္း ၿဖစ္မွ ၿဖစ္ရေလဗ်ာ ဒီလူကေတာ့ အသက္ေသဆံုးသြားပါၿပီ ကဲ ေနာက္တစ္ေယာက္ကို သြားၾကည့္ ရေအာင္ဗ်ာ “ ေဒါက္တာ ႏိုင္ေဇာ္မွ ေၿပာလိုက္ေသာေၾကာင့္ ရြာသူၾကီးက ညိဳေအးအိမ္သို႔ လိုက္ပို႔ေပးေလသည္ ။

အိမ္သို႔ ေရာက္ ေသာ္ ညိဳေအးမွာလည္း အေၿခအေနမေကာင္း ။ အဖ်ားေတြ တက္ကာ ကေယာင္ကတမ္းၿဖင့္ ” သရဲ…သရဲ..ေအာင္မေလး ..ေၾကာက္ပါၿပီဗ်” ဟူ၍ ညည္းၿငဴေနေလသည္။

ေဒါက္တာႏိုင္ေဇာ္သည္ လူနာကို အေသအခ်ာစမ္းသပ္ၿပီး ေဆးတစ္လံုးထိုးကာ ေသာက္ရမည့္ ေဆးမ်ားပါ ေပးခဲ့ေလသည္ ။ ထို႔ေနာက္ အိမ္မွ ၿပန္ဆင္းလာကာ သူၾကီးကို ေၿပာၿပီး ရြာထဲသို႔ လွည့္လည္ခဲ့ေလသည္ ။ သက္ကယ္ေသာင္ရြာကား ရြာၾကီးတစ္ရြာမဟုတ္ေသာ္လည္း အေတာ္အသင့္ ၾကီးမားေသာ ရြာတစ္၇ြာ ၿဖစ္ေလ သည္ ။ ရြာ၏ အေနာက္ဖက္တြင္ ဧရာ၀တီ ၿမစ္ၾကီး ရွိၿပီး ေတာင္ဖက္တြင္ သခၤ်ိဳင္းကုန္း ေၿမာက္ဖက္တြင္ သီးႏွံစိုက္ ခင္းမ်ားႏွင့္ လြန္စြာ ေနခ်င့္စဖြယ္ေကာင္းေသာ ရြာတစ္ရြာပင္ ၿဖစ္ေလသည္ ။

ရြာကေလးမွာကား သရဲ ေၿခာက္ခံရၿပီး တစ္ပါတ္အၾကာတြင္ တစ္ေယာက္ ေသဆံုးသြားသည့္အတြက္ ညေနေစာင္းပင္ ၿဖစ္လင့္ကစား ရြာထဲ၀ယ္ လူသြားလူလာမရွိသေလာက္ တိတ္ဆိတ္ေနၾကေလသည္ ။ ထိုအခိုက္ ကၽြန္ေတာ္တို႔ေရွ႕တြင္ ငွက္ေပ်ာပြဲ အုန္းပြဲမ်ားကို ေခါင္းေပၚရြက္၍ သြားေနၾကေသာ လူတစ္စုကို ေတြ႕ရေလသည္ ။ အက်ိဳး အေၾကာင္း ေမးၿမန္းၾကည့္ေသာ္ ငွက္ေပ်ာပြဲ ရြက္ထားသူမွာ နတ္ကေတာ္ ေဒၚ စိန္ပုဆို သူၿဖစ္ၿပီး ထုိလူစုသည္ ၀ါးရံုပင္ သရဲကို ပူေဇာ္ရန္ႏွင့္ ကြင္းပိုင္လယ္ပိုင္တို႔ကို ေတာင္းပန္ရန္အတြက္ ရြာေတာင္ဖက္ သို႔ သြားေန ၿခင္းၿဖစ္ ေၾကာင္း သိရေလသည္ ။

ေက်းလက္ေတာရြာသူေတာရြာသား မ်ား၏ ယံုၾကည္မႈ ၿဖစ္ေသာေၾကာင့္ ကၽြႏု္ပ္တို႔ ႏွစ္ဦး လည္း ဘာမွ မေၿပာေတာ့ပဲ သူတို႔အုပ္စုႏွင့္ မလွမ္းမကမ္းမွေန၍ ရြာေတာင္ဖက္သို႔ ထြက္လာ ခဲ့ ေတာ့သည္ ။ စကားတေၿပာေၿပာႏွင့္ ကြမ္းတယာညက္ခန္႔အၾကာတြင္ သရဲေၿခာက္သည္ဟု လြန္စြာ နာမည္ၾကီးေသာ ၀ါးရံုေတာ ၾကီးဆီသို႔ ေရာက္ခဲ့ေလေတာ့သည္ ။ ေနညိဳခ်ိန္မို႔ ေလတၿဖဴးၿဖဴးတိုက္ခတ္လွ်က္ရွိရာ အလင္း ေရာင ္ရွိေသာ အခ်ိန္တြင္ပင္ ၀ါးရံုေတာၾကီးကား ဘယ္ညာယိမ္းေနသည္မွာ တေစၧတစ္ေကာင္ႏွင့္ တူလွေပသည္ ။ ရြာသား မ်ားသည္ ၀ါးရံုေတာႏွင့္ ခပ္လွမ္းလွမ္းတြင္ ရွိေသာ ေတာင္ဂမုေလးတစ္ခုတြင္ ယူေဆာင္လာေသာ ငွက္ ေပ်ာပြဲ အုန္းပြဲမ်ားကို တင္ၿပီး ပူေဇာ္ပသၾကလသည္ ။ ကၽြႏ္ုပ္တို႔ ႏွစ္ဦးလည္း တေအာင့္မွ် အကဲခတ္ကာ တည္းခို ရာအိမ္သို႔ ၿပန္ခဲ့ၾကေလေတာ့သည္ ။

(၃) ေနာက္တစ္ေန႔ နံနက္တြင္ ေကာက္ညွင္းေပါင္းႏွင့္ ဆတ္သားေၿခာက္ကို အဖန္ေရႏွင့္ ေလြးေနခိုက္ ေဒါက္တာ ႏိုင္ေဇာ္က

” ကုိသက္တန္႔ေရ.. ကၽြန္ေတာ္တို႔ ေတာလည္ၾကရေအာင္ ၀ါးရံုေတာသရဲ အေၾကာင္းလည္း စံုစမ္းရင္းနဲ႔ေပါ့ ဘယ့္ ႏွယ့္ လည္း မေကာင္းဘူးလား “

” ေကာင္းသားပဲ ကိုႏိုင္ေဇာ္ရသြားရေအာင္ေလ အမဲ မပစ္ရတာလည္း ၾကာေပါ့ “

 ေၿပာေၿပာဆိုဆို ကၽြႏ္ုပ္သည္ နံနက္စာစားၿခင္းကို လတ္စသတ္လိုက္ၿပီး ထမည္အၿပဳတြင္ ” ဆရာ….ဆရာ ဟို… အေဖက ဟင္းပို႔ခိုင္းလို႔ပါ “ ” ေအာ္..ဟုတ္ကဲ့..လာၿပီခင္ဗ် “ အိမ္ေရွ႕သို႔ထြက္ၾကည့္ေသာအခါ ႏြဲ႔ေႏွာင္းေသာ ကိုယ္ဟန္ႏွင့္ မိန္းမပ်ိဳ တစ္ဦးကို ေတြ႔ရေလသည္ ။ ” ေက်းဇူးပဲေနာ္.. ဒါနဲ႔ ညီမ အေဖက ဘယ္သူတုန္း “ ” ဦးေအးေမာင္ပါ ဆရာ “ ” ေအာ္.. သူၾကီးကိုး.. ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္လို႔ ေၿပာေပးပါခင္ဗ် “ ” ဟုတ္ကဲ့ရွင့္ ၿပန္ခြင့္ၿပဳပါဦးဆရာ “ ” ဟုတ္ကဲ့ “ မိန္းမပ်ိဳေလး ၿပန္သြားၿပီးေနာက္ ေဒါက္တာႏိုင္ေဇာ္က ” ဘယ္သူတုန္း ကိုသက္တန္႔ရ “ ” သူၾကီးသမီးပါ ကိုႏိုင္ေဇာ္ ဟင္းလာပို႔တာ ကဲ သြားၾကရေအာင္ “ ဟု ကၽြန္ုပ္က ေၿပာလိုက္ရာ ေဒါက္တာႏိုင္ေဇာ္က လက္စြဲေတာ္ ေသနတ္ကို စြဲကာ ႏွစ္ဦးသား ထြက္ခဲ့ၾက ေလ ေတာ့ သည္ ။

 ရြာေတာင္ဖက္ရွိ ၀ါးရံုေတာသို႔အေရာက္တြင္ ေဒါက္တာ ႏိုင္ေဇာ္က ၀ါးရံုေတာ ေအာက္ေၿခသို႔ ဆင္းရန္ ၿပင္ေလ သည္ ။ ၀ါးရံုေတာ ေအာက္ေၿခကား လူတရပ္မွ် ရွိေသာ ကိုင္းပင္မ်ားၿဖင့္ အံု႕ဆိုင္းလွ်က္ရွိရာ အတြင္းသို႔ ထိုး ေဖာက္၍ မၿမင္ရေပ ။ ” ၿဖစ္ပါ့မလား ကိုႏိုင္ေဇာ္ရ ေၿမြေတြဘာေတြ ေတြ႔မွၿဖင့္ “ ” ေအးဗ် ကိုင္းပင္ေတြက အေတာ့္ကို ထူတာပဲ ကၽြန္ေတာ္ေတာ့ ဒီ၀ါးရံုေတာ ေအာက္ေၿခမွာ လွ်ိဳ႕၀ွက္ခ်က္ ရွိတယ္ ထင္တယ္ဗ်ာ “ ” ကဲ ညေရာက္မွ သရဲေၿခာက္မေၿခာက္လာ ၾကည့္တာေပါ့ဗ်ာ အခုေတာ၀င္စို႔ “ ေၿပာေၿပာဆိုဆို ကၽြႏ္ုပ္က ၀ါးရံုေတာ အလယ္တြင္လူတစ္ေယာက္သြားႏိုင္ေသာ ၿခံဳလမ္းေလးထဲသို႔ တိုး၀င္ လိုက္ေလသည္ ။

၀ါးရံုေတာေနာက္တြင္ ရိုးမေတာအုပ္ၾကီး တည္ရွိၿပီး ၀ါးရံုေတာကား ေတာအုပ္ၾကီး အ၀င ္ေပါက္ကို ပိတ္ထားသကဲ့သို႔ ရွိေလသည္ ။ ကၽြႏ္ုပ္သည္ ၀င္ေပါက္ကို သက္ကယ္ေသာင္ရြာရွိ မုဆိုးမ်ားထံမွ စနည္းနာခဲ့ၿခင္းၿဖစ္သည ္။ ကၽြႏ္ုပ္တို႔ ဆရာ၀န္ ႏွစ္ဦးကား လူ႔အသက္ကို ကယ္ရေသာ အလုပ္ကို လုပ္ရ ေသာ္ လည္း အမဲလိုက္ၿခင္းကိုမူ လြန္စြာ ၀ါသနာပါေလသည္ ။ ( ကၽြႏ္ုပ္ႏွင့္ ေဒါက္တာႏိုင္ေဇာ္ တို႔၏ ေတာတြင္း အေတြ႔ အၾကံဳမ်ားကို ေနာင္အခါ ေရးသားပါဦးမည္ ) ။

ကၽြန္ုပ္တို႔သည္ ယုန္ ၊ ေမ်ာက္ ၊ သမင္စေသာ အေကာင ္ငယ္ေလးမ်ားကို ေတြ႔ေသာ္လည္း ပစ္ခတ္ၿခင္းမၿပဳပဲ ေတာနက္ထဲသို႔ ဆက္၍ ၀င္ခဲ့ၾကသည္ ။ ေတာတြင္း တစ္ေနရာ လွ်ိဳေၿမာင္ၾကီး ဆီသို႔ အေရာက္တြင္ ေဒါက္တာႏိုင္ေဇာ္က လက္ကာၿပလိုက္၍ ကၽြႏ္ုပ္လည္း ဒူးေထာက္ထိုင္ခ် လိုက္ေလသည္ ။ ” ကိုသက္တန္႔ ကၽြန္ေတာ္တို႔ အေၿခအေနမေကာင္းဘူးဗ် ဒီနားတစ္၀ိုက္မွာ ေႏွာကူးၾကီး (ေၿပာင္) ရွိေနတယ္ ကၽြန္ေတာ္တို႔က ေလညွာေအာက္ေရာက္ေနတယ္ဟို ကုန္းၿမင့္ေပၚတက္ႏိုင္မွ ၿဖစ္မယ္ဗ် လာလာ “ ဟုဆိုကာ ေရွ႕မွ ဦးေဆာင္၍ တက္သြားေလသည္ ။ ကၽြႏ္ုပ္မွာ ေၿပာင္သဘာ၀ကို သိၿပီး ၿဖစ္သည့္ အေလ်ာက္ ေဇာ္ေခၽြး မ်ား ပ်ံလာမိသည္ ။ ေၿပာင္မ်ားသည္ အနံ့ခံ ေကာင္းသေလာက္ သင္းကြဲ ( အုပ္စုကြဲ ) ဆိုလွ်င္ ေတြ႔ရာ ဂမူးရွူး ထိုး ရန္မူတတ္ေပသည္ ။ ေလညွာတြင္ ရွိေသာ သတၱ၀ါကို အနံ႕ခံအာရံုၿဖင့္ ခြဲၿခားႏိုင္စြမ္း ရွိေလသည္ ။ ေတာင္ကုန္းေပၚရွိ သစ္ပင္ၾကီးေအာက္သို႔ ေရာက္မွသာလွ်င္ ကၽြႏ္ုပ္လည္း အသက္ၿပင္းၿပင္း ရွဴ ႏိုင္ေလသည္ ။ ေဒါက္တာႏိုင္ေဇာ္မွာ ေက်ာက္ရုပ္တစ္ရုပ္ကဲ့သို႔ ၿငိမ္သက္စြာ ဒူးေထာက္ထိုင္ေနၿပီး ပတ္၀န္းက်င္ကို အကဲ ခတ္ေနသည္ ။

ထိုအခိုက္ ေစာေစာက ကၽြႏု္ပ္တို႔ ရပ္ေနခဲ့ေသာ ေနရာသို႔ ေၿပာင္ၾကးက ၀င္လာေနသည္ ။ ေဒါက္တာ ႏိုင္ေဇာ္သည္ တည္ၿငိမ္စြာၿဖင့္ ေသနတ္ကို ခ်ိန္လိုက္ၿပီး ပစ္ခ်လိုက္ေလေတာ့သည္ ။ ” ဒိုင္း “ ယမ္းေပါက္ကြဲသံၾကီးေၾကာင့္ တစ္ေတာလံုးရွိ ေက်းငွက္မ်ား လန္႔ၿဖန္႔ ပ်ံကုန္ၾကသည ္။ ထိုအခိုက္ ထူးဆန္းေသာ ၿဖစ္ရပ္ကို မ်က္၀ါးထင္ထင္ ၾကံဳရေလေတာ့သည္ ။ ယင္းမွာ ေၿပာင္ၾကီးသည္ ခ်က္ေကာင္းကို ထိပါလွ်က္ႏွင့္ လဲမက် သြားသည့္အၿပင္ ကၽြႏ္ုပ္တို႔ ႏွစ္ေယာက္ကို ေတြ႔သြားၿပီ ၿဖစ္၍ ေတာင္ကုန္းေပၚသို႔ တဟုန္ထိုး ေၿပး တက္ လာေလသည္ ။ ကၽြႏု္ပ္လည္း အသက္မွ်ပင္ မရွုရဲပဲ မၾကံတတ္ေအာင္ပင္ ၿဖစ္သြားေလသည္ ။ ေၿပာင္ၾကီးသည္ ကၽြႏု္ပ္တို႔ႏွင့္ တၿဖည္းၿဖည္း နီးလာေပသည္ ။ ထိုအခိုက္ ေဒါက္တာႏိုင္ေဇာ္ကို ၾကည့္လိုက္ရာ စိတ္မပူသည့္ အလား ေအးေအးေဆးေဆးပင္ ထိုင္ေနေလသည္ ။ ေၿပာင္ၾကီးကား ကၽြႏ္ုပ္တို႔ ႏွင့္ သံုးကိုက္ေလာက္ အကြာတြင္ ဗုန္း ကနဲ လဲက်သြားေပေတာ့သည္ ။ ထိုအခါမွ ကၽြႏ္ုပ္လည္း အသက္ၿပင္းၿပင္း ရွဴရဲေလေတာ့သည္ ။

 ေဒါက္တာ ႏိုင္ေဇာ္က ” ဒီလုိ ရွိတယ္ ကိုသက္တန္႔ရ ေၿပာင္ေတြက ေသြးေႏြးသတၱ၀ါေတြထဲမွာ နာက်င္မႈဒါဏ္ကို အခံႏိုင္ဆံုးနဲ႔ ေဒါသအၾကီးဆံုး အေကာင္ေတြပဲ ေစာေစာက ကၽြန္ေတာ္ပစ္လိုက္တာက သူ႔ရဲ႕ လက္ဖ်ံရိုးေအာက္တည့္တည့္ပဲ ဒါေပမယ့္ သူတို႔ကို ရန္မူမွန္းသိေတာ့ ဒီေကာင္ေတြက လတ္တေလာဒါဏ္ရာကို ေမ့သြားတယ္ဗ် ၿပီးေတာ့ ရန္သူရွိ ရာကို ရန္ၿပဳဖို႔ ေၿပးလာတယ္ ။ ဒါေပမယ့္ ႏွလံုးကို ထိထားတဲ့ ဒါဏ္နဲ႔ ကုန္းတက္ၾကီးကို ဒင္း ငါးကိုက္ ေလာက္အၿပင္ ေၿပးမတတ္ႏုိင္ပါဘူးဗ်ာ “ ဟု ရွင္းၿပေလသည္ ။ ထိုအခါမွ ကၽြန္ေတာ္လည္း ေဒါက္တာႏိုင္ေဇာ္၏ ဗဟုသုတ ၾကြယ္၀ပံုတို႔ကို အသိအ မွတ္ၿပဳရေလေတာ့သည္ ။ ကၽြႏ္ုပ္တို႔ ႏွစ္ဦးလည္း ေၿပာင္ၾကီးကို ၀ါးလံုးၿဖင့္ လွ်ိဳထမ္း၍ ရြာသို႔ ၿပန္ကာ ရြာသား မ်ားအား ခြဲေ၀ေပးလိုက္ေလေတာ့သည္ ။

(၄) အကာလ ညအခ်ိန္မို႔ လူေၿခက တိတ္ဆိတ္ေနသည္ ။ ထိုအခ်ိန္ ၀ါးရံုေတာၾကီးႏွင့္ မလွမ္းမကမ္းရွိ သစ္ပင္ၾကီး တစ္ပင္ၾကီးတစ္ပင္ေပၚတြင္ ဇြဲနဘဲၾကီးစြာ ေစာင့္ဆိုင္းေနၾကသူ ႏွစ္ဦးကား ေဒါက္တာႏိုင္ေဇာ္ႏွင့္ ကၽြႏု္ပ္ပင္ ၿဖစ္ ေလ သည္ ။ ကၽြႏ္ုပ္တို႔ကား ၿခင္ကိုက္လည္း မရိုက္ရဲ အေပါ့အပါးလည္း မသြားရဲဘဲ ၀ါးရံုေတာသို႔သာ စူးစိုက္ ၾကည့္ေနၾကရသည္ ။ နာရီၿပန္ ၂ ခ်က္ထိုးေသာအခါ လူမ်ားကလည္း ငိုက္မ်ည္းစၿပဳလာသည္ ။ ” ဆရာႏိုင္ေဇာ္ေရ ဒီည သရဲက ေၿခာက္ပါ့မလားဗ်” ” အင္းအေသအခ်ာေတာ့ မေၿပာႏိုင္ဘူးဗ် ေစာင့္ေတာ့ၾကည့္ရမွာပဲ “ ထိုအခိုက္ ” ဆရာ.. ဆရာ.. အေဖက ညဥ့္နက္ေနၿပီဆိုလို႔ ဆရာတို႔ကို ေခၚခိုင္းလိုက္လို႔ ဆင္းလာပါဦး “ ဟု ေအာ္သံကို ၾကားရေလသည ္။ ေအာက္သို႔ငံု႕ၾကည့္လိုက္ေသာအခါ ကၽြႏု္ပ္တို႔ကို ဟင္းလာေပးေသာ သူၾကီး သမီး ၿဖစ္ေနေလသည္ ။ ကၽြန္ုပ္က ၿပန္ေၿပာမည္အၿပဳတြင္ ေဒါက္တာႏိုင္ေဇာ္က ” ရွူးတိုးတိုး ဆရာ ဘာမွ ၿပန္မေၿပာနဲ႔ ကၽြန္ေတာ္ေနာက္မွရွင္းၿပမယ္ “ ဟုတည္ၿငိမ္စြာ ေၿပာေလသည္ ။

သစ္ပင္ေအာက္မွ မိန္းကေလးကလည္း ေလးငါးခါေလာက္ ေအာ္ေခၚေလသည္ ။ အတန္ၾကာေသာအခါ ကၽြႏ္ုပ္တို႔ မဆင္းလာမွန္းသိသည္ႏွင့္ ကၽြန္ုပ္တို႔ႏွစ္ဦးရွိရာသို႔ စူးစူးစိုက္စိုက္ ၾကည့္ကာ အေမွာင္ ထုထဲ ၀င္ေရာက္ေပ်ာက္ကြယ္သြားေလသည္ ။ ကၽြန္ုပ္၏ ရင္ထဲတြင္ ေအးခဲေသာ လက္ၾကီးႏွင့္ စြဲဆုပ္ ထားဘိသကဲ့သို႔ ခံစားလိုက္ရေလေတာ့သည္ ။ ” ဒီလိုဆရာရဲ႕ ဒီအခ်ိန္ၾကီးမွာ သူၾကီးက သူ႔သမီး မိန္းမပ်ိဳေလးကို ကၽြန္ေတာ္တို႔ ႏွစ္ေယာက္တည္းရွိတဲ့ ေနရာကို လာေခၚခိုင္းပါ့မလား စဥ္းစားပါဦး ေနာက္ၿပီး ဆရာသတိထားမိလား ဒီမိန္းမက လံုး၀မ်က္ေတာင္မခတ္ဘူးဗ်ိဳ႕ အမွန္ေတာ့ ဒီလို ေတာေတြမွာ ေတာေၿခာက္တာေတြ နာနာဘာ၀ေတြ အမ်ားၾကီး ရွိပါတယ္ ကၽြန္ေတာ္တို႔ကို ရမလားလို႔ လွည့္စားတာေပါ့ဗ်ာ “ ဟုရွင္းၿပေလသည္ ။

 ထိုအခါမွ ကၽြန္ုပ္လည္း ၾကက္သီးထမိသြားသည္ ။ ေဒါက္တာ ႏိုင္ေဇာ္မပါပဲ ကၽြန္ုပ္ တစ္ေယာက္တည္းသာဆိုလွ်င္ ဆင္းသြားမိမွာ ေသခ်ာေပသည္ ။ ထိုအခိုက္ ၀ါးရံုေတာၾကီးကား တဟီးဟီး ၿမည္ လာၿပီး ယိမ္းထိုးလာေလသည္ ။ ထူးဆန္းသည္မွာ ေဘးနားမွ သစ္ပင္မ်ားမွာ တုတ္တုတ္မွ် မလႈပ္ ။ ၀ါးရံုပင ္မ်ားသာလွ်င္ သြက္သြက္ခါေအာင္ လႈပ္ခါေနၿခင္းၿဖစ္၏ ။ ကၽြႏု္ပ္တို႔ႏွစ္ဦးလည္း သရဲေၿခာက္ၿခင္းကို မယံုၾကည္ သူမ်ား ၿဖစ္ေသာ္လည္း ယခုအခါ မစဥ္းစားတတ္ေအာင္ ၿဖစ္ရေလ၏ ။ နာရီ၀က္ခန္႔ လႈပ္ခါၿပီးေသာအခါ တ ၿဖည္းၿဖည္း ၿငိမ္သက္သြားေလေတာ့သည္ ။ ကၽြနု္ပ္တို႔လည္း ဆက္လက္၍ ထူးၿခားမႈမ်ား မရွိေတာ့ေသာအခါ ေအာက္ သို႔ ဆင္းၿပီး တည္းခိုရာ အိမ္သို႔ ၿပန္ခဲ့ၾကေလေတာ့သည္ ။

နံနက္ေရာက္ေသာအခါ သူၾကီးကို ညတုန္းက ၾကံဳခဲ့ရသည္မ်ားကို ၿပန္၍ ေၿပာၿပလိုက္ရာ သူၾကီးဦးေအးေမာင္မွာ လြန္စြာ ထိတ္လန္႔အံ့ၾသလွ်က္ရွိၿပီး သူၾကီးသမီးမွာ အံ့ၾသေနေသာ အမူအယာ ရွိေလသည္ ။ သို႔ႏွင့္ ကၽြန္ုပ္တို႔ သူငယ္ ခ်င္း ႏွစ္ဦးလည္း မေတြးတတ္ေအာင္ပင္ ရွိေနေတာ့သည္ ။ ညတုန္းက အိပ္ေရးပ်က္ခဲ့ေသာေၾကာင့္ ကၽြန္ုပ္တို႔ ႏွစ္ဦးလည္း တည္းခိုရာအိမ္ သို႔ ၿပန္ၿပီး တေရးတေမာ အိပ္စက္ၾကေလသည္ ။ ညေနေစာင္း ငါးနာ ရီအခ်ိန္ေလာက္တြင္ လူေပါင္း ၁၀ေယာက္ ခန္႔ပါေသာ လူအုပ္ၾကီးသည္ ရြာလယ္လမ္းတေလ်ာက္ ဖုန္ တ၀ုန္း ၀ုန္း ရွိေအာင္ သြားေနၾကေလသည္ ။ ထိုလူအုပ္ၾကီး အလယ္တြင္ လြန္စြာ ေသြးစုပ္ၿဖဴေလ်ာ္လွ်က္ရွိေသာ လူတစ္ဦးကို ေစာင္ပုခက္အတြက္ သယ္ ေဆာင္လွ်က္ ကၽြႏု္ပ္တို႔ ႏွစ္ဦး တည္းခိုရာ ေနအိမ္အတြင္းသို႔ ၀င္ေရာက္လာ ၾကေလသည္ ။

 ကၽြန္ုပ္တို႔လည္း အေၿခ အေနကို ေမးၿမန္းၾကည့္ရာ

” ကယ္ပါဦး ဆရာရယ္ ဒါက ကၽြန္ေတာ္တို႔ရြာကို လာေနၾက ကုန္သည္ကိုဘေအးပါ တစ္လ တစ္ခါေလာက္ လာ ေလ့ရွိပါတယ္ ဒီတစ္ေခါက္လာတာ ၀ါးရံုေတာၾကီး နားအေရာက္မွာ လဲက်ေနတာေတြ႔လို႔ ရြာသားေတြက သယ္ လာတာပါ ဆရာ၀န္ေတြလည္း ဒီမွာ ရွိတယ္ဆိုလို႔ ကၽြန္ေတာ္တို႔ သယ္လာတာပါ “

သုိ႔ႏွင့္ ကၽြႏု္ပ္တို႔လည္း လူနာကို စပ္းသပ္ၾကည့္ရာ ႏွလံုးအားနည္းေနသည္က တစ္ေၾကာင္း ထိတ္လန္႔စရာ တစ္ခုခုကို ရုတ္တရက္ေတြ႔လိုက္ရ၍ ေသြးလန္႔သြားၿခင္းပင္ ၿဖစ္ေလသည္ ။ လိုအပ္ေသာ ကုသမႈမ်ားေပးၿပီး လူနာ ကို ကၽြႏ္ုပ္တို႔ ႏွစ္ဦးပင္ ေစာင့္ၾကည့္ေလသည္ ။ တစ္နာရီခန္႔ၾကာေသာအခါ လူနာမွာ အေတာ္အတန္ ထူထူ ေထာင္ေထာင္ ၿဖစ္လာေလသည္ ။

” ကဲဆိုစမ္းပါဦးဗ် ဘာေတြမ်ား ေတြ႔ၾကံဳခဲ့ရလို႔လဲ “
” ဒီလိုပါဆရာ ကၽြန္ေတာ့္နာမည္က ဘေအးပါ ကၽြန္ေတာ္က ဒီရြာကို တစ္လတစ္ခါေတာ့ ကုန္ေရာင္းကုန္သည္ အ လုပ္နဲ႔ လာေနက်ပါ အခုတစ္ေခါက္ ၿမိဳ႕ က ထြက္လာကတည္းက ဘာမွမစားလာမိဘူးဆရာ ဒါနဲ႔ ရြာေတာင္ ဖက္က ေတာစပ္က ၀ါးရံုေတာ ေအာက္မွာ ကၽြန္ေတာ္ခဏနားပါတယ္ ။ ၿပီးေတာ့ကၽြန္ေတာ္ ဗိုက္ဆာလြန္းလို႔ ၿမိဳ႕က ၀ယ္လာတဲ့ ေခါက္ဆြဲေၿခာက္ေတြ ၿပဳတ္ေသာက္ဖို႔ ၀ါးရံုပင္ေအာက္မွာ မီးေမႊးပါတယ္ဆရာ အဲဒီလို မီး ေမႊးၿပီး ၀ါးနဲနဲလိုေနလို႔ ကၽြန္ေတာ္ ၀ါးရံုေတာအစပ္က ၀ါးပင္ေပါက္ေလးကို သြားႏွုတ္မိပါတယ္ ။ ႏွုတ္လိုက္ တဲ့အခါ အထဲက ေသြးေတြ ပန္းထြက္လာပါတယ္ ကၽြန္ေတာ္ၿဖင့္ေၾကာက္လိုက္တာ လြန္ပါေရာဗ်ာ ေတာေၿခာက္ တာလား ဘာလားေတာ့ မသိပါဘူး ဗ်ာ “

ထိုသို႔ ေၿပာလိုက္ေသာအခါ ေဒါက္တာ ႏိုင္ေဇာ္က တစ္စံုတစ္ခုကို စဥ္းစားမိဟန္ၿဖင့္ အားရ၀မ္းသာစြာ ” ကဲဒါဆို ကၽြန္ေတာ္တို႔ကို အဲဒီ ေသြးေတြထြက္တဲ့ ေနရာ လိုက္ပို႔ႏိုင္မလားဗ်ာ ကၽြန္ေတာ့္မွာ ေသနတ္လည္း ပါ ပါတယ္ “ ” ဟုတ္ကဲ့ ကၽြန္ေတာ္လိုက္ပို႔ေပးပါ့မယ္ “ သို႔ၿဖင့္ ကိုဘေအး ၊ ေဒါက္တာ ႏိုင္ေဇာ္ ၊ ကၽြန္ုပ္ႏွင့္ ရြာသား သံုးေလးေယာက္တို႔ ရြာ ေတာင္ဖက္သို႔ ထြက္လာခဲ့ၾကေပေတာ့သည္ ။

(၅) ၀ါးရံုေတာၾကီး အလယ္တည့္တည့္ ကၽြန္ုပ္တို႔ ရိုးမေတာ ထဲ ၀င္ေသာ အစပ္နားေလာက္တြင္ ေသြးကြက္ၾကီးကို ထင္ထင္ ရွားရွား ၿမင္လိုက္ရေပသည္ ။ ေသြးမ်ားကား ၀ါးပင္ႏွုတ္ေသာ ေနရာမွ ထြက္ေနဆဲပင္ ရွိေသးသည္ ။ ရြာသား မ်ားကား သို႔ေလာ သို႔ေလာႏွင့္ အလြန္ပင္ ထိတ္လန္႔တုန္လႈပ္လိုက္ရွိေပသည္ ။ ေဒါက္တာႏိုင္ေဇာ္ကား မႈိရေသာ မ်က္ႏွာကဲ့သို႔ အထူးပင္ ၀မ္းသာလွ်က္ ရွိေပသည္ ။ ” ဘယ့္ႏွယ့္တုန္း ကိုႏိုင္ေဇာ္ရ ၿပံဳးလွခ်ည္လား “ ” ဟဲဟဲ ၿပံဳးဆို အေၿဖကို ကၽြန္ေတာ္သိၿပီဗ် ဒါေပမယ့္ က်ိန္းေသေအာင္ေတာ့ ကိုသက္တန္႔ရယ္ ကၽြန္ေတာ္ရယ္ ဒီည စမ္းသပ္မႈ တစ္ခု လုပ္ရလိမ့္မယ္ “ ” ဟုတ္လား ကၽြန္ေတာ္ၿဖင့္မ စဥ္းစားတတ္ေအာင္ပါပဲ ဗ်ာ “ ” ညေရာက္ရင္ ဒီသရဲ ဆိုတာကို ခင္ဗ်ား မ်က္ၿမင္ေတြ႔ရပါေစ့မယ္ ဗ်ာ…ဟားဟားဟား “ ေဒါက္တာႏိုင္ေဇာ္ကို ၾကည့္ရင္း ကၽြႏု္ပ္လည္း အေတာ္ပင္ စိတ္အားတတ္သြားမိေလသည္ ။

 သို႔ႏွင့္…. ၀ါးရံုေတာၾကီးကား အပ္က်သံပင္ ၾကားရေလာက္ေအာင္ တိတ္ဆိတ္ၿငိမ္သက္ေနေလသည္ ။ ဟိုနားဒီနား ဖ်က္ကနဲ ေတြ႔လိုက္ရေသာ အရိပ္မ်ားကား ကၽြႏု္ပ္ကို ေၿခာက္လွန္႔လ်က္ရွိသည္ ။ ေန႔လည္က ေတြ႔ခဲ့ေသာ ေသြး ကြက္ မ်ားကား ေၿခာက္လွ်က္ ရွိေပသည္ ။ ” ကၽြန္ေတာ္ယူခိုင္းလိုက္တာေတြ ပါရဲ႕လား ကိုသက္တန္႔ “ ” ပါ ပါတယ္ဗ်ာ ဒီမွာ ေရာ့ “ ေဒါက္တာႏိုင္ေဇာ ္ကၽြန္ုပ္ကို ယူေဆာင္ခိုင္းေသာ ပစၥည္းမ်ားမွာ ေကာက္ရိုးေၿခာက္ အနည္းငယ္ႏွင့္ မီးၿခစ္ပင္ ၿဖစ္ေပ သည္ ။ ထို႔ေနာက္ ေဒါက္တာ ႏိုင္ေဇာ္သည္ ၀ါးရံုေတာ ေအာက္ေၿခတြင္ မီးပံုတစ္ခုကို ဖိုေလသည္ ။ ထိုသို႔ ဖိုၿပီး မၾကာခင္မွာပင္ ၀ါးရံုေတာၾကီးကား သြက္သြက္ခါေအာင္ လႈပ္ယမ္းလာေလသည္ ။ အၿခားသစ္ပင္မ်ားကား မလႈပ္ေပ ။ ၀ါးပင္မ်ားသာလွ်င္ တစ္စံုတစ္ဦးက လႈပ္ယမ္းေနသကဲ့သို႔ လႈပ္ခါေနၿခင္းၿဖစ္သည္ ။

အတန္ၾကာေသာအခါ ေဒါက္တာ ႏိုင္ေဇာ္က မီးပံုကို ၿငိမ္းသတ္ပစ္လိုက္ေလသည္ ။ ထိုအခါ ၀ါးရံုေတာၾကီးကား တစ္စတစ္စ ၿပန္လည္ ၿငိမ္သက္သြားေလေတာ့သည္ ။ “ ဘယ္လို ၿဖစ္တာတုန္း ကိုႏိုင္ေဇာ္ရ ကၽြန္ေတာ္ေတာ့ ဘာမွကို မစဥ္းစားတတ္ေတာ့ဘူး “ ” ခင္ဗ်ားကို အေၿဖမေၿပာခင္ ေနာက္တစ္ခု ၿပအုန္းမယ္ဗ် လာ “ ဟုဆိုကာ ၀ါးရံုေတာ အစပ္ရွိ ၀ါးပင္မ်ားရွိရာသို႔ ဦးတည္ေလ်ာက္သြားေလသည္ ။

 ေဒါက္တာ ႏိုင္ေဇာ္သည္ ၀ါးအေသးပင္တစ္ပင္ကို ဆတ္ကနဲ ႏွဳတ္ယူလိုက္ေလသည္ ။ ထိုအခါ ၀ါးရံုေတာၾကီးမွာ ေစာ ေစာကကဲ့သို႔ လႈပ္ရွားယိမ္းထိုးလာေလသည္ ။ ထို႔ထက္ အံ့ၾသဖြယ္ေကာင္းသည္မွာ ၀ါးႏွဳတ္လိုက္ေသာ ေန ရာမွ ေသြးမ်ားပန္းထြက္လာၿခင္းပင္ ၿဇစ္သည္ ။ နာ ရီ၀က္ခန္႔ ၾကာေသာအ ခါမွသာလွ်င္ ၿပန္လည္ တည္ၿငိမ္ သြား ေလေတာ့သည္ ။

 ” ဘယ္လို ၿဖစ္တာတုန္းကို ႏိုင္ေဇာ္ရ ဒီ၀ါးရံုေတာက အသက္မ်ား ရွိေနလား “
 ” ၀ါးရံုေတာကေတာ့ အသက္ဘယ္ရွိမလဲဗ်ာ ၀ါးရံုေတာ ေအာက္ေၿခမွာ အသက္ရွိတဲ့အ ေကာင္ရွိေနလို႔ေပါ့ “
” ဗ်ာ ဘယ္..ဘယ္လို “ ” ဒီလိုဗ် ဆရာ ၾကားဖူးလား မသိဘူး ေရွးႏွစ္ေပါင္းမ်ားစြာ က သတၱ၀ါၾကီးေတြဟာ အလြန္ အမင္းၾကီး ထြားခဲ့ၾကတယ္ ဒါေၾကာင့္ ကုန္းမွာ ေၿမြေပြး ေရမွာ ငေရြး ဆိုၿပီး အဆိုရွိခဲ့ၾကတယ္ဗ် ေရထဲမွာဆို ငေရြးဆိုတဲ့ ငါး ဟာ အၾကီးဆံုးပဲ သူၿပီးမွ ညံ သတၱ၀ါေတြက အၾကီးဆံုးပဲ ေၿမၾကီးထဲမွာ ဆိုရင္ ကုန္းေနသတၱ၀ါေတြထဲမွာ ဆိုရင္ေပါ့ ဗ်ာ ေၿမြေပြးက အၾကီးဆံုးပဲဗ် ဒီေကာင္ေတြက အစာစားၿပီးတာနဲ႔ တစ္ေနရာရာမွာ ႏွစ္နဲ႔ ခ်ီၿပီး ၿငိမ္ၿငိမ္ ေလး ေနေနေလ့ ရွိတယ္ဗ် ရာသီဥတုေတြေၿပာင္းေတာ့ သူတို႔ကိုယ္ေပၚမွာ ေလဒါဏ္မိုးဒါဏ္နဲ႔ အေလ့က် အပင ္ေတြ ေပါက္လာတယ္ မွ်စ္စို႔ေလးေတြ လည္းေပါက္လာၿပီး ေနာက္ပိုင္းၾကီးလာတဲ့အခါ သူတို႔ ကိုယ္က အသား ေတြကို ေဖာက္ၿပီး ၀ါးရံုပင္ေတြေပါက္လာတယ္ ဒါေပမယ့္လည္း ဒီေကာင္ေတြက ၿငိမ္ေနေတာ့ မသိသာ ဘူးေပါ့ ဒါေပမယ့္ ၀ါးရံုပင္ကို ႏွုတ္လိုက္တဲ့အခါ သူတို႔ ကိုယ္ေပၚက အသားေတြကို ဆြဲႏွုတ္သလို ၿဖစ္ၿပီး ေသြး ေတြ ထြက္လာတာပဲဗ်ိဳ႕ ၿပီးေတာ့ သူတို႔ ကိုယ္ေပၚကိုမီးေမႊးေတာ့ အပူဒါဏ္ေၾကာင့္ ေၿမြၾကီး လႈပ္ရွား လိုက ္တဲ့အခါ သူ႔ကုိယ္ေပၚမွာ အၿမစ္တြယ္ေနတဲ့ ၀ါးရံုေတာၾကီးပါ လိုက္ၿပီး လႈပ္လာတာေပါ့ဗ်ာ “ ” ေအာ္.. လတ္စသတ္ေတာ့ ဒီလိုကိုး ဒါဆို သူတို႔ ေခါင္းကေရာဗ်ာ “ ” ေခါင္းကေတာ့ ေတာတြင္းတစ္ေနရာမွာ ရွိမွာေပါ့ဗ်ာ “ ” ေအာ္…” သို႔ႏွင့္ ကၽြန္ုပ္ရင္ထဲက ပုစၧာလည္ း ေဒါက္တာ ႏိုင္ေဇာ္ အေၿဖေၾကာင့္ ရွင္းလင္းသြားရေလေတာ့သည္ ။

 (၆) ေနာက္တစ္ေန႔ နံနက္တြင္ ရြာသားမ်ားအား သူၾကီးအိမ္တြင္ စုေနေစၿပီး အေၿဖကို ေၿပာၿပလိုက္ေလသည္ ။ ရြာသား မ်ားမွာ အံ့ၾသလြန္း၍ မ်က္ေတာင္ပင္ မခတ္ၾကေပ ။ ၿပီးေနာက္ ” ေတာ္ေသးတာေပါ့ ဆရာရယ္ ဆရာတို႔လို ဗဟုသုတၾကြယ္၀လူမို႔သာေပါ့ ကၽြန္ေတာ္တို႔ ၿဖင့္ သရဲ ေၿခာက္ တယ္ပဲ ထင္ေနတာဗ်ာ ဒါနဲ႔ ဒီေၿမြၾကီးကို ဘယ္လို လုပ္ရမလဲဗ်ာ “ ” ဒီလို ရွိတယ္ဗ်ာ ဒီေကာင္ၾကီး ၿငိမ္ေနတုန္းေတာ့ အေၾကာင္းမဟုတ္ဘူးဗ် ဒါေပမယ့္ အခ်ိန္တန္လို႔ ဗိုက္ဆာလို႔ လႈပ္ရွား လိုက္ရင္ဒီရြာကေလးလည္း ပ်က္သြားႏုိင္တယ္ ဒီေတာ့ ဒီေကာင္ၾကီးကို ရွင္းပစ္ရမယ္ဗ်ာ ရွင္းရမယ့္ နည္းလမး္ကေတာ့ အခု ဒီရြာရဲ႕ ေဘးက ခမာ ေတာင္ေၿခမွာ ရထားလမ္းေဖာက္ဖို႔ ေတာင္ေတြ ၿဖိဳေနၾကတယ္ ။ သူတို႔ကို အကူအညီေတာင္းၿပီး ဒီေကာင္ၾကီးကို မိုင္းနဲ႔ ရွင္းပစ္ရမွာပဲ “ ” ေအးဗ်ာ ဆရာရဲ႕ အၾကံကေတာ့ အေကာင္းဆံုးပဲ ဒီေကာင္ၾကီးက သူ႔ဘာသာေနတဲ့အတြက္ ရက္စက္ရာ က်ေပမယ့္ မတတ္ႏိုင္ဘူးေလ တခ်ိန္လူေတြ ဒုကၡမေရာက္ဖို႔အတြက္ ရွင္းပစ္ရမွာပဲ ဆရာေရ “ ဒီလိုနဲ႔ ရြာသူၾကီး ဦးေအးေမာင္ နဲ႔ ရပ္ရြာလူၾကီးမ်ား ၊ ကၽြႏ္ုပ္တို႔ ႏွစ္ဦး ေပါင္းၿပီး မိုင္းလုပ္သားမ်ားကို သြား၍ အကူ အညီေတာင္းၾကေလသည္ ။ ရထားလမ္းအလုပ္သမားမ်ားကလည္း အထက္လူၾကီးကို တင္ၿပၿပီး အကူအညီေပးေလသည္ ။ သို႔ႏွင့္ သက္ကယ္ ေသာင္ရြာ ကေလးတြင္ ရြာသူရြာသားမ်ားအား ထိတ္လန္႔တုန္လႈပ္ေစခဲ့ေသာ ေၿမြၾကီးအား မိုင္းခြဲ၍ ရွင္းပစ္ လုိက္ေလေတာ့သည္ ။ ကၽြႏု္ပ္တို႔ ႏွစ္ဦး၏ စိတ္ထဲတြင္ကား သူ႔ဘာသာေနေသာ ေၿမြၾကီးအား တမင္တကာ သတ္ၿဖတ္လိုက္ရၿခင္း ၿဖစ္ေသာ္လည္း ေနာင္တစ္ခ်ိန္ ရြာသူရြာသူမ်ား၏ အသက္ေပါင္းမ်ားစြာႏွင့္ ပတ္သည္ ေနသည္ၿဖစ္ေသာေၾကာင့္ သာ သတ္ၿဖတ္ရၿခင္း ၿဖစ္သည္မို႔ စိတ္မေကာင္းၿခင္းၾကီးစြာ ၿဖစ္ရေလေတာ့သတည္း ။

စာေရးသူ……သက္တန္႔ခ်ိဳ
Credit: ျမန္မာ သရဲဇာတ္လမ္းမ်ားႏွင့္ ထူးဆန္းအံ့ဖြယ္ဇာတ္လမ္းမ်ား စုစည္းမႈ




#Unicode Version
(၁) အချိန်ကာလကား လမိုက်ည သန်းခေါင်ယံ ။ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုက တိတ်ဆိတ်စွာ ကြီးစိုးနေ၏ ။ နွေဦးပေါက်မို့ တစ်ချက်တစ်ချက် တိုက်ခတ်သော လေတိုးသံမှအပ မည်သည့်အသံမျှ မကြားရပေ ။ သက် ကယ်သောင် ရွာကလေးကား အမှောင်ထုအောက်ဝယ် တိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေလေ၏ ။ ရွာတောင် ဖက်တွင်ရှိသော သင်္ချိုင်းကုန်းမှ ဆွဲဆွဲငင်ငင် အူလိုက်သော ခွေးအူသံကြောင့် ခြောက်ခြားဖွယ် အလွန် ကောင်း လှပေ၏ ။ ထိုအခိုက် မပီဝိုးတဝါး လမိုက်ညတွင် မဲမဲသဏ္ဍာန်နှစ်ခုက ရွာတောင်ဖက် သင်္ချိုင်းအလည်မှ တရွေ့ ရွေ့သွားနေ၏ ။ သက်ကယ်သောင်ရွာနှင့် ရွာသင်္ချိုင်းကြားတွင် လွန်စွာရှည်လျှားသော ဝါးရုံတော ကြီးတစ်ခု ရှိလေ၏ ။ ထိုဝါးရုံတောနှင့် ရွာကလေးကလည်း အတော်အလှမ်းဝေး၏ ။ မဲမဲသဏ္ဍာန်နှစ်ခုကား သင်္ချိုင်းကို လွန်မြောက်ပြီးနောက် ဝါးရုံတောကြီးအောက်သို့ ရောက်ရှိလာ၏ ။ ကွမ်းတစ်ယာညက်ခန့် ကြာသော အခါ ဝါးရုံတောကြီးသည် တဝေါဝေါမြည်ကာ သွက်သွက်ခါအောင် လှုပ်ယမ်းလာချေ၏ ။ ထိုသို့ ဖြစ်ပြီး မကြာမီမှာ ပင် မဲမဲသဏ္ဍာန်နှစ်ခုသည် သက်ကယ်သောင်ရွာဆီသို့ ပြေးထွက်သွားလေ၏ ။ 



” ကယ်ကြပါဦးဗျို့… ကယ်ကြပါဦး.. သ…သရဲ ခြောက်လို့ဗျို့ “

 အမောတကော ပြေးဝင်လာပြီး အော်ဟစ်နေကြသော အသံများကြောင့် တစ်ရွာလုံးလိုလို နိုးလာလေသည် ။ ထို့ နောက် မီးအိမ်လေးတွေကိုင်ပြီး ရွာလယ်လမ်းမသို့ ထွက်လာကြ၏ ။ 



” အလို ထွန်းခင်နဲ့ ညိုအေးတို့ပါလား ” ရွာလူကြီး ဦးအေးမောင်က လှမ်းမေးလိုက်သည် ။ ” ဟေ့ ဘာဖြစ်လာကြတာတုန်း ညကြီးမင်းကြီး အလန့်တကြားနဲ့ “ ” ဟို…ဟို…” 

ထိုနှစ်ယောက်ကား ရုတ်တရက် ပြန်မဖြေနိုင်ရှာပေ ။ မောဟိုက်လွန်း၍ အသက်ကို မနဲ ရှုရှိုက်နေရ၏ ။ ” ကဲကဲ သူတို့ကို ရေတိုက်လိုက်ပါဦး ” အတော်ကြာအမော ဖြေစေပြီးမှ ထွန်းခင်က ” ဟို ဟို ကျွန်တော်တို့နှစ်ယောက်က ကိုင်းဖိုးငွေတွေ သွားချေတာပါ အဲဒါ ရှစ်ဆိပ်ရွာကနေ အပြန် ရွာ သင်္ချိုင်း လည်း ဖြတ်ပြီးဝါးရုံတောလည်း ရောက်ရော ဝါးရုံတောကြီးက လေမတိုက်ပဲနဲ့ တဝေါဝေါ မြည်လာတယ် ပြီးတော့ ဝါးရုံ ပင်ကြီးတွေက ကျွန်တော်တို့ နှစ်ယောက်နောက်ကို လိုက်လာလို့ ကျွန်တော်တို့ အသက်လုပြီး ထွက်ပြေး လာရတာပါ “ 



” ဟေ.. ဟုတ်လို့လားကွာ ငါတို့ရွာမှာ ဒီလို အဖြစ်မျိုး တစ်ခါမှ မကြားဖူးပါဘူး “ ရွာသားအားလုံး တအံ့တသြနှင့် အထိတ်တလန့် ဖြစ်ကုန်ကြ၏ ။ ” ဟယ် ဝါးရုံတောက သရဲခြောက်တယ်တဲ့ အောင်မလေး “ တစ်ယောက်တစ်ပေါက်ဆူညံကြကုန်၏ ။ ” ကဲကဲ ဒါဆိုလည်း လူစုပြီး ဝါးရုံတောကို သွားကြည့်ကြရအောင် 



“ ” ဟို …ဟို.. ကျွန်တော်တို့တော့ ပြန်မလိုက်ရဲကြတော့ဘူး “ “အေး မင်းတို့ နှစ်ယောက်နေခဲ့ ကျန်တဲ့ ကာလသားတွေ ငါနဲ့လိုက်ခဲ့ “ သူကြီး ဦးအေးမောင် နောက်သို့ ကာလာသများ စုရုံးစုရုံးလိုက်သွားကြသည် ။ 

ဝါးရုံတောသို့အရောက် ခြေလှမ်း တိုင်း လိုလိုက နှေးသွားကြလေသည်။ အမှောင်ထုအောက်ဝယ် ဝါးရုံတောကြီးကား မိစ္ဆာ ကောင်ကြီး ထိုင်နေ သည့် နှယ် ။ အချို့ ကားကြောက်လွန်း၍ မျက်စိမျက်နှာများပင် ပျက်၍ နေပေသည် ။ လူအုပ်ကြီးက ဝါးရုံပင်ကို တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေလေ၏ ။ 



တစ်နာရီခန့်ကြာသော် မည်သည့် ထူး ခြားမှုမှ မရှိသောကြောင့် ရွာသို့ ပြန်ခဲ့ကြလေသည် ။ နောက်တစ်နေ့ မနက်တွင် တစ်ရွာလုံးကား ဟိုတစ်စု ဒီတစ် ်စု နှင့် ဝါးရုံတော သရဲအကြောင်းကား တောမီးပမာ ပျံ့နှံ့သွားလေတော့သည် ။



 (၂) သရဲအခြောက်ခံရသော ထွန်းခင်နှင့် ညိုအေးတို့မှာလည်း အကြောက်လွန်ပြီး ကိုယ်တွေ ခြစ်ခြစ်တောက်ပူကာ ဆရာခေါ်၍ ကုသရလေသည် ။ ထိုသို့ဖြင့် အခြားရွာသို့ သွားစရာရှိလျှင် အခြာလမ်းမှ ပတ်သွားပြီး ဝါးရုံတောနှင့် ရွာသင်္ချိုင်းကို ဖြတ်သော လမ်းမှာ တစတစ တိတ်ဆိတ် ခြောက်သွေ့လာလေသည် ။ မဖြစ်မနေ ကိစ္စရှိမှသာလျှင် ထိုလမ်းကို အသုံးပြုကြလေသည် ။ 



အထက်ပါအဖြစ်အပျက်များဖြစ်ပွားပြီး ၂ ရက်ခန့်အကြာတွင် သက်ကယ်သောင်ရွာကလေးသို့ လူနှစ်ဦး ရောက်ရှိ လာ လေသည်။ တစ်ဦးကား အထူးကုဆရာဝန်လေး ဒေါက်တာ နိုင်ဇော်ဖြစ်ပြီး ကျန်တစ်ဦးကား ကျွနု်ပ်သက်တန့် ပင်ဖြစ်လေတော့သည် ။



 ဒေါက်တာနိုင်ဇော်မှာ အသက် ၃၀ ခန့်ဝန်းကျင် အရပ်အမောင်း ထောင်ထောင် မောင်းမောင်းနှင့် လွန်စွာ ကိုယ်ခန္ဓာ အချိုးအစားကျလှသူ တစ်ဦးဖြစ်လေသည်။ သူသည် အထူးကု ဆရာဝန်ဘွဲ့ကြီးကို ယူထားသော်လည်း မြို့ကြီးပြကြီး တွင်မနေထိုင်ပဲ ကျေးလက်တောရွာများတွင် လှည့်လည် ဆေးကုသနေသော စေတနာ ဆရာဝန်တစ်ဦး ဖြစ်လေသည် ။ ထို့အပြင်သူသည် လွန်စွာ ဗဟုသုတနှင့် ပြည့်စုံသကဲ့သို့ တိုက်ရိုက်ခိုက်ရည်နှင့် ပြည့်စုံသော စွန့်စားဝံ့သူ တစ်ဦးလည်း ဖြစ်ပေသည် ။ သူ့တွင် လိုင်စင်နှင့်ကိုင်သော တောပစ်သေနတ်တစ်လက်လည်း ရှိပေသည် ။ ကျွနု်ပ်သည် ထိုအချိန်က သာမန် ဆရာဝန်တစ်ဦး ဖြစ်ပြီး ဒေါက်တာနိုင်ဇော်နှင့် လွန်စွာ အတွဲညီလှသော ညီအစ်ကို ရင်းကဲ့သို့ သူငယ်ချင်းများ ဖြစ်ကြလေသည် ။



 ကျေးလက်တောရွာများတွင် လှည့်လည်ဆေးကုရင်း သက်ကယ်သောင်ရွာသို့ အရောက်တွင် လူနာနှစ်ဦးနှင့် ဝါးရုံတောသရဲအကြောင်းက ဆီးကြိုနေလေသည် ။ ကျွနု်ပ်တို့ နှစ်ဦးသည် ရွာသို့ရောက်ရောက်ခြင်း ရွာလူကြီး ဦးအေးမောင်ဆီသို့ အကျိုး အကြောင်း သွားပြော ပြလေသည် ။ ဦးအေးမောင်သည် ကျွန်တော်တို့ အကြောင်းသိပြီးသောအခါ 



” အဆင်သင့်လိုက်တာ ဆရာတို့ရယ် အခုတလော ရွာမှာ ဂြိုလ်ဝင်နေတယ်ဗျာ ဝါးရုံတောသရဲအခြောက်ခံရတဲ့ နှစ်ယောက်ကလည်း သတိရတစ်ချက် မရတစ်ချက်နဲ့ တစ်ချက်လောက်ကြည့်ပါဦး ဆရာရယ် “ ထိုသို့ပြောပြီး မကြာခင်မှာပင် ရွာသားတစ်ဦး အမောတကောနှင့် ပြေးဝင်လာလေသည် ။



 ” သူကြီး သူကြီး ကိုထွန်းခင်ကြီး ဆုံးသွားလို့ တဲ့ အဲဒါသူကြီးကို လာအကြောင်းကြားတာပါ “ 



” ဟေ ဖြစ်ရလေကွာ ကဲ ကဲ ..ဆရာ တို့လည်း ရှိတုန်း တချက်လောက် ကြည့်ပေးပါဦး ဗျာ “ 



သို့ဖြင့် ကျွန်တော်တို့ နှစ်ဦးကား သူကြီးနှင့်အတူ ထွက်လာခဲ့ကြတော့သည် ။ အိမ်တစ်အိမ်အရောက်တွက် ရှိလေသည် ။ အိမ်ပေါ်သို့ တက်ကြည့်သော် ထွန်းခင်ဆိုသူကား အသက်သေဆုံးနေပြီ ဖြစ်လေသည် ။ ကြောက် မက်ဖွယ်ရာ တစ်ခုခုကို ကြုံတွေ့ပြီး မအိပ်နိုင်မစားနိုင်နှင့် စိတ်ခြောက်ခြားကာ အသက်သေဆုံးခြင်းပင် ဖြစ်လေ သည် ။ 



” အင်း ဖြစ်မှ ဖြစ်ရလေဗျာ ဒီလူကတော့ အသက်သေဆုံးသွားပါပြီ ကဲ နောက်တစ်ယောက်ကို သွားကြည့် ရအောင်ဗျာ “ ဒေါက်တာ နိုင်ဇော်မှ ပြောလိုက်သောကြောင့် ရွာသူကြီးက ညိုအေးအိမ်သို့ လိုက်ပို့ပေးလေသည် ။ 



အိမ်သို့ ရောက် သော် ညိုအေးမှာလည်း အခြေအနေမကောင်း ။ အဖျားတွေ တက်ကာ ကယောင်ကတမ်းဖြင့် ” သရဲ…သရဲ..အောင်မလေး ..ကြောက်ပါပြီဗျ” ဟူ၍ ညည်းငြူနေလေသည်။ 



ဒေါက်တာနိုင်ဇော်သည် လူနာကို အသေအချာစမ်းသပ်ပြီး ဆေးတစ်လုံးထိုးကာ သောက်ရမည့် ဆေးများပါ ပေးခဲ့လေသည် ။ ထို့နောက် အိမ်မှ ပြန်ဆင်းလာကာ သူကြီးကို ပြောပြီး ရွာထဲသို့ လှည့်လည်ခဲ့လေသည် ။ သက်ကယ်သောင်ရွာကား ရွာကြီးတစ်ရွာမဟုတ်သော်လည်း အတော်အသင့် ကြီးမားသော ရွာတစ်ရွာ ဖြစ်လေ သည် ။ ရွာ၏ အနောက်ဖက်တွင် ဧရာဝတီ မြစ်ကြီး ရှိပြီး တောင်ဖက်တွင် သင်္ချိုင်းကုန်း မြောက်ဖက်တွင် သီးနှံစိုက် ခင်းများနှင့် လွန်စွာ နေချင့်စဖွယ်ကောင်းသော ရွာတစ်ရွာပင် ဖြစ်လေသည် ။ 



ရွာကလေးမှာကား သရဲ ခြောက်ခံရပြီး တစ်ပါတ်အကြာတွင် တစ်ယောက် သေဆုံးသွားသည့်အတွက် ညနေစောင်းပင် ဖြစ်လင့်ကစား ရွာထဲဝယ် လူသွားလူလာမရှိသလောက် တိတ်ဆိတ်နေကြလေသည် ။ ထိုအခိုက် ကျွန်တော်တို့ရှေ့တွင် ငှက်ပျောပွဲ အုန်းပွဲများကို ခေါင်းပေါ်ရွက်၍ သွားနေကြသော လူတစ်စုကို တွေ့ရလေသည် ။ အကျိုး အကြောင်း မေးမြန်းကြည့်သော် ငှက်ပျောပွဲ ရွက်ထားသူမှာ နတ်ကတော် ဒေါ် စိန်ပုဆို သူဖြစ်ပြီး ထိုလူစုသည် ဝါးရုံပင် သရဲကို ပူဇော်ရန်နှင့် ကွင်းပိုင်လယ်ပိုင်တို့ကို တောင်းပန်ရန်အတွက် ရွာတောင်ဖက် သို့ သွားနေ ခြင်းဖြစ် ကြောင်း သိရလေသည် ။ 



ကျေးလက်တောရွာသူတောရွာသား များ၏ ယုံကြည်မှု ဖြစ်သောကြောင့် ကျွနု်ပ်တို့ နှစ်ဦး လည်း ဘာမှ မပြောတော့ပဲ သူတို့အုပ်စုနှင့် မလှမ်းမကမ်းမှနေ၍ ရွာတောင်ဖက်သို့ ထွက်လာ ခဲ့ တော့သည် ။ စကားတပြောပြောနှင့် ကွမ်းတယာညက်ခန့်အကြာတွင် သရဲခြောက်သည်ဟု လွန်စွာ နာမည်ကြီးသော ဝါးရုံတော ကြီးဆီသို့ ရောက်ခဲ့လေတော့သည် ။ နေညိုချိန်မို့ လေတဖြူးဖြူးတိုက်ခတ်လျှက်ရှိရာ အလင်း ရောင ်ရှိသော အချိန်တွင်ပင် ဝါးရုံတောကြီးကား ဘယ်ညာယိမ်းနေသည်မှာ တစ္ဆေတစ်ကောင်နှင့် တူလှပေသည် ။ ရွာသား များသည် ဝါးရုံတောနှင့် ခပ်လှမ်းလှမ်းတွင် ရှိသော တောင်ဂမုလေးတစ်ခုတွင် ယူဆောင်လာသော ငှက် ပျောပွဲ အုန်းပွဲများကို တင်ပြီး ပူဇော်ပသကြလသည် ။ ကျွန်ုပ်တို့ နှစ်ဦးလည်း တအောင့်မျှ အကဲခတ်ကာ တည်းခို ရာအိမ်သို့ ပြန်ခဲ့ကြလေတော့သည် ။ 



(၃) နောက်တစ်နေ့ နံနက်တွင် ကောက်ညှင်းပေါင်းနှင့် ဆတ်သားခြောက်ကို အဖန်ရေနှင့် လွေးနေခိုက် ဒေါက်တာ နိုင်ဇော်က 



” ကိုသက်တန့်ရေ.. ကျွန်တော်တို့ တောလည်ကြရအောင် ဝါးရုံတောသရဲ အကြောင်းလည်း စုံစမ်းရင်းနဲ့ပေါ့ ဘယ့် နှယ့် လည်း မကောင်းဘူးလား “ 



” ကောင်းသားပဲ ကိုနိုင်ဇော်ရသွားရအောင်လေ အမဲ မပစ်ရတာလည်း ကြာပေါ့ “



 ပြောပြောဆိုဆို ကျွန်ုပ်သည် နံနက်စာစားခြင်းကို လတ်စသတ်လိုက်ပြီး ထမည်အပြုတွင် ” ဆရာ….ဆရာ ဟို… အဖေက ဟင်းပို့ခိုင်းလို့ပါ “ ” အော်..ဟုတ်ကဲ့..လာပြီခင်ဗျ “ အိမ်ရှေ့သို့ထွက်ကြည့်သောအခါ နွဲ့နှောင်းသော ကိုယ်ဟန်နှင့် မိန်းမပျို တစ်ဦးကို တွေ့ရလေသည် ။ ” ကျေးဇူးပဲနော်.. ဒါနဲ့ ညီမ အဖေက ဘယ်သူတုန်း “ ” ဦးအေးမောင်ပါ ဆရာ “ ” အော်.. သူကြီးကိုး.. ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါခင်ဗျ “ ” ဟုတ်ကဲ့ရှင့် ပြန်ခွင့်ပြုပါဦးဆရာ “ ” ဟုတ်ကဲ့ “ မိန်းမပျိုလေး ပြန်သွားပြီးနောက် ဒေါက်တာနိုင်ဇော်က ” ဘယ်သူတုန်း ကိုသက်တန့်ရ “ ” သူကြီးသမီးပါ ကိုနိုင်ဇော် ဟင်းလာပို့တာ ကဲ သွားကြရအောင် “ ဟု ကျွန်ုပ်က ပြောလိုက်ရာ ဒေါက်တာနိုင်ဇော်က လက်စွဲတော် သေနတ်ကို စွဲကာ နှစ်ဦးသား ထွက်ခဲ့ကြ လေ တော့ သည် ။



 ရွာတောင်ဖက်ရှိ ဝါးရုံတောသို့အရောက်တွင် ဒေါက်တာ နိုင်ဇော်က ဝါးရုံတော အောက်ခြေသို့ ဆင်းရန် ပြင်လေ သည် ။ ဝါးရုံတော အောက်ခြေကား လူတရပ်မျှ ရှိသော ကိုင်းပင်များဖြင့် အုံ့ဆိုင်းလျှက်ရှိရာ အတွင်းသို့ ထိုး ဖောက်၍ မမြင်ရပေ ။ ” ဖြစ်ပါ့မလား ကိုနိုင်ဇော်ရ မြွေတွေဘာတွေ တွေ့မှဖြင့် “ ” အေးဗျ ကိုင်းပင်တွေက အတော့်ကို ထူတာပဲ ကျွန်တော်တော့ ဒီဝါးရုံတော အောက်ခြေမှာ လျှို့ဝှက်ချက် ရှိတယ် ထင်တယ်ဗျာ “ ” ကဲ ညရောက်မှ သရဲခြောက်မခြောက်လာ ကြည့်တာပေါ့ဗျာ အခုတောဝင်စို့ “ ပြောပြောဆိုဆို ကျွန်ုပ်က ဝါးရုံတော အလယ်တွင်လူတစ်ယောက်သွားနိုင်သော ခြုံလမ်းလေးထဲသို့ တိုးဝင် လိုက်လေသည် ။ 



ဝါးရုံတောနောက်တွင် ရိုးမတောအုပ်ကြီး တည်ရှိပြီး ဝါးရုံတောကား တောအုပ်ကြီး အဝင ်ပေါက်ကို ပိတ်ထားသကဲ့သို့ ရှိလေသည် ။ ကျွန်ုပ်သည် ဝင်ပေါက်ကို သက်ကယ်သောင်ရွာရှိ မုဆိုးများထံမှ စနည်းနာခဲ့ခြင်းဖြစ်သည ်။ ကျွန်ုပ်တို့ ဆရာဝန် နှစ်ဦးကား လူ့အသက်ကို ကယ်ရသော အလုပ်ကို လုပ်ရ သော် လည်း အမဲလိုက်ခြင်းကိုမူ လွန်စွာ ဝါသနာပါလေသည် ။ ( ကျွန်ုပ်နှင့် ဒေါက်တာနိုင်ဇော် တို့၏ တောတွင်း အတွေ့ အကြုံများကို နောင်အခါ ရေးသားပါဦးမည် ) ။ 



ကျွန်ုပ်တို့သည် ယုန် ၊ မျောက် ၊ သမင်စသော အကောင ်ငယ်လေးများကို တွေ့သော်လည်း ပစ်ခတ်ခြင်းမပြုပဲ တောနက်ထဲသို့ ဆက်၍ ဝင်ခဲ့ကြသည် ။ တောတွင်း တစ်နေရာ လျှိုမြောင်ကြီး ဆီသို့ အရောက်တွင် ဒေါက်တာနိုင်ဇော်က လက်ကာပြလိုက်၍ ကျွန်ုပ်လည်း ဒူးထောက်ထိုင်ချ လိုက်လေသည် ။ ” ကိုသက်တန့် ကျွန်တော်တို့ အခြေအနေမကောင်းဘူးဗျ ဒီနားတစ်ဝိုက်မှာ နှောကူးကြီး (ပြောင်) ရှိနေတယ် ကျွန်တော်တို့က လေညှာအောက်ရောက်နေတယ်ဟို ကုန်းမြင့်ပေါ်တက်နိုင်မှ ဖြစ်မယ်ဗျ လာလာ “ ဟုဆိုကာ ရှေ့မှ ဦးဆောင်၍ တက်သွားလေသည် ။ ကျွန်ုပ်မှာ ပြောင်သဘာဝကို သိပြီး ဖြစ်သည့် အလျောက် ဇော်ချွေး များ ပျံလာမိသည် ။ ပြောင်များသည် အနံ့ခံ ကောင်းသလောက် သင်းကွဲ ( အုပ်စုကွဲ ) ဆိုလျှင် တွေ့ရာ ဂမူးရှူး ထိုး ရန်မူတတ်ပေသည် ။ လေညှာတွင် ရှိသော သတ္တဝါကို အနံ့ခံအာရုံဖြင့် ခွဲခြားနိုင်စွမ်း ရှိလေသည် ။ တောင်ကုန်းပေါ်ရှိ သစ်ပင်ကြီးအောက်သို့ ရောက်မှသာလျှင် ကျွန်ုပ်လည်း အသက်ပြင်းပြင်း ရှူ နိုင်လေသည် ။ ဒေါက်တာနိုင်ဇော်မှာ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ငြိမ်သက်စွာ ဒူးထောက်ထိုင်နေပြီး ပတ်ဝန်းကျင်ကို အကဲ ခတ်နေသည် ။ 



ထိုအခိုက် စောစောက ကျွနု်ပ်တို့ ရပ်နေခဲ့သော နေရာသို့ ပြောင်ကြးက ဝင်လာနေသည် ။ ဒေါက်တာ နိုင်ဇော်သည် တည်ငြိမ်စွာဖြင့် သေနတ်ကို ချိန်လိုက်ပြီး ပစ်ချလိုက်လေတော့သည် ။ ” ဒိုင်း “ ယမ်းပေါက်ကွဲသံကြီးကြောင့် တစ်တောလုံးရှိ ကျေးငှက်များ လန့်ဖြန့် ပျံကုန်ကြသည ်။ ထိုအခိုက် ထူးဆန်းသော ဖြစ်ရပ်ကို မျက်ဝါးထင်ထင် ကြုံရလေတော့သည် ။ ယင်းမှာ ပြောင်ကြီးသည် ချက်ကောင်းကို ထိပါလျှက်နှင့် လဲမကျ သွားသည့်အပြင် ကျွန်ုပ်တို့ နှစ်ယောက်ကို တွေ့သွားပြီ ဖြစ်၍ တောင်ကုန်းပေါ်သို့ တဟုန်ထိုး ပြေး တက် လာလေသည် ။ ကျွနု်ပ်လည်း အသက်မျှပင် မရှုရဲပဲ မကြံတတ်အောင်ပင် ဖြစ်သွားလေသည် ။ ပြောင်ကြီးသည် ကျွနု်ပ်တို့နှင့် တဖြည်းဖြည်း နီးလာပေသည် ။ ထိုအခိုက် ဒေါက်တာနိုင်ဇော်ကို ကြည့်လိုက်ရာ စိတ်မပူသည့် အလား အေးအေးဆေးဆေးပင် ထိုင်နေလေသည် ။ ပြောင်ကြီးကား ကျွန်ုပ်တို့ နှင့် သုံးကိုက်လောက် အကွာတွင် ဗုန်း ကနဲ လဲကျသွားပေတော့သည် ။ ထိုအခါမှ ကျွန်ုပ်လည်း အသက်ပြင်းပြင်း ရှူရဲလေတော့သည် ။



 ဒေါက်တာ နိုင်ဇော်က ” ဒီလို ရှိတယ် ကိုသက်တန့်ရ ပြောင်တွေက သွေးနွေးသတ္တဝါတွေထဲမှာ နာကျင်မှုဒါဏ်ကို အခံနိုင်ဆုံးနဲ့ ဒေါသအကြီးဆုံး အကောင်တွေပဲ စောစောက ကျွန်တော်ပစ်လိုက်တာက သူ့ရဲ့ လက်ဖျံရိုးအောက်တည့်တည့်ပဲ ဒါပေမယ့် သူတို့ကို ရန်မူမှန်းသိတော့ ဒီကောင်တွေက လတ်တလောဒါဏ်ရာကို မေ့သွားတယ်ဗျ ပြီးတော့ ရန်သူရှိ ရာကို ရန်ပြုဖို့ ပြေးလာတယ် ။ ဒါပေမယ့် နှလုံးကို ထိထားတဲ့ ဒါဏ်နဲ့ ကုန်းတက်ကြီးကို ဒင်း ငါးကိုက် လောက်အပြင် ပြေးမတတ်နိုင်ပါဘူးဗျာ “ ဟု ရှင်းပြလေသည် ။ ထိုအခါမှ ကျွန်တော်လည်း ဒေါက်တာနိုင်ဇော်၏ ဗဟုသုတ ကြွယ်ဝပုံတို့ကို အသိအ မှတ်ပြုရလေတော့သည် ။ ကျွန်ုပ်တို့ နှစ်ဦးလည်း ပြောင်ကြီးကို ဝါးလုံးဖြင့် လျှိုထမ်း၍ ရွာသို့ ပြန်ကာ ရွာသား များအား ခွဲဝေပေးလိုက်လေတော့သည် ။ 



(၄) အကာလ ညအချိန်မို့ လူခြေက တိတ်ဆိတ်နေသည် ။ ထိုအချိန် ဝါးရုံတောကြီးနှင့် မလှမ်းမကမ်းရှိ သစ်ပင်ကြီး တစ်ပင်ကြီးတစ်ပင်ပေါ်တွင် ဇွဲနဘဲကြီးစွာ စောင့်ဆိုင်းနေကြသူ နှစ်ဦးကား ဒေါက်တာနိုင်ဇော်နှင့် ကျွနု်ပ်ပင် ဖြစ် လေ သည် ။ ကျွန်ုပ်တို့ကား ခြင်ကိုက်လည်း မရိုက်ရဲ အပေါ့အပါးလည်း မသွားရဲဘဲ ဝါးရုံတောသို့သာ စူးစိုက် ကြည့်နေကြရသည် ။ နာရီပြန် ၂ ချက်ထိုးသောအခါ လူများကလည်း ငိုက်မျည်းစပြုလာသည် ။ ” ဆရာနိုင်ဇော်ရေ ဒီည သရဲက ခြောက်ပါ့မလားဗျ” ” အင်းအသေအချာတော့ မပြောနိုင်ဘူးဗျ စောင့်တော့ကြည့်ရမှာပဲ “ ထိုအခိုက် ” ဆရာ.. ဆရာ.. အဖေက ညဉ့်နက်နေပြီဆိုလို့ ဆရာတို့ကို ခေါ်ခိုင်းလိုက်လို့ ဆင်းလာပါဦး “ ဟု အော်သံကို ကြားရလေသည ်။ အောက်သို့ငုံ့ကြည့်လိုက်သောအခါ ကျွနု်ပ်တို့ကို ဟင်းလာပေးသော သူကြီး သမီး ဖြစ်နေလေသည် ။ ကျွန်ုပ်က ပြန်ပြောမည်အပြုတွင် ဒေါက်တာနိုင်ဇော်က ” ရှူးတိုးတိုး ဆရာ ဘာမှ ပြန်မပြောနဲ့ ကျွန်တော်နောက်မှရှင်းပြမယ် “ ဟုတည်ငြိမ်စွာ ပြောလေသည် ။ 



သစ်ပင်အောက်မှ မိန်းကလေးကလည်း လေးငါးခါလောက် အော်ခေါ်လေသည် ။ အတန်ကြာသောအခါ ကျွန်ုပ်တို့ မဆင်းလာမှန်းသိသည်နှင့် ကျွန်ုပ်တို့နှစ်ဦးရှိရာသို့ စူးစူးစိုက်စိုက် ကြည့်ကာ အမှောင် ထုထဲ ဝင်ရောက်ပျောက်ကွယ်သွားလေသည် ။ ကျွန်ုပ်၏ ရင်ထဲတွင် အေးခဲသော လက်ကြီးနှင့် စွဲဆုပ် ထားဘိသကဲ့သို့ ခံစားလိုက်ရလေတော့သည် ။ ” ဒီလိုဆရာရဲ့ ဒီအချိန်ကြီးမှာ သူကြီးက သူ့သမီး မိန်းမပျိုလေးကို ကျွန်တော်တို့ နှစ်ယောက်တည်းရှိတဲ့ နေရာကို လာခေါ်ခိုင်းပါ့မလား စဉ်းစားပါဦး နောက်ပြီး ဆရာသတိထားမိလား ဒီမိန်းမက လုံးဝမျက်တောင်မခတ်ဘူးဗျို့ အမှန်တော့ ဒီလို တောတွေမှာ တောခြောက်တာတွေ နာနာဘာဝတွေ အများကြီး ရှိပါတယ် ကျွန်တော်တို့ကို ရမလားလို့ လှည့်စားတာပေါ့ဗျာ “ ဟုရှင်းပြလေသည် ။



 ထိုအခါမှ ကျွန်ုပ်လည်း ကြက်သီးထမိသွားသည် ။ ဒေါက်တာ နိုင်ဇော်မပါပဲ ကျွန်ုပ် တစ်ယောက်တည်းသာဆိုလျှင် ဆင်းသွားမိမှာ သေချာပေသည် ။ ထိုအခိုက် ဝါးရုံတောကြီးကား တဟီးဟီး မြည် လာပြီး ယိမ်းထိုးလာလေသည် ။ ထူးဆန်းသည်မှာ ဘေးနားမှ သစ်ပင်များမှာ တုတ်တုတ်မျှ မလှုပ် ။ ဝါးရုံပင ်များသာလျှင် သွက်သွက်ခါအောင် လှုပ်ခါနေခြင်းဖြစ်၏ ။ ကျွနု်ပ်တို့နှစ်ဦးလည်း သရဲခြောက်ခြင်းကို မယုံကြည် သူများ ဖြစ်သော်လည်း ယခုအခါ မစဉ်းစားတတ်အောင် ဖြစ်ရလေ၏ ။ နာရီဝက်ခန့် လှုပ်ခါပြီးသောအခါ တ ဖြည်းဖြည်း ငြိမ်သက်သွားလေတော့သည် ။ ကျွနု်ပ်တို့လည်း ဆက်လက်၍ ထူးခြားမှုများ မရှိတော့သောအခါ အောက် သို့ ဆင်းပြီး တည်းခိုရာ အိမ်သို့ ပြန်ခဲ့ကြလေတော့သည် ။ 



နံနက်ရောက်သောအခါ သူကြီးကို ညတုန်းက ကြုံခဲ့ရသည်များကို ပြန်၍ ပြောပြလိုက်ရာ သူကြီးဦးအေးမောင်မှာ လွန်စွာ ထိတ်လန့်အံ့သြလျှက်ရှိပြီး သူကြီးသမီးမှာ အံ့သြနေသော အမူအယာ ရှိလေသည် ။ သို့နှင့် ကျွန်ုပ်တို့ သူငယ် ချင်း နှစ်ဦးလည်း မတွေးတတ်အောင်ပင် ရှိနေတော့သည် ။ ညတုန်းက အိပ်ရေးပျက်ခဲ့သောကြောင့် ကျွန်ုပ်တို့ နှစ်ဦးလည်း တည်းခိုရာအိမ် သို့ ပြန်ပြီး တရေးတမော အိပ်စက်ကြလေသည် ။ ညနေစောင်း ငါးနာ ရီအချိန်လောက်တွင် လူပေါင်း ၁၀ယောက် ခန့်ပါသော လူအုပ်ကြီးသည် ရွာလယ်လမ်းတလျောက် ဖုန် တဝုန်း ဝုန်း ရှိအောင် သွားနေကြလေသည် ။ ထိုလူအုပ်ကြီး အလယ်တွင် လွန်စွာ သွေးစုပ်ဖြူလျော်လျှက်ရှိသော လူတစ်ဦးကို စောင်ပုခက်အတွက် သယ် ဆောင်လျှက် ကျွနု်ပ်တို့ နှစ်ဦး တည်းခိုရာ နေအိမ်အတွင်းသို့ ဝင်ရောက်လာ ကြလေသည် ။



 ကျွန်ုပ်တို့လည်း အခြေ အနေကို မေးမြန်းကြည့်ရာ 



” ကယ်ပါဦး ဆရာရယ် ဒါက ကျွန်တော်တို့ရွာကို လာနေကြ ကုန်သည်ကိုဘအေးပါ တစ်လ တစ်ခါလောက် လာ လေ့ရှိပါတယ် ဒီတစ်ခေါက်လာတာ ဝါးရုံတောကြီး နားအရောက်မှာ လဲကျနေတာတွေ့လို့ ရွာသားတွေက သယ် လာတာပါ ဆရာဝန်တွေလည်း ဒီမှာ ရှိတယ်ဆိုလို့ ကျွန်တော်တို့ သယ်လာတာပါ “ 



သို့နှင့် ကျွနု်ပ်တို့လည်း လူနာကို စပ်းသပ်ကြည့်ရာ နှလုံးအားနည်းနေသည်က တစ်ကြောင်း ထိတ်လန့်စရာ တစ်ခုခုကို ရုတ်တရက်တွေ့လိုက်ရ၍ သွေးလန့်သွားခြင်းပင် ဖြစ်လေသည် ။ လိုအပ်သော ကုသမှုများပေးပြီး လူနာ ကို ကျွန်ုပ်တို့ နှစ်ဦးပင် စောင့်ကြည့်လေသည် ။ တစ်နာရီခန့်ကြာသောအခါ လူနာမှာ အတော်အတန် ထူထူ ထောင်ထောင် ဖြစ်လာလေသည် ။ 



” ကဲဆိုစမ်းပါဦးဗျ ဘာတွေများ တွေ့ကြုံခဲ့ရလို့လဲ “ 

” ဒီလိုပါဆရာ ကျွန်တော့်နာမည်က ဘအေးပါ ကျွန်တော်က ဒီရွာကို တစ်လတစ်ခါတော့ ကုန်ရောင်းကုန်သည် အ လုပ်နဲ့ လာနေကျပါ အခုတစ်ခေါက် မြို့ က ထွက်လာကတည်းက ဘာမှမစားလာမိဘူးဆရာ ဒါနဲ့ ရွာတောင် ဖက်က တောစပ်က ဝါးရုံတော အောက်မှာ ကျွန်တော်ခဏနားပါတယ် ။ ပြီးတော့ကျွန်တော် ဗိုက်ဆာလွန်းလို့ မြို့က ဝယ်လာတဲ့ ခေါက်ဆွဲခြောက်တွေ ပြုတ်သောက်ဖို့ ဝါးရုံပင်အောက်မှာ မီးမွှေးပါတယ်ဆရာ အဲဒီလို မီး မွှေးပြီး ဝါးနဲနဲလိုနေလို့ ကျွန်တော် ဝါးရုံတောအစပ်က ဝါးပင်ပေါက်လေးကို သွားနှုတ်မိပါတယ် ။ နှုတ်လိုက် တဲ့အခါ အထဲက သွေးတွေ ပန်းထွက်လာပါတယ် ကျွန်တော်ဖြင့်ကြောက်လိုက်တာ လွန်ပါရောဗျာ တောခြောက် တာလား ဘာလားတော့ မသိပါဘူး ဗျာ “ 



ထိုသို့ ပြောလိုက်သောအခါ ဒေါက်တာ နိုင်ဇော်က တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့် အားရဝမ်းသာစွာ ” ကဲဒါဆို ကျွန်တော်တို့ကို အဲဒီ သွေးတွေထွက်တဲ့ နေရာ လိုက်ပို့နိုင်မလားဗျာ ကျွန်တော့်မှာ သေနတ်လည်း ပါ ပါတယ် “ ” ဟုတ်ကဲ့ ကျွန်တော်လိုက်ပို့ပေးပါ့မယ် “ သို့ဖြင့် ကိုဘအေး ၊ ဒေါက်တာ နိုင်ဇော် ၊ ကျွန်ုပ်နှင့် ရွာသား သုံးလေးယောက်တို့ ရွာ တောင်ဖက်သို့ ထွက်လာခဲ့ကြပေတော့သည် ။ 



(၅) ဝါးရုံတောကြီး အလယ်တည့်တည့် ကျွန်ုပ်တို့ ရိုးမတော ထဲ ဝင်သော အစပ်နားလောက်တွင် သွေးကွက်ကြီးကို ထင်ထင် ရှားရှား မြင်လိုက်ရပေသည် ။ သွေးများကား ဝါးပင်နှုတ်သော နေရာမှ ထွက်နေဆဲပင် ရှိသေးသည် ။ ရွာသား များကား သို့လော သို့လောနှင့် အလွန်ပင် ထိတ်လန့်တုန်လှုပ်လိုက်ရှိပေသည် ။ ဒေါက်တာနိုင်ဇော်ကား မှိုရသော မျက်နှာကဲ့သို့ အထူးပင် ဝမ်းသာလျှက် ရှိပေသည် ။ ” ဘယ့်နှယ့်တုန်း ကိုနိုင်ဇော်ရ ပြုံးလှချည်လား “ ” ဟဲဟဲ ပြုံးဆို အဖြေကို ကျွန်တော်သိပြီဗျ ဒါပေမယ့် ကျိန်းသေအောင်တော့ ကိုသက်တန့်ရယ် ကျွန်တော်ရယ် ဒီည စမ်းသပ်မှု တစ်ခု လုပ်ရလိမ့်မယ် “ ” ဟုတ်လား ကျွန်တော်ဖြင့်မ စဉ်းစားတတ်အောင်ပါပဲ ဗျာ “ ” ညရောက်ရင် ဒီသရဲ ဆိုတာကို ခင်ဗျား မျက်မြင်တွေ့ရပါစေ့မယ် ဗျာ…ဟားဟားဟား “ ဒေါက်တာနိုင်ဇော်ကို ကြည့်ရင်း ကျွနု်ပ်လည်း အတော်ပင် စိတ်အားတတ်သွားမိလေသည် ။ 



 သို့နှင့်…. ဝါးရုံတောကြီးကား အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလေသည် ။ ဟိုနားဒီနား ဖျက်ကနဲ တွေ့လိုက်ရသော အရိပ်များကား ကျွနု်ပ်ကို ခြောက်လှန့်လျက်ရှိသည် ။ နေ့လည်က တွေ့ခဲ့သော သွေး ကွက် များကား ခြောက်လျှက် ရှိပေသည် ။ ” ကျွန်တော်ယူခိုင်းလိုက်တာတွေ ပါရဲ့လား ကိုသက်တန့် “ ” ပါ ပါတယ်ဗျာ ဒီမှာ ရော့ “ ဒေါက်တာနိုင်ဇော ်ကျွန်ုပ်ကို ယူဆောင်ခိုင်းသော ပစ္စည်းများမှာ ကောက်ရိုးခြောက် အနည်းငယ်နှင့် မီးခြစ်ပင် ဖြစ်ပေ သည် ။ ထို့နောက် ဒေါက်တာ နိုင်ဇော်သည် ဝါးရုံတော အောက်ခြေတွင် မီးပုံတစ်ခုကို ဖိုလေသည် ။ ထိုသို့ ဖိုပြီး မကြာခင်မှာပင် ဝါးရုံတောကြီးကား သွက်သွက်ခါအောင် လှုပ်ယမ်းလာလေသည် ။ အခြားသစ်ပင်များကား မလှုပ်ပေ ။ ဝါးပင်များသာလျှင် တစ်စုံတစ်ဦးက လှုပ်ယမ်းနေသကဲ့သို့ လှုပ်ခါနေခြင်းဖြစ်သည် ။ 



အတန်ကြာသောအခါ ဒေါက်တာ နိုင်ဇော်က မီးပုံကို ငြိမ်းသတ်ပစ်လိုက်လေသည် ။ ထိုအခါ ဝါးရုံတောကြီးကား တစ်စတစ်စ ပြန်လည် ငြိမ်သက်သွားလေတော့သည် ။ “ ဘယ်လို ဖြစ်တာတုန်း ကိုနိုင်ဇော်ရ ကျွန်တော်တော့ ဘာမှကို မစဉ်းစားတတ်တော့ဘူး “ ” ခင်ဗျားကို အဖြေမပြောခင် နောက်တစ်ခု ပြအုန်းမယ်ဗျ လာ “ ဟုဆိုကာ ဝါးရုံတော အစပ်ရှိ ဝါးပင်များရှိရာသို့ ဦးတည်လျောက်သွားလေသည် ။



 ဒေါက်တာ နိုင်ဇော်သည် ဝါးအသေးပင်တစ်ပင်ကို ဆတ်ကနဲ နှုတ်ယူလိုက်လေသည် ။ ထိုအခါ ဝါးရုံတောကြီးမှာ စော စောကကဲ့သို့ လှုပ်ရှားယိမ်းထိုးလာလေသည် ။ ထို့ထက် အံ့သြဖွယ်ကောင်းသည်မှာ ဝါးနှုတ်လိုက်သော နေ ရာမှ သွေးများပန်းထွက်လာခြင်းပင် ဇြစ်သည် ။ နာ ရီဝက်ခန့် ကြာသောအ ခါမှသာလျှင် ပြန်လည် တည်ငြိမ် သွား လေတော့သည် ။



 ” ဘယ်လို ဖြစ်တာတုန်းကို နိုင်ဇော်ရ ဒီဝါးရုံတောက အသက်များ ရှိနေလား “

 ” ဝါးရုံတောကတော့ အသက်ဘယ်ရှိမလဲဗျာ ဝါးရုံတော အောက်ခြေမှာ အသက်ရှိတဲ့အ ကောင်ရှိနေလို့ပေါ့ “ 

” ဗျာ ဘယ်..ဘယ်လို “ ” ဒီလိုဗျ ဆရာ ကြားဖူးလား မသိဘူး ရှေးနှစ်ပေါင်းများစွာ က သတ္တဝါကြီးတွေဟာ အလွန် အမင်းကြီး ထွားခဲ့ကြတယ် ဒါကြောင့် ကုန်းမှာ မြွေပွေး ရေမှာ ငရွေး ဆိုပြီး အဆိုရှိခဲ့ကြတယ်ဗျ ရေထဲမှာဆို ငရွေးဆိုတဲ့ ငါး ဟာ အကြီးဆုံးပဲ သူပြီးမှ ညံ သတ္တဝါတွေက အကြီးဆုံးပဲ မြေကြီးထဲမှာ ဆိုရင် ကုန်းနေသတ္တဝါတွေထဲမှာ ဆိုရင်ပေါ့ ဗျာ မြွေပွေးက အကြီးဆုံးပဲဗျ ဒီကောင်တွေက အစာစားပြီးတာနဲ့ တစ်နေရာရာမှာ နှစ်နဲ့ ချီပြီး ငြိမ်ငြိမ် လေး နေနေလေ့ ရှိတယ်ဗျ ရာသီဥတုတွေပြောင်းတော့ သူတို့ကိုယ်ပေါ်မှာ လေဒါဏ်မိုးဒါဏ်နဲ့ အလေ့ကျ အပင ်တွေ ပေါက်လာတယ် မျှစ်စို့လေးတွေ လည်းပေါက်လာပြီး နောက်ပိုင်းကြီးလာတဲ့အခါ သူတို့ ကိုယ်က အသား တွေကို ဖောက်ပြီး ဝါးရုံပင်တွေပေါက်လာတယ် ဒါပေမယ့်လည်း ဒီကောင်တွေက ငြိမ်နေတော့ မသိသာ ဘူးပေါ့ ဒါပေမယ့် ဝါးရုံပင်ကို နှုတ်လိုက်တဲ့အခါ သူတို့ ကိုယ်ပေါ်က အသားတွေကို ဆွဲနှုတ်သလို ဖြစ်ပြီး သွေး တွေ ထွက်လာတာပဲဗျို့ ပြီးတော့ သူတို့ ကိုယ်ပေါ်ကိုမီးမွှေးတော့ အပူဒါဏ်ကြောင့် မြွေကြီး လှုပ်ရှား လိုက ်တဲ့အခါ သူ့ကိုယ်ပေါ်မှာ အမြစ်တွယ်နေတဲ့ ဝါးရုံတောကြီးပါ လိုက်ပြီး လှုပ်လာတာပေါ့ဗျာ “ ” အော်.. လတ်စသတ်တော့ ဒီလိုကိုး ဒါဆို သူတို့ ခေါင်းကရောဗျာ “ ” ခေါင်းကတော့ တောတွင်းတစ်နေရာမှာ ရှိမှာပေါ့ဗျာ “ ” အော်…” သို့နှင့် ကျွန်ုပ်ရင်ထဲက ပုစ္ဆာလည် း ဒေါက်တာ နိုင်ဇော် အဖြေကြောင့် ရှင်းလင်းသွားရလေတော့သည် ။



 (၆) နောက်တစ်နေ့ နံနက်တွင် ရွာသားများအား သူကြီးအိမ်တွင် စုနေစေပြီး အဖြေကို ပြောပြလိုက်လေသည် ။ ရွာသား များမှာ အံ့သြလွန်း၍ မျက်တောင်ပင် မခတ်ကြပေ ။ ပြီးနောက် ” တော်သေးတာပေါ့ ဆရာရယ် ဆရာတို့လို ဗဟုသုတကြွယ်ဝလူမို့သာပေါ့ ကျွန်တော်တို့ ဖြင့် သရဲ ခြောက် တယ်ပဲ ထင်နေတာဗျာ ဒါနဲ့ ဒီမြွေကြီးကို ဘယ်လို လုပ်ရမလဲဗျာ “ ” ဒီလို ရှိတယ်ဗျာ ဒီကောင်ကြီး ငြိမ်နေတုန်းတော့ အကြောင်းမဟုတ်ဘူးဗျ ဒါပေမယ့် အချိန်တန်လို့ ဗိုက်ဆာလို့ လှုပ်ရှား လိုက်ရင်ဒီရွာကလေးလည်း ပျက်သွားနိုင်တယ် ဒီတော့ ဒီကောင်ကြီးကို ရှင်းပစ်ရမယ်ဗျာ ရှင်းရမယ့် နည်းလမ်းကတော့ အခု ဒီရွာရဲ့ ဘေးက ခမာ တောင်ခြေမှာ ရထားလမ်းဖောက်ဖို့ တောင်တွေ ဖြိုနေကြတယ် ။ သူတို့ကို အကူအညီတောင်းပြီး ဒီကောင်ကြီးကို မိုင်းနဲ့ ရှင်းပစ်ရမှာပဲ “ ” အေးဗျာ ဆရာရဲ့ အကြံကတော့ အကောင်းဆုံးပဲ ဒီကောင်ကြီးက သူ့ဘာသာနေတဲ့အတွက် ရက်စက်ရာ ကျပေမယ့် မတတ်နိုင်ဘူးလေ တချိန်လူတွေ ဒုက္ခမရောက်ဖို့အတွက် ရှင်းပစ်ရမှာပဲ ဆရာရေ “ ဒီလိုနဲ့ ရွာသူကြီး ဦးအေးမောင် နဲ့ ရပ်ရွာလူကြီးများ ၊ ကျွန်ုပ်တို့ နှစ်ဦး ပေါင်းပြီး မိုင်းလုပ်သားများကို သွား၍ အကူ အညီတောင်းကြလေသည် ။ ရထားလမ်းအလုပ်သမားများကလည်း အထက်လူကြီးကို တင်ပြပြီး အကူအညီပေးလေသည် ။ သို့နှင့် သက်ကယ် သောင်ရွာ ကလေးတွင် ရွာသူရွာသားများအား ထိတ်လန့်တုန်လှုပ်စေခဲ့သော မြွေကြီးအား မိုင်းခွဲ၍ ရှင်းပစ် လိုက်လေတော့သည် ။ ကျွနု်ပ်တို့ နှစ်ဦး၏ စိတ်ထဲတွင်ကား သူ့ဘာသာနေသော မြွေကြီးအား တမင်တကာ သတ်ဖြတ်လိုက်ရခြင်း ဖြစ်သော်လည်း နောင်တစ်ချိန် ရွာသူရွာသူများ၏ အသက်ပေါင်းများစွာနှင့် ပတ်သည် နေသည်ဖြစ်သောကြောင့် သာ သတ်ဖြတ်ရခြင်း ဖြစ်သည်မို့ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရလေတော့သတည်း ။



စာရေးသူ……သက်တန့်ချို

Credit: မြန်မာ သရဲဇာတ်လမ်းများနှင့် ထူးဆန်းအံ့ဖွယ်ဇာတ်လမ်းများ စုစည်းမှု

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...