======

ရွက္ႀကီးေသာ မိဖုရားႏွင့္ အက်ီစားသန္ေသာ ဘုရင္

ေရွးျမန္မာတုိ႔၏ဂုဏ္ယူစရာ ပုဂံျပည္တြင္ နရသီဟ ပေတ့မင္းႀကီး အုပ္စိုးစဥ္ကာလ၊ နရသီဟပေတ့မင္းတြင္ ငယ္ရြယ္လွပၿပီး မာန္မာနႀကီးေသာ မိဖုရားငယ္တစ္ပါး ရွိသည္။ သူမနာမည္မွာ ေစာလံုျဖစ္ၿပီး နရသီဟပေတ့မင္း ၏ခ်စ္ခင္မႈကို အမ်ားဆံုးရရွိထားသူတစ္ဦးလည္းျဖစ္သည္။ပုဂံျပည္တြင္ ေႏြရာသီေရာက္တိုင္း ေရသဘင္ပြဲေတာ္၊ ေရဖ်န္းကစားေလ့ရွိၿပီး နန္းေတာ္မွ ျမစ္ဆိပ္အထိ လူမျမင္ ေအာင္ အမိုးအကာအျပည့္ကာရံၿပီး ျမစ္ဆိပ္မွာလည္း မင္းတဲေဆာက္ကာ ေရကစားေလ့ရွိၾကသည္။ရွင္ဘုရင္ႏွင့္အတူ ေမာင္းမမိႆံေတြ အစံုအလင္ျဖင့္ ေရသဘင္ပြဲေတာ္ကို ႏွစ္တိုင္းက်င္းပေလ့ရွိၾကရာ ေရ သဘင္ပြဲေတာ္က်င္းပေသာေန႔တစ္ေန႔တြင္ နရသီဟပေတ့ မင္းသည္ သူခ်စ္ရေသာမိဖုရားေစာလံုအား သႀကၤန္ပြဲေတာ္ သို႔ လာေရာက္ေရကစားရန္ဖိတ္ေခၚသည္။အစအေနာက္သန္ေသာ နရသီဟပေတ့မင္းသည္ မိဖုရားေစာလံုအား တစ္ကိုယ္လံုး ဦးေခါင္း၊ ဆံစေတြ ရႊဲစို ေအာင္ ေမာင္းမမိႆံတစ္ေယာက္ကို ႏႈတ္ထည့္(တိတ္ တဆိတ္မွာၾကား)၍ ေလာင္းရန္ တိတ္တဆိတ္မိန္႔ၾကား ထားသည္။

”မိဖုရားေစာလံုတစ္ေယာက္တည္းကို တစ္ကိုယ္လံုး စိုရႊဲၿပီး ယိမ္းယိုင္ေအာင္ ေမာင္းမတစ္ေယာက္ကို ဘုရင္ က ေလာင္းခိုင္းလိုက္တယ္။ ဒါေၾကာင့္မို႔ မိဖုရားကရွက္ၿပီး ဘုရင္ကို အဆိပ္ခတ္ၿပီးလုပ္ႀကံတယ္လို႔သိရပါတယ္”ဟု ရန္ကုန္တကၠသိုလ္စာၾကည့္တိုက္ ဝန္ထမ္းတစ္ဦးျဖစ္သူ ေဒၚေမာ္ေမာ္ေအးကေျပာျပသည္။မိဖုရားေစာလံုမွာ မ်က္စိ၊ မ်က္ႏွာ၊ ဦးေခါင္းဆံစေတြ အားလံုး ရႊဲရႊဲစို႐ံုသာမက ဝိုင္းဝန္းက်ီစားၿပီးပက္လိုက္တဲ့ ေရဒဏ္ေတြေၾကာင့္ ေရမြန္းၿပီးလဲၿပိဳမတတ္ယိုင္ထိုးသြား ပါသည္။ ေမာင္းမမိႆံေတြအလယ္မွာ အဲဒီလိုယိုင္ထိုး သြားတဲ့အျဖစ္အပ်က္ကို နရသီဟပေတ့ကျမင္ၿပီး ေလွာင္ ေျပာင္ကာ တဟားဟားနဲ႔ရယ္ဖြဲ႕ဖြဲ႕ရာ ဘုရင္ကစၿပီးရယ္ ေမာေလွာင္ေျပာင္တဲ့အတြက္ နန္းေတာ္တစ္ခုလံုးရွိ ေမာင္း မမိႆံအားလံုးကလည္း မိဖုရားကို မေလးစားေတာ့ဘဲ ဝိုင္းဝန္းၿပီး ရယ္ေမာတာကိုခံလိုက္ရသည္။ဣေႁႏၵသိကၡာတရားနဲ႔ တစ္သက္လံုးေနလာတဲ့ ေစာ လံုမွာ ရွက္လည္းရွက္၊ ေဒါသလည္းထြက္သြားၿပီး အခြင့္ သာတဲ့တစ္ေန႔မွာ လက္စားေခ်ဖို႔ ေတးမွတ္ထားပါသည္။မင္းႀကီးသည္ ျမတ္စြာဘုရား၏ဗ်ာဒိတ္အရ ဘီလူးမွ လူသားျဖစ္လာသူျဖစ္၍ အမ်က္မာန္မာနႀကီးသူတစ္ဦး ျဖစ္ၿပီး စက္ေတာ္ေခၚခ်ိန္ႏိုးထလာစမွာ ဆုပ္ကိုင္မိတဲ့ အရာေတြနဲ႔ ေမာင္းမေတြကုိ ပစ္ေပါက္ေလ့ရွိပါသည္။ ဒါေၾကာင့္မို႔ မိဖုရားႀကီးဖြားေစာက ေမာင္းမေတြသက္သာ ေအာင္ လက္နက္ေတြကိုဖြက္ထားၿပီး လုမိၺနီသီးထားေပး ထားရသည္။

အဲဒီအသီးနဲ႔ေကာက္ေပါက္လိုက္တာ ေမာင္း မတစ္ဦး ခါးေရာင္ရမ္းသြားတဲ့အတြက္ ခရမ္းသီးလို႔ေခၚ တြင္ခဲ့ေၾကာင္း မွန္နန္းရာဇဝင္တြင္ေဖာ္ျပထားသည္။မင္းႀကီး၏ထူးျခားခ်က္မွာ ဗ်ာဒိတ္အရ ဆနဝုတိ ေရာဂါမရွိသျဖင့္ ေခ်ျခင္းသမ္းျခင္းလံုးဝမရွိေပ။ နန္းေတာ္ တြင္ ေခ်ေသာ သမ္းေသာသူမ်ားကိုလည္း မႀကိဳက္ေသာ ေၾကာင့္ မေခ်၊ မသမ္းရဘဲရွိရာ မိဖုရားႀကီးဖြားေစာ၏နား ခ်မႈနဲ႔ ေခ်ျခင္း၊ သမ္းျခင္းသည္ လူတိုင္းျဖစ္ေသာအရာျဖစ္ ေၾကာင္း နရသီဟပေတ့မင္း သေဘာေပါက္ ေနာင္တရ ခဲ့သည္။နရသီဟပေတ့မင္း(မင္းေခြးေခ်း)တြင္ မိဖုရားႀကီး ဖြားေစာႏွင့္ မိဖုရားငယ္ငါးဦးျဖစ္တဲ့ မိဖုရားေစာလံု၊ ေစာ နန္း၊ ရွင္ဘား၊ ရွင္ေမာက္၊ ရွင္ေရႊတို႔က ခစားလ်က္ရွိၾက သည္။ မိဖုရားမ်ား တစ္ေယာက္တစ္လွည့္စီ ပြဲေတာ္အုပ္ ဆက္သေစရာ မိဖုရားေစာလံု အလွည့္က်ေရာက္ေသာ အခါ မိဖုရားေစာေမာက္(ရွင္ေမာက္)ကို ‘ေစာေမာက္ ငါ ကိုယ္မက်န္းလို႔ ငါ့ကိုယ္စား မင္းႀကီးကိုပြဲေတာ္အုပ္ဆက္ သေခ်’လို႔ေျပာၿပီး အၿငိဳးအေတးမ်ားေၾကာင့္ ပြဲေတာ္အုပ္ ထဲတြင္ ေဆး(အဆိပ္)ထည့္ၿပီး ဆက္သလိုက္သည္။နရသီဟပေတ့မင္း သည္ ပြဲေတာ္မတည္ခင္ မွာ ေမြးထားေသာေခြးေလး သည္ စားေတာ္ပြဲေအာက္မွ ေခ်လိုက္ေသာေၾကာင့္ စား ေတာ္မေခၚေသးဘဲ ေခြး ကို အရင္ေကြၽးရာ ေခြးမွာ အဆိပ္မိ၍ ေသဆံုးသြား ရာမွ ပြဲေတာ္အုပ္ထဲမွာ အဆိပ္ပါမွန္းသိသြားသျဖင့္ မိဖုရား ေစာေမာက္ကို ဆင့္ေခၚေစသည္။ ေစာေမာက္(ရွင္ေမာက္) က မိဖုရားေစာလံု မက်န္းမာသျဖင့္ သူ႔ကိုယ္စားဆက္သ ေပးျခင္းျဖစ္ေၾကာင္း ေလွ်ာက္ထားေသာေၾကာင့္ မိဖုရား ေစာလံုအား စစ္ေဆးေမးျမန္းရာ ”ဟယ္…ပန္းပြတ္ သည္ေျမး နင့္ကို ငါလုပ္ေကြၽးေမြးျမဴ၍ ငါ့ကိုသူေကာင္းျပဳ လွ်င္ ဤသို႔ေသာ ကိုယ္ျဖစ္၍ အထင္အရွားရွိၿပီးမွ ေမာင္း ငယ္ကို ႏႈတ္ထည့္၍ အဝတ္အစားဆံစြတ္ေအာင္ နင္လုပ္ ေသာေၾကာင့္ နင့္ကို ႏွလံုးေထာင့္၍ႀကံသည္”ဟု နရသီဟ ပေတ့မင္းရဲ႕ ငယ္က်ဳိးငယ္နာ ပန္းပြတ္သည္ေျမးဆိုတဲ့ စကားကို သံုးႏႈန္းၿပီးေျပာခဲ့သည္။

ဒီစကားကို ဘုရင္ျဖစ္သူက မခံမရပ္ႏုိင္ျဖစ္ သလို သူ႕ကိုလည္း လက္ေတြ႕က်က် အဆိပ္ခတ္လုပ္ႀကံ သည့္ ရာဇဝတ္မႈ၊ ျပစ္မႈကို က်ဴးလြန္ထားသူျဖစ္ေသာ ေၾကာင့္ သံေလွာင္ခ်ိဳင့္တြင္းထည့္ကာ ဖိုထိုးက်ပ္တင္ကာ ေသမိန္႔ေပးလိုက္သည္။ဖိုထိုးက်ပ္တင္ရန္ ပန္းပဲတစ္ေထာင္ေခၚယူ၍ သံ က်ပ္စင္လုပ္မည့္ သူသတ္တို႔ကို မိဖုရားေစာလံုက ေရႊေငြ မ်ားစြာေပး၍ ခုနစ္ရက္တိုင္တုိင္ သံက်ပ္စင္လုပ္ေစသည္။မိဖုရားေစာလံုသည္ ခုနစ္ရက္ပတ္လံုး အဓိ႒ာန္ဝင္ ကာ သီတင္းသီလေစာင့္တည္ခဲ့ျခင္း၊ အဘိဓမၼာ တရား ေတာ္နာျခင္း၊ ဘုရားဂုဏ္ေတာ္မ်ားရြတ္ပြားခဲ့ၿပီး ”မီးသံုး ႀကိမ္ေသၿပီးမွ ငါသည္ ခဏခ်င္းကြၽမ္း၍ေပ်ာက္ေစသား လို႔” အဓိ႒ာန္ျပဳဆုေတာင္းခဲ့သည္။ မိဖုရားေစာလံုကို မီး တင္႐ိႈ႕ေသာအခါ သူမရဲ႕ဆုေတာင္းေၾကာင့္ မီးသံုးႀကိမ္ တိုင္တိုင္ၿငိမ္းၿပီးမွ သူမအဓိ႒ာန္အတိုင္း ေပ်ာက္ကြယ္ သြားေတာ့သည္။နရသီဟပေတ့သည္ ေစာလံုကိုသတ္ၿပီးေနာက္ စက္ ေတာ္ေခၚခ်ိန္တိုင္း ေယာင္ယမ္းတမ္းတၿပီး ေစာလံုနာ မည္နဲ႔ ”ေစာလံု ေစာင့္ပါ ခလွည့္… ေစာလံု ေစာင့္ပါ ခလွည့္”လို႔ နာက်င္ေၾကကြဲစြာျဖင့္ ျမည္တမ္းေနသျဖင့္ မိဖုရားႀကီးဖြားေစာကပဲ ”ေစာလံုကိုစီရင္ၿပီးပါေပါ့”လို႔ သတိ ေပးလိုက္တဲ့အတြက္ ငါမွားယြင္းသြားၿပီဆုိၿပီး ေနာင္တ ႀကီးစြာ ျဖစ္ေနေတာ့ေလသည္။သို႔ျဖစ္၍တစ္ေခတ္တစ္ခါက မိဖုရားေစာလံုကဲ့သို႔ အမ်ဳိးသမီးမ်ားသည္ ဂုဏ္သိကၡာႀကီးမားကာ အရွက္တ ရားကို မိမိအသက္ျဖင့္သက္ေသျပခဲ့ၿပီး လက္ရွိ ျမန္မာ အမ်ဳိးသမီးေလးမ်ား၊ တိုင္းရင္းသားအမ်ဳိးသမီးထုတစ္ရပ္ လံုးလည္း မိမိတုိ႔၏ ဂုဏ္သိကၡာ၊ အရွက္တရားကို ထိန္း သိမ္းၾကၿပီး အမ်ဳိးသားထုတစ္ရပ္လံုးမွလည္း ယင္းတို႔ကို အျမတ္တႏိုးတန္ဖိုးထားေစဖို႔ ရည္ရြယ္ေရးသားလိုက္ျခင္း ပင္ျဖစ္ပါသည္။

က်မ္းကိုး- မွန္နန္းရာဇဝင္၊ ပၪၥမတြဲ၊
မင္းေခြးေခ်းအေၾကာင္း စာမ်က္ႏွာ ၂ဝ၆၊
မိဖုရားေစာလံုအေၾကာင္း စာမ်က္ႏွာ ၂၁၁။
Yangon Media Group

==============

ရှေးမြန်မာတို့၏ဂုဏ်ယူစရာ ပုဂံပြည်တွင် နရသီဟ ပတေ့မင်းကြီး အုပ်စိုးစဉ်ကာလ၊ နရသီဟပတေ့မင်းတွင် ငယ်ရွယ်လှပပြီး မာန်မာနကြီးသော မိဖုရားငယ်တစ်ပါး ရှိသည်။ သူမနာမည်မှာ စောလုံဖြစ်ပြီး နရသီဟပတေ့မင်း ၏ချစ်ခင်မှုကို အများဆုံးရရှိထားသူတစ်ဦးလည်းဖြစ်သည်။ပုဂံပြည်တွင် နွေရာသီရောက်တိုင်း ရေသဘင်ပွဲတော်၊ ရေဖျန်းကစားလေ့ရှိပြီး နန်းတော်မှ မြစ်ဆိပ်အထိ လူမမြင် အောင် အမိုးအကာအပြည့်ကာရံပြီး မြစ်ဆိပ်မှာလည်း မင်းတဲဆောက်ကာ ရေကစားလေ့ရှိကြသည်။ရှင်ဘုရင်နှင့်အတူ မောင်းမမိဿံတွေ အစုံအလင်ဖြင့် ရေသဘင်ပွဲတော်ကို နှစ်တိုင်းကျင်းပလေ့ရှိကြရာ ရေ သဘင်ပွဲတော်ကျင်းပသောနေ့တစ်နေ့တွင် နရသီဟပတေ့ မင်းသည် သူချစ်ရသောမိဖုရားစောလုံအား သင်္ကြန်ပွဲတော် သို့ လာရောက်ရေကစားရန်ဖိတ်ခေါ်သည်။အစအနောက်သန်သော နရသီဟပတေ့မင်းသည် မိဖုရားစောလုံအား တစ်ကိုယ်လုံး ဦးခေါင်း၊ ဆံစတွေ ရွှဲစို အောင် မောင်းမမိဿံတစ်ယောက်ကို နှုတ်ထည့်(တိတ် တဆိတ်မှာကြား)၍ လောင်းရန် တိတ်တဆိတ်မိန့်ကြား ထားသည်။

”မိဖုရားစောလုံတစ်ယောက်တည်းကို တစ်ကိုယ်လုံး စိုရွှဲပြီး ယိမ်းယိုင်အောင် မောင်းမတစ်ယောက်ကို ဘုရင် က လောင်းခိုင်းလိုက်တယ်။ ဒါကြောင့်မို့ မိဖုရားကရှက်ပြီး ဘုရင်ကို အဆိပ်ခတ်ပြီးလုပ်ကြံတယ်လို့သိရပါတယ်”ဟု ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် ဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါ်မော်မော်အေးကပြောပြသည်။မိဖုရားစောလုံမှာ မျက်စိ၊ မျက်နှာ၊ ဦးခေါင်းဆံစတွေ အားလုံး ရွှဲရွှဲစိုရုံသာမက ဝိုင်းဝန်းကျီစားပြီးပက်လိုက်တဲ့ ရေဒဏ်တွေကြောင့် ရေမွန်းပြီးလဲပြိုမတတ်ယိုင်ထိုးသွား ပါသည်။ မောင်းမမိဿံတွေအလယ်မှာ အဲဒီလိုယိုင်ထိုး သွားတဲ့အဖြစ်အပျက်ကို နရသီဟပတေ့ကမြင်ပြီး လှောင် ပြောင်ကာ တဟားဟားနဲ့ရယ်ဖွဲ့ဖွဲ့ရာ ဘုရင်ကစပြီးရယ် မောလှောင်ပြောင်တဲ့အတွက် နန်းတော်တစ်ခုလုံးရှိ မောင်း မမိဿံအားလုံးကလည်း မိဖုရားကို မလေးစားတော့ဘဲ ဝိုင်းဝန်းပြီး ရယ်မောတာကိုခံလိုက်ရသည်။ဣန္ဒြေသိက္ခာတရားနဲ့ တစ်သက်လုံးနေလာတဲ့ စော လုံမှာ ရှက်လည်းရှက်၊ ဒေါသလည်းထွက်သွားပြီး အခွင့် သာတဲ့တစ်နေ့မှာ လက်စားချေဖို့ တေးမှတ်ထားပါသည်။မင်းကြီးသည် မြတ်စွာဘုရား၏ဗျာဒိတ်အရ ဘီလူးမှ လူသားဖြစ်လာသူဖြစ်၍ အမျက်မာန်မာနကြီးသူတစ်ဦး ဖြစ်ပြီး စက်တော်ခေါ်ချိန်နိုးထလာစမှာ ဆုပ်ကိုင်မိတဲ့ အရာတွေနဲ့ မောင်းမတွေကို ပစ်ပေါက်လေ့ရှိပါသည်။ ဒါကြောင့်မို့ မိဖုရားကြီးဖွားစောက မောင်းမတွေသက်သာ အောင် လက်နက်တွေကိုဖွက်ထားပြီး လုမ္ဗိနီသီးထားပေး ထားရသည်။

အဲဒီအသီးနဲ့ကောက်ပေါက်လိုက်တာ မောင်း မတစ်ဦး ခါးရောင်ရမ်းသွားတဲ့အတွက် ခရမ်းသီးလို့ခေါ် တွင်ခဲ့ကြောင်း မှန်နန်းရာဇဝင်တွင်ဖော်ပြထားသည်။မင်းကြီး၏ထူးခြားချက်မှာ ဗျာဒိတ်အရ ဆနဝုတိ ရောဂါမရှိသဖြင့် ချေခြင်းသမ်းခြင်းလုံးဝမရှိပေ။ နန်းတော် တွင် ချေသော သမ်းသောသူများကိုလည်း မကြိုက်သော ကြောင့် မချေ၊ မသမ်းရဘဲရှိရာ မိဖုရားကြီးဖွားစော၏နား ချမှုနဲ့ ချေခြင်း၊ သမ်းခြင်းသည် လူတိုင်းဖြစ်သောအရာဖြစ် ကြောင်း နရသီဟပတေ့မင်း သဘောပေါက် နောင်တရ ခဲ့သည်။နရသီဟပတေ့မင်း(မင်းခွေးချေး)တွင် မိဖုရားကြီး ဖွားစောနှင့် မိဖုရားငယ်ငါးဦးဖြစ်တဲ့ မိဖုရားစောလုံ၊ စော နန်း၊ ရှင်ဘား၊ ရှင်မောက်၊ ရှင်ရွှေတို့က ခစားလျက်ရှိကြ သည်။ မိဖုရားများ တစ်ယောက်တစ်လှည့်စီ ပွဲတော်အုပ် ဆက်သစေရာ မိဖုရားစောလုံ အလှည့်ကျရောက်သော အခါ မိဖုရားစောမောက်(ရှင်မောက်)ကို ‘စောမောက် ငါ ကိုယ်မကျန်းလို့ ငါ့ကိုယ်စား မင်းကြီးကိုပွဲတော်အုပ်ဆက် သချေ’လို့ပြောပြီး အငြိုးအတေးများကြောင့် ပွဲတော်အုပ် ထဲတွင် ဆေး(အဆိပ်)ထည့်ပြီး ဆက်သလိုက်သည်။နရသီဟပတေ့မင်း သည် ပွဲတော်မတည်ခင် မှာ မွေးထားသောခွေးလေး သည် စားတော်ပွဲအောက်မှ ချေလိုက်သောကြောင့် စား တော်မခေါ်သေးဘဲ ခွေး ကို အရင်ကျွေးရာ ခွေးမှာ အဆိပ်မိ၍ သေဆုံးသွား ရာမှ ပွဲတော်အုပ်ထဲမှာ အဆိပ်ပါမှန်းသိသွားသဖြင့် မိဖုရား စောမောက်ကို ဆင့်ခေါ်စေသည်။ စောမောက်(ရှင်မောက်) က မိဖုရားစောလုံ မကျန်းမာသဖြင့် သူ့ကိုယ်စားဆက်သ ပေးခြင်းဖြစ်ကြောင်း လျှောက်ထားသောကြောင့် မိဖုရား စောလုံအား စစ်ဆေးမေးမြန်းရာ ”ဟယ်…ပန်းပွတ် သည်မြေး နင့်ကို ငါလုပ်ကျွေးမွေးမြူ၍ ငါ့ကိုသူကောင်းပြု လျှင် ဤသို့သော ကိုယ်ဖြစ်၍ အထင်အရှားရှိပြီးမှ မောင်း ငယ်ကို နှုတ်ထည့်၍ အဝတ်အစားဆံစွတ်အောင် နင်လုပ် သောကြောင့် နင့်ကို နှလုံးထောင့်၍ကြံသည်”ဟု နရသီဟ ပတေ့မင်းရဲ့ ငယ်ကျိုးငယ်နာ ပန်းပွတ်သည်မြေးဆိုတဲ့ စကားကို သုံးနှုန်းပြီးပြောခဲ့သည်။

ဒီစကားကို ဘုရင်ဖြစ်သူက မခံမရပ်နိုင်ဖြစ် သလို သူ့ကိုလည်း လက်တွေ့ကျကျ အဆိပ်ခတ်လုပ်ကြံ သည့် ရာဇဝတ်မှု၊ ပြစ်မှုကို ကျူးလွန်ထားသူဖြစ်သော ကြောင့် သံလှောင်ချိုင့်တွင်းထည့်ကာ ဖိုထိုးကျပ်တင်ကာ သေမိန့်ပေးလိုက်သည်။ဖိုထိုးကျပ်တင်ရန် ပန်းပဲတစ်ထောင်ခေါ်ယူ၍ သံ ကျပ်စင်လုပ်မည့် သူသတ်တို့ကို မိဖုရားစောလုံက ရွှေငွေ များစွာပေး၍ ခုနစ်ရက်တိုင်တိုင် သံကျပ်စင်လုပ်စေသည်။မိဖုရားစောလုံသည် ခုနစ်ရက်ပတ်လုံး အဓိဋ္ဌာန်ဝင် ကာ သီတင်းသီလစောင့်တည်ခဲ့ခြင်း၊ အဘိဓမ္မာ တရား တော်နာခြင်း၊ ဘုရားဂုဏ်တော်များရွတ်ပွားခဲ့ပြီး ”မီးသုံး ကြိမ်သေပြီးမှ ငါသည် ခဏချင်းကျွမ်း၍ပျောက်စေသား လို့” အဓိဋ္ဌာန်ပြုဆုတောင်းခဲ့သည်။ မိဖုရားစောလုံကို မီး တင်ရှို့သောအခါ သူမရဲ့ဆုတောင်းကြောင့် မီးသုံးကြိမ် တိုင်တိုင်ငြိမ်းပြီးမှ သူမအဓိဋ္ဌာန်အတိုင်း ပျောက်ကွယ် သွားတော့သည်။နရသီဟပတေ့သည် စောလုံကိုသတ်ပြီးနောက် စက် တော်ခေါ်ချိန်တိုင်း ယောင်ယမ်းတမ်းတပြီး စောလုံနာ မည်နဲ့ ”စောလုံ စောင့်ပါ ခလှည့်… စောလုံ စောင့်ပါ ခလှည့်”လို့ နာကျင်ကြေကွဲစွာဖြင့် မြည်တမ်းနေသဖြင့် မိဖုရားကြီးဖွားစောကပဲ ”စောလုံကိုစီရင်ပြီးပါပေါ့”လို့ သတိ ပေးလိုက်တဲ့အတွက် ငါမှားယွင်းသွားပြီဆိုပြီး နောင်တ ကြီးစွာ ဖြစ်နေတော့လေသည်။သို့ဖြစ်၍တစ်ခေတ်တစ်ခါက မိဖုရားစောလုံကဲ့သို့ အမျိုးသမီးများသည် ဂုဏ်သိက္ခာကြီးမားကာ အရှက်တ ရားကို မိမိအသက်ဖြင့်သက်သေပြခဲ့ပြီး လက်ရှိ မြန်မာ အမျိုးသမီးလေးများ၊ တိုင်းရင်းသားအမျိုးသမီးထုတစ်ရပ် လုံးလည်း မိမိတို့၏ ဂုဏ်သိက္ခာ၊ အရှက်တရားကို ထိန်း သိမ်းကြပြီး အမျိုးသားထုတစ်ရပ်လုံးမှလည်း ယင်းတို့ကို အမြတ်တနိုးတန်ဖိုးထားစေဖို့ ရည်ရွယ်ရေးသားလိုက်ခြင်း ပင်ဖြစ်ပါသည်။

ကျမ်းကိုး- မှန်နန်းရာဇဝင်၊ ပ ဉ္စမတွဲ၊
မင်းခွေးချေးအကြောင်း စာမျက်နှာ ၂ဝ၆၊
မိဖုရားစောလုံအကြောင်း စာမျက်နှာ ၂၁၁။
Yangon Media Group

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...