======

ဝါဂွမ်းတံ ဖြင့် နားဖာဂျီး ကလော်ခြင်း ၏ ကြီးမားလှသော အန္တာရယ်



နား ထဲကို ၀ါဂွမ်းတံ ထိုး ထည့်ခြင်းက အန္တရာယ် ရှိကြောင်း www.independent.co.uk က ဆောင်းပါး
တစ်ပုဒ်နဲ့ အသိပေးထားပါတယ်။ ဆောင်းပါးရဲ့ အနှစ်ချုပ်ကို တင်ပြပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်က ကျွန်တော့် အမေ ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ နားကိုက်ခြင်းကို ခံစားခဲ့
ရပါတယ်။ နာကျင်မှု က မခံရပ်နိုင်လောက်အောင်ပါဘဲ။ ပြီးတော့ ပျောက်လည်း မသွားခဲ့ပါဘူး။ တစ်ပတ်
လောက် ကြာတဲ့အခါမှာ သူမ ကျွန်တော့် ကို ခေါ်ပြီး ဒေါက်တာဆီကို သွားခဲ့ပါတယ်။ ဒေါက်တာက နား
ထဲကို otoscope ဂရုတစိုက် ထိုးထည့်ပေးပြီး ရောဂါကို စမ်းသပ်ပါတယ်။ စက္ကန့်ပိုင်းကြာတဲ့အခါ otoscope
ကို ပြန်ဆွဲထုတ်ပြီး ကျွန်တော့် အမေ မျက်နှာကို ကြည့်တယ်။

နောက် “ ခင်ဗျား နား ထဲကို ၀ါဂွမ်းတံ ထိုးထည့်ဖူးလား ” ဆိုပြီး သဘောမကျတဲ့ ပုံစံနဲ့ မေးတယ်။ အမေ
ဟာ အဲဒီလို ၀ါဂွမ်းတံ တွေကို ထိုးထည့်ပြီး အသုံးပြုခဲ့ဖူးပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့။ ဒါပေ
မယ့် နောက်ပိုင်းမှာတော့ အဲဒီ ဒဏ်နဲ့ နားက မခံမရပ်နိုင်လောက်အောင် နာကြင်ပြီး ယောင်ရမ်းလာပါ
တယ်။ ဒေါက်တာက “ ကျွန်တော့် ကို ခင်ဗျား နား ထဲမှာ အဲဒီလို ၀ါဂွမ်းတံ တွေ ထိုးမထည့်တော့ပါဘူးလို့
ကတိပေးပါ ” ဆိုပြီး ပြောခဲ့တယ်။

အဲဒီ ၀ါဂွမ်းတံ တွေဟာ ဈေးကွက် ထဲမှာ အလွန်ပေါပါတယ်။ များပြားလှစွာသော သုံးစွဲသူတွေကလည်း
သူတို့ရဲ့ ကိုယ်ပိုင်ယူဆချက်တွေနဲ့ တွင်တွင်ကျယ်ကျယ် သုံးကြပါတယ်။ ဒါပေမယ့် ကျွန်တော် တို့နား ထဲ
မှာ ခန္ဓာကိုယ်အစိတ်အပိုင်းကနေ သတင်းအချက်အလတ်တွေကို လက်ခံဖို့ အာရုံခံဆံချည်မျှင်အကြော
တွေနဲ့ ပြည့်နှက်နေတာကြောင့် ဒီ ၀ါဂွမ်းတံတွေဟာ သူတိုရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်စေပါတယ်။
အဲဒီ ၀ါဂွမ်းတံလေးတွေကို အသုံးပြုလေ အသံအိုးလို့ ခေါ်တဲ့ Eardrum ကို ပိုမို ထိခိုက်နိုင်ချေရှိပြီး
မကြာခဏ နားကိုက်တာ၊ နားယောင်ရမ်းတာ၊ အနာဖြစ်ပြီး ပြည်တည်တာ-စတဲ့ ရောဂါတွေအပြင်
အဆိုးဆုံးအခြေအနေကတော့ နားကန်းစေနိုင်တဲ့အထိ ဖြစ်ပေါ်စေနိုင်တယ်လို့ ဆောင်းပါးမှာ ဖော်ပြ
ထားပါတယ်။

သိပ္ပံပညာရှင် များနဲ့ ဆေးပညာရှင် များကိုယ်တိုင်လည်း နားဖာဂျီး ကလော်ခြင်း ဟာ ခဏခဏလုပ်ရန်
မလိုအပ်ကြောင်းကို အရင်ကသတိပေးလေ့ရှိခဲ့ပါတယ်။
Source: Independentnews
Credit : Shwemom

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...