======

အသားအေရ ၾကည္လင္ရျခင္းအေၾကာင္း ..!


တစ္ခုေသာ ညဥ့္ဦးယံတြင္ နတ္သားတစ္ေယာက္ဟာ ဘုရားရွင္ထံေရာက္လာၿပီး ေမးပါတယ္။ "ျမတ္စြာဘုရား၊ ေတာထဲ မွာေနၿပီး ကိေလသာၿငိမ္းေအးၿပီးကုန္ေသာ၊ ကိေလသာၿငိမ္းေၾကာင္းအက်င့္ျမတ္တုိ႔ကုိ က်င့္ကုန္ေသာ အရွင္ျမတ္တုိ႔ဟာ ဆြမ္း တစ္ထပ္တည္းသာ သုံးေဆာင္ၾကပါကုန္လွ်က္ အဘယ္ေၾကာင့္ အသားအေရၾကည္လင္ေနပါသလဲဘုရား။

"နတ္သား၊ ထုိအရွင္ျမတ္တုိ႔ဟာ မေရာက္လာေသးတဲ့ ပစၥည္းလာဘ္လာဘကုိလည္း ("ဘယ္ခ်ိန္ေရာက္လာမလဲ၊ ဘယ္လုိ ပစၥည္းေတြ ဘယ္သူေတြကျဖင့္လာလွဴၾကမလဲဆုိၿပီး") မေတာင့္တကုန္။ သုံးေဆာင္ၿပီးေသာ ပစၥည္းလာဘ္လာဘတုိ႔၌လည္း (ဘယ္တုန္းကျဖင့္ ဘယ္လုိစားေသာက္ဖြယ္ေကာင္းေကာင္းေတြသုံးေဆာင္ခဲ့တယ္။ ဘယ္သူက ဘယ္လုိအေကာင္းစား သကၤန္း၊ ေဆး၀ါးစသည္ လွဴလုိ႔ သုံးေဆာင္ခဲ့ရတယ္စသည္ျဖင့္ေတြးၿပီး) မစုိးရိမ္ၾကကုန္။ ပစၥဳပၸန္ျဖစ္ဆဲ ပစၥည္းလာဘ္လာဘျဖင့္ မွ်တကုန္တယ္။ ဒါေၾကာင့္ အသားအေရၾကည္လင္ေနၾကျခင္းျဖစ္တယ္ဟု မိန္႔ေတာ္မူပါတယ္။

တကယ္ေတာ့ သူမုိက္ေတြ အသားအေရေျခာက္ကပ္တယ္ဆုိတာ မေရာက္လာေသးတဲ့ လာဘ္လာဘေတြကို ေတာင့္ တၾကတယ္။ ၿပီးၿပီးေသာ လာဘ္လာဘေတြကုိ ျပန္တမ္းတရင္း စုိးရိမ္ၾကရတယ္။ ဒီအေၾကာင္းႏွစ္မ်ိဳးေၾကာင့္ သူတုိ႔ဟာ စိမ္းစိုေနတဲ့က်ဴပင္ကုိ ျဖတ္လုိက္တဲ့အခါ ေျခာက္ကပ္ေနသလုိ အသားအေရျခာက္ကပ္ေနတာပါဟု ေဟာေတာ္မူလုိက္ပါတယ္။


ဆုိလုိတာကေတာ့ လူေတြ ခႏၶာကိုယ္အုိလြယ္တယ္။ ေျခာက္ကပ္လြယ္တယ္ဆုိတာ အတြင္းကိေလသာေတြ အားၾကီး လုိ႔ပါ။ ေလာဘ၊ ေဒါသ၊ ေမာဟအားၾကီးၾကေတာ့ အသားအေရကပါ မစုိေျပျဖစ္ရတယ္။ ကိေလသာနည္းေအာင္က်င့္ေနတဲ့ သူေတာ္ေကာင္းေတြမွာေတာ့ ေဆး၀ါးမသုံးပဲလွ်က္ အသားအေရၾကည္လင္ေနပါတယ္။

Credit: ေရႊစမ္းေျမ အရွင္က၀ိဓဇသာရ

#Unicode Version
တစ်ခုသော ညဉ့်ဦးယံတွင် နတ်သားတစ်ယောက်ဟာ ဘုရားရှင်ထံရောက်လာပြီး မေးပါတယ်။ "မြတ်စွာဘုရား၊ တောထဲ မှာနေပြီး ကိလေသာငြိမ်းအေးပြီးကုန်သော၊ ကိလေသာငြိမ်းကြောင်းအကျင့်မြတ်တို့ကို ကျင့်ကုန်သော အရှင်မြတ်တို့ဟာ ဆွမ်း တစ်ထပ်တည်းသာ သုံးဆောင်ကြပါကုန်လျှက် အဘယ်ကြောင့် အသားအရေကြည်လင်နေပါသလဲဘုရား။

"နတ်သား၊ ထိုအရှင်မြတ်တို့ဟာ မရောက်လာသေးတဲ့ ပစ္စည်းလာဘ်လာဘကိုလည်း ("ဘယ်ချိန်ရောက်လာမလဲ၊ ဘယ်လို ပစ္စည်းတွေ ဘယ်သူတွေကဖြင့်လာလှူကြမလဲဆိုပြီး") မတောင့်တကုန်။ သုံးဆောင်ပြီးသော ပစ္စည်းလာဘ်လာဘတို့၌လည်း (ဘယ်တုန်းကဖြင့် ဘယ်လိုစားသောက်ဖွယ်ကောင်းကောင်းတွေသုံးဆောင်ခဲ့တယ်။ ဘယ်သူက ဘယ်လိုအကောင်းစား သင်္ကန်း၊ ဆေးဝါးစသည် လှူလို့ သုံးဆောင်ခဲ့ရတယ်စသည်ဖြင့်တွေးပြီး) မစိုးရိမ်ကြကုန်။ ပစ္စုပ္ပန်ဖြစ်ဆဲ ပစ္စည်းလာဘ်လာဘဖြင့် မျှတကုန်တယ်။ ဒါကြောင့် အသားအရေကြည်လင်နေကြခြင်းဖြစ်တယ်ဟု မိန့်တော်မူပါတယ်။

တကယ်တော့ သူမိုက်တွေ အသားအရေခြောက်ကပ်တယ်ဆိုတာ မရောက်လာသေးတဲ့ လာဘ်လာဘတွေကို တောင့် တကြတယ်။ ပြီးပြီးသော လာဘ်လာဘတွေကို ပြန်တမ်းတရင်း စိုးရိမ်ကြရတယ်။ ဒီအကြောင်းနှစ်မျိုးကြောင့် သူတို့ဟာ စိမ်းစိုနေတဲ့ကျူပင်ကို ဖြတ်လိုက်တဲ့အခါ ခြောက်ကပ်နေသလို အသားအရေခြာက်ကပ်နေတာပါဟု ဟောတော်မူလိုက်ပါတယ်။


ဆိုလိုတာကတော့ လူတွေ ခန္ဓာကိုယ်အိုလွယ်တယ်။ ခြောက်ကပ်လွယ်တယ်ဆိုတာ အတွင်းကိလေသာတွေ အားကြီး လို့ပါ။ လောဘ၊ ဒေါသ၊ မောဟအားကြီးကြတော့ အသားအရေကပါ မစိုပြေဖြစ်ရတယ်။ ကိလေသာနည်းအောင်ကျင့်နေတဲ့ သူတော်ကောင်းတွေမှာတော့ ဆေးဝါးမသုံးပဲလျှက် အသားအရေကြည်လင်နေပါတယ်။

Credit: ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...