Loading...

သင့် ဖုန်း ရေထဲ ပြုတ်ကျသွားတဲ့အခါ ဒီအချက် (၅)ချက်ကို လုပ်ဆောင်သင့်တာ


ရုတ်တရက် သင့် စမတ်ဖုန်း ရေထဲ ကျသွားရင် ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားတတ်ပါတယ။် ဒီအတွက်မပူပါနဲ့ ။ ဒီနည်းလေးတွေကို လိုက်လုပ်ကြည့်လိုက်ပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။
၁။ ဖုန်း ပါဝါ ပိတ်ပါ- ဖုန်း ရေထဲကျလို့ ပြန်ဆယ်ယူပြီးပြီးချင်း ဖုန်းပါဝါ ခလုပ်ကိုပိတ်ပါ။ ထိုသို့လုပ်ခြင်းအားဖြင့် သင့်ဖုန်းရဲ့အတွင်းပိုင်းထိcircuits တွေ ပျက်စီးသွားခြင်းကို ကာကွယ်ပေးပါတယ်။
၂။ အကုန်ဖြုတ်ပါ- ပါဝါပိတ်ပြီးရင် ဖုန်း ထဲက အရာမှန်သမျှ ဖြုတ်ပါ။ ဘက်ထရီ၊ ဆင်းကတ်ဒ်နဲ့ ဖုန်းအလှဆင်တန်ဆာ( အဖုံးခွံ၊ဖုန်းကပ်ခွာ) စတာတွေကို ဖြုတ်ပစ်လိုက်ပါ။ ထိုပစ္စည်းတွေပေါ်မှာ ရေတွေ ကျန်ရစ်ခဲ့မှုမရှိစေဖို့ ဖြုတ်တဲ့အခါ အ၀တ်စ အခြောက်ကလေးကိုင်ပြီး ဖြုတ်ပါ။
၃။ လှုပ်ခါပါ- နားကြပ်ပေါက်၊အားသွင်းပေါက် သို့မဟုတ် ဖုန်းအပြင် ရှိ ခလုပ် ကြားတွေထဲ ရေတွေကျန်မနေအောင် ဖုန်းကို အသာကလေး လှုပ်ခါပါ။ အဲ့ဒီနောက် ဖုန်းအပြင်ပိုင်းရှိ ရေတွေကို ဖယ်ရှားဖို့ အ၀တ်ခြောက် သို့မဟုတ် တစ်ခါသုံးစက္ကူစ သို့မဟုတ် တစ်ရှူးစလေးဖြင့် ဖုန်း အား သုတ်ပါ။
၎။ ဖုန်း ကို ဆန် ထဲမြှပ်ထားပါ -ဒီနည်းကတော့ အသုံးများတဲ့ နည်းလမ်းပါ။ လေလုံသေတ္တာငယ်တစ်ခုသို့မဟုတ် ဇစ်ပါသောအိတ်ထဲသို့ မချက်ရသေးတဲ့ ဆန်များထည့်ပါ။ ဖုန်းကို အဲ့ဒီ ဆန်ထဲသို့ထည့်ပါ။ထို့နောက် ယင်းအိတ် သို့မဟုတ် သေတ္တာကို ပိတ်ပြီး ခြောက်သွေ့တဲ့ နေရာမှာ ထားပါ။ ဂျုံမှုံ့၊ silica gel ထုတ်လေးတွေဖြင့်လည်း လုပ်နိုင်ပါတယ်။
၅။ စောင့်ကြည့်ပါ-ဖုန်း ကို ဆန် ထဲတွင် အနည်းဆုံး ၂၄ နာရီ မှ ၄၈နာရီကြာအောင် ထားထားပါ။ အကောင်းဆုံးကတော့ ဖုန်း အလုပ်လုပ်သေးလားဆိုတာ သိရှိလိုရင်တောင် မထုတ်လိုက်ပါနှင့်။ ရေစို တာ တအားမများရင် ဖုန်း ကအလုပ်လုပ်မှာပါ။ စက်အလုပ်မလုပ်သေးရင် ရေစိုသွားတဲ့ ဖုန်း က လုံးဝပြန်ကောင်းလာမယ်လို့တော့ အာမခံလို့ မရပါဘူး။ ပြန်ကောင်းလာဖို့က ၅၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အထက်ပါအတိုင်း ဆန်ထဲထည့်တဲ့နည်းက အလုပ်မဖြစ်ဘူးဆိုရင်တော့ သက်ဆိုင်ရာ ဖုန်း ၀န်ဆောင်မှုစင်တာကိုသွားပါ။ သူတို့က သင် ဖုန်း ပြန်ကောင်းအောင် ပြုပြင် ပေးနိုင်ပါလိမ့်မယ်။ သိထားရမှာက ဖုန်းအာမခံပေးထားမှုမှာ ရေစိုပျက်စီးမှု မပါဝင်ပါဘူး။ မိုးတွင်း သို့မဟုတ် ကမ်းခြေလိုနေရာမျိုး သွားတဲ့အခါ ဖုန်းရေစိုခံအိတ် ဆောင်သွားခြင်းမျိုးဖြင့် ရေစိုခြင်း ကို ကာကွယ်ထားနိုင်ပါတယ်။
Credit : မြန်မာအင်တာနက်စာကြည့်တိုက်

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...