======

၂၂ နှစ်အရွယ်သားဖြစ်သူနှင့် ရွယ်တူဖြစ်နေသော အမျိုးသမီး
















တရုတ်နိုင်ငံမှ လူယီလင်းအမည်ရှိ အမျိုးသမီးသည် အသက် ၅၀ နီးပါးရှိ နေပြီဖြစ်သော်လည်း ငယ်ရွယ်နုပျိုလွန်းသောကြောင့် လူပေါင်းသန်းနှင့်ချီ၏စိတ် အာရုံကိုဆွဲဆောင်နိုင်နေသည်ဟု သိရသည်။ အသက် ၂၂ နှစ်ဝန်းကျင်အရွယ်သားဖြစ်သူနှင့် အတူတွဲသွားသည့်အခါတိုင်း ချစ်သူလားဟု အမြဲအမေးခံရတတ်သည်။ စာကြည့်တိုက်မှူးဟောင်းဖြစ်သူ လူယီ လင်းသည် အသားအရေလှပပြီး ခန္ဓာကိုယ် တောင့်တင်းခိုင်မာကာ မျက်နှာတွင် ပါးရေအတွန့်တစ်ခုမှ မမြင်ရသူဖြစ်သည်။ လူ ယီလင်းက အနှစ် ၃၀ ကြာအောင် လေ့ကျင့်ခန်းများလုပ်ဆောင်မှုကြောင့် ယခုကဲ့သို့ငယ်ရွယ်နုပျိုနေရခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် ဟီနန်ပြည်နယ် ရှင်းယန်မြို့၌ လူယီလင်းကို မွေးဖွားခဲ့ပြီး ၎င်းက မိမိ၏ငယ်ရွယ်နုပျိုမှုကြောင့် တစ်ခါတစ်ရံတွင် အခက်အခဲလေးများနှင့် ရင်ဆိုင်ရတတ်သည်ဟုဆိုခဲ့သည်။ တစ်ခါ ကလည်း ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်သော သားဖြစ်သူနှင့်အတူ မင်္ဂလာပွဲသွားရာတွင် မင်္ဂလာပွဲလာဧည့်သည်များက ၎င်းမည်သူမည်ဝါ မှန်းသိလိုသောကြောင့် ဝိုင်းအုံမေးမြန်းမှုများရှိခဲ့သည်။ လူယီလင်းသည် မိတ်ကပ်လိမ်းလေ့မရှိဘဲ ရေကူးခြင်းကို အလွန်ဝါ သနာပါသူဖြစ်သည်။ တရုတ်နိုင်ငံတွင် Yညေါအျန မြစ်နှင့် တောင်ကိုရီးယားနိုင်ငံ တွင် ဟန်မြစ်ကိုဖြတ်၍ ရေကူးဖူးသည်။ ၂၀၁၆ ခုနှစ် မတ်လတွင် စိန်ခေါ်မှုတစ်ခု အနေဖြင့် မလေးရှားနိုင်ငံ ပီနန်ကမ်းခြေမှ ထွက်ခွာကာ မလက္ကာရေလက်ကြားကို အောင်မြင်စွာ ဖြတ်ကူးပြနိုင်ခဲ့သည်ဟု သိရသည်။ 
Ref : DM,12.5.2017
မေဇွန်

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...