======

ႏွစ္ခ်ီေနေသာ ဖုတ္တေစၦ ျဖစ္ရပ္မွန္ (ေၾကာက္တတ္သူမ်ား မဖတ္ရ)

ႏွစ္ခ်ီေနေသာ ဖုတ္တေစၦ
စာေရးသူ-ထီးကေလး
(ရင္ႏွင့္ရင္း၍ေရးသားသည္။)
ျဖစ္ရပ္မွန္
(……)တိုင္ေဒသၾကီး၊ (……)ခရိုင္၊ (……)ျမိဳ႕နယ္အတြင္းရွိ လက္ပန္လွေက်းရြာေလးထိပ္တြင္ မူးေခ်ာင္းဟူ၍ တည္ရွိလ်က္ရွိျပီး၊ မူးေခ်ာင္းအေရွ႕ဘက္တြင္ သရက္ျခံၾကီး တစ္ျခံတည္ရွိေနခဲ႔ပါသည္။ ထိုသရက္ျခံၾကီးအတြင္း၌ ျခံေစာင့္ အလုပ္သမားမ်ားျဖစ္ၾကေသာ ဦးၾကြက္ႏွင့္ ေဒၚျငိမ္းဟူသည့္ လင္မယားႏွစ္ဦးတည္းသာလ်င္ ေနထိုင္လ်က္ရွိေပသည္။ ဦးၾကြက္ႏွင့္ ေဒၚျငိမ္းတို႔မွာ အိမ္ေထာင္သက္ ႏွစ္မ်ားစြာ ၾကာျမင့္ေနခဲ႔ေသာ္လည္း သားသမီးရတနာ မထြန္းကားခဲ႔ေပ။
လင္မယားႏွစ္ဦးတည္းသာလ်င္ ျခံေစာင့္အလုပ္ျဖင့္ ေအးရာေအးေၾကာင္း အသက္ေမြးေနလ်က္ ရွိေပသည္။ တစ္ေန႔တြင္ ဦးၾကြက္မွာ အလုပ္ကိစၥတစ္ခုျဖင့္ တစ္ဖက္ရြာဆီသို႔ သြားေရာက္ခဲ႔ျပီး၊ အျပန္တြင္ ညမွာ ညဦးပိုင္း(၈)နာရီေက်ာ္မွ် ရွိေနခဲ႔ျပီးျဖစ္သည္။ ေက်းရြာတို႔၏ သဘာဝအရ ည(၈)နာရီေက်ာ္ျပီဆိုလ်င္၊ ျမိဳ႕ၾကီးျပၾကီး၏ ညနက္အခ်ိန္ခါမ်ားႏွင့္ ထပ္တူညီေပသည္။ အဘယ့္ေၾကာင့္နည္း။
လ်ပ္စစ္မီးမ်ားသည္လည္း ေကာင္းမြန္စြာ မရရွိေသးသည္ေၾကာင့္ မီးခြက္ေလးမ်ားျဖင့္ ညဘက္အခ်ိန္ခါမ်ားကိုပင္ ကုန္ဆံုးေစခဲ႔ရပါသည္။ မိုးခ်ဳပ္ျပီးဆိုသည္ႏွင့္ အိပ္စက္အနားယူၾကျခင္းေၾကာင့္ ထိုကဲ႔သို႔ေသာ ည(၈)နာရီဆိုလ်င္ ေက်းရြာေလးတိုင္းတြင္ လူေျခတိတ္ေနခဲ႔ၾကျပီ ျဖစ္ေလသည္။ ထို႔ေၾကာင့္ ယခုဦးၾကြက္တစ္ေယာက္ အျပန္လမ္းတြင္မူ အေမွာင္ရိပ္မ်ားမွ အုပ္စိုးေနခဲ႔ျပီး၊ လေရာင္ပ်ပ်ကေလးသာလ်င္ ရွိေနခဲ႔ပါသည္။
ထိုကဲ႔သို႔ေသာ္ အခ်ိန္ခါမ်ိဳးအတြင္း၌ မိမိ၏သရက္ျခံဆီသို႔ ျပန္လမ္းဦးတည္ေနခဲ႔သည့္ ဦးၾကြက္၏ နားအတြင္း၌ တစ္စံုတစ္ခုေသာ အသံကိုပင္ ၾကားသိလိုက္ရေလသည္။
“အူဝဲ… အူဝဲ”
“ဟင္… ဘာအသံပါလိမ့္။”
ထိုကဲ႔သို႔ေသာ္ ကေလးငိုသံကိုပင္ ရုတ္တရက္ ၾကားသိလိုက္ရသည့္ ဦးၾကြက္မွာ ေလ်ာက္လွမ္းေနခဲ႔ေသာ ေျခလွမ္းမ်ားပင္လ်င္ တုန္႔ခနဲရပ္တန္႔သြားခဲ႔ရေလ၏။ က်က္သီးမ်ားသည္လည္း တဖ်န္းဖ်န္း ထလာခဲ႔ရသည္။ ထို႔ေနာက္ ေဘးပတ္ဝန္းက်င္မ်ားဆီသို႔ လည္ျပန္ခါ လွည့္ၾကည့္လိုက္ေလျပီး၊ အသံၾကားရာဆီသို႔ ဦးတည္ရန္ ဟန္ျပင္လိုက္ေလသည္။
“ဟင္… ကေလးေလးပါလား။”
“ဟာ… ဘယ္လို မိဘမ်ိဳးေတြက ရက္ရက္စက္စက္ လာပစ္သြားရတာပါလဲ။”
“ၾကည့္စမ္းပါဦး။ ပုရြက္ဆိတ္ေတြကိုက္လို႔ ဒုကၡေတာ့ျဖစ္ကုန္ေတာ့မယ္။”
“ငါဘာလုပ္ရမလဲ။”
“ဟာ… ဒီအတိုင္းပစ္ထားခဲ႔ရင္ ဒီကေလးေတာ့ ေသသြားေတာ့မွာပဲ။”
“မျဖစ္ဘူး။ မျဖစ္ဘူး။ ငါေခၚသြားမယ္။ မနက္ၾကမွ စံုစမ္းျပီး မိဘေတြလက္ထဲ ျပန္ထည့္ေပးလိုက္တာ ပိုေကာင္းပါတယ္ေလ။”
အသင့္ယူေဆာင္လာခဲ႔ေသာ လက္ႏွိတ္ဓာတ္မီးေလးျဖင့္ ကေလးငိုသံၾကားရာဘက္ဆီသို႔ ဦးတည္သြားေရာက္လိုက္သည္ႏွင့္ စုတ္ပ်က္ေနခဲ႔ေသာ ေစ်းေတာင္းေလးအတြင္း၌ ေမြးကင္းစ ကေလးငယ္ေလးတစ္ဦးအား ရက္စက္စြာ စြန္႔ပစ္ထားခဲ႔သည့္ ျမင္ကြင္းကိုပင္ ျမင္ေတြ႔လိုက္ရေလေတာ့သည္။ ကေလးငယ္ေလးမွာ မိခင္ဝမ္းအတြင္းမွ ေမြးဖြားလာခဲ႔ရသည္မွာ နာရီပိုင္းမွ်သာလ်င္ ရွိေနလိမ့္ဦးမည္ျဖစ္သည္။
ထိုကဲ႔သို႔ေသာ္ ေမြးကင္းစ ကေလးငယ္ေလးအား စြန္႔ပစ္ထားခဲ႔သည္ေၾကာင့္ ေစ်းေတာင္းေလးအတြင္း၌ ရွိေနခဲ႔သည့္ ကေလးေလးကိုပင္ ပုရြက္ဆိတ္မ်ားမွာ ဝိုင္းအံုးကိုက္ေနခဲ႔သည္က သနားစရာပင္ ေကာင္းလြန္းလွသည္။ ထို႔ေၾကာင့္ ဦးၾကြက္သည္လည္း ထိုကေလးေလးအား မိမိ၏ေနအိမ္ထံသို႔ ေခၚေဆာင္သြားရန္ ဆံုးျဖတ္လ်က္၊ ေခၚေဆာင္လာခဲ႔ေလေတာ့သည္။
ေနအိမ္ထံသို႔ ျပန္လည္ေရာက္ရွိလာခဲ႔ျပီးေနာက္ ဇနီးျဖစ္သူကိုပင္ အက်ိဳးအေၾကာင္းမ်ားစြာ ေျပာဆိုလ်က္၊ မနက္အခ်ိန္ခါတြင္းတြင္ ရြာလူၾကီးထံသို႔ ကေလးငယ္ေလးတစ္ဦး ေကာက္ရထားခဲ႔ေၾကာင္းမ်ားအား သြားေရာက္ေျပာဆိုျပခဲ႔သည္။ ထိုအခါ ရြာလူၾကီးသည္လည္း မည္သူ၏ ကေလးပင္ျဖစ္သနည္းဟု ေၾကညာမႈ႕မ်ားစြာျဖင့္ ေမးျမန္းခဲ႔ေသာ္လည္း ကေလးငယ္ေလး၏မိဘမ်ားမွာ မည္သူမည္ဝါဟူ၍ မေပၚေပါက္ခဲ႔ေပ။
ထို႔ေၾကာင့္ သားသမီးမထြန္းခဲ႔ေသာ္ ဦးၾကြက္ႏွင့္ေဒၚျငိမ္းတို႔သာလ်င္ ထိုကေလးငယ္ေလးအား ေမြးစားထားခဲ့ရေပေတာ့သည္။ မိမိတို႔မွာမူ တစ္ေန႔လုပ္မွ တစ္ေန႔စားမ်ားျဖစ္သည္ေၾကာင့္ ေမြးစားထားခဲ႔ေသာ ကေလးေလးကိုပင္ နို႔မႈန္႔ဟူ၍ မတိုက္ေကြ်းနိုင္ပဲ၊ မိမိတို႔ေမြးျမဴးထားခဲ႔သည့္ ဆိတ္မၾကီးထံမွ ရရွိလာေသာ ဆိတ္နို႔ကိုသာလ်င္ တိုက္ေကြ်းေနခဲ႔ရေလသည္။
“မျငိမ္း… ကေလးက ငိုလွခ်ည္လားဟ။ နို႔ေရာ တိုက္ရဲ့လား ဒီေန႔…။”
“တိုက္ပါတယ္ေတာ္…။ ရွင့္ကေလးက နို႔ကုန္တာနဲ႔ ငိုေတာ့တာပဲေတာ့… ကြ်န္မလည္း အမ်ိဳးမ်ိဳးေခ်ာ့တာပဲ ေခ်ာ့လို႔ကိုမရဘူး။’
“သြားပါဦးေအ… နို႔ရွိေသးရင္ နည္းနည္းေလာက္ နို႔ဘူးထဲ ထည့္လာခဲ႔ပါဦး။”
ဦးၾကြက္တစ္ေယာက္ ထမင္းစား ျပန္လည္ေရာက္ရွိလာခဲ႔ေသာ ေန႔လည္ခင္းအခ်ိန္ပိုင္း၌ ကေလးငယ္ေလး၏ ငိုေၾကြးသံမ်ားကိုပင္ ၾကားသိေနခဲ႔ရသည္ေၾကာင့္ ဇနီးျဖစ္သူ ေဒၚျငိမ္းအား ထိုကဲ႔သို႔ပင္ ေျပာဆုိေလခဲ႔သည္။ ကေလးငယ္ေလးမွာ နို႔ဘူးႏွင့္ ပါးစပ္ ပ်က္၍ပင္မရ၊ နို႔ကုန္သြားခဲ႔သည္ႏွင့္ မည္သို႔မွပင္ ေခ်ာ့ျမဴ၍မရေတာ့ပဲ ငိုေၾကြးေနခဲ႔ေလေတာ့သည္။
ေန႔စဥ္ႏွင့္အမွ် ထိုကဲ႔သို႔ ျဖစ္ေနခဲ႔သည္ေၾကာင့္ ဆိတ္မၾကီးထံမွ ဆိတ္နို႔မ်ားသည္လည္း လံုေလာက္စြာျဖင့္ မရရွိေတာ့ေပ။ ထို႔ေၾကာင့္ မိမိတို႔၏ စားဝတ္ေနေရး စာရိတ္မ်ားကုိပင္ ပံုမွန္ထက္ေလ်ာ့ခ်လ်က္၊ အမ်ားသူမ်ားထံမွ ဆိတ္နို႔၊ ႏြားနို႔မ်ားကိုပင္ ဝယ္ယူခါ၊ ကေလးငယ္ေလးအား တိုက္ေကြ်းလာခဲ႔ရေပေတာ့သည္။
“မိန္းမေရ… ငါတို႔ေတာ့ ဒီအတိုင္းဆိုရင္ မြဲရခ်ည္ရဲ့…။ တို႔ကေလးက နို႔ဘူးနဲ႔ပါးစပ္ ပ်က္လို႔ကိုမရဘူးျဖစ္ေနတယ္။ ဒီေတာ့ ထမင္းေတြဘာေတြ စမ္းျပီး ဝါးခြန္႔ၾကည့္ပါလား။”
“အိုးေတာ္… ဒီအရြယ္ကိုေလး ဘယ္လိုလုပ္ျပီး ထမင္းဝါးခြန္႔လို႔ ရဦးမွာလဲေတာ့..။”
“ဒါေတာ့ ဒါေပါ့ကြာ… ဒါေပမယ့္ နည္းနည္းပါးပါး စမ္းခြန္႔ၾကည့္ပါလား။ သူထမင္းစားေတာ့လည္း ငါတို႔အတြက္ စာရိတ္ပိုသလို… ကေလးလည္း အာဟာရပိုျဖစ္တာေပါ့”
နို႔ဖိုးမတတ္နိုင္ေတာ့သည့္အဆံုး ဦးၾကြက္သည္လည္း ဇနီးျဖစ္သူအား ထိုကဲ႔သို႔ပင္ အၾကံေပးခဲ႔ေလသည္။ ေဒၚျငိမ္းသည္လည္း လသားအရြယ္ေလးကိုပင္ ထမင္းဝါးေကြ်း၍ မရနိုင္ေသးေၾကာင္း သိရွိထားခဲ႔ေသာ္လည္း နို႔ဖိုးအတြက္ အကဲခတ္ျဖစ္ေနခဲ႔သည္ေၾကာင့္ လင္ေယာက်္ားျဖစ္သူ၏ ေျပာစကားမ်ားအတိုင္းသာလ်င္ ျပဳလုပ္ၾကည့္ေလသည္။
“ကိုၾကြက္… လာပါဦးေတာ္…။ ရွင့္သားေလးက ထမင္းစားတယ္ေတာ့… ကြ်န္မျဖင့္ ဝါးေကြ်းလို႔ကို အလ်င္မမွီဘူး။”
“ဟင္… ဟုတ္လား။ ဒါဆို ေကာင္းတာေပါ့ကြ။ သူလည္း ထြားထြားၾကိဳင္းၾကိဳင္းျဖစ္… တို႔လည္း နို႔ဖိုးေလး သက္သာသြားတာေပါ့။”
“ၾကည့္စမ္း… နို႔ဆို႔တုန္းကအတိုင္းပဲ ပါးစပ္ထဲ ထမင္းကုန္သြားျပီဆိုတာနဲ႔ ရွင့္ကေလးက ငိုေတာ့တာပဲ..။ တကယ့္ကို ပူတယ္ေတာ္။”
“မိန္းမကလည္း ကေလးကို အဲ႔ဒီလိုမေျပာပါနဲ႔ကြာ။ သူစားေတာ့ တို႔မိဘေတြအေနနဲ႔ ေကြ်းရတာေတာင္ ဘယ္ေလာက္ ပီတိျဖစ္ဖို႔ေကာင္းတုန္း။ တခ်ိဳ႕မိဘေတြမ်ား ကေလး အစားမစာလို႔ စိတ္ညစ္ေနၾကတာ တစ္ပံုၾကီး။”
ကေလးငယ္ေလးမွာ ႏွစ္လသားအရြယ္ေလးျဖင့္ ေဒၚျငိမ္းဝါးခြန္႔သည့္ ထမင္းမ်ားကိုပင္ အားပါးတရ စားေသာက္တတ္ေပသည္။ နို႔ဘူးဆို႔စဥ္မွအတိုင္း သူ၏ပါးစပ္အတြင္း၌ ထမင္းလုတ္ကုန္သြားခဲ႔သည္ႏွင့္ ငိုေၾကြးရန္အတြက္ပင္ ဟန္ျပင္ေနခဲ႔ျပီျဖစ္ေလသည္။ ထမင္းေကြ်းသည့္ အခါတြင္လည္း ဝါးခြန္႔သည့္ သူအဖို႔ အလ်င္မွီေအာင္ပင္ မဝါးနိုင္၊ စားပစ္လိုက္သည္မွာ လြန္စြာျမန္လြန္းလွေပသည္။
ထိုကဲ႔သို႔ ျဖစ္ပ်က္ေနခဲ႔ေသာ အျဖစ္မ်ားကိုပင္ ဦးၾကြက္ႏွင့္ ေဒၚျငိမ္းတို႔မွာမူ သတိမထားမိေသး၊ တစ္ခါတစ္ရံေသာ အခါမ်ားတြင္ ကေလးငယ္ေလး၏ ခႏၶာကိုယ္ဆီမွ အပုပ္နံ႔တစ္ခ်ိဳ႕႔ တသဲ႔သဲ႔ကေလး ရရွိလာခဲ႔ေပသည္။ သည္လိုႏွင့္ ထိုကေလးငယ္ေလးအား ျပဳစုေစာင့္ေရွာက္လာခဲ႔ျပီး တစ္ႏွစ္သားခန္႔အရြယ္သို႔ ေရာက္ရွိလာခဲ႔သည္ႏွင့္ ကေလးေလးမွာ မတ္တပ္ပင္လ်င္ စမ္းရပ္လ်က္၊ တစ္ေတာက္ေတာက္ ေဆာ့ကစားတတ္လာခဲ႔ျပီ ျဖစ္သည္။
သို႔ေသာ္ ကေလးငယ္ေလး၏ အမူအက်င့္မ်ားမွာ ထမင္းစားလ်င္ လူၾကီးႏွစ္ေယာက္စာမွ် စားေသာက္တတ္ျပီး၊ စားေသာက္လ်င္လည္း အသားဟင္းပါမွသာလ်င္ စားေသာက္တတ္ေပသည္။ ထမင္းစားသည့္ အခါတြင္လည္း ခြန္႔ေကြ်းသည္ကိုပင္ အားမရနိုင္၊ မသန္စြမ္းေသးေသာ သူ၏လက္ကေလးျဖင့္ သူ၏ပါးစပ္အတြင္းသို႔ ကိုယ္တိုင္ယူေဆာင္ စားေသာက္တတ္ျခင္းမ်ိဳးျဖစ္ေပသည္။
ထုိသို႔ေသာ္အခါမ်ားတြင္ မိဘမ်ားျဖစ္သည့္ ဦးၾကြက္ႏွင့္ ေဒၚျငိမ္းတို႔မွာမူ မိမိတို႔၏ ကေလးေလးမွာ တစ္ႏွစ္သားေလးႏွင့္ လြန္စြာလူၾကီးဆန္စြာျဖင့္ နားလည္သိတတ္သည္ဟု သတ္မွတ္ထားခဲ႔ၾကေလသည္။ တစ္မနက္ ကေလးငယ္ေလးမွာ ေနအိမ္ေလးအေပၚ၌ ေနရာအနံ႕ ေဆာ့ကစားေနခဲ႔သည့္အခ်ိန္၊ တစ္ဖက္ရြာမွ ဦးၾကြက္၏ ငယ္သူငယ္ခ်င္းျဖစ္ေသာ ကိုျမေမာင္မွာ အလည္သေဘာျဖင့္ ေရာက္ရွိလာခဲ႔ေလသည္။
ေနအိမ္အေပၚတြင္လည္း ဦးၾကြက္ႏွင့္ ေဒၚျငိမ္းတို႔မွာ ရွိေနခဲ႔ၾကျပီး၊ ကိုျမေမာင္ ျခံအတြင္းသို႔ ဝင္ေရာက္လိုက္သည္ႏွင့္ ကေလးငယ္ေလးမွာ ဖိနပ္ခြ်တ္ေလးအတြင္း၌ ေဆာ့ကစားေနခဲ႔ရမွ ရုတ္တရက္ ရပ္တန္႔သြားခဲ႔ရေပသည္။ ဦးၾကြက္သည္လည္း သူ၏ သူငယ္ခ်င္းျဖစ္သူ ကိုျမေမာင္ ေရာက္ရွိလာခဲ႔သည္ေၾကာင့္ ခရီးဦးၾကိဳရန္အတြက္ ထိုင္ေနရာမွ ထလိုက္ေလ၏။
ဖိနပ္ခြ်တ္ေလးအတြင္း၌ ေဆာ့ကစားေနခဲ႔ရာမွ ရုတ္တရက္ မတ္တပ္ရပ္လ်က္ ျငိမ္သတ္ေနခဲ႔ေသာ ကေလးငယ္ေလးအား ျမင္ေတြ႔လိုက္ရသည္ႏွင့္ ကိုျမေမာင္မွာ ျခံဝမွေန၍ ထိုကဲ႔သို႔ပင္ ေအာ္ဟစ္ေျပာလိုက္ေလသည္။
“ေဟ့… ကိုေရႊဖုတ္… မင္းက ဒီအရြယ္ေတာင္ ေရာက္ေနပါေရာလား။”
ခပ္ျပံဳးျပံဳးအမူယာမ်ားျဖင့္ ကိုျမေမာင္တစ္ေယာက္ ထိုကဲ႔သို႔ ေျပာဆိုလိုက္သည္ႏွင့္ မတ္တပ္ရပ္လ်က္ရွိေနခဲ႔ေသာ ကေလးငယ္ေလးမွာ ရုတ္တရက္ပစ္လဲက်သြားခဲ႔ေလသည္။ ထို႔ေၾကာင့္ မိဘမ်ားသည္လည္း စိုးရိမ္တၾကီး သြားေရာက္ထူမည့္အခါတြင္ ကေလးေလးမွာ အရိုးေပၚ၊ အရည္တင္လ်က္ ပိန္လွီေနခဲ႔ျပီး အပုပ္နံ႔မ်ားပင္လ်င္ ထြက္ေပၚေနခဲ႔ေလေတာ့သည္။
“ဟာ… သားေလး… သားေလး…။”
“ေယာက်္ား… ရွင့္သားေလးကို ၾကည့္ပါဦး။ သားေလး… သားေလး။”
“ဟင္… သားေလး ဘယ္လိုျဖစ္ရတာလဲ။”
ကေလးငယ္ေလး၏ ရုပ္အသြင္သ႑န္မ်ားအား ျမင္ေတြ႔လိုက္ရေသာ ဦးၾကြက္ႏွင့္ ေဒၚျငိမ္းတို႔မွာမူ အံ႔ၾသတၾကီးျဖစ္သြားလ်က္၊ မ်က္လံုးျပဴးဆန္ျပာျဖင့္ ကေလးငယ္ေလးအား ေပြ႔ခ်ီလိုက္ေလသည္။ ထိုအခါ ကေလးငယ္ေလး၏ အသားမ်ားမွာ ပဲ့က်ကုန္လ်က္၊ အပုပ္နံ႔မ်ားသည္လည္း တေထာင္းေထာင္း ထြက္ေပၚလာခဲ႔ေလေတာ့သည္။
ျခံဝမွေန၍ ကိုျမေမာင္သည္လည္း ေနအိမ္အေပၚသို႔ တလွမ္းခ်င္း တတ္ေရာက္လာခဲ႔ျပီး၊ ဦးၾကြက္ႏွင့္ ေဒၚျငိမ္းတို႔၏ အနားဆီသို႔ ေရာက္ရွိလာသည္ႏွင့္ ထိုကဲ႔သို႔ပင္ ေျပာဆိုေလေတာ့သည္။
“ျမေမာင္… မင္းဘယ္ကေန လွည့္လာတာလဲ။”
“ေအး… ငါလည္း နယ္တကာလွည့္ုျပီး ေဆးလိုက္ကုေနတာ။ ဒီေႏြဦးေပါက္ေလးမွာ ရြာမွာ ျပန္နားခ်င္တာနဲ႔ ျပန္လာခဲ႔တာကြ။”
“ေအးကြာ… ဒီမွာၾကည့္ပါဦး။”
“ဟင္… အဲ႔ဒါဘာျဖစ္တုန္း။”
“ဘာျဖစ္ရမွာလဲကြ၊ မင္းျခံထဲဝင္လာမွ ငါ့သားေလး… ရုတ္တရက္အခုလို ျဖစ္သြားရတာ။ ၾကည့္ပါဦးကြာ”
“လုပ္မေနနဲ႔ ငၾကြက္… မင္းကေလးအေၾကာင္းေတြကို ငါ့ညီမဆီကေန သိရလို႔ မင္းအိမ္ကို ငါလာခဲ႔တာ…။”
“ဟင္… ဘာအေၾကာင္းေတြတုန္းကြ။”
“ဘာအေၾကာင္းေတြျဖစ္ရမွာလဲ။ မင္းရြာထိပ္ကေန ေမြးကင္းစ ကေလးေလးတစ္ေယာက္ ေကာက္ရျပီး ေမြးစားထားတဲ႔အေၾကာင္း၊ ျပီးေတာ့ ပါးစပ္နဲ႔နို႔ဘူး ပ်က္လို႔မရေအာင္ နို႔ဆို႔တတ္အေၾကာင္း၊ အရြယ္နဲ႔မလိုက္ပဲ ဝါးေကြ်းတဲ႔ ထမင္းလုတ္ကို ေကြ်းတဲ႔သူ အလ်င္မမွီေအာင္ စားတတ္တဲ႔အေၾကာင္းေတြေပါ့ကြ။ ျပီးေတာ့ ေျပာေသးတယ္။ ဘာတဲ႔… တစ္ခါတစ္ေလၾကရင္ ကေလးကိုယ္ကေန အပုပ္နံ႔သဲ႔သဲ့ရတယ္ဆို… ဟုတ္လား အဲ့ဒါေတြ…။”
“ဟင္… ဟုတ္… ဟုတ္တယ္ကြ။”
“ေအး… သူငယ္ခ်င္း… မင္းကေလးကို ဘယ္လိုကေန ဘယ္လို စေတြ႔ခဲ႔တာလဲဆိုတာ ငါ့ကိုေျပာစမ္းပါဦး။”
“ဒီလိုကြ… သူငယ္ခ်င္းရ…။”
ကိုျမေမာင္ဆိုသူမွာ နယ္တကာလွည့္လ်က္ ေဆးကုေပးေနခဲ႔ေသာ တိုင္းရင္းေဆးဆရာ တစ္ဦးျဖစ္သည့္အလား၊ အထက္ဂုဏ္းဆရာ တစ္ဦးသည္လည္း ျဖစ္ေနခဲ႔ျပန္သည္။ သူသည္ ပေယာဂါမ်ားအားလည္း နယ္တကာလွည့္၍ ကုသေပးေနခဲ႔ရသည္ေၾကာင့္ ဖုတ္၊ တေစၦ၊ မွင္စာ၊ သူေယာင္၊ လမိုင္း၊ ကေဝ၊ စုန္း အစရွိေသာ အပ ပေယာဂါမ်ားႏွင့္ လြန္စြာရင္းႏွီး ကြ်မ္းဝင္ေနခဲ႔ျပီျဖစ္ေလသည္။
ယခုအခါတြင္မူ မိမိ၏ ေက်းရြာေလးဆီသို႔ ေရာက္ရွိလာခဲ႔သည့္ အခ်ိန္တြင္ ညီမျဖစ္သူထံမွ ဦးၾကြက္တစ္ေယာက္ ေကာက္ယူေမြးစားထားခဲ႔ေသာ ကေလးေလး၏ အေၾကာင္းမ်ားကိုပင္ သိရွိလိုက္ရျပီး သူငယ္ခ်င္းျဖစ္သူ၏ ေနအိမ္ထံသို႔ စ္ိုက္ျမိဳက္စြာ ေရာက္ရွိလာခဲ႔ရျခင္းျဖစ္ေပသည္။
ကေလးငယ္ေလး၏ အေၾကာင္းမ်ားအား ၾကားသိလိုက္ရသည္ႏွင့္ ကိုျမေမာင္မွာမူ ဖုတ္ဝင္စားေနခဲ႔ေသာ ကေလးငယ္ေလးပင္ ျဖစ္သည္အား ေကာင္းစြာသိရွိခဲ႔ပါသည္။ ထုိ႔ေၾကာင့္ မိမိအား ျမင္လ်င္ျမင္ခ်င္း ရပ္တန္႔သြားခဲ႔သည့္ ကေလးငယ္ေလးအား “ကိုေရႊဖုတ္”ဟုပင္ အမည္တပ္လ်က္ ေခၚေဆာင္လိုက္ျခင္းမ်ိဳး ျဖစ္ေပေတာ့သည္။
ဝါရင့္ပေယာဂါဆရာၾကီးျဖစ္ေသာ ကိုျမေမာင္၏ ရိသဲ႔သဲ႔ေခၚဆိုလိုက္သံမ်ားေၾကာင့္ ႏွစ္ရွည္လမ်ား ကေလးငယ္ေလး၏ ခႏၶာကိုယ္အတြင္း၌ ဝင္ေရာက္ကပ္တြယ္ေနခဲ႔ေသာ ဖုတ္တေစၦမွာ ခ်က္ခ်င္းပင္လ်င္ ထြက္ခြာသြားခဲ႔ရေလသည္။ ဦးၾကြက္သည္လည္း ကေလးငယ္ေလးအား စတင္ေတြ႔ရွိခဲ႔ရသည့္ အခ်ိန္တြင္ ပုရြက္ဆိတ္အနီေကာင္မ်ားမွာ မ်ားျပားစြာ ကိုက္လ်က္ရွိေနခဲ႔သည္အား ေျပာဆိုျပခဲ႔ေလသည္။
ထိုအခါ မိတ္ေဆြျဖစ္သူ ပေယာဂါဆရာၾကီး ဦးျမေမာင္ထံမွ ေျပာဆိုလာခဲ႔ေသာ စကားတို႔မွာ ဤသို႔ပင္ ျဖစ္ေလေတာ့သည္။
“ဒါဆိုရင္… အဲ႔ဒီကေလးေလးက မင္းစေတြ႔တဲ့အခ်ိန္တည္းက ပုရြက္ဆိတ္ကိုက္လို႔ ေသသြားေလာက္ျပီကြ။”
“ေဟး”
ထိုကဲ႔သို႔ေသာ္ ေျပာစကားမ်ားေၾကာင့္ ဦးၾကြက္ႏွင့္ေဒၚျငိမ္းတို႔သည္လည္း ပါးစပ္အေဟာင္းသား ျဖစ္သြားၾကရသည္။ မည္သို႔မွပင္ မျငင္းဆန္နိုင္၊ ကေလးငယ္ေလးအား ေမြးစားခဲ႔သည့္ အခ်ိန္မွစတင္ျပီး ယခုအခ်ိန္ထိ ပံုမွန္မဟုတ္ေသာ ကေလးငယ္ေလး၏ အစားေသာက္၊ အေနထိုင္တို႔မွာ လြန္စြာၾကမ္းတမ္းေနခဲ႔သည္။
ထိုတင္မကေသး ကိုျမေမာင္ ေရာက္ရွိလာခဲ့သည္ႏွင့္ ရုတ္တရက္ ေသဆံုးသြားခဲ႔သည့္ ကေလးငယ္ေလး၏ ရုပ္အသြင္ျပင္ လကၡဏာမ်ားမွာလည္း ေသဆံုးသြားခဲ႔သည္မွာ ႏွစ္ကာလၾကာျမင့္ေနခဲ႔သည့္ ပံုစံတို႔ႏွင့္ပင္ ျဖစ္ေလေတာ့သည္။
“ဟုတ္တယ္ကြ။ ကေလးေလးက ေသသြားတာ ၾကာလွျပီး၊ ဖုတ္က ကေလးခႏၶာကိုယ္ကို အသံုးခ်ျပီး မင္းတို႔လင္မယားႏွစ္ေယာက္ဆီမွာ ႏွစ္နဲ႔ခ်ီျပီး အခုလို စားေသာက္သြားတာပဲေဟ့။”
*****
ျပီး။
(ဤျဖစ္ရပ္မွန္ ဇာတ္ေၾကာင္းေလးအား ေျပာျပေပးပါေသာ္ လက္ပန္လွေက်းရြာေန မဇင္မာေအာင္အား အထူးပင္ေက်းဇူးတင္ရွိပါသည္။)
စာေရးသူ-ထီးကေလး
(ရင္ႏွင့္ရင္း၍ေရးသားသည္။)
============

နှစ်ချီနေသော ဖုတ်တစ္ဆေ 
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)
ဖြစ်ရပ်မှန်
(……)တိုင်ဒေသကြီး၊ (……)ခရိုင်၊ (……)မြို့နယ်အတွင်းရှိ လက်ပန်လှကျေးရွာလေးထိပ်တွင် မူးချောင်းဟူ၍ တည်ရှိလျက်ရှိပြီး၊ မူးချောင်းအရှေ့ဘက်တွင် သရက်ခြံကြီး တစ်ခြံတည်ရှိနေခဲ့ပါသည်။ ထိုသရက်ခြံကြီးအတွင်း၌ ခြံစောင့် အလုပ်သမားများဖြစ်ကြသော ဦးကြွက်နှင့် ဒေါ်ငြိမ်းဟူသည့် လင်မယားနှစ်ဦးတည်းသာလျင် နေထိုင်လျက်ရှိပေသည်။ ဦးကြွက်နှင့် ဒေါ်ငြိမ်းတို့မှာ အိမ်ထောင်သက် နှစ်များစွာ ကြာမြင့်နေခဲ့သော်လည်း သားသမီးရတနာ မထွန်းကားခဲ့ပေ။
လင်မယားနှစ်ဦးတည်းသာလျင် ခြံစောင့်အလုပ်ဖြင့် အေးရာအေးကြောင်း အသက်မွေးနေလျက် ရှိပေသည်။ တစ်နေ့တွင် ဦးကြွက်မှာ အလုပ်ကိစ္စတစ်ခုဖြင့် တစ်ဖက်ရွာဆီသို့ သွားရောက်ခဲ့ပြီး၊ အပြန်တွင် ညမှာ ညဦးပိုင်း(၈)နာရီကျော်မျှ ရှိနေခဲ့ပြီးဖြစ်သည်။ ကျေးရွာတို့၏ သဘာဝအရ ည(၈)နာရီကျော်ပြီဆိုလျင်၊ မြို့ကြီးပြကြီး၏ ညနက်အချိန်ခါများနှင့် ထပ်တူညီပေသည်။ အဘယ့်ကြောင့်နည်း။
လျပ်စစ်မီးများသည်လည်း ကောင်းမွန်စွာ မရရှိသေးသည်ကြောင့် မီးခွက်လေးများဖြင့် ညဘက်အချိန်ခါများကိုပင် ကုန်ဆုံးစေခဲ့ရပါသည်။ မိုးချုပ်ပြီးဆိုသည်နှင့် အိပ်စက်အနားယူကြခြင်းကြောင့် ထိုကဲ့သို့သော ည(၈)နာရီဆိုလျင် ကျေးရွာလေးတိုင်းတွင် လူခြေတိတ်နေခဲ့ကြပြီ ဖြစ်လေသည်။ ထို့ကြောင့် ယခုဦးကြွက်တစ်ယောက် အပြန်လမ်းတွင်မူ အမှောင်ရိပ်များမှ အုပ်စိုးနေခဲ့ပြီး၊ လရောင်ပျပျကလေးသာလျင် ရှိနေခဲ့ပါသည်။ 
ထိုကဲ့သို့သော် အချိန်ခါမျိုးအတွင်း၌ မိမိ၏သရက်ခြံဆီသို့ ပြန်လမ်းဦးတည်နေခဲ့သည့် ဦးကြွက်၏ နားအတွင်း၌ တစ်စုံတစ်ခုသော အသံကိုပင် ကြားသိလိုက်ရလေသည်။
“အူဝဲ… အူဝဲ”
“ဟင်… ဘာအသံပါလိမ့်။”
ထိုကဲ့သို့သော် ကလေးငိုသံကိုပင် ရုတ်တရက် ကြားသိလိုက်ရသည့် ဦးကြွက်မှာ လျောက်လှမ်းနေခဲ့သော ခြေလှမ်းများပင်လျင် တုန့်ခနဲရပ်တန့်သွားခဲ့ရလေ၏။ ကျက်သီးများသည်လည်း တဖျန်းဖျန်း ထလာခဲ့ရသည်။ ထို့နောက် ဘေးပတ်ဝန်းကျင်များဆီသို့ လည်ပြန်ခါ လှည့်ကြည့်လိုက်လေပြီး၊ အသံကြားရာဆီသို့ ဦးတည်ရန် ဟန်ပြင်လိုက်လေသည်။
“ဟင်… ကလေးလေးပါလား။”
“ဟာ… ဘယ်လို မိဘမျိုးတွေက ရက်ရက်စက်စက် လာပစ်သွားရတာပါလဲ။”
“ကြည့်စမ်းပါဦး။ ပုရွက်ဆိတ်တွေကိုက်လို့ ဒုက္ခတော့ဖြစ်ကုန်တော့မယ်။”
“ငါဘာလုပ်ရမလဲ။”
“ဟာ… ဒီအတိုင်းပစ်ထားခဲ့ရင် ဒီကလေးတော့ သေသွားတော့မှာပဲ။”
“မဖြစ်ဘူး။ မဖြစ်ဘူး။ ငါခေါ်သွားမယ်။ မနက်ကြမှ စုံစမ်းပြီး မိဘတွေလက်ထဲ ပြန်ထည့်ပေးလိုက်တာ ပိုကောင်းပါတယ်လေ။”
အသင့်ယူဆောင်လာခဲ့သော လက်နှိတ်ဓာတ်မီးလေးဖြင့် ကလေးငိုသံကြားရာဘက်ဆီသို့ ဦးတည်သွားရောက်လိုက်သည်နှင့် စုတ်ပျက်နေခဲ့သော စျေးတောင်းလေးအတွင်း၌ မွေးကင်းစ ကလေးငယ်လေးတစ်ဦးအား ရက်စက်စွာ စွန့်ပစ်ထားခဲ့သည့် မြင်ကွင်းကိုပင် မြင်တွေ့လိုက်ရလေတော့သည်။ ကလေးငယ်လေးမှာ မိခင်ဝမ်းအတွင်းမှ မွေးဖွားလာခဲ့ရသည်မှာ နာရီပိုင်းမျှသာလျင် ရှိနေလိမ့်ဦးမည်ဖြစ်သည်။ 
ထိုကဲ့သို့သော် မွေးကင်းစ ကလေးငယ်လေးအား စွန့်ပစ်ထားခဲ့သည်ကြောင့် စျေးတောင်းလေးအတွင်း၌ ရှိနေခဲ့သည့် ကလေးလေးကိုပင် ပုရွက်ဆိတ်များမှာ ဝိုင်းအုံးကိုက်နေခဲ့သည်က သနားစရာပင် ကောင်းလွန်းလှသည်။ ထို့ကြောင့် ဦးကြွက်သည်လည်း ထိုကလေးလေးအား မိမိ၏နေအိမ်ထံသို့ ခေါ်ဆောင်သွားရန် ဆုံးဖြတ်လျက်၊ ခေါ်ဆောင်လာခဲ့လေတော့သည်။
နေအိမ်ထံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ဇနီးဖြစ်သူကိုပင် အကျိုးအကြောင်းများစွာ ပြောဆိုလျက်၊ မနက်အချိန်ခါတွင်းတွင် ရွာလူကြီးထံသို့ ကလေးငယ်လေးတစ်ဦး ကောက်ရထားခဲ့ကြောင်းများအား သွားရောက်ပြောဆိုပြခဲ့သည်။ ထိုအခါ ရွာလူကြီးသည်လည်း မည်သူ၏ ကလေးပင်ဖြစ်သနည်းဟု ကြေညာမှု့များစွာဖြင့် မေးမြန်းခဲ့သော်လည်း ကလေးငယ်လေး၏မိဘများမှာ မည်သူမည်ဝါဟူ၍ မပေါ်ပေါက်ခဲ့ပေ။ 
ထို့ကြောင့် သားသမီးမထွန်းခဲ့သော် ဦးကြွက်နှင့်ဒေါ်ငြိမ်းတို့သာလျင် ထိုကလေးငယ်လေးအား မွေးစားထားခဲ့ရပေတော့သည်။ မိမိတို့မှာမူ တစ်နေ့လုပ်မှ တစ်နေ့စားများဖြစ်သည်ကြောင့် မွေးစားထားခဲ့သော ကလေးလေးကိုပင် နို့မှုန့်ဟူ၍ မတိုက်ကျွေးနိုင်ပဲ၊ မိမိတို့မွေးမြူးထားခဲ့သည့် ဆိတ်မကြီးထံမှ ရရှိလာသော ဆိတ်နို့ကိုသာလျင် တိုက်ကျွေးနေခဲ့ရလေသည်။
“မငြိမ်း… ကလေးက ငိုလှချည်လားဟ။ နို့ရော တိုက်ရဲ့လား ဒီနေ့…။”
“တိုက်ပါတယ်တော်…။ ရှင့်ကလေးက နို့ကုန်တာနဲ့ ငိုတော့တာပဲတော့… ကျွန်မလည်း အမျိုးမျိုးချော့တာပဲ ချော့လို့ကိုမရဘူး။’
“သွားပါဦးအေ… နို့ရှိသေးရင် နည်းနည်းလောက် နို့ဘူးထဲ ထည့်လာခဲ့ပါဦး။”
ဦးကြွက်တစ်ယောက် ထမင်းစား ပြန်လည်ရောက်ရှိလာခဲ့သော နေ့လည်ခင်းအချိန်ပိုင်း၌ ကလေးငယ်လေး၏ ငိုကြွေးသံများကိုပင် ကြားသိနေခဲ့ရသည်ကြောင့် ဇနီးဖြစ်သူ ဒေါ်ငြိမ်းအား ထိုကဲ့သို့ပင် ပြောဆိုလေခဲ့သည်။ ကလေးငယ်လေးမှာ နို့ဘူးနှင့် ပါးစပ် ပျက်၍ပင်မရ၊ နို့ကုန်သွားခဲ့သည်နှင့် မည်သို့မှပင် ချော့မြူ၍မရတော့ပဲ ငိုကြွေးနေခဲ့လေတော့သည်။ 
နေ့စဉ်နှင့်အမျှ ထိုကဲ့သို့ ဖြစ်နေခဲ့သည်ကြောင့် ဆိတ်မကြီးထံမှ ဆိတ်နို့များသည်လည်း လုံလောက်စွာဖြင့် မရရှိတော့ပေ။ ထို့ကြောင့် မိမိတို့၏ စားဝတ်နေရေး စာရိတ်များကိုပင် ပုံမှန်ထက်လျော့ချလျက်၊ အများသူများထံမှ ဆိတ်နို့၊ နွားနို့များကိုပင် ဝယ်ယူခါ၊ ကလေးငယ်လေးအား တိုက်ကျွေးလာခဲ့ရပေတော့သည်။
“မိန်းမရေ… ငါတို့တော့ ဒီအတိုင်းဆိုရင် မွဲရချည်ရဲ့…။ တို့ကလေးက နို့ဘူးနဲ့ပါးစပ် ပျက်လို့ကိုမရဘူးဖြစ်နေတယ်။ ဒီတော့ ထမင်းတွေဘာတွေ စမ်းပြီး ဝါးခွန့်ကြည့်ပါလား။”
“အိုးတော်… ဒီအရွယ်ကိုလေး ဘယ်လိုလုပ်ပြီး ထမင်းဝါးခွန့်လို့ ရဦးမှာလဲတော့..။”
“ဒါတော့ ဒါပေါ့ကွာ… ဒါပေမယ့် နည်းနည်းပါးပါး စမ်းခွန့်ကြည့်ပါလား။ သူထမင်းစားတော့လည်း ငါတို့အတွက် စာရိတ်ပိုသလို… ကလေးလည်း အာဟာရပိုဖြစ်တာပေါ့”
နို့ဖိုးမတတ်နိုင်တော့သည့်အဆုံး ဦးကြွက်သည်လည်း ဇနီးဖြစ်သူအား ထိုကဲ့သို့ပင် အကြံပေးခဲ့လေသည်။ ဒေါ်ငြိမ်းသည်လည်း လသားအရွယ်လေးကိုပင် ထမင်းဝါးကျွေး၍ မရနိုင်သေးကြောင်း သိရှိထားခဲ့သော်လည်း နို့ဖိုးအတွက် အကဲခတ်ဖြစ်နေခဲ့သည်ကြောင့် လင်ယောကျ်ားဖြစ်သူ၏ ပြောစကားများအတိုင်းသာလျင် ပြုလုပ်ကြည့်လေသည်။
“ကိုကြွက်… လာပါဦးတော်…။ ရှင့်သားလေးက ထမင်းစားတယ်တော့… ကျွန်မဖြင့် ဝါးကျွေးလို့ကို အလျင်မမှီဘူး။”
“ဟင်… ဟုတ်လား။ ဒါဆို ကောင်းတာပေါ့ကွ။ သူလည်း ထွားထွားကြိုင်းကြိုင်းဖြစ်… တို့လည်း နို့ဖိုးလေး သက်သာသွားတာပေါ့။”
“ကြည့်စမ်း… နို့ဆို့တုန်းကအတိုင်းပဲ ပါးစပ်ထဲ ထမင်းကုန်သွားပြီဆိုတာနဲ့ ရှင့်ကလေးက ငိုတော့တာပဲ..။ တကယ့်ကို ပူတယ်တော်။”
“မိန်းမကလည်း ကလေးကို အဲ့ဒီလိုမပြောပါနဲ့ကွာ။ သူစားတော့ တို့မိဘတွေအနေနဲ့ ကျွေးရတာတောင် ဘယ်လောက် ပီတိဖြစ်ဖို့ကောင်းတုန်း။ တချို့မိဘတွေများ ကလေး အစားမစာလို့ စိတ်ညစ်နေကြတာ တစ်ပုံကြီး။”
ကလေးငယ်လေးမှာ နှစ်လသားအရွယ်လေးဖြင့် ဒေါ်ငြိမ်းဝါးခွန့်သည့် ထမင်းများကိုပင် အားပါးတရ စားသောက်တတ်ပေသည်။ နို့ဘူးဆို့စဉ်မှအတိုင်း သူ၏ပါးစပ်အတွင်း၌ ထမင်းလုတ်ကုန်သွားခဲ့သည်နှင့် ငိုကြွေးရန်အတွက်ပင် ဟန်ပြင်နေခဲ့ပြီဖြစ်လေသည်။ ထမင်းကျွေးသည့် အခါတွင်လည်း ဝါးခွန့်သည့် သူအဖို့ အလျင်မှီအောင်ပင် မဝါးနိုင်၊ စားပစ်လိုက်သည်မှာ လွန်စွာမြန်လွန်းလှပေသည်။ 
ထိုကဲ့သို့ ဖြစ်ပျက်နေခဲ့သော အဖြစ်များကိုပင် ဦးကြွက်နှင့် ဒေါ်ငြိမ်းတို့မှာမူ သတိမထားမိသေး၊ တစ်ခါတစ်ရံသော အခါများတွင် ကလေးငယ်လေး၏ ခန္ဓာကိုယ်ဆီမှ အပုပ်နံ့တစ်ချို့့ တသဲ့သဲ့ကလေး ရရှိလာခဲ့ပေသည်။ သည်လိုနှင့် ထိုကလေးငယ်လေးအား ပြုစုစောင့်ရှောက်လာခဲ့ပြီး တစ်နှစ်သားခန့်အရွယ်သို့ ရောက်ရှိလာခဲ့သည်နှင့် ကလေးလေးမှာ မတ်တပ်ပင်လျင် စမ်းရပ်လျက်၊ တစ်တောက်တောက် ဆော့ကစားတတ်လာခဲ့ပြီ ဖြစ်သည်။ 
သို့သော် ကလေးငယ်လေး၏ အမူအကျင့်များမှာ ထမင်းစားလျင် လူကြီးနှစ်ယောက်စာမျှ စားသောက်တတ်ပြီး၊ စားသောက်လျင်လည်း အသားဟင်းပါမှသာလျင် စားသောက်တတ်ပေသည်။ ထမင်းစားသည့် အခါတွင်လည်း ခွန့်ကျွေးသည်ကိုပင် အားမရနိုင်၊ မသန်စွမ်းသေးသော သူ၏လက်ကလေးဖြင့် သူ၏ပါးစပ်အတွင်းသို့ ကိုယ်တိုင်ယူဆောင် စားသောက်တတ်ခြင်းမျိုးဖြစ်ပေသည်။
ထိုသို့သော်အခါများတွင် မိဘများဖြစ်သည့် ဦးကြွက်နှင့် ဒေါ်ငြိမ်းတို့မှာမူ မိမိတို့၏ ကလေးလေးမှာ တစ်နှစ်သားလေးနှင့် လွန်စွာလူကြီးဆန်စွာဖြင့် နားလည်သိတတ်သည်ဟု သတ်မှတ်ထားခဲ့ကြလေသည်။ တစ်မနက် ကလေးငယ်လေးမှာ နေအိမ်လေးအပေါ်၌ နေရာအနံ့ ဆော့ကစားနေခဲ့သည့်အချိန်၊ တစ်ဖက်ရွာမှ ဦးကြွက်၏ ငယ်သူငယ်ချင်းဖြစ်သော ကိုမြမောင်မှာ အလည်သဘောဖြင့် ရောက်ရှိလာခဲ့လေသည်။ 
နေအိမ်အပေါ်တွင်လည်း ဦးကြွက်နှင့် ဒေါ်ငြိမ်းတို့မှာ ရှိနေခဲ့ကြပြီး၊ ကိုမြမောင် ခြံအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ကလေးငယ်လေးမှာ ဖိနပ်ချွတ်လေးအတွင်း၌ ဆော့ကစားနေခဲ့ရမှ ရုတ်တရက် ရပ်တန့်သွားခဲ့ရပေသည်။ ဦးကြွက်သည်လည်း သူ၏ သူငယ်ချင်းဖြစ်သူ ကိုမြမောင် ရောက်ရှိလာခဲ့သည်ကြောင့် ခရီးဦးကြိုရန်အတွက် ထိုင်နေရာမှ ထလိုက်လေ၏။ 
ဖိနပ်ချွတ်လေးအတွင်း၌ ဆော့ကစားနေခဲ့ရာမှ ရုတ်တရက် မတ်တပ်ရပ်လျက် ငြိမ်သတ်နေခဲ့သော ကလေးငယ်လေးအား မြင်တွေ့လိုက်ရသည်နှင့် ကိုမြမောင်မှာ ခြံဝမှနေ၍ ထိုကဲ့သို့ပင် အော်ဟစ်ပြောလိုက်လေသည်။
“ဟေ့… ကိုရွှေဖုတ်… မင်းက ဒီအရွယ်တောင် ရောက်နေပါရောလား။”
ခပ်ပြုံးပြုံးအမူယာများဖြင့် ကိုမြမောင်တစ်ယောက် ထိုကဲ့သို့ ပြောဆိုလိုက်သည်နှင့် မတ်တပ်ရပ်လျက်ရှိနေခဲ့သော ကလေးငယ်လေးမှာ ရုတ်တရက်ပစ်လဲကျသွားခဲ့လေသည်။ ထို့ကြောင့် မိဘများသည်လည်း စိုးရိမ်တကြီး သွားရောက်ထူမည့်အခါတွင် ကလေးလေးမှာ အရိုးပေါ်၊ အရည်တင်လျက် ပိန်လှီနေခဲ့ပြီး အပုပ်နံ့များပင်လျင် ထွက်ပေါ်နေခဲ့လေတော့သည်။
“ဟာ… သားလေး… သားလေး…။”
“ယောကျ်ား… ရှင့်သားလေးကို ကြည့်ပါဦး။ သားလေး… သားလေး။”
“ဟင်… သားလေး ဘယ်လိုဖြစ်ရတာလဲ။”
ကလေးငယ်လေး၏ ရုပ်အသွင်သဏ္ဍန်များအား မြင်တွေ့လိုက်ရသော ဦးကြွက်နှင့် ဒေါ်ငြိမ်းတို့မှာမူ အံ့သြတကြီးဖြစ်သွားလျက်၊ မျက်လုံးပြူးဆန်ပြာဖြင့် ကလေးငယ်လေးအား ပွေ့ချီလိုက်လေသည်။ ထိုအခါ ကလေးငယ်လေး၏ အသားများမှာ ပဲ့ကျကုန်လျက်၊ အပုပ်နံ့များသည်လည်း တထောင်းထောင်း ထွက်ပေါ်လာခဲ့လေတော့သည်။ 
ခြံဝမှနေ၍ ကိုမြမောင်သည်လည်း နေအိမ်အပေါ်သို့ တလှမ်းချင်း တတ်ရောက်လာခဲ့ပြီး၊ ဦးကြွက်နှင့် ဒေါ်ငြိမ်းတို့၏ အနားဆီသို့ ရောက်ရှိလာသည်နှင့် ထိုကဲ့သို့ပင် ပြောဆိုလေတော့သည်။
“မြမောင်… မင်းဘယ်ကနေ လှည့်လာတာလဲ။”
“အေး… ငါလည်း နယ်တကာလှည့်ုပြီး ဆေးလိုက်ကုနေတာ။ ဒီနွေဦးပေါက်လေးမှာ ရွာမှာ ပြန်နားချင်တာနဲ့ ပြန်လာခဲ့တာကွ။”
“အေးကွာ… ဒီမှာကြည့်ပါဦး။”
“ဟင်… အဲ့ဒါဘာဖြစ်တုန်း။”
“ဘာဖြစ်ရမှာလဲကွ၊ မင်းခြံထဲဝင်လာမှ ငါ့သားလေး… ရုတ်တရက်အခုလို ဖြစ်သွားရတာ။ ကြည့်ပါဦးကွာ”
“လုပ်မနေနဲ့ ငကြွက်… မင်းကလေးအကြောင်းတွေကို ငါ့ညီမဆီကနေ သိရလို့ မင်းအိမ်ကို ငါလာခဲ့တာ…။”
“ဟင်… ဘာအကြောင်းတွေတုန်းကွ။”
“ဘာအကြောင်းတွေဖြစ်ရမှာလဲ။ မင်းရွာထိပ်ကနေ မွေးကင်းစ ကလေးလေးတစ်ယောက် ကောက်ရပြီး မွေးစားထားတဲ့အကြောင်း၊ ပြီးတော့ ပါးစပ်နဲ့နို့ဘူး ပျက်လို့မရအောင် နို့ဆို့တတ်အကြောင်း၊ အရွယ်နဲ့မလိုက်ပဲ ဝါးကျွေးတဲ့ ထမင်းလုတ်ကို ကျွေးတဲ့သူ အလျင်မမှီအောင် စားတတ်တဲ့အကြောင်းတွေပေါ့ကွ။ ပြီးတော့ ပြောသေးတယ်။ ဘာတဲ့… တစ်ခါတစ်လေကြရင် ကလေးကိုယ်ကနေ အပုပ်နံ့သဲ့သဲ့ရတယ်ဆို… ဟုတ်လား အဲ့ဒါတွေ…။”
“ဟင်… ဟုတ်… ဟုတ်တယ်ကွ။”
“အေး… သူငယ်ချင်း… မင်းကလေးကို ဘယ်လိုကနေ ဘယ်လို စတွေ့ခဲ့တာလဲဆိုတာ ငါ့ကိုပြောစမ်းပါဦး။”
“ဒီလိုကွ… သူငယ်ချင်းရ…။”
ကိုမြမောင်ဆိုသူမှာ နယ်တကာလှည့်လျက် ဆေးကုပေးနေခဲ့သော တိုင်းရင်းဆေးဆရာ တစ်ဦးဖြစ်သည့်အလား၊ အထက်ဂုဏ်းဆရာ တစ်ဦးသည်လည်း ဖြစ်နေခဲ့ပြန်သည်။ သူသည် ပယောဂါများအားလည်း နယ်တကာလှည့်၍ ကုသပေးနေခဲ့ရသည်ကြောင့် ဖုတ်၊ တစ္ဆေ၊ မှင်စာ၊ သူယောင်၊ လမိုင်း၊ ကဝေ၊ စုန်း အစရှိသော အပ ပယောဂါများနှင့် လွန်စွာရင်းနှီး ကျွမ်းဝင်နေခဲ့ပြီဖြစ်လေသည်။ 
ယခုအခါတွင်မူ မိမိ၏ ကျေးရွာလေးဆီသို့ ရောက်ရှိလာခဲ့သည့် အချိန်တွင် ညီမဖြစ်သူထံမှ ဦးကြွက်တစ်ယောက် ကောက်ယူမွေးစားထားခဲ့သော ကလေးလေး၏ အကြောင်းများကိုပင် သိရှိလိုက်ရပြီး သူငယ်ချင်းဖြစ်သူ၏ နေအိမ်ထံသို့ စ်ိုက်မြိုက်စွာ ရောက်ရှိလာခဲ့ရခြင်းဖြစ်ပေသည်။ 
ကလေးငယ်လေး၏ အကြောင်းများအား ကြားသိလိုက်ရသည်နှင့် ကိုမြမောင်မှာမူ ဖုတ်ဝင်စားနေခဲ့သော ကလေးငယ်လေးပင် ဖြစ်သည်အား ကောင်းစွာသိရှိခဲ့ပါသည်။ ထို့ကြောင့် မိမိအား မြင်လျင်မြင်ချင်း ရပ်တန့်သွားခဲ့သည့် ကလေးငယ်လေးအား “ကိုရွှေဖုတ်”ဟုပင် အမည်တပ်လျက် ခေါ်ဆောင်လိုက်ခြင်းမျိုး ဖြစ်ပေတော့သည်။
ဝါရင့်ပယောဂါဆရာကြီးဖြစ်သော ကိုမြမောင်၏ ရိသဲ့သဲ့ခေါ်ဆိုလိုက်သံများကြောင့် နှစ်ရှည်လများ ကလေးငယ်လေး၏ ခန္ဓာကိုယ်အတွင်း၌ ဝင်ရောက်ကပ်တွယ်နေခဲ့သော ဖုတ်တစ္ဆေမှာ ချက်ချင်းပင်လျင် ထွက်ခွာသွားခဲ့ရလေသည်။ ဦးကြွက်သည်လည်း ကလေးငယ်လေးအား စတင်တွေ့ရှိခဲ့ရသည့် အချိန်တွင် ပုရွက်ဆိတ်အနီကောင်များမှာ များပြားစွာ ကိုက်လျက်ရှိနေခဲ့သည်အား ပြောဆိုပြခဲ့လေသည်။ 
ထိုအခါ မိတ်ဆွေဖြစ်သူ ပယောဂါဆရာကြီး ဦးမြမောင်ထံမှ ပြောဆိုလာခဲ့သော စကားတို့မှာ ဤသို့ပင် ဖြစ်လေတော့သည်။
“ဒါဆိုရင်… အဲ့ဒီကလေးလေးက မင်းစတွေ့တဲ့အချိန်တည်းက ပုရွက်ဆိတ်ကိုက်လို့ သေသွားလောက်ပြီကွ။”
“ဟေး”
ထိုကဲ့သို့သော် ပြောစကားများကြောင့် ဦးကြွက်နှင့်ဒေါ်ငြိမ်းတို့သည်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။ မည်သို့မှပင် မငြင်းဆန်နိုင်၊ ကလေးငယ်လေးအား မွေးစားခဲ့သည့် အချိန်မှစတင်ပြီး ယခုအချိန်ထိ ပုံမှန်မဟုတ်သော ကလေးငယ်လေး၏ အစားသောက်၊ အနေထိုင်တို့မှာ လွန်စွာကြမ်းတမ်းနေခဲ့သည်။ 
ထိုတင်မကသေး ကိုမြမောင် ရောက်ရှိလာခဲ့သည်နှင့် ရုတ်တရက် သေဆုံးသွားခဲ့သည့် ကလေးငယ်လေး၏ ရုပ်အသွင်ပြင် လက္ခဏာများမှာလည်း သေဆုံးသွားခဲ့သည်မှာ နှစ်ကာလကြာမြင့်နေခဲ့သည့် ပုံစံတို့နှင့်ပင် ဖြစ်လေတော့သည်။
“ဟုတ်တယ်ကွ။ ကလေးလေးက သေသွားတာ ကြာလှပြီး၊ ဖုတ်က ကလေးခန္ဓာကိုယ်ကို အသုံးချပြီး မင်းတို့လင်မယားနှစ်ယောက်ဆီမှာ နှစ်နဲ့ချီပြီး အခုလို စားသောက်သွားတာပဲဟေ့။”
*****
ပြီး။ 
(ဤဖြစ်ရပ်မှန် ဇာတ်ကြောင်းလေးအား ပြောပြပေးပါသော် လက်ပန်လှကျေးရွာနေ မဇင်မာအောင်အား အထူးပင်ကျေးဇူးတင်ရှိပါသည်။)
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...