======

သ႐ုပ္ေဆာင္ ေနထူးႏုိင္ ၾကက္ဝိုင္းတစ္ခုတြင္ အထင္မွားၿပီး အဖမ္းခံခဲ့ရ

ႏိုင္ငံေက်ာ္ ႐ုပ္႐ွင္ႏွင့္ဗီဒီယို သ႐ုပ္ေဆာင္ ေနထူးႏုိင္ ၾကက္ဝိုင္းတစ္ခုတြင္ အထင္မွားၿပီး အဖမ္းခံခဲ့ရကာ ရဲစခန္းတြ င္ျပန္လည္႐ွင္းျပခဲ့။

ရန္ကုန္တိုင္းေဒသႀကီး လိႈင္သာယာၿမိဳ႕နယ္ ေရႊလမ္းပင္ေက်းရြာရိွ နာမည္ႀကီး ၾကက္ဝိုင္းတစ္ခုအား လိွုင္သာယာျမိဳ႕နယ္ အထူးမွုခင္းနွင့္ေလာင္းကစား နိွမ္နင္းေရးရဲတပ္ဖဲြ႕ဝင္မ်ားမွ ဝင္ေရာက္ဖမ္းဆီးရာ ႏိုင္ငံေက်ာ္ ႐ုပ္႐ွင္ႏွင့္ဗီဒီယိုသ႐ုပ္ေဆာင္ ေနထူးႏုိင္အား သက္ေသခံ ၾကက္တစ္ေကာင္ႏွင့္အတူ အဆိုပါ ၾကက္ဝိုင္းတြင္ ေတြ႔ရိွခဲ့သည္။



ထို႔ေၾကာင့္ ရဲတပ္ဖဲြ႔ဝင္မ်ားမွ ေနထူးႏိုင္အား ရဲစခန္းသို႔ ေခၚေဆာင္သြားခဲ့ပါသည္။ ထို႔ေနာက္ ေနထူးႏိုင္မွ သူၾကက္ဝိုင္း တြင္ေရာက္ရိွေနသည့္အေၾကာင္းအား ရဲစခန္းတြင္ ျပန္လည္႐ွင္းျပေတာင္းပန္ခဲ့သျဖင့္ ခံဝန္ကတိလတ္မွတ္ေရးထိုးကာ ျပန္လည္လြတ္ေျမာက္ခဲ့ပါသည္။

အဆိုပါ အေၾကာင္းႏွင့္ပက္သက္၍ ေနထူးႏိုင္မွ…….. ” ကြၽန္ေတာ္က အဲ့ဒီၾကက္ဝိုင္းမွာ ၾကက္လာတိုက္တာ မဟု တ္ပါ ဘူး။ ၾကက္သမားေတြရဲ႕ စ႐ိုက္ေတြ၊ အမူအရာေတြကိုလာေလ့လာတာပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ့္ ဇတ္ကားတစ္ ကားမွာ ၾကက္သမားဇတ္ေဆာင္ေနရာအတြက္ ကြၽန္ေတာ္ ပီျပင္စြာသ႐ုပ္ေဆာင္ႏိုင္ဖို႔ပါ။

ကြၽန္ေတာ္က သဘာဝမင္းသားဆိုေတာ့ သဘဝက်က် သ႐ုပ္ေဆာင္တတ္ဖို႔ ဒီလိုေနရာေတြမွာ လာေရာက္ေလ့လာ ပါ တယ္။ ေလာင္းကစားလုပ္ဖို႔လာတာမဟုတ္ပါဘူး။ ဝါသနာလည္း မပါပါဘူး။

အဲ့တာကို ေသခ်ာ႐ွင္းျပေတာ့မွ ရဲေတြလည္းနားလည္သြားၿပီး ကြၽန္ေတာ့္ကို “ေလးစားပါတယ္ ကိုေနထူးႏိုင္” လို႔ျပ န္ေျပာၾကပါတယ္။ ဒါေပမဲ့ ၾကက္ဝိုင္းမွာ ကြၽန္ေတာ့ကို ေတြ႔ခဲ့တဲ့အတြက္ခံဝန္လက္မွတ္ေတာ့ ထိုးခဲ့ရပါတယ္။ အခုေတာ့ အားလံုးအဆင္ေျပသြားပါၿပီ။

စိတ္ပူေပးၾကတဲ့ ကြၽန္ေတာ့ရဲ႕ ခ်စ္ပရိတ္သတ္ႀကီးေတြကိုလည္းေက်းဇူးတင္ပါတယ္။ သဘာဝက်တဲ့ ဇတ္ကားေတြအ တြက္ကြၽန္ေတာ္အျမဲႀကိဳးစားေနပါတယ္…” ဟု ရန္ကုန္နယူးစ္သတင္းဌာနအား ေျပာၾကားခဲ့ပါသည္။

အဆိုပါ သတင္းအတြက္ ရန္ကုန္နယူးစ္သတင္းဌာန မႈခင္းသတင္းေထာက္ ေသာင္းေအးမွ လိႈင္သာယာၿမိဳ႕နယ္ အ ထူးမႈခင္းႏွင့္ ေလာင္းကစားႏိွမ္နင္းေရးတပ္ဖဲြ႔ ရဲမႈး ဘစိုးထံသို႔ တယ္လီဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းခဲ့ရာ ဖုန္းစက္ပိတ္ ထားသည္ဟု ျပန္လည္ေျဖၾကားခဲ့ပါသည္။

ေအာင္မင္းနိုင္@#ZMT
Source : https://www.facebook.com/profile.php


Unicode

နိုင်ငံကျော် ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် နေထူးနိုင် ကြက်ဝိုင်းတစ်ခုတွင် အထင်မှားပြီး အဖမ်းခံခဲ့ရကာ ရဲစခန်းတွ င်ပြန်လည်ရှင်းပြခဲ့။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလမ်းပင်ကျေးရွာရှိ နာမည်ကြီး ကြက်ဝိုင်းတစ်ခုအား လှိုင်သာယာမြို့နယ် အထူးမှုခင်းနှင့်လောင်းကစား နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ဖမ်းဆီးရာ နိုင်ငံကျော် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် နေထူးနိုင်အား သက်သေခံ ကြက်တစ်ကောင်နှင့်အတူ အဆိုပါ ကြက်ဝိုင်းတွင် တွေ့ရှိခဲ့သည်။

ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များမှ နေထူးနိုင်အား ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပါသည်။ ထို့နောက် နေထူးနိုင်မှ သူကြက်ဝိုင်း တွင်ရောက်ရှိနေသည့်အကြောင်းအား ရဲစခန်းတွင် ပြန်လည်ရှင်းပြတောင်းပန်ခဲ့သဖြင့် ခံဝန်ကတိလတ်မှတ်ရေးထိုးကာ ပြန်လည်လွတ်မြောက်ခဲ့ပါသည်။

အဆိုပါ အကြောင်းနှင့်ပက်သက်၍ နေထူးနိုင်မှ…….. ” ကျွန်တော်က အဲ့ဒီကြက်ဝိုင်းမှာ ကြက်လာတိုက်တာ မဟု တ်ပါ ဘူး။ ကြက်သမားတွေရဲ့ စရိုက်တွေ၊ အမူအရာတွေကိုလာလေ့လာတာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော့် ဇတ်ကားတစ် ကားမှာ ကြက်သမားဇတ်ဆောင်နေရာအတွက် ကျွန်တော် ပီပြင်စွာသရုပ်ဆောင်နိုင်ဖို့ပါ။

ကျွန်တော်က သဘာဝမင်းသားဆိုတော့ သဘဝကျကျ သရုပ်ဆောင်တတ်ဖို့ ဒီလိုနေရာတွေမှာ လာရောက်လေ့လာ ပါ တယ်။ လောင်းကစားလုပ်ဖို့လာတာမဟုတ်ပါဘူး။ ဝါသနာလည်း မပါပါဘူး။

အဲ့တာကို သေချာရှင်းပြတော့မှ ရဲတွေလည်းနားလည်သွားပြီး ကျွန်တော့်ကို “လေးစားပါတယ် ကိုနေထူးနိုင်” လို့ပြ န်ပြောကြပါတယ်။ ဒါပေမဲ့ ကြက်ဝိုင်းမှာ ကျွန်တော့ကို တွေ့ခဲ့တဲ့အတွက်ခံဝန်လက်မှတ်တော့ ထိုးခဲ့ရပါတယ်။ အခုတော့ အားလုံးအဆင်ပြေသွားပါပြီ။

စိတ်ပူပေးကြတဲ့ ကျွန်တော့ရဲ့ ချစ်ပရိတ်သတ်ကြီးတွေကိုလည်းကျေးဇူးတင်ပါတယ်။ သဘာဝကျတဲ့ ဇတ်ကားတွေအ တွက်ကျွန်တော်အမြဲကြိုးစားနေပါတယ်…” ဟု ရန်ကုန်နယူးစ်သတင်းဌာနအား ပြောကြားခဲ့ပါသည်။

အဆိုပါ သတင်းအတွက် ရန်ကုန်နယူးစ်သတင်းဌာန မှုခင်းသတင်းထောက် သောင်းအေးမှ လှိုင်သာယာမြို့နယ် အ ထူးမှုခင်းနှင့် လောင်းကစားနှိမ်နင်းရေးတပ်ဖွဲ့ ရဲမှုး ဘစိုးထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းစက်ပိတ် ထားသည်ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။

အောင်မင်းနိုင်@#ZMT
Source : https://www.facebook.com/profile.php

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...