======

ရေခဲတိုက်မှ တစ်ညတာ (ဖြစ်ရပ်မှန်)

ရေခဲတိုက်မှာ တစ်ညတာ (ဖြစ်ရပ်မှန်)


အချိန်က ည ခွန်နှစ်နာရီကျော်လောက်ရှိပေလိမ့်မည် ။ စားလက်စ ထမင်းကို လက်စသတ်ရင်း ရေဇလုံထဲမှာလက်ေ ဆး ပြီး ထမင်းစားပွဲမှထလိုက်သည် ။

” ယောက်ျား….စားမကောင်းဘူးလား… ယောက်ျားအကြိုက်ငါးတန်ခေါင်းနဲ့ မျှစ်ချဉ်လေ…” ” စားကောင်းတယ်မိန်းမ… ငါးပိထောင်းနဲ့ တညင်းသီးနဲ့ တွေ့လိုက်တော့ လူလဲကြေးစည်လို ဒူဝေဝေဖြစ်နေပြီ ”

” ဟယ်တော့…. ဖြစ်ပါ့မလား…. ” ” ဖြစ်ပါတယ်ဟာ… ” ” ယောက်ျားကိုစားစေချင်လို့သာချက်ကျွေးရတာ …သွေးများ တိုးနေသလားမသိဘူး ” ” မဖြစ်ပါဘူးကွာ….မပူနဲ့…ခေါင်းထဲက စပ်ဖျဉ်းဖျဉ်းးလေးဖြစ်ရုံပါ….ဟား.ဟား… ”

” ဒုက္ခပါပဲ…. ” ” မဒုက္ခနဲ့…ယောက်ျားသွားလိုက်ဦးမယ်…၊ ညရှစ်နာရီချိန်းထားလို့မိန်းမရေ…. ” ” သတိထားပြီးမောင်း ဦးနော် ” ” အေးပါကွာ…. ”

ခေါင်းထဲမှာမူးရိပ်ရိပ် ဖြစ်သလိုခံစားရပေမယ့် မိသားစုရဲ့ ဝမ်းစာရေးအတွက်ဆိုတော့လဲ ကိုအေးလွင်မှာ မနေသာပေါ့ ။ မိဘအမွေအဖြစ်ရထားတဲ့ငွေကြေးလေးနဲ့ နံပါတ်အနက် ဖင်ထောင်ကားလေးကိုဝယ်ပြီး တက္ကစီဆွဲစားနေရတဲ့ဘဝ ။

နံပါတ်အနက်ဆိုတော့လဲ သိတဲ့အတိုင်းပါပဲ…. နံပါတ်အနီတွေကြားမှာမျက်နှာငယ်နေရတဲ့အခြေအနေပါ ။ တက္ကစီတွေနဲ့ ခရီးသည်လုဆွဲလို့ ပြဿနာတက်ရပေါင်းလဲမနည်းတော့ပါဘူး…။ ကိုယ်ပိုင်ကားမပိုင်ဆိုင်ပဲ နံပါတ်အနက်မှ စီးချင်ကြတဲ့ ဟန်လုပ်ချင်သူတွေနဲ့ တွေ့မှ ကိုအေးလွင်အတွက် သာယာတဲ့နေ့ပေါ့ ။

လမ်းဆုံကားဂိတ်မှာ တစ်နေကုန်အောင်ကားထိုးထားပေမယ့် ခရီးသည်က ရချင်တဲ့အခါမှရတဲ့အခြေအနေ ။ ဒီတော့ လည်း…… ဆေးရုံကြီးက သေပြီးခါစ အလောင်းတွေကို အိမ်ပြန်သယ်ယူလိုသည့် မိသားစုတွေအတွက် တစ်ဖက်တ စ်လမ်းက ကုသိုလ်ယူရင်း ဝမ်းစာရှာရပါတယ် ။ ဒီလိုလုပ်တာကိုလဲ လူမသိသူမသိလုပ်ရသေးတယ် ။ လူသိရင် ဘယ်သူ ကစီးချင်ကြပါ့မလဲလေ ။

ကြာလာတော့လဲ ရေခဲတိုက်က တာဝန်ရှိသူတွေ အလုပ်သမားတွေသာမက … ဆရာဝန်တွေ.. ရဲတပ်ဖွဲ့ဝင်တွေအထိပါ ခင်မင်လာခဲ့ပါတော့တယ် ။ ရဲတပ်ဖွဲ့က အရေးအကြောင်းရှိပြီဆိုရင် ချောဆွဲခံရတဲ့တဲ့အထဲမှာ ကိုအေးလွင်ရဲ့ကားက မပါ မဖြစ် ။ လူသေအလောင်းတွေတင်ရင်ပိုက်ဆံက မြိုးမြိုးမြက်မြက်ရလေတော့ လုပ်ရတာပါပဲ ။

ဆေးရုံကြီး ပေါ်တီကိုအောက် ကို ကားထိုးရပ်လိုက်သည်နှင့် အသုဘရှင်များက အသင့် စောင့်ကြိုနေကြလေသည် ။

” ကားဆရာရေ….ခဏလောက်တော့စောင့်ပေးပါနော်… ” ” ကြာဦးမလားခင်ဗျ ” ” နည်းနည်းတော့ကြာမယ်နဲ့ တူတယ်…၊ သေစာရင်းထုတ်ပေးမယ့်လူကိုစောင့်နေတာ ” ” ဒါဆိုရင် ကားကို ပါကင်ထိုးထားခဲ့လိုက်မယ်ဗျာ…. ကျွန်တော့်မိတ်ဆွေတစ်ယောက်နဲ့ သွားတွေ့လိုက်ဦးမယ်…”

” ကားဆရာ ဘယ်နားမှာရှိမလဲ ” ” ရေခဲတိုက်နဲ့ ရင်ခွဲရုံနားမှာရှိမယ်… အသင့်ဖြစ်ရင် လာခေါ်လိုက်လေ ” ” ဗျာ…… ” ရင်ခွဲရုံနဲ့ ရေခဲတိုက်ဆိုတာ အမြဲလိုလို ရောက်နေတာဆိုတော့ ကြောက်စရာ လန့်စရာလဲ မထင်မှတ်တော့ပါဘူး ။ ရင်ခွဲရုံ က မိတ်ဆွေ ကိုဝင်းသိန်းဆီကို ထွက်လာခဲ့တဲ့ ခြေလှမ်းတွေက တည်တည်ငြိမ်ငြိမ်ရှိနေပါသည် ။

” ဟာ…ကိုအေးလွင်..လာဗျို့…… စီးကရက်လေးဘာလေးမပါဘူးလား… ” ” ပါတယ်…ကိုသိန်းဝင်းရေ…ပါတယ်… ” အိတ်ကပ်ထဲက စီးကရက်ဘူးကိုထုတ်ပြီး ကိုသိန်းဝင်းကို ထုတ်ပေးလိုက်သည် ။

” ကိုသိန်းဝင်းက မပြန်ရသေးဘူးလား ” ” ပြန်လို့မရသေးဘူး ကိုအေးလွင်ရေ…၊ ဆေးလိပ်တောင် ထွက်ဝယ်ဖို့ အချိန်မရ လို့ ခင်ဗျားဆီက တောင်းသောက်တာပဲကြည့်တော့ ”

” ဒီနေ့အလောင်းများလို့လား… ” ” များတယ်လို့လဲမဟုတ်ပါဘူးဗျာ…၊ လူသတ်မှူနဲ့ အလောင်းတစ်လောက်ရောက်လာ တယ်လေ…၊ ရဲမှူခင်းဖြစ်နေတော့ မှူခင်းဆရာဝန်ကြီးပါစောင့်နေရတာ ”

” ရိုက်မှူလား….ဓါးထိုးမှူလားဗျ ” ” အလောင်းက အရက်နံ့ ထောင်းထောင်းထနေတာဗျ…၊ အရက်သောက်ပြီးစကား များကြတယ်နဲ့တူတယ်…၊ သတ်တဲ့သူကလဲ ရက်ရက်စက်စက် လည်ပင်းကို ခုတ်သတ်ထားတာဗျ ” ” ခက်တာပဲဗျာ….၊ လူတွေလဲ အငြှိုးတွေ အာဃာတတွေ မသတ်နိုင်ကြသေးဘူး… ”

” ကိုအေးလွင်က အလောင်းလာသယ်တာလား… ” ” ဟုတ်တယ် ကိုသိန်းဝင်း….” ” ဘယ်ကိုပို့ပေးရမှာလဲဗျ… ” ” ဝေါ အထိပို့ပေးရမယ်ကိုသိန်းဝင်း… ” ” ဟား……ထောပြီပေါ့ဗျ… ” ” ထောတယ်လို့လဲ မဟုတ်ပါဘူးဗျာ…… တစ်ခါတစ်ေ လဆီဖိုးလောက်နဲ့ ကျေနပ်လိုက်ရတာလဲရှိပါတယ်…၊ ဆင်းရဲတဲ့ သူတွေဆိုရင် ဆီဖိုးတောင် အနိုင်နိုင်ရယ်ဗျ ”

” ဒါလဲဟုတ်တာပဲ….ဆေးရုံတစ်ရက်တက်ရင်တောင် ကုန်ကျစရိတ်က နည်းတာမှမဟုတ်တာ… ကိုအေးလွင်က ဘယ်သူ့ကို လာစောင့်နေတာလဲ ”

” အလောင်းသယ်ဖို့လေ…. သေစာရင်းထုတ်ပေးတဲ့ဆရာကိုမြင့်ဦးက အပြင်ခဏသွားနေလို့တဲ့ …ဟိုမှာလာနေကြပြီ…. ”

” ကားဆရာကြီး…..ခဏလောက်စောင့်ပေးဦးဗျ…. နည်းနည်းတော့ကြာမယ်ထင်တယ် ” ” အင်း…..ဒါဆိုရင်တော့ နှစ် နာရီလောက်တော့ကြာမယ် ကိုအေးလွင်ရေ….၊ ဆရာမြင့်ဦးက ဒီအချိန်ဆို ဆိုင်ရောက်နေလောက်ပြီ…ဟား…ဟား… ခင်ဗျားတို့က အစောကြီးကတည်းက လုပ်ထားရမှာဗျ ”

” စောင့်ဆိုတော့ စောင့်ပေါ့ဗျာ…. မတတ်နိုင်တော့ဘူး.. ” ” ကားဆရာကြီး…. ကျွန်တော်တို့ပြန်လာခဲ့မ ယ်…ဆေး ရုံေ ရှ့မှာပဲ သွားစောင့်နေလိုက်တော့မယ် ”

” သဘောဗျာ….. ” ရင်ခွဲရုံတို့ ရေခဲတိုက်တို့ဆိုတာ အသံကြာရုံနဲ့ ကြက်သီးထကြမယ်ဆိုတာ ကိုအေးလွင် ကောင်းကော င်းသဘောပေါက်ပြီးသားပါ ။ အလောင်းတင်တဲ့ တွန်းလှည်းသံကို အဝေးကကြားရုံဖြင့် ဆံပင်မွေးတွေ ထောင်လာတတ် ကြသည်မှာ စိတ်အားငယ်တတ်သူများ၏ သဘာဝပါပေ ။

” ကိုအေးလွင်….ဒီမှာပဲရှိနေဦးမှာမဟုတ်လား…. ” ” ရှိနေရတော့မှာပေါ့ဗျာ….၊ ဘယ်လိုလုပ်မလဲ ” ” ခင်ဗျားက မကြောက်တတ်တော့ တော်သေးတယ်…၊ ဟိုလူတွေတော့ ကြောက်ပြီးလစ်သွားကြပြီ …ကိုအေးလွင် ဒီမှာရှိနေမယ် ဆိုရင် ကျွန်တော် အိမ်ခဏပြန်ပြီး ထမင်းစားလိုက်ဦးမယ်ဗျာ…၊ ဆရာဝန်ကြီးလာရင် ကျွန်တော့်ကိုလာခေါ်ပေးပါ ”

” ရတယ်…. ကိုဝင်းသိန်း….. ကျွန်တော်လာခေါ်ပါ့မယ်…” ကိုဝင်းသိန်းက ဆေးရုံကြီးဝင်းထဲက လိုင်းခန်းမှာပဲ နေသူ ဆိုတော့ ဆရာဝန်ကြီးလာသည်နှင့် သွားခေါ်လိုက်ရုံသာ ။

ကိုအေးလွင်က ရေမြောင်းအုတ်ခုံပေါ်တွင်ထိုင်ရင်း အိတ်ကပ်ထဲမှ စီးကရက်တစ်လိပ်ကို ထုတ်ပြီး မီးညှိဖွာရှိုက်လိုက်သည် ။ ရေခဲတိုက်သို့ သွားသည့် လူသွားလမ်းတွင်ထွန်းထားသော မီးရောင်မှိန်ပြပြများကိုတစ်ချက်ကြည့်ကာ မီးခို့ငွေ့များကို မှူတ်ထုတ်လိုက်လေသည် ။ လက်မှနာရီကိုငုံ့ကြည့်မိတော့ ညရှစ်နာရီခွဲကျော်နေလေပြီ ။

” အကို….. စီးကရက်လေး တစ်လိပ်လောက်ရမလား…” မထင်မှတ်ပဲ အနားသို့ရောက်လာသည့် လူငယ်တစ်ယောက်ေ ကြာင့် အတွေးစများကိုချက်ချင်းဖြတ်ကာ အိတ်ကပ်ထဲမှ စီးကရက်ဘူးကိုလှမ်းပေးရင်း လူငယ်ကို အသေအချာအကဲ ခ တ်ကြည့်လိုက်မိသည် ။

” ရပါတယ်ညီလေး…. ၊ ရော့လေ… ” ဂျင်းဘောင်းဘီအပြာရင့်နှင့်လူငယ်၏ အသက်ကို စိတ်မှခန့်မှန်းကြည့်သည်မှာ အသက်နှစ်ဆယ်ပါတ်ဝန်းကျင်လောက်သာရှိပေလိမ့်ဦးမည် ။ ရုပ်ရည် သန့်သန့်ပြန့်ပြန့်နှင့် လူငယ်ကိုကြည့်ရသည်မှာ လူနာစောင့်တစ်ယောက်ဟုသာ ထင်မှတ်ထားလိုက်လေသည် ။

” ကျေးဇူးအကိုရာ….၊ အကိုနဲ့ ဟိုဆရာ ဆေးလိပ်သောက်နေတာမြင်ကတည်းက အရမ်းသောက်ချင်နေတာ ”
” စောစောက လာတောင်းသောက်လဲ ရပါတယ်ညီရာ ”

” အားနာလို့ပါအကို… ” ” ဒါနဲ့ … ညီလေးက အချိန်မတော်ကြီး ဒီနေရာကိုဘာလာလုပ်တာလဲ …” ” ကျွန်တော့်သူငယ် ချင်းကိုလာစောင့်နေတာ…. ” ” ဟုတ်လား…… ဒါဆို ညီလေးက လူနာစောင့်ပေါ့ ” ဘာမှပြန်မပြောပဲ အေးစက်စက် အ မူအရာဖြင့် စီးကရက်ကို အငမ်းမရဖွာနေသော လူငယ်ကိုကြည့်ကာကိုအေးလွင်၏ရင်ထဲတွင် ဘဝင်မကျဖြစ်နေမိသည် ။

” ငါ့ညီရယ်… ဆေးလိပ်ကို အဲဒီလို မသောက်ပါနဲ့လား…၊ အကိုလဲမဖြစ်မနေမို့သာသောက်နေရတာ…၊ ကျမ္မာရေးထိခိုက် တယ်ကွ ” ” ကျွန်တော်က စီးကရက်ဆို အရမ်းကြိုက်တာ အကို ” ” ကြည့်လဲလုပ်ဦးကွာ…. အသေစောနေဦးမယ် ”

” မထူးပါဘူးအကိုရယ်…” ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း စီးကရက်ကို အငမ်းမရဖွာရှိုက်နေသော လူငယ်ကိုကြည့်ပြီး ကိုအေးလွင် ခေါင်းကိုခါရမ်းလိုက်လေသည် ။

” ကျေးဇူးပဲအကိုရာ….အခုမှ ခံတွင်းအချဉ်ပြေသွားတော့တယ် ” ” ရပါတယ်ညီလေးရာ…. အပြင်ထွက်မဝယ်နိုင်ရင်လဲ အကို့ဆီမှာ လာတောင်းသောက်ပေါ့ ” ” ဟား….ကျေးဇူးပဲအကိုရေ…. ၊ ကျွန်တော်က အပြင်ထွက်လို့မရလို့ဗျ… ”

” အေးပါကွာ….. သောက်ချင်တဲ့အခါ အချိန်မရွေးလာတောင်းသောက်…ဟုတ်ပြီလား… ” ” ဟုတ်ကဲ့အကို…. အကိုက ဒီကိုဘာလာလုပ်တာလဲ ” ” အလောင်းသွားပို့မလို့ကွာ… ” ” ဟင်…အလောင်းသွားပို့မလို့….အကိုက နိဗ္ဗာန်ယာဉ်မော င်းတဲ့သူလား… ”

” နိဗ္ဗာန်ယာဉ်တော့မဟုတ်ပါဘူးညီရာ….၊ လူနာတွေ အလောင်းတွေကို သူတို့နေရပ်ကိုပြန်ပို့ပေးတာပါ ” ” အကိုက အခု ဘယ်အထိသွားရမှာလဲ ” ” ဝေါ….. ပဲခူးဘုရားကြီးနဲ့ စစ်တောင်းကြားလို့တော့ပြောတာပဲ ” ” အကိုကတစ်ယောက်ထဲ သွားရမှာလား…” ” အလောင်းပိုင်ရှင်နှစ်ယောက် သုံးယောက်တော့ပါမယ် ညီလေး ” ” ဒါဆို ပြန်ရင် တစ်ယောက်ထဲပေါ့ ”

” တစ်ယောက်ထဲပေါ့ကွာ…. အကို့အတွက်တော့ ရိုးနေပါပြီညီရာ ” ” အကိုသရဲမကြောက်ဖူးလား… ” ” အကိုမှ သရဲ မမြင်ဘူးတာ….ဖြူသလားမဲသလားလဲ မသိ…. မမြင်ဘူးတော့မကြောက်ဘူးပေါ့ကွာ ”

” သရဲဆိုတာရှိတယ်အကိုရ… ” ” ဟုတ်လား… မင်းကမြင်ဘူးလို့လား… ” ” မြင်ဘူးလားဆိုတော့…… ဟိုမှာ ခုဏက ဟိုလူကြီးတို့ လာနေကြပြီ…၊ ကျွန်တော်လဲ သွားလိုက်ဦးမယ် …ကျေးဇူးအကိုရေ့….ကျေးဇူးဆပ်ခွင့်ကြုံရင်တော့ ဆပ် ပါရစေ…”

ခပ်လှမ်းလှမ်းမှ လာနေသော ကိုဝင်းသိန်းနှင့် အဖွဲ့ကိုလှမ်းကြည့်လိုက်ပြီး စကားမပြတ်သေးသဖြင့် လူငယ်လေးကိုပြန် လှည့်ကြည့်လိုက်ရာ မရှိတော့ပေ ။

” ကိုအေးလွင်…. အလောင်းက ခုထိမသယ်ရသေးဘူးလားဗျ ” ” ဟိုလူတွေမလာကြသေးဘူး….ဟော…ဆရာ ကြီး. ..နေကောင်းလားဗျ ” ” ကောင်းပါ့ဗျာ……. ” မှူခင်းစစ်ဆရာဝန်ကြီးက ပြုံးရွှင်သော မျက်နှာဖြင့် ကိုအေးလွင်ကိုပြန်နှူတ် ဆက်လေသည် ။

” ကိုအေးလွင်….ထုံးစံအတိုင်းလားဗျ… ” ” ဟုတ်တယ် ဆရာကြီး…. ပိုင်ရှင်တွေ သေစာရင်းယူနေတာကို စောင့်နေတာ ”

ဆေးရုံကြီးဝင်းထဲက ကားစထွက်လာကတည်းက ကိုအေးလွင်ခေါင်းထဲ မူးနောက်နောက်ဖြစ်နေမိသည် ။ အသက်ခြောက် ဆယ်ကျော် အမျိုးသားအလောင်းက ကားနောက်ထိုင်ခုံတွင် လူနှစ်ယောက်ကြားမှာ စောင်ခြုံလျှက်သားဖြင့် ။

မကျမ္မာသည့် လူနာပုံစံဖြင့် အိမ်ကိုပြန်သယ်ပြီး အိမ်ရောက်မှ အသက်ပျောက်သည့် သဘောမျိုးလုပ်နေကြသည်ကို ကိုေ အးလွင် ကြုံခဲ့ရသည်မှာ အကြိမ်ကြိမ်ရှိလေပြီ ။ နယ်ဝေးရပ်ဝေးမှ ရန်ကုန်အထိ ဆေးလာကုပြီး အသက်ပျေက်သွားသ ည့်အခါ ဆွေမျိုးမစုံမလင်ဖြင့် သင်္ဂြိုလ်ရခြင်းကို မလိုလားကြသဖြင့် ငွေကုန်ကြေးကျခံကာ ပြန်သယ်ယူကြခြင်းဖြစ်ပေသည် ။

ညအမှောင်ထဲတွင် တရိပ်ရိပ်ပြေးလွှားနေသော ကားလေးက မင်္ဂလာဒုံကိုကျော်ပြီး ထောက်ကြံ့သို့ပင် ချဉ်းနင်းဝင်လာ ခဲ့လေပြီ ။

” အခုဆုံးသွားတဲ့လူက ခင်ဗျားတို့နဲ့ ဘာတော်လဲဗျ… ” ” အဖေပါခင်ဗျ… ” ” ခင်ဗျားတို့ နှစ်ယောက် အလောင်းကို ပူးကပ်ပြီး ညှပ်ထားပေးဗျာ…ကိုယ့်အဖေကို ဒီလောက်လဲ ကြောက်မနေကြစမ်းပါနဲ့ဗျာ…”

ကိုအေးလွင် မပြောလို့ကလဲမဖြစ်…။ သားနှစ်ယောက်စလုံးက တံခါးတစ်ဖက်ဆီ ကပ်ထိုင်နေကြသဖြင့် ကားကွေ့လိုက် တိုင်း အလောင်းက ယိမ်းထိုးပြီး ယိုင်လဲကျနေသည်မှာ မြင်လို့မကောင်းပေ ။

ထောက်ကြံ့ကျော်လာသည်နှင့် လီဗာကိုဖိနင်းကာ အရှိန်ကိုမြှင့်တင်လိုက်လေသည် ။ အဝေးပြေးကားကြီးများ…. ကုန် တင်ကားကြီးများ၏ စူးရှသော မီးရောင်ကို မကြည့်မိအောင်သတိထားရင်း ဂရုတစိုက် မောင်းနေရာမှ နောက်ကြည့်မှန် ကိုတစ်ချက်ကြည့်လိုက်မိလေသည် ။

” ဟာ….. ဘာလဲဟ…. ”

စောင်ခြုံထားသော အသုဘ၏ မျက်လုံးအစုံက ပြူးလျှက်စိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသောကြောင့် ရင်ထဲတွင် ထိတ်ကနဲ ဖြစ်သွားကာ ကားစက်ရှိန်ကိုလျှော့ချလိုက်သည် ။ အသုဘရှင် သားနှစ်ယောက်က တစ်ဖက် တစ်ချက်မှ ကားတံခါးမှန်ကို မှီကာ အိပ်မောကျနေလေပြီ ။ ကားစက်သံကြားမှ အပြိုင်အဆိုင် ဟောက်နေကြသည့်အသံများက နားမခံနိုင်စရာ ။

ကားစက်ကိုအရှိန်လျှော့ချရင်းမှ နောက်ကြည့်မှန်ကို ထပ်ကြည့်လိုက်မိပြန်သည် ။

” ဟ….သောက်ခွေး….. ” မကြုံစဖူး မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကားကို ချက်ချင်းလမ်းဘေးသို့ထိုးရပ်ပြီး အနောက်ခန်းမှ လူနှစ်ယောက်ကို လှူပ်နှိုးလိုက်ရလေသည် ။

” ဟေ့လူတွေ……ဟေ့လူတွေ….ထကြပါဦးဗျ… ” ” ဟမ်…. ” ” ဟင်….ဘာဖြစ်လို့လဲ ” ” ဘာမှ မဖြစ်ဖူး…. ခင်ဗျား တို့ အဖေရဲ့ မျက်နှာကို စောင်အုပ်ထားပေး… ”

” ဘာဖြစ်လို့လဲကားဆရာ… ” မြင်သမျှကိုပြောပြလိုက်ပါက ယခုလို အကာလ အချိန်ကြီးတွင်ကြောက်လန့်သွားကြမည် စိုးသဖြင့် စကားလွှဲလိုက်ရလေတော့သည် ။

” ရှေ့မှာ စစ်ဆေးရေးဂိတ်ရှိတယ်…၊ ကျွန်တော် ရပ်မပေးတော့ဘူး…၊ စကားတွေ အများကြီးရှင်းပြနေရလိမ့်မယ် …ဟု တ်ပြီလား… ”

” ဟုတ်….ဟုတ်ကဲ့ ” ကိုအေးလွင် ကားထဲပြန်ဝင်ထိုင်ရင်း နောက်ကြည့်မှန်ကို အပေါ်သို့လှန်တင်လိုက်သည် ။ နောက် ကြည့်မှန်မှ မြင်ခဲ့ရသော အသုဘ၏ ပြုံးဖြီးဖြီးနှင့် ပြူးကျယ်နေသော မျက်လုံးကို ပြန်မြင်ပြီး ရင်တထိတ်ထိတ်ခုန်နေလေပြီ ။ တစ်ကိုယ်လုံး ကြက်သီးများထနေသော်လည်း အရောက်ပို့ပေးရမည့် တာဝန်ရှိနေသည်မို့ ကားကိုသာ ဂရုတစိုက်မော င်းလာခဲ့လေတော့သည် ။

ပဲခူးဘုရားကြီးအကျော် မိုင်တိုင် ခွန်နှစ်ဆယ် သို့ ရောက်နေလေပြီ ။ ” ကားဆရာရေ…ခဏရပ်ပါဦး ….ကျွန်တော်တို့ ဆီးသွားချင်လို့ ” ကိုအေးလွင်လည်း ဆီးသွားချင်သည်ကို အောင့်ပြီး မောင်းလာရသည်မှာ ဆီးအိမ်ပင် တင်းနေလေပြီ ။

” အတော်ပဲဗျာ….ကျွန်တော်လဲ ဆီးသွားချင်နေတာ ” သုံးယောက်သား ကားပေါ်မှဆင်းကာ လမ်းဘေးတွင် အပေါ့သွား ရင်း ကားထဲသို့ ကိုအေးလွင်လှမ်းကြည့်လိုက်မိသည် ။

” ဟင်……. ” ” ကားဆရာ….ဘာဖြစ်လို့လဲ ” ” ကားထဲမှာ လူရိပ်တွေ့လိုက်လို့ဗျ ” ကိုအေးလွင်၏ ပြောစကားကြောင့် ကျန်နှစ်ယောက်မှာ ကားထဲသို့လှမ်းကြည့်ကြလေသည် ။

” ဘာမှမရှိပါဘူးဗျ…. အထဲမှာ အဖေပဲရှိတယ်လေ….” ” ခင်ဗျားတို့အဖေ အပြင် ဘေးမှာ လူရိပ်တစ်ထု ထပ်တွေ့လိုက် လို့ပါ ” ” ကားဆရာကလဲ ….မဟုတ်တာ…. ” ” အင်း…..ကျွန်တော် အမြင်မှားတာဖြစ်မှာပါ ”

အချိန်က ည ဆယ့်နှစ်နာရီထိုးတော့မည် ။ မကြာမီ ဝေါသို့ရောက်ပေတော့မည် ။ ကုန်ကားကြီးများအချို့ ညအိပ်ရပ်နားေ နကြလေပြီ ။

” ဘုတ် ” ဂရုစိတ်မောင်းနေရာမှ ထိုင်ခုံနှစ်ခုကြားသို့ ရောက်လာသည့် အရာကိုကြည့်ပြီး စတီယာရင်ကို သတိထားဆုပ် ကိုင်ကာ ကားလူးမသွားစေရန် ထိမ်းလိုက်ရင်း ဘရိတ်မနင်းမိစေရန် အတော်သတိထားလိုက်ရလေသည် ။ ကားဘရိတ် မနင်းပါပဲ ထိုင်ခုံနှစ်ခုကြားသို့ အလိုလို လဲကျလာသော အလောင်းကို မကြည့်မိရန် ကြိုးစားရင်း စက်ရှိန်ကိုလျှော့ချကာ အနောက်သို့ လှမ်းအော်လိုက်သည် ။

” ဟေ့လူတွေ…..ခင်ဗျားတို့ အဖေကို ပြန်ထူလိုက်ဦးဗျ…..ခင်ဗျားတို့ကလဲဗျာ…..၊ သေသေချာချာ ထိမ်းထားပါလို့ ပြောထားရဲ့သားနဲ့… ”

” ဟာ…….ဟုတ်ကဲ့….ကန်တော့ဗျာ…ကန်တော့ ” ” ခင်ဗျားတို့ ကန်တော့တာက နောက်မှဗျ…. ကားမှောက်ပြီး အကုန်သေသွားမယ်… ဘာမှတ်နေလဲ ”

မာမာထန်ထန်ပြောလိုက်သည့် ကိုအေးလွင်၏ စကားကြောင့် အသုဘရှင် နှစ်ယောက်စလုံး ပြာပြာသလဲတောင်း ပန်ကြေ လသည် ။ ကိုအေးလွင်၏ စိတ်ထဲမှာ မြန်မြန်ရောက်ပါစေတော့ဟုသာ ဆုတောင်းရင်း လီဗာကို ဖိနင်းလိုက်မိလေတော့ သည် ။

ထိုင်ခုံနှစ်ခုကြားသို့ငိုက်ကျလာသည့် အလောင်း၏ မျက်နှာက တစောင်းအနေအထားဖြင့် ကိုအေးလွင်ဘက်သို့လှည့်ပြီး မျက်လုံးများပြူးကြည့်နေသည်ကို ကိုအေးလွင် မျက်လုံးထဲ ဖျောက်ဖျက်၍ မရနိုင်တော့ပေ ။

” ကျေးဇူးတင်ပါတယ် ကားဆရာကြီးရာ…. ” ” ကျေးဇူးလဲတင်မနေပါနဲ့တော့ဗျာ…..ခင်ဗျားတို့လူတွေကို အရင်ခေါ်ပြီး ကားထဲကနေ ထိုင်လျက်ပွေ့သာချပေတော့….၊ ရပ်ကွက်ထဲက သိရင် ကျွန်တော်လဲ ပြဿနာတက်လိမ့်မယ် ”

” ဟုတ်ကဲ့…စိတ်ချပါဗျာ…. ” ကားစထွက်ချိန် နာရီကြည့်လိုက်သည့်အခါ မနက် တစ်နာရီ ကျော်လေပြီ ။ မကြုံစဖူး ကြုံခဲ့ရသည့် မြင်ကွင်းက ကြက်သီးထစရာကောင်းလွန်းသောကြောင့် နောက်ကြည့်မှန်ကိုပင် မကြည့်တော့ပဲ စက်ရှိန်မြှင့်ကာ ရန်ကုန်သို့ ဦးတည်ခဲ့လေတော့သည် ။

လမ်းမှာ မရပ်တော့ပဲ တောက်လျှောက်မောင်းလာခဲ့ရသဖြင့် မျက်လုံးများက စပ်ဖျဉ်းဖျဉ်းဖြစ်ကာ မှေးစင်းလာနေကြသည် ။ အိပ်မငိုက်စေရန် သတိထားပြီး မောင်းရင်း နှာခါင်းဝထဲသို့ တိုးဝင်လာသော စီးကရက်နံ့ကြောင့် မှေးစင်းနေသော မျက်လုံးများ အနည်းငယ် ကျယ်သွားကြလေတော့သည် ။ ရှင်းလင်းနေသည့် လမ်းမကြီးတွင် ကားတစ်စီးလုံး စီးကရက်နံ့ ရနေသည် မှာ ထူးဆန်းလွန်းနေပေသည် ။

အပြန်လမ်းအတွက် အဖေါ်မခေါ်ခဲ့သည်ကိုပင် စိတ်ထဲ မကျေမနပ်ဖြစ်နေမိသေးသည် ။ အဝေးဆီမှ မီးရောင်များကို မြင်လိုက်ရသဖြင့် မကြာမီ ခြောက်ကွေ့ ( မြောက်ဥက္ကလာပ ) သို့ ရောက်တော့မည် ။ ကိုအေးလွင်တစ်ယောက် စိတ်ကိုတင်းရင်း မောင်းနေရာမှ စိတ်ထဲတွင် မသိုးမသန့်ဖြစ်လာမိသည် ။

လမ်းဘေးတွင် ရပ်ထားသော ကုန်တင်ကားကြီးများက မီးပိတ်ထားသဖြင့် ဝင်မတိုက်မိစေရန်လည်း သတိထားနေရလေ သည် ။ နောက်ဆို ယခုလို အလုပ်မျိုးကို လုပ်မစားတော့ရန်လည်း တွေးမိလေသည် ။ ရေခဲတိုက်မှာ တွေ့ခဲ့ရသော လူင ယ်လေးသည် လူသားစင်စစ် ဟုတ်ပါရဲ့လား…။

လူသားစင်စစ်ဟုတ်ခဲ့ပါက သူလိုက်ခဲ့မည်ဟု ပြောခဲ့ခြင်းအပေါ် အဖေါ်အဖြစ် ခေါ်မသွားမိခြင်းအတွက် လည်း နောင် တရမိလိုက်သည် ။

” အကို……. စီးကရက်တစ်လိပ်လောက်…… ” ထိုင်ခုံနှစ်ခုကြားမှ ထွက်လာသော မျက်နှာနှင့်အတူ ပုခုံးကိုလာထိသော အေးစက်စက် အထိအတွေ့ကြောင့် ကိုအေးလွင် လိပ်ပြာလွင့်မတတ်ဖြစ်သွားရလေတော့သည် ။

” အောင်မလေး…… မင်း…..မင်း..” ” ဂျိမ်း………. ဒုံး……”

” အကို….. သတိရပြီလား….. ” ” မင်း….မင်း…. ” ” ဟုတ်တယ်လေ…အကို…. ကျွန်တော့်ကို မမှတ်မိဘူးလား…. ”

” စီးကရက်….စီးကရက်… ” ” ဟုတ်ပါတယ်….စီးကရက်လေး တောင်းသောက်တာနဲ့ ဘာလို့ အလန့်တကြားဖြ စ်ရတာ လဲဗျာ… ”

” ငါ…အခုဘယ်ရောက်နေလဲ…. ငါ…ငါ… ” ” အခုရောက်နေတာ ရေခဲတိုက်လေ….” ” ဟင်….. ငါ့…..မိသားစုရော.. ” ” အကို့မိသားစုကို အကြောင်းကြားထားပြီးကြပါပြီ….”

” ဟင်…..မင်းက ဘယ်သူလဲ ” ” ကျွန်တော်က ဒီရေခဲတိုက်မှာ နေတာကြာပြီဗျ…ပြောရရင်တော့ ဆယ့်ငါးနှစ်လောက်ရှိ မယ်နဲ့တူတယ်…”

” ဘာ…ဒါဆို…မင်း…မင်းက… ” ” ဟုတ်တယ်…. ကျွန်တော်က ရထားပေါ်ကနေပြုတ်ကျပြီးသေခဲ့တာပါ ၊ ကျွန်တော် ကိုဘယ်သူမှလဲ အမျှမဝေနိုင်ကြတော့ဘူး ”

” ဘယ်လို ” ” ကျွန်တော့် မိဘတွေက တောင်တွင်းကြီးကဗျ…၊ မိဘတွေလဲ မရှိကြတော့ပါဘူး…၊ ကျွန်တော့်အတွက် အလှူအတန်းလုပ်ပေးဖို့ ဆွေမျိုးတွေကို အကူအညီတောင်းဖို့ကလဲ အဆင်မပြေပါဘူးအကိုရာ….” ” မင်းကိစ္စကအရေး မကြီးဘူး…၊ ငါ….ငါ အခုဘယ်လိုလုပ်ရမလဲ… ”

” အကိုက မသေသေးပါဘူးဗျာ….၊ အကို့ဘေးမှာ ကျွန်တော် အချိန်တိုင်းရှိနေတာပဲ ” ” ဒါဆို…ငါက ဘာလို့ ရေခဲတိုက်ကို ရောက်နေရတာလဲ….. ”

” အကို့ဝိဉာဉ်က စိတ်စွဲရာကို လျှောက်သွားနေတာပါ ၊ အကို့ရဲ့ ခန္တာကိုယ်က ကားတိုက်တဲ့နေရာမှာ ရှိပါသေးတယ်…၊ အခုသူတို့ သယ်လာကြတော့မှာပါ ”

” ဟင်…… ငါ့ခန္တာကိုယ်က အဲဒီမှာ…ငါက ဒီကိုရောက်နေတာလေ…ဘာတွေလဲ ” ” အကိုမသေသေးပါဘူးဗျာ….၊ အကို့စိတ်ထဲစွဲနေတဲ့ နေရာကို အကိုသတိလစ်တုန်းရောက်လာတာပါ….”

” မင်းက ကားပေါ် ဘယ်လို လုပ်ပြီးပါလာတာလဲ ” ” အကိုထွက်သွားကတည်းက ကျွန်တော်လိုက်လာတာဗျ….၊ အကို့ကားပေါ်ကို ဟိုအဖိုးကြီးအလောင်းတင်တော့ ကျွန်တော်ပါ လိုက်လာခဲ့တာ….”

” ဒါ…ဒါဆို…အလောင်းက မျက်လုံးပြူးပြီးရီပြတာ မင်းလုပ်တာလား.. ” ” ဟုတ်တယ်လေ…အကိုပဲ သရဲမကြောက်ဖူးဆို… ကျွန်တော်က အကို့ကိုရယ်ပြရုံလေးလုပ်မိတာ…”

” တော်စမ်းပါကွာ…ကားမမှောက်တာကံကောင်း… ” ” အကိုပဲသရဲမကြောက်ဖူးဆိုလို့ ပျင်းမှာစိုးလို့စတာပါဗျာ… အခုသရဲကိုမြင်ဖူးပြီလား ”

” မြင်ဖူးပြီလေ….. ” ” ဘယ်မှာလဲ…သရဲ ” ” မင်းလေ……မင်းက သရဲမဟုတ်လို့ ဘာလဲကွ ” ” ဟား…ဟား…. အကိုရာ…. ကဲ..ကဲ…သရဲမြင်ဖူးအောင် ကြုံတုန်းလိုက်ပြမယ်…ကျွန်တော်နဲ့ လိုက်ခဲ့ ”

လူငယ်လေးခေါ်ရာနောက်သို့ ကိုအေးလွင် လိုက်သွားရသည်မှာ မြေကြီးနှင့် ခြေထောက်နှင့်ပင်မထိပဲ လေထဲမှာ ပျံဝဲနေရသကဲ့သို့ ရှိနေသည် ။ ကားတိုက်ခဲ့သည်ဟုသာ ပြောပေမယ့် နာကျဉ်ခြင်း ဒါဏ်ရာရခြင်းများ တစ်ခုတစ်လေ တောင်မရှိသည်မှာ အံ့သြစရာကောင်းလွန်းလှသည် ။

ရေခဲတိုက်သွားရာလမ်းတစ်လျှောက်တွင်လဲ ယခင်ကနှင့်မတူပဲ လူသွား လူလာများနှင့် စည်ကားနေသည်မှာ ထူးဆန်းနေပေသည် ။

” အကို…..ဟိုအပင်ပေါ်ကြည့်စမ်းပါဦး…. ” လူငယ်လေးညွှန်ပြရာ သစ်ပင်ကို ကိုအေးလွင်သိပါသည် ။ ဆေးရုံကြီး၏ အနောက်ဘက်တွင်ရှိသော သရဲ အလွန်ခြောက်သည်ဆိုသော နံမည်ကျော် ထိန်ပင်ကြီးဖြစ်ပေသည် ။

ထိန်ပင်ကြီးတစ်ခုလုံးတွင် နေရာလွတ်ပင်မရှိရလောက်အောင် ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ရှိနေကြသည့် ပရလောကသားများကို မြင်လိုက်ရလေသည် ။ ပရလောကသားများကို မြင်နေရသော်လည်း ထိတ်လန့်ခြင်း အလျင်းမရှိသည်မှာလဲ ထူးခြားနေပေသည် ။

” အကို…. ဟိုမှာကြည်လိုက်ဦး….. ” ရေခဲတိုက်ဘေးနံရံကို မှီထိုင်နေသော ဝဝဖိုင့်ဖိုင့် ကိုယ်လုံးကြီးနှင့် အရာက ကိုအေးလွင်တို့နှစ်ယောက်ကို လှမ်းကြည့်နေလေသည် ။

” မကြောက်နဲ့ အကို…. အခုအခြေအနေမှာ အကို့ကို သူတို့ ဘာမှ ဒုက္ခမပေးနိုင်ဘူး… ” ” သူတို့ကျတော့ မင်းလိုမျိုး အဝတ်အစားလဲမရှိ….လူပုံလဲမပေါက်…ဘယ်လိုဖြစ်တာလဲ ”

” ကျွန်တော် ငယ်ငယ်လေးကတည်းကနေ သေတဲ့အချိန်အထိ သူတစ်ပါးအသက်ကို သေစေလိုတဲ့ ဆန္ဒနဲ့ မသတ်ခဲ့ဖူးဘူးအကို…၊ မိဘတွေကို ရထားပေါ်မှာ ဈေးရောင်းပြီး လုပ်ကျွေးခဲ့တယ်…။ လှူစရာရှိရင် မစားပဲလှူခဲ့တယ် …၊ ဒါ့ကြောင့် သူတို့နဲ့ မတူတာပေါ့…။ ကျွန်တော်က အရာဝတ္ထုပစ္စည်းတွေကို လက်နဲ့ ထိတွေ့ကိုင်တွယ်နိုင်ပြီး ကျွန်တော့်ရဲ့ ပကတိရုပ်သွင်ကို ပြလို့ရပါတယ် ”

” ညီလေးရာ…အကိုမသေခဲ့ရင် မင်းအတွက် အလှူအတန်းလုပ်ပေးပါ့မယ်…. မင်းနံမည်ကိုပြောပါ ” ” တကယ်လားအကို…. ကျွန်တော့်နံမည်….. ကျော်စိုးဝင်းပါအကို… အကို အမျှပေးမယ်ဆိုရင် ဒီနေရာကိုပဲ လာပြီး တောင်တွင်းကြီးက ကျော်စိုးဝင်းလို့ သုံးကြိမ်ခေါ်လိုက်ပါ ….အကိုမသေပါဘူး…. စိတ်ချပါ ”

” အခုလိုမြင်ရတော့….ငါ…တော်တော် သံဝေဂရတယ် ညီလေးရာ…..” ” အကို့ကိုပြချင်တာတွေ အများကြီးရှိပါသေးတယ်…. ဟိုမှာကြည့်အကို….. ညနေက အရက်မူးပြီး လူသတ်ခံလိုက်ရတဲ့ကောင်…. တွေ့လား… ”
” ဟာ…..တွေ့တယ်….. ကြောက်စရာကြီးပါလားကွာ…. လည်ပင်းကြီးပြတ်ပြီး ဆွေ့ဆွေ့ခုန်နေတယ် ”
” သူလဲ မကြာခင် လာခေါ်ခံရတော့မှာပါ.. ”

” ဟင်….ဘယ်သူကလာခေါ်တာလဲ ” ” ငရဲကိုသွားရတော့မယ်လေ အကို… ပရလောကသားတိုင်း ငရဲကျကြတာမဟုတ်ပါဘူးအကိုရာ….၊ သူပြုလုပ်ခဲ့တဲ့ ကံအတိုင်း ခံကြရသေးတာပါ ။ ကံငါးပါးလုံပေမယ့် သေခါနီးမှာ စွဲတဲ့စိတ်ကြောင့် လားရာမကောင်းတဲ့သူတွေတစ်ပုံကြီး…။

ပရလောကသားတွေထဲမှာ ဘုန်းကြီးသရဲလဲရှိတယ် ။ စိတ်ကြမ်းကိုယ်ကြမ်းတွေလဲရှိတယ် ။ အေးအေးချမ်းချမ်းနဲ့ နေထိုင်သူတွေလဲရှိတယ် ။ အကို့ကိုပဲကြည့်လေ…. ကားမတိုက်ခင်မှာ အကို့စိတ်က ရေခဲတိုက်ကို ရောက်နေလို့ အခုလိုနေရာကို စိတ်စွဲတဲ့အတိုင်း ရောက်လာတာလေ …။

နောက်ဘဝကို ကူးနိုင်ဖို့ အခွင့်အရေးရှိတဲ့သူတွေက အေးအေးချမ်းချမ်းနဲ့ အလှည့်ရောက်လာမယ့် အချိန်တွေကိုစောင့်နေကြတယ်အကို… ”

” မင်းကရော… ဆယ့်ငါးနှစ်လောက်ရှိနေပြီ…အခုထိ မကျွတ်နိုင်သေးဘူးလား…. ” ” ကျွန်တော် ရထားပေါ်ကပြုတ်ကျတဲ့ အချိန်မှာ မသေသေးဘူးဗျ…။ ကျွန်တော့်စိတ်ထဲမှာ စွဲနေတာက ကျွန်တော့်အိတ်ထဲက ဈေးရောင်းရတဲ့ငွေတွေ….၊ ဘယ်သူယူသွားမှန်းလဲမသိဘူး…၊ အမေဆေးကုဖို့ စုထားတဲ့ ပိုက်ဆံလေးတွေ အကုန်ပါသွားတာဗျ….၊ နောက်ပြီး ကျွန်တော့်ကို နံမည်ခေါ်ပြီး အလှူအတန်းလုပ်ပေးမယ့်သူလဲမရှိဘူးလေ အကို… ”

” စိတ်မပူနဲ့ ညီလေး….. အကိုလုပ်ပေးမယ်… ” ” ဟော….အကို….အကို့ကို သယ်လာကြပြီ….၊ အရေးပေါ်ကိုသွားကြရအောင်……မြန်မြန်လာ…. ”

” ယောက်ျားရေ…..ယောက်ျားရဲ့…သတိရပါတော့ ” ” ဖေကြီး…..ဖေကြီး… ” ” ဆရာမတွေ…. လူနာရှင်တွေကို အပြင်ခဏလောက်ခေါ်သွားပေးကြ …မပူနဲ့….ကမန်တော်တို့ အစွမ်းကုန်ကုပေးမယ်… ”

မြင်နေရသည့် မြင်ကွင်းကိုကြည့်ပြီး ကိုအေးလွင် ပါးစပ်အဟောင်းသားဖြစ်နေလေသည် ။ ခေါင်းမှ စီးကျနေသော သွေးများက မြင်မကောင်းလောက်အောင်ဖြစ်နေသလို အရိုးငေါထွက်နေသည့် ခြေထောက်တစ်ဖက်က ပုံစံပျက်ယွင်းနေလေပြီ ။

” ငါ….ငါ…. မိန်းမ……မိန်းမ….. သားလေး…. သား… ” ” အကို…..စိတ်ကိုအေးအေးဆေးဆေးထား… အကိုမသေဘူး….၊ ခဏနေရင် အကို့ ခန္တာကိုယ်ထဲကိုပြန်ဝင်ရမှာ…၊ စိတ်မတည်ငြိမ်ရင် ပြန်ဝင်လို့မရဘူးအကို… စိတ်ကိုတည်ငြိမ်အောင်ထား…. အခုနေ အကို ခေါ်လည်း သူတို့ မကြားနိုင်ဘူး…”

” ဟာ…… ကိုအေးလွင်….. ဖြစ်ရလေ… ” အပြေးအလွှားရောက်ချလာသော ရင်ခွဲရုံမှ ကိုသိန်းဝင်းကိုမြင်လိုက်ရသဖြင့် ကိုအေးလွင် အားတက်သွားမိလေသည် ။

” ကိုသိန်းဝင်း….. ကိုသိန်းဝင်း… ” ” အကို…စိတ်ကိုငြိမ်အောင်ထားပါဆို….စိတ်မငြိမ်ရင် ဒီနေရာမှာ ကျွန်တော်နဲ့ တစ်သက်လုံးနေခဲ့ရမှာနော်… ”

ကျော်စိုးဝင်းပြောသည့် အတိုင်း စိတ်ကို တည်ငြိမ်အောင်ထားရင်း မိမိ၏ ခန္တာကိုယ်အား အရေးပေါ်အသက်ကယ်နေကြသည်ကို ရပ်ကြည့်နေမိလေသည် ။

” အဲဒါ ခင်ဗျားလားဗျ….. ” နံဘေးနားရောက်လာပြီး မေးလိုက်သည့် လူကို အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်မိသည် ။

” မင်းထွက်သွားစမ်း…… မင်းနဲ့ မဆိုင်ဘူး…. ” ကျော်စိုးဝင်းက မျက်နှာ ခပ်တင်းတင်းဖြင့် ခပ်မာမာပြောလွှတ်လိုက်သောကြောင့် နံဘေးနားလာမေးသူမှာ မျက်စေ့မျက်နှာ ပျက်ပြီး ထွက်သွားလေတော့သည် ။
” တွေ့လားအကို…. အကို့ကိုယ်ထဲကိုဝင်ချင်နေကြတာ…၊ စိတ်ကိုငြိမ်အောင်ထား….လာ….လာ… ခွဲစိတ်ခန်းထဲဝင်ကြတော့မယ်…ကျွန်တော့်လက်ကို ကိုင်ထား…၊ ကျွန်တော်က ဝင်တော့လို့ ပြောတာနဲ့ မျက်လုံးစုံမှတ်ပြီးသာ ဝင်လိုက်ပေတော့…. ”

သွေးပုလင်းများ…ဆေးပုလင်းများချိတ်ထားပြီး ဒါဏ်ရာဒါဏ်ချက်များဖြင့် ပြည့်နှက်နေသော ခန္တာကိုယ်ကြီးကိုကြည့်ပြီး ကိုအေးလွင် တွေဝေနေမိလေသည် ။

” အကို…အသင့်ပြင်ထား….၊ အကို့ကို နှိုးစက်နဲ့ နှိုးတော့မယ်…. အကို့လက်ကို ကျွန်တော်ကိုင်ထားမယ်… ။
ကျွန်တော် အချက်ပြပြီး တွန်းလွှတ်လိုက်တာနဲ့ ဝင်ပေတော့ ”

” အင်း….ဟင်း…..ဟင်း….ရေ….ရေ… ” ” ယောက်ျား……ယောက်ျား… ဆရာတို့…..ဆရာမတို့… လာကြပါဦး….လူနာသတိရလာပြီ….. ”

တစ်ကိုယ်လုံးနာကျဉ်ကိုက်ခဲမှူကြောင့် ကိုအေးလွင်တစ်ယောက် ညည်းတွားနေရလေသည် ။ ဆေးရုံမျက်နှာကျက်ကိုမော့ကြည့်ရင်း ဖြစ်ပျက်ခဲ့သမျှအားလုံး အိပ်မက်လား အမှန်တကယ်လားဆိုသည်ကို ဝေခွဲရခက်နေမိသည် ။

နှူတ်ခမ်းကို ထိတွေ့လာသော ဝါဂွမ်းစပေါ်မှ ရေစက်များက ကိုအေးလွင်၏ ရင်ထဲမှ အပူများကို မငြိမ်းစေနိုင်ခဲ့ပါ ။ ရေဆာလောင်မွတ်သိပ်မှူ ကိုတမ်းတရင်း ရေခဲတိုက် ပါတ်ဝန်းကျင်အနီးအနားတစ်ဝိုက်မှ အော်ဟစ် ငိုကြွေးနေကြသော အသံများ…. ၊ အဝတ်ဗလာ စားစရာနတ္ထိဖြင့် ဝဋ်ဒုက္ခခံစားနေရရှာသော ပရလောကသားများကိုသာ မြင်နေမိလေသည် ။

ယခင်က ယုံတမ်းစကားအဖြစ်သာ သတ်မှတ်ခဲ့သည့် ငရဲမှပြန်လာဖူးသည်ဆိုသည့် သူများကို ကိုအေးလွင် ယုံကြည်လာခဲ့မိလေပြီ ။ ငရဲမရောက်ခင် စပ်ကြားမှာပင် ပြုခဲ့သမျှ ကံဝဋ်ကြွေးကို ပေးဆပ်နေကြရသည့် သူများကိုမြက်မြင် ကိုယ်တွေ့ကြုံခဲ့ရပြီမို့ သံဝေဂရလာခဲ့လေပြီ ။

” ကိုအေးလွင်….. သက်သာရဲ့လား…… ” ” ဟာ….လာ… ကိုသိန်းဝင်း…. ” ” နေ…နေ… သက်သာသလိုနေဗျာ… အရိုးကတော့ စတီးရိုးထည့်ထားတော့ လမ်းလျှောက်ဖို့ အချိန်ယူရဦးမယ်ဗျ… ”

” ဆရာဝန်ကြီးလဲပြောတယ်…” ” ခင်ဗျားကံကောင်းတယ်ဗျာ….. ရှေ့က ဆယ်ဘီးကားကြီးရပ်ထားတာတောင် မမြင်ဘူးလား… တိုက်လိုက်တာမှ ရစရာမရှိဘူး… ဆယ်ဘီးကားကို နောက်ကဝင်တိုက်ပြီး ကားထဲမှာ ခင်ဗျားရှိမနေတာက အတော်ကံကောင်းတယ်မှတ်… ”

” ဘယ်လို….ကိုသိန်းဝင်း…… ” ” အင်းလေ…. ခင်ဗျားကားက ရပ်ထားတဲ့ ဆယ်ဘီးကားကို အနောက်က ဝင်တိုက်ပြီး ကားအောက်ထဲရောက်သွားတော့ ခေါင်မိုးတွေပါပြတ်သွားတာ…၊ ခင်ဗျားသာ ကားထဲရှိနေရင် တစ်ပိုင်းစီပြတ်သွားမှာဗျ… ”

” ဟင်…ဒါဆို..ကျွန်တော်က ဘယ်ကိုရောက်နေတာလဲ ” ” ခင်ဗျားက ကားထဲကနေ ဘယ်လိုလွင့်ထွက်သွားလဲတော့မသိဘူးဗျ… ၊ ကျွန်တော်ပြန်ကြားရတာတော့ ဆယ်ဘီးကားအောက်ရောက်နေတယ်တဲ့…”
” ဗျာ….. ”

” မဗျာနဲ့…….ကံအရမ်းကောင်းလွန်းလို့ ကျွန်တော်တောင်မှ ကြားကြားခြင်း အံ့အားသင့်နေတာ ” ” ကျွန်တော် တစ်ခုပြောချင်လို့ဗျ…. ” ” ပြောလေ…… ကိုအေးလွင်… ”

” ဒီလိုဗျ……. ” ကြုံခဲ့သမျှကို တစ်ခုမကျန် ကိုသိန်းဝင်းကိုပြောပြလိုက်သည့်အခါမှာတော့ ကိုသိန်းဝင်းတစ်ယောက် အံ့အားသင့်သည့် မျက်နှာဖြင့် ကိုအေးလွင်ကို စိုက်ကြည့်နေလေသည် ။

” ဘယ်လို ထင်သလဲ ကိုသိန်းဝင်း…၊ ကျွန်တော်ပြောတာယုံသလား… ” ” သိပ်ယုံတာပေါ့ဗျာ……. ။ အဲဒီကောင်လေးက ရင်ခွဲရုံနားမှာ အမြဲရှိတယ်…။

ဘယ်သူ့ကိုမှလဲ မခြောက်လှန့်ဘူး…၊ ကျွန်တော် အလောင်းတွေ ရင်ခွဲတဲ့ အခါ ကျွန်တော့်အနားမှာရှိနေတတ်တယ်ဗျ…၊ သူလာရင် စီးကရက်နံ့ရတယ်…၊ တစ်ခါတစ်လေ ရေခဲတိုက်က တံခါးတွေဘာတွေတောင် ကူပိတ်ပေးတာ….စတတ်နောက်တတ်တာ တစ်ခုကလွဲရင် ခြောက်တာ လှန့်တာ မလုပ်ဘူးဗျ….ကျွန်တော့်အထင်မမှားဘူးဆိုရင်ပေါ့ဗျာ…..။

အဲဒီကောင်လေးကများ ခင်ဗျားကို ကားထဲက တွန်းထုတ်ခဲ့လေသလားပဲ…၊ တကယ်ဆိုရင် ခင်ဗျား ကိုယ်က နှစ်ပိုင်းပြတ်ထွက်သွားလောက်တယ် ”

” ဗျာ……… ”

မနက်အာရုံတက်ချိန်မတိုင်မီကတည်းက ချိုင်းထောက်ကို အားပြုရင်း ရေခဲတိုက်အနားသို့ ကိုအေးလွင် ရောက်နေခဲ့ပါပြီ ။

” တောင်တွင်းကြီးက ကျော်စိုးဝင်းရေ….. တောင်တွင်းကြီးက ကျော်စိုးဝင်း…. တောင်တွင်းကြီးက ကျော်စိုးဝင်း…၊ အကိုနဲ့ အတူ လိုက်ခဲ့ပါ…မနက်အာရုံဆွမ်းနဲ့ သင်္ကန်းကပ်လှူပြီး..မင်းအတွက် အမျှပေးဝေပါ့မယ်…မင်းသိရှိကြောင်း အကို့ကို အသိပေးပါညီလေးရေ….”

ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ခေါ်လိုက်သံနှင့်အတူ လေမတိုက်ပါပဲ သစ်ပင်အချို့က လှူပ်ရမ်းသွားသကဲ့သို့ စီးကရက်နံ့သင်းသင်းလေးက ကိုအေးလွင်အနီးအနားတွင် ဝေ့ဝဲနေလေတော့သတည်း…..။

မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါအပေါင်းတို့ ချမ်းသာကိုယ်စိတ်မြဲကြပါစေသတည်း ( နာနာဘဝ…ဝိနာဘာဝတို့ဟူသည်….အမှန်တကယ်ရှိပါသည် ။ ပေတဟုခေါ်သော ပြိတ္တာ များပင်ဖြစ်ကြလေသည် ။

မိစ္ဆာဒိဋ္ဌိ အယူလွဲမှားခြင်း…၊ ကံငါးပါးကိုကျူးလွန်ကြခြင်း ၊ မစ္ဆေရစိတ်လွန်ကဲခြင်း..လောဘ…ဒေါသ…မောဟ..တို့ကြောင့်ဖြစ်တတ်ပါသည် ။ ဗုဒ္ဓဘာသာဝင်ကာင်းတစ်ယောက်ဖြစ်ပါက မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားတော်များကို ဖတ်ရှူခြင်းဖြင့် သိမြင်နိုင်ကြပါသည် ။ သတိသံဝေဂယူနိုင်ကြပါစေ…. )

ဖြစ်ရပ်မှန်အား အခြေခံလျက် ရေးသားလိုက်ရပါကြောင်း… ( အမည်…နေရပ်များကို လွှဲပြောင်းရေးသားထားပါသည် )

လွင်ဦးဟန်

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...