Loading...

ကြောက်စရာကောင်းတဲ့ ကိုယ်သုတ်သဘက်အကြောင်း..နှိပ်ကြည့်လိုက်နော်.


ရေချိုးပြီးလျင် ကိုယ်သုတ်သောတဘက်ကို အသုံးပြုသူများက လိုအပ် သလောက်လျှော်ဖွပ်ကြခြင်း မရှိကြောင်း အမေရိကန်ပြည်ထောင်စု ၊ အမျိုးသားကျန်းမာရေးဌာန ၊ ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှု ဌာနခွဲမှ သတိပေးပြောကြားသည် ။

ကိုယ်သုတ်တဘက်တွေက အလွန်ညစ်ပတ်ပါတယ် ။ အသစ်ဝယ်ယူပြီး စတင်အသုံးပြုချိန်က စပြီးတော့ နေ့ စဉ်ရက်ဆက် ညစ်ပတ်လာတာပါ ။ ခန္ဓာကိုယ်ပေါ်က ဘက်တီးရီးယား၊မှို၊ဆဲလ်အသေတွေ စွဲကပ်နေသလို သွားရည်၊ ဆီး၊ ၀မ်း တွေလည်း ကပ်ငြိနေပါတယ်။ ဒါ့အပြင် ရေချိုးခန်းတွေထဲက ပိုးမွှား မျိုးစုံကလည်း တဘက်ပေါ်ခုန်တက်ပြီး ကပ်ငြိနေတတ် ပါတယ် ။ အိမ်သာထဲကို တဘက်ပတ်ပြီးဝင် သွားတတ်ကြသူတွေဆိုရင် ပိုလို့ တောင်ဆိုးရွားပါ သေးတယ် ဟု နယူးယောက်ဆေးတက္ကသိုလ်မှ သုတေသီတစ်ဦးက ပြောပြသည် ။

အဆိုပါ မိုက်ခရိုဗက်တီးရီးယားများအားလုံးက လူကိုထိခိုက်စေနိုင်သည် မဟုတ်သော်လည်း ပြန့် နှံ့ ပေါက် ပွားမှု အလွန်လျင်မြန်ကြောင်း၊ အချိန်ကြာလာသည်နှင့်အမျှ ကျန်းမာရေး အတွက် မည်သို့ မျှ မကောင်း နိုင်ကြောင်း ၊ ထို့  ကြောင့် ကိုယ်သုတ် တဘက်များကို တစ်ပတ်လျင် အနည်းဆုံး (၃)ကြိမ် လျှော်ဖွပ်သင့်ပြီး အသုံးပြုပြီးတိုင်းလည်း လုံးဝခြောက်သွားအောင် နေပူလှန်းရန်လိုအပ်ကြောင်း ၄င်းက ဆက်လက်ပြောပြသည် ။

မျက်နှာသုတ်တဘက်ဖြစ်စေ ၊ ကိုယ်သုတ်တဘက်ဖြစ်စေ ၊ ဘယ်လိုသုံးတဲ့တဘက်ဖြစ်စေ ၊ စိုမနေ ဖို့ အရေးကြီးပါ တယ် ။ အသုံးပြုပြီးတိုင်း နေလှန်းထားပါ ။ အနံ့ ဆိုးမထွက်ပါစေနဲ့  ။ အနံ့ ထွက်ပြီ ဆိုကတည်းက ဒါဟာ မိုက်ခရို ဗက်တီးရီးယားတွေ ရှိနေပြီ ၊ ရှိနေတာမှ တအားကိုများနေပြီ ဆိုတဲ့ သဘော ဖြစ်ပါတယ် ။ အနံ့ နည်းနည်းထွက်တာ နဲ့  ချက်ခြင်းလျှော်သင့်ပါတယ် ။ လျှော်တဲ့အခါ မှာလည်း ရေနွေးနဲ့ ဆပ်ပြာနဲ့ လျှော်တာ အသင့်တော်ဆုံးဖြစ်ပါတယ် ဟု ၄င်းက ဖြည့်စွက်ရှင်းပြသည် ။

တဘက်ဟူသည် ဗက်တီးရီးယားများပေါက်ဖွားရန် အလွန်အဆင်ပြေသောနေရာ တစ်ခုဖြစ်နေကြောင်း ၊ ရေဓါတ် ၊ အနွေးဓါတ် ၊ အောက်စီဂျင် ၊ အစားအစာ နှင့် နျူထရယ် pH တို့ ပါဝင်ကြောင်း ၊ ၄င်းအရင်း အမြစ်များ ပြတ်တောက် မသွားအောင်လည်း လူ့ ခန္ဓာကိုယ်က အဆက်မပြတ် ပံ့ပိုးနေကြောင်း ၊ လူ့ ခန္ဓာ ကိုယ်အတွင်းအပြင်တွင် အဆိုပါ အရင်းအမြစ်များဖြင့် ပြည့်နှက်နေကြောင်း ၊ ထို့ ကြောင့် မိမိ အသုံးပြုသော တဘက်များ သန့် ရှင်းခြောက်သွေ့ နေရန် အလွန်အရေးကြီးပြီး တဘက်များကို အစိုအတိုင်းမသိမ်းခြင်း ၊ အနံ့ မထွက်အောင် ပုံမှန်လျှော်ဖွပ်ပေးခြင်းဖြင့် ဖြစ်လာနိုင်သော အရေပြားရောဂါနှင့် အခြားရောဂါမျိုးစုံကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည် ။

Credit:Lashio News Diary

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...