Loading...

မုံရွာမြို့ အတွင်း ဆိုင်ကယ်စီး၍ လိုက်လံ လုယက်မှု ကျူးလွန်သည့် အဖွဲ့အား ဖမ်းစီးရမိ






15.5.2017 
မုံရွာမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျင်စိန်၏ ညွန်ကြားမှုဖြင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဖြိုးမင်းထိုက် အဖွဲ့နှင့် နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇော်မျိုးထွန်း အဖွဲ့တို့
ပူးပေါင်း၍
လုယက်မှုကျူးလွန်တတ်သည့် နေရာများအား အဖွဲ့ငယ်များခွဲ၍ စောင်ဆိုင်းနေစဉ် ကန်သာဦးရပ်ကွက်နေ ကြက်တော(ခ)ရဲဝင်းအောင်
ဆိုသူမှ ငှင်းရပ်ကွက် ရှိ သနပ်ခါးခြံ ချုံပုတ်အတွင်း အမျိုးသမီး ခရီးဆောင်အိပ်တစ်လုံးအား မသင်္ကာဖွယ်သိုဝှက် သိမ်းဆည်းနေသည်ကို တွေ့ရှိရသဖြင့် ဖမ်းစီးစစ်ဆေးရာ
14.5.2017ရက်နေ့ည 7:30 အချိန်ခန့်က မုံရွာမြို့အောင်ချမ်းသာရပ်ကွက် ဗိုလ်ချုပ်လမ်း ကန်သာယာ အနီး ဆိုင်ကယ်စီး၍ သွားနေသောအမျိုးသမီးတစ်ဦးထံမှ လုယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ရာ ငှင်းတရားခံနှင့်အတူ ပြစ်မှု ကျူးလွန်သူ
တရုပ်ကြီး(ခ)အောင်ဇော်ဇော်၊မွှေးနီ(ခ)မျိုးမင်းကျော် ကန်သာဦးရပ် မုံရွာမြို့နေသူ နှစ်ဦးအား လိုက်လံစုံစမ်း ဖမ်းစီးရာမှ
ငှင်းတို့နှစ်ဦးအား 15.5.2017 နေ့ 12:30 အချိန်ခန့်တွင် အလယ်ရပ်ကွက် ပြည်ထောင်စုလမ်းပေါ်ရှိ ဘုရားနီ ကာဂိတ်အနီး စူပါကပ် ဆိုင်ကယ်စီးလာသူ မမြင့်မြင့်ခိုင် ပိုက်ဆံအိပ်အား လုယက်နေစဉ် အတွင်း ဖမ်းစီးရမိခဲ့သည်ဟု သည့်ရှိရပါတယ်။
ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ပြည်ထောင်စုလမ်း ဂေါက်ကွင်းအနောက်ပေါက် စူပါကပ် ဆိုင်ကယ်စီးလာသူ အမျိုးသမီး တစ်ဦးထံမှ ပိုက်ဆံအိပ်တစ်လုံး၊
ကံသာယာ ကျောက်တိုင်ကွင်း အနီး သမီးရီးစား အတွဲထံမှ ဖုန်းနှင့် ပိုက်ဆံအိပ်တစ်လုံး၊ ကားလေးကွင်း အနီး စူပါကပ် ဆိုင်ကယ်စီးလာသည့်
အမျိုးသမီးတစ်ဦး၏ ပိုက်ဆံအိပ်အား လည်းကောင်း လုယက်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့တယ်ဟု ကနဦး သတင်းရရှိပါတယ်။
သတင်း
ဓါတ်ပုံ
မောင်လေး ငယ်ငယ်

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...