======

မိုက္ကယ္ဂ်က္ဆင္ရဲ႕ နာမည္ေက်ာ္အကေတြထဲက လွ်ိဳ႕ဝွက္ခ်က္တစ္ခု



မိုးေအးေအးနဲ႔ သီခ်င္းေတြနားေထာင္လိုက္၊ ဇာတ္လမ္းေတြၾကည့္လိုက္၊ စာဖတ္လိုက္ပဲ။ သီခ်င္းနားေထာင္ေနရင္းနဲ႔ မိုက္ကယ္ဂ်က္ဆင္သီခ်င္းဗီဒီယိုေတြပါ ၾကည့္မိသြားတယ္။ ေပါ့ပ္ဘုရင္ႀကီး မိုက္ကယ္ဂ်က္ဆင္ဟာ အကနဲ႔ နာမည္ေက်ာ္ၾကားခဲ့သူလို႔လည္း ေျပာလို႔ရတယ္။

မိုက္ကယ္ဂ်က္ဆင္ရဲ႕ကကြက္ေတြကလည္း တကယ့္အဆန္းေတြ။ သူမ်ား မကႏိုင္တဲ့အကြက္ေတြကို ထြင္သြားတာ။ ႐ိုးလည္းမ႐ိုးရဘူး။ အဲ့ဒီကကြက္ေတြထဲမွာမွ ခႏၶာကိုယ္ကို အေတာင့္လိုက္ႀကီး ေကြးညႊတ္လိုက္တဲ့ ကကြက္ကို သိၾကမယ္ထင္ပါတယ္။ Smooth Criminal သီခ်င္းဗီဒီယိုထဲမွာ ကသြားတာေလ။ အရမ္းကို မင္သက္အ့ံၾသစရာေကာင္းတဲ့ ကကြက္ပါပဲ။ ဘာေၾကာင့္မ်ား ဒီလိုကတတ္ရတာလဲ? မိုက္ကယ္ရဲ႕အစြမ္းက ဘာမ်ားပါလိမ့္လဲ သိခ်င္မိၾကဖူးတယ္။




ဒီကကြက္ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ဟာ မိုက္ကယ္ရဲ႕ဖိနပ္ေတြပါပဲ။ ဖိနပ္ရဲ႕ခြာပိုင္းမွာ V ပံုသ႑န္ ပံုေဖာ္ထားတာပါ။ ၾကမ္းျပင္မွာေတာ့ အေဝးကေန မျမင္ႏိုင္တဲ့ ငုတ္ေလးေတြကို စိုက္ထားရတယ္။

မိုက္ကယ္က သူ႔ဖိနပ္နဲ႔ ၾကမ္းျပင္ကငုတ္ေလးကို ခ်ိတ္ထားၿပီးမွ ခႏၶာကိုယ္ကို ယံုၾကည္မႈ႐ွိရွိနဲ႔ ေကြးညႊတ္ခဲ့တာ ျဖစ္ပါတယ္။ မိုက္ကယ္ရဲ႕ ကကြက္ေတြဟာ ဒီေန႔အခ်ိန္ ျပန္ၾကည့္ရင္ေတာင္မွ မ႐ိုးႏိုင္ေသးပါဘူး။

ဆန္းသစ္တီထြင္တဲ့ ကကြက္ေတြ၊ ျမဴးၾကြတဲ့သံစဥ္ေတြနဲ႔ တစ္ကမၻာလံုးရဲ႕အခ်စ္ေတာ္ျဖစ္ခဲ့ဖူးတဲ့ မိုက္ကယ္ဂ်က္ဆင္ဟာ ၂၀၀၉ ခုႏွစ္ ဇြန္လ ၂၅ ရက္ေန႔မွာ ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕ Thriller အယ္လ္ဘမ္ဟာ ခ်ပ္ေရေပါင္း ၆၅ သန္း ေရာင္းခ်ခဲ့ရၿပီး ကမၻာ့ေရာင္းေကာင္းဆံုးအယ္လ္ဘမ္ ျဖစ္ခဲ့ဖူးပါတယ္။

Credit : Duwun

U N I C O D E V E R S I O N#
မိုးအေးအေးနဲ့ သီချင်းတွေနားထောင်လိုက်၊ ဇာတ်လမ်းတွေကြည့်လိုက်၊ စာဖတ်လိုက်ပဲ။ သီချင်းနားထောင်နေရင်းနဲ့ မိုက်ကယ်ဂျက်ဆင်သီချင်းဗီဒီယိုတွေပါ ကြည့်မိသွားတယ်။ ပေါ့ပ်ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင်ဟာ အကနဲ့ နာမည်ကျော်ကြားခဲ့သူလို့လည်း ပြောလို့ရတယ်။

မိုက်ကယ်ဂျက်ဆင်ရဲ့ကကွက်တွေကလည်း တကယ့်အဆန်းတွေ။ သူများ မကနိုင်တဲ့အကွက်တွေကို ထွင်သွားတာ။ ရိုးလည်းမရိုးရဘူး။ အဲ့ဒီကကွက်တွေထဲမှာမှ ခန္ဓာကိုယ်ကို အတောင့်လိုက်ကြီး ကွေးညွှတ်လိုက်တဲ့ ကကွက်ကို သိကြမယ်ထင်ပါတယ်။ Smooth Criminal သီချင်းဗီဒီယိုထဲမှာ ကသွားတာလေ။ အရမ်းကို မင်သက်အံ့သြစရာကောင်းတဲ့ ကကွက်ပါပဲ။ ဘာကြောင့်များ ဒီလိုကတတ်ရတာလဲ? မိုက်ကယ်ရဲ့အစွမ်းက ဘာများပါလိမ့်လဲ သိချင်မိကြဖူးတယ်။

ဒီကကွက်ရဲ့ လျှို့ဝှက်ချက်ဟာ မိုက်ကယ်ရဲ့ဖိနပ်တွေပါပဲ။ ဖိနပ်ရဲ့ခွာပိုင်းမှာ V ပုံသဏ္ဍန် ပုံဖော်ထားတာပါ။ ကြမ်းပြင်မှာတော့ အဝေးကနေ မမြင်နိုင်တဲ့ ငုတ်လေးတွေကို စိုက်ထားရတယ်။

မိုက်ကယ်က သူ့ဖိနပ်နဲ့ ကြမ်းပြင်ကငုတ်လေးကို ချိတ်ထားပြီးမှ ခန္ဓာကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ ကွေးညွှတ်ခဲ့တာ ဖြစ်ပါတယ်။ မိုက်ကယ်ရဲ့ ကကွက်တွေဟာ ဒီနေ့အချိန် ပြန်ကြည့်ရင်တောင်မှ မရိုးနိုင်သေးပါဘူး။

ဆန်းသစ်တီထွင်တဲ့ ကကွက်တွေ၊ မြူးကြွတဲ့သံစဉ်တွေနဲ့ တစ်ကမ္ဘာလုံးရဲ့အချစ်တော်ဖြစ်ခဲ့ဖူးတဲ့ မိုက်ကယ်ဂျက်ဆင်ဟာ ၂၀၀၉ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ Thriller အယ်လ်ဘမ်ဟာ ချပ်ရေပေါင်း ၆၅ သန်း ရောင်းချခဲ့ရပြီး ကမ္ဘာ့ရောင်းကောင်းဆုံးအယ်လ်ဘမ် ဖြစ်ခဲ့ဖူးပါတယ်။


Credit : Duwun

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...