======

ငရဲၾကီး ရွစ္ထပ္အေၾကာင္း (သို.) ငရဲ၏ဒုကၡဆင္းရဲမ်ားႏွင့္္ လြတ္ေၿမာက္ဖို.အခ်ိန္ ..!



အပါယ္ဟူသည္ ပါဠိလို အပါယ (ခ်မ္းသာမႈ အေပါင္းမွ ကင္းဆိတ္ျခင္း) မွ ဆင္းသက္လာသည္။ အပါယ္ ေလးဘုံဆိုသည့္ ငရဲ၊ တိရစၧာန္၊ ၿပိတၱာ၊ အသူရကာယ္ ဟူ၍႐ွိေလသည္။
ငရဲဆိုသည္မွာ.... ႏွင့္ ငရဲ၏ ဒုကၡဆင္းရဲမ်ားဟူသည္... 

ငရဲ အမ်ိဳးအစား (၈) မ်ိဳး ႐ွိေလသည္။

၁) သိဥၥိဳး ငရဲ၊
၂) ကာဠသုတ္ ငရဲ၊
၃) သံဃာတာ ငရဲ၊
၄) ေရာ႐ု၀ ငရဲ၊
၅) မဟာေရာ႐ု၀ ငရဲ၊
၆) တာပန ငရဲ၊
၇) မဟာ တာပန ငရဲ၊
၈) အဝီစိ ငရဲ စသည္ျဖင့္ ငရဲႀကီး ရွစ္ထပ္ ရွိသည္၊

၁) သိဥၥိဳးငရဲ = ထပ္တလဲလဲ မလြတ္ေျမာက္ပဲ ခံစားရေသာငရဲ ဟု အဓိပၸါယ္႐ွိေလသည္။

ငရဲထိန္းမ်ားက အလွ်ံတေျပာင္ေျပာင္ တ၀င္း၀င္း ေတာက္ေနေသာ ငရဲလက္နက္မ်ားျဖင့္ ထိုး ခုတ္ ႐ိုက္ႏွက္၍ ေသေအာင္ ျပဳလုပ္ၾကသည္။ ငရဲခံၾကသူမ်ားမွာ ထိုသို႔ လက္နက္မ်ားျဖင့္ ထိုးခုတ္႐ိုက္ႏွက္၍ ေသေသာ္လည္း တစ္ဖန္ျပန္ထပ္႐ွင္သန္ကာ အရင္အတိုင္း ထပ္ကာထပ္ကာ ဆိုင္ရာငရဲဒုကၡတို႔ကို ငရဲသက္တမ္း မကုန္မခ်င္း ျပန္ခံစားေနရသည္။
ဤငရဲ၏ သက္တမ္းမွာ ထိုဘုံဘ၀၏ အႏွစ္ငါးရာ ျဖစ္ေလသည္။ ထိုငရဲဘုံ၏ တစ္ရက္သက္တမ္းသည္ လူတို႔၏ႏွစ္ျဖင့္ အႏွစ္ကိုးသန္း ျဖစ္ေလသည္။
တည္ေနရာႏွင့္ အက်ယ္အ၀န္းမွာ မဟာပထ၀ီေျမထု၏ေအာက္ ယူဇနာေပါင္း တစ္ေသာင္းငါးေထာင္ ကြာေ၀း၍ ယူဇနာေပါင္း တစ္ေသာင္းအက်ယ္အ၀န္း႐ွိေလသည္။

၂) ကာဠသုတ္ငရဲ = မည္းနက္ေသာ ႀကိဳးငရဲ ဟု အဓိပၸါယ္႐ွိေလသည္။
ငရဲထိန္းမ်ားက လက္နက္မ်ိဳးစုံျဖင့္ လိုက္၍ ခုတ္၊ ထစ္၊ ထိုး၊ ႐ုိက္၊ ႏွက္ၾကေသာ္ ငရဲသားမ်ားမွာ ေၾကာက္အားလန္႔အားျဖင့္ ေျပးလႊားရကာ အေမာဆို႔၍ လဲက်ေသာအခါ လက္သမားဆရာမ်ားက သစ္သားမ်ားကို မည္းနက္ေသာ သစ္မွ်ဥ္းႀကိဳးျဖင့္ တိုင္းတာ ကာ လိုသလို ျဖတ္ၾကသကဲ့သို႔ ငရဲသားမ်ား အေမာဆို႔ကာ လဲက်ေသာအခါ ငရဲထိန္းမ်ားက မည္းနက္ေသာ ႀကိဳးျဖင့္ လုိသလို ပုံစံမ်ိဳးတိုင္းတာကာ လႊ ငမန္းတို႔ျဖင့္ ျဖတ္ၾက ပိုင္းၾကလုပ္ျခင္းကို ခံၾကရသည္။ ထိုသို႔ လက္နက္မ်ားျဖင့္ ပိုင္းျဖတ္၍ ေသေသာ္လည္း တစ္ဖန္ျပန္ထပ္႐ွင္သန္ကာ အရင္အတိုင္း ထပ္ကာထပ္ကာ ဆိုင္ရာငရဲဒုကၡတို႔ကို ငရဲသက္တမ္း မကုန္မခ်င္း ျပန္ခံစားေနရသည္။
ဤငရဲ၏ သက္တမ္းမွာ ထိုဘုံဘ၀၏ အႏွစ္တစ္ေထာင္ ျဖစ္ေလသည္။ ထိုငရဲဘုံ၏ တစ္ရက္သက္တမ္းသည္ လူတို႔၏ႏွစ္ျဖင့္ အႏွစ္သုံးကုေ႗ေျခာက္သန္း ျဖစ္ေလသည္။
တည္ေနရာႏွင့္ အက်ယ္အ၀န္းမွာ သိဥၥိဳးငရဲ ၏ေအာက္ ယူဇနာေပါင္း တစ္ေသာင္းငါးေထာင္ ပထ၀ီေျမထုအကြာတြင္ တည္႐ွိ၍ ယူဇနာေပါင္း တစ္ေသာင္းအက်ယ္အ၀န္း႐ွိေလသည္။

၃) သံဃာတာငရဲ = သံေတာင္ႀကိတ္ ငရဲ ဟု အဓိပၸါယ္႐ွိေလသည္။
ငရဲမီးလွ်ံ တစ္ဟုန္းဟုန္း ေတာက္ေလာင္ေနေသာ ကိုးယူဇနာမွ် က်ယ္၀န္းသည့္ ဒယ္အိုးႀကီးမ်ားထဲသို႔ ငရဲသားမ်ားထည့္ကာ ငရဲထိန္းမ်ားက ေတာင္ေလာက္ႀကီးမားေသာ သံႀကိတ္တုံးႀကီးမ်ားႏွင့္ ဖိ၍ လွိမ့္သတ္ၾကသည္။ ငရဲသားမ်ားမွာ အလူးအလိမ့္ကို ခံၾကရသည္။ ထိုသို႔ ဖိ၍ ပိ၍ ေသရေသာ္လည္း တစ္ဖန္ျပန္ ထပ္႐ွင္သန္ကာ အရင္အတိုင္း ထပ္ကာထပ္ကာ ဆိုင္ရာငရဲဒုကၡတို႔ကို ငရဲသက္တမ္း မကုန္မခ်င္း ျပန္ခံစားေနရသည္။
ဤငရဲ၏ သက္တမ္းမွာ ထိုဘုံဘ၀၏ အႏွစ္ႏွစ္ေထာင္ ျဖစ္ေလသည္။ ထိုငရဲဘုံ၏ တစ္ရက္သက္တမ္းသည္ လူတို႔၏ႏွစ္ျဖင့္ အႏွစ္တစ္ဆယ့္ေလးကုေ႗ ေလးသန္း ျဖစ္ေလသည္။
တည္ေနရာႏွင့္ အက်ယ္အ၀န္းမွာ ကာဠသုတ္ငရဲ ၏ေအာက္ ယူဇနာေပါင္း တစ္ေသာင္းငါးေထာင္ ပထ၀ီေျမထုအကြာတြင္ တည္႐ွိ၍ ယူဇနာေပါင္း တစ္ေသာင္းအက်ယ္အ၀န္း႐ွိေလသည္။

၄) ေရာ႐ု၀ ငရဲ = ငရဲမီးလွ်ံမ်ား ႏွိပ္စက္၍ ငရဲသူ ငရဲသားမ်ား ေအာ္ဟစ္ ငိုယိုျမည္တမ္းျခင္း ဟု အဓိပၸါယ္႐ွိေလသည္။
ငရဲတစ္ခုလုံး႐ွိ ငရဲမီးလွ်ံမ်ားမွာ ငရဲသားတို႔၏ မ်က္စိေပါက္၊ နားေပါက္၊ ႏွာေခါင္းေပါက္၊ ပါးစပ္ေပါက္ တို႔ကို အတင္းဒရၾကမ္း ၀င္ေရာက္ ေလာင္ၿမိဳက္ျခင္းေၾကာင့္ ငရဲသားမ်ား က်ယ္ေလာင္ေသာ အသံျဖင့္ ေအာ္ဟစ္ငိုယိုၾကေသာ ငရဲဆင္းရဲကို ခံစားၾကရေပသည္။ ထိုသို႔ မီးလွ်ံမ်ားေၾကာင့္ ေလာင္ကၽြမ္း၍ ေသေသာ္လည္း တစ္ဖန္ျပန္ ထပ္႐ွင္သန္ကာ အရင္အတိုင္း ထပ္ကာထပ္ကာ ဆိုင္ရာငရဲဒုကၡတို႔ကို ငရဲသက္တမ္း မကုန္မခ်င္း ျပန္ခံစားေနရသည္။
ဤငရဲ၏ သက္တမ္းမွာ ထိုဘုံဘ၀၏ အႏွစ္ေလးေထာင္ ျဖစ္ေလသည္။ ထိုငရဲဘုံ၏ တစ္ရက္သက္တမ္းသည္ လူတို႔၏ႏွစ္ျဖင့္ အႏွစ္ ငါးဆယ့္ခုႏွစ္ကုေ႗ေျခာက္သန္း ျဖစ္ေလသည္။
တည္ေနရာႏွင့္ အက်ယ္အ၀န္းမွာ သံဃာတာငရဲ ၏ေအာက္ ယူဇနာေပါင္း တစ္ေသာင္းငါးေထာင္ ကြာေ၀း၍ ယူဇနာေပါင္း တစ္ေသာင္းအက်ယ္အ၀န္း႐ွိေလသည္

၅) မဟာေရာ႐ု၀ ငရဲ = ငရဲမီးလွ်ံမွ မီးခိုးမ်ား ႏွိပ္စက္၍ ငရဲသူ ငရဲသားတို႔ ေအာ္ဟစ္ငိုယိုျခင္း ဟု အဓိပၸါယ္႐ွိေလသည္။
ငရဲျပည္တစ္ခုလုံး မိႈင္းမိႈင္းရယ္ညိဳလို႔ ပိတ္ဖုန္းသြားမည့္အလား ေအာက္ေမ႔ရေလာက္ေအာင္ မ်ားျပားလွေပ၏။ မီးခိုးေငြ႔မ်ားသည္ ငရဲသူ ငရဲသားမ်ား၏ ဒြါရ (အေပါက္) မ်ားသုိ႔ ၀င္ေစလ်က္ ေအာ္ဟစ္ငိုယိုျခင္း ခံစားရေလသည္။
ဤငရဲ၏ သက္တမ္းမွာ ထိုဘုံဘ၀၏ အႏွစ္႐ွစ္ေထာင္ ျဖစ္ေလသည္။ ထိုငရဲဘုံ၏ တစ္ရက္သက္တမ္းသည္ လူတို႔၏ႏွစ္ျဖင့္ အႏွစ္ ႏွစ္ရာသုံးဆယ့္ကုေ႗ေလးသန္း ျဖစ္ေလသည္။
တည္ေနရာႏွင့္ အက်ယ္အ၀န္းမွာ ေရာ႐ု၀ငရဲ၊ ၏ေအာက္ ယူဇနာေပါင္း တစ္ေသာင္းငါးေထာင္ ကြာေ၀း၍ ယူဇနာေပါင္း တစ္ေသာင္းအက်ယ္အ၀န္း႐ွိေလသည္။

၆) တာပနငရဲ = အပူေလာင္ျခင္း ဟု အဓိပၸါယ္႐ွိေလသည္။
အလွ်ံတစ္ေျပာင္ေျပာင္ေတာက္ေနသည့္ အုန္းပင္လုံးမွ်႐ွိသည့္ သံတံက်ဥ္ (တံစို႔) ဟု ဆိုရေသာအေပၚ၌ ငရဲသူ ငရဲသားမ်ားကို အတင္းအက်ပ္ ထိုင္ခိုင္း၍ တစ္ကိုယ္လုံး မီးက်ီမီးခဲကဲ့သို႔ ရဲရဲေတာက္ေအာင္ မီးကင္ျခင္းျဖင့္ ခံစားၾကရေပသည္။ ထိုသို႔ အသားမ်ား မီးေလာင္ကၽြမ္း၍ ေသေသာ္လည္း တစ္ဖန္ျပန္ ထပ္႐ွင္သန္ကာ အရင္အတိုင္း ထပ္ကာထပ္ကာ ဆိုင္ရာငရဲဒုကၡတို႔ကို ငရဲသက္တမ္း မကုန္မခ်င္း ျပန္ခံစားေနရသည္။
ဤငရဲ၏ သက္တမ္းမွာ ထိုဘုံဘ၀၏ အႏွစ္တစ္ေသာင္းေျခာက္ေထာင္ ျဖစ္ေလသည္။ ထိုငရဲဘုံ၏ တစ္ရက္သက္တမ္းသည္ လူတို႔၏ႏွစ္ျဖင့္ အႏွစ္ကိုးရာႏွစ္ဆယ့္ကုေ႗ ေျခာက္သန္း ျဖစ္ေလသည္။
တည္ေနရာႏွင့္ အက်ယ္အ၀န္းမွာ မဟာေရာ႐ု ငရဲ၊ ၏ေအာက္ ယူဇနာေပါင္း တစ္ေသာင္းငါးေထာင္ ကြာေ၀း၍ ယူဇနာေပါင္း တစ္ေသာင္းအက်ယ္အ၀န္း႐ွိေလသည္။

၇) မဟာ တာပနငရဲ = သာလြန္၍ ပူေလာင္ျခင္း ဟု အဓိပၸါယ္႐ွိေလသည္။
ငရဲမီးမ်ား အလွ်ံတစ္ေျပာင္ေျပာင္ ေတာက္ေလာင္ေနသည့္ သံေတာင္ႀကီးအေပၚမွ ငရဲထိန္းမ်ား၏ အစြမ္းသတၱိေၾကာင့္ မတက္ခ်င္ေသာ္လည္း အတင္းတက္ခိုင္း၊ အပူေလာင္ခံၿပီး ငရဲသူ ငရဲသားမ်ား တက္ၾကရေပသည္။ ထိုသို႔ျဖင့္ အေပၚေရာက္သည့္အခါ ေအာက္ေျခသို႔ ျပန္တြန္းခ်ျခင္း ခံၾကရေပသည္။ ဤသို႔ျဖင့္အႀကိမ္ႀကိမ္ မဆုံးႏိုင္ပဲ ခံစားၾကရျခင္း ျဖစ္ေပသည္။
ဤငရဲ၏ သက္တမ္းမွာ အကုသိုလ္ကံ မကုန္မခ်င္း အႏၱရကပ္ တစ္၀က္အတိျဖစ္၏။ ထိုမွ်အထိ ၾကာ႐ွည္စြာ ခံၾကရေပသည္။
တည္ေနရာႏွင့္ အက်ယ္အ၀န္းမွာ တာပနငရဲ ၏ေအာက္ ယူဇနာေပါင္း တစ္ေသာင္းငါးေထာင္ ကြာေ၀းေသာ ေျမထုအရပ္၌တည္႐ွိ၍ ယူဇနာေပါင္း တစ္ေသာင္းအက်ယ္အ၀န္း႐ွိေလသည္။

၈) အဝီစိငရဲ = ငရဲသူ၊ ငရဲသား၊ ငရဲမီးလွ်ံ၊ ဆင္းရဲဒုကၡ (၃) မ်ိဳးလုံး လစ္လပ္မႈမ႐ွိ (အၾကားမ႐ွိ) တရစပ္ ခံစားရျခင္း ဟု အဓိပၸါယ္႐ွိေလသည္။
ငရဲသူ ငရဲသားမ်ားသည္ အိုးခြက္ထဲမွ ထန္းေစ့၊ မုံ႔ညင္းေစ့၊ စပါးေစ့မ်ားကဲ့သို႔ တင္းၾကမ္းျပည့္ကာ အၾကားအၾကားျခားျခင္း မ႐ွိသကဲ့သို႔ ငရဲသူ ငရဲသားမ်ား၏ ဆင္းရဲဒုကၡ တစ္ေပါင္းတစ္ခုတည္း ေနရာအႏွံ႔အျပား ခံစားၾကရျခင္း ျဖစ္ေပသည္။
ဤငရဲ၏ သက္တမ္းမွာ အကုသိုလ္ မကုန္မခ်င္း အႏၱရကပ္ တစ္ကပ္တိတိျဖစ္၏။ အႏၱရကပ္ တစ္ကပ္ဆိုသည္မွာ ဆုပ္ကပ္ႏွင့္ တက္ကပ္တစ္စုံကို ဆိုလိုေပသည္။ ဆုတ္ကပ္ဆိုသည္မွာ အႏွစ္တစ္ရာၾကာတိုင္း ၾကာတုိင္း တစ္ႏွစ္ဆုတ္သည့္နည္းျဖင့္ ဆယ္ႏွစ္သက္တမ္းသို႔ ဆုတ္ယုတ္က်ေရာက္လာျခင္းကာလကို ဆုတ္ကပ္တစ္ကပ္ ျဖစ္ေပသည္။ တက္ကပ္ဆိုသည္မွာ ဆယ္ႏွစ္သက္တမ္းမွစ၍ အသေခ်ၤရ တန္းသို႔ ျပန္ဆက္လာျခင္းကာလကို တက္ကပ္တစ္ကပ္ ျဖစ္ေပသည္။ ၎ဆုတ္ကပ္ တက္ကပ္ ႏွစ္ကပ္ေပါင္းကို အႏၱရကပ္ တစ္ကပ္ဟုေခၚသည္။
တည္ေနရာႏွင့္ အက်ယ္အ၀န္းမွာ မဟာ တာပန ငရဲ ၏ေအာက္ ယူဇနာေပါင္း တစ္ေသာင္းငါးေထာင္ ကြာေ၀း၍ ယူဇနာေပါင္း တစ္ေသာင္းအက်ယ္အ၀န္း႐ွိေလသည္။

ငရဲငယ္ (၈) ဌာန ဆိုသည္မွာ
၁။ မီးပူငရဲ
၂။ သံပူငရဲ
၃။ ျပာပူငရဲ
၄။ ေရပူငရဲ
၅။ ေၾကးနီအိုးငရဲ
၆။ ဘင္ပုတ္ငရဲ
၇။ လက္ပံေတာငရဲ
၈။ ႀကိမ္ပိုက္ငရဲ တို႔ျဖစ္သည္။
(ေလာကပညတၱိက်မ္း၌ မိန္ဆိုထားပါသည္။)

မဟာစည္ဆရာေတာ္ဘုရာႀကီး၏ ၀ိပႆနာ႐ႈ႕နည္းအက်ဥ္းခ်ဴပ္ တြင္ေအာက္ပါအတိုင္း ငရဲ၌ ဆင္းရဲဒုကၡအတိခံစားရပုံကို ႐ွင္း႐ွင္းလင္းလင္း ကြင္းကြင္းကြက္ကြက္ျဖင့္ ေဖာ္ျပထားပါသည္။
ငရဲဘုံ၌ ျဖစ္ရေသာသတၱ၀ါတို႔၏ ကိုယ္ထည္ သုံးဂါ၀ုတ္ ပမာဏ႐ွိ၏။ ျမန္မာအတိုင္းအားျဖင့္ ၄ တိုင္ တာ ၈၀၀ ႐ွိ၏။ ငရဲထိန္းတို႔သည္ ထိုမွ် ကိုယ္ခႏၶာ ႀကီးမားေသာ ငရဲသားကို အလွ်ံတေျပာင္ေျပာင္ မီးစြဲေလာင္ေသာ သံေျမေပၚ၌ ပက္လက္ အိပ္ေစကုန္၏။ ထို႔ေနာက္ ညဘက္ လက္၀ါး၌ ထန္းလုံးခန္႔႐ွိ ရဲရဲေတာက္ေသာ သံတစို႔ႀကီးကို ႐ုိက္ႏွက္သြင္းကုန္၏။ ဘယ္ဘက္ လက္၀ါး၌လည္း နည္းတူပင္ ႐ိုက္ႏွက္ သြင္းကုန္၏။ ညာဘက္ေျခ၊ ဘယ္ဘက္ေျခ၊ ခါး၊ လက္တို႔၌လည္း နည္းတူပင္ ႐ုိက္သြင္းကုန္၏။

ထို႔အတူ ေမွာက္လွက္ အိပ္ေစ၍လည္ေကာင္း၊ ေစာင္းလ်က္ အိပ္ေစ၍လည္ေကာင္း၊ ငါးပါးေသာ ဌာနတို႔၌ သံစို႔ႀကီးမ်ားကုိ ႐ိုက္ႏွက္၍ ညွင္းဆဲႏွိပ္စက္ကုန္၏။ အကုသိုလ္ကံ မကုန္ေသးမခ်င္း ငရဲသားကား မေသႏိုင္။ ဤသို႔ အညွင္းဆဲခံေနရေသာ ငရဲသားမ်ားသည္ ရဲရဲေတာက္ေသာ သံေျမျပင္ကို ျမင္႐ုံမွ်ျဖင့္လည္း မ်ားစြာ စိတ္ဆင္းရဲရ၏။ အလြန္ ၾကမ္းတမ္း ရက္စက္စြာ ႀကိမ္းေမာင္း ေျပာဆိုေသာငရဲထိန္းတို႔၏ အသံကို ၾကားရ၍လည္း စိတ္ဆင္းရဲရ၏။ သံေျမျပင္ေပၚ၌ အတင္းတြန္းလွဲသိပ္ျခင္း၊ မီးေလာင္ခံရျခင္း၊ သံစို႔ ႏွက္ခံရျခင္းတို႔ေၾကာင့္လည္း အတိုင္းမသိ ႀကီးစြာေသာ ကိုယ္ဆင္းရဲ စိတ္ဆင္းရဲတို႔ကို ခံစားရ၏။

ထိုသို႔ေသာ ကာလ၌ ကယ္ပါ၊ သနားပါ၊ ခ်မ္းသာေပးပါ စသည္ျဖင့္ မ်က္ရည္ယိုစီး ငိုေႂကြး ျမည္တမ္းလ်က္ ေတာင္းပန္ေသာ္လည္း မည္သူကမွ် မသနား၊ ခ်မ္းသာမေပးေခ်။ မိဖဲ့ ဖမဲ့ ေဆြမ်ိဳးမဲ့၊ ေဆြခင္ပြန္းမဲ့၍ တစ္ကုိယ္တည္းသာျဖစ္လ်က္ ၫႈိးငယ္စြာႏွင့္ အလြန္ႀကီးမားေသာ ဆင္းရဲေတြကို ေအာ္ျမည္ေယာင္ယမ္းလ်က္ မိနစ္စကၠန္႔မျခားဘဲ ခံစား၍ ေနရ႐ွာေလေတာ့၏။ ထိုသို႔ေသာ ကာလ၌ ၀ိပႆနာအလုပ္ကို အားထုတ္ခြင့္မရႏိုင္ေတာ့ေခ်။

ထို႔ျပင္ သံစို႔ ငါးခ်က္ႏွက္၍ မေသေသာ ငရဲသားကို ငရဲထိန္းတို႔သည္ အိမ္မိုးတစ္ဖက္ခန္႔႐ွိေသာ တံစည္းေပါက္ျပားႀကီးတို႔ျဖင့္ ႐ွစ္ေျမွာင့္ပုံ၊ ေျခာက္ေျမွာင့္ပုံ စသည္ျဖစ္ေအာင္ မ်ဥ္းပစ္၍ ေ႐ြခုတ္ၾကျပန္၏။ ေသြးတို႔သည္ ျမစ္ျဖစ္၍ စီးေလကုန္၏။ ထိုေသြးတို႔မွ မီးေတာက္ ထျပန္၍ ေ႐ြခုတ္ရာ ကိုယ္၌စြဲေလာင္ေလ၏။ အတိုင္းမသိေသာ ဆင္းရဲကို ခံစားရေလ၏။ ထိုစဥ္အခါ၌ ၀ိပႆနာ အလုပ္ကို အားထုတ္ခြင့္ မရႏိုင္ေတာ့ေခ်။

ထိုမွ်ျဖင့္ မေသေသးလွ်င္ ေဇာက္ထိုးတြဲလဲ ဆြဲထား၍ ဗန္းႀကီးခန္႔႐ွိ ပဲကြပ္တို႔ျဖင့္ ပါးပါးလႊာလ်က္ ေ႐ြခုတ္ၾကျပန္၏။ ထိုမွ်ျဖင့္လည္း မေသေသးလွ်င္ မီးလွ်ံရဲရဲေတာက္ေသာ သံရထား၌ ႏြား ျမင္းတို႔ကဲ့သို႔ တပ္၍ မီးက်ီခဲေတာင့္ႀကီးေပၚသို႔ တက္ေစကုန္၏။ မတက္ဘဲေနလွ်င္ ရဲရဲေတာက္ေသာ သံတုတ္ႀကီးမ်ားျဖင့္ အျပင္း႐ိုက္၍ တက္ေစကုန္၏။ ေတာင္ထိပ္သို႔ေရာက္လွ်င္ တစ္ဖန္ ဆင္းေစကုန္၏။ ဤသို႔ တက္ခ်ည္ ဆင္းခ်ည္ အဖန္ဖန္ျပဳေစကုန္၏။ ထိုမွ်ျဖင့္လည္း မေသေသးလွ်င္ က်ိဳက္က်ိဳက္ဆူပြက္လ်က္ ရဲရဲေတာက္ေသာ ေလဟကုမီၻ ေခၚ သံရည္ပြက္အိုးႀကီးထဲသို႔ ပစ္ခ်လိုက္ကုန္၏။ ထိုငရဲသားသည္ သံရည္ထဲ၌ ႐ွဲကနဲက်၍ အႁမွဳပ္တစ္စီစီ ထလ်က္ နစ္ျမွဳပ္သြား႐ွာေလ၏။

အႏွစ္သုံးေသာင္းၾကာမွ ငရဲအိုး၏ ေအာက္၀သို႔ေရာက္၏။ တစ္ဖန္ အႏွစ္သုံးေသာင္းၾကာမွ ငရဲအိုး၏ ေအာက္ႏႈတ္ခမ္းသို႔ေရာက္လ်က္ ေပၚလာ၏။ အရပ္မ်က္ႏွာမ်ားသို႔လည္း ဖီလာသြား၏။ ထမင္းအိုးပြက္ေသာအခါ၌ ဆန္ေစ့ကေလးမ်ားကဲ့သို႔ပင္တည္း။ အတိုင္းမသိေသာ ဆင္းရဲမႈႏွင့္ ရင္ဆိုင္ေတြ႔ေနရေလ၏။ ထိုစဥ္အခါ၌ ၀ိပႆနာအလုပ္ကို အားထုတ္ခြင့္ကိုကား မရႏိုင္ေတာ့ေခ်။

ကံမကုန္ေသး၍ ထိုမွ်ျဖင့္ မေသျပန္လွ်င္ သံရည္ပြက္ထဲမွ ငရဲသားကို ထုတ္ယူ၍ ငရဲထိန္းတို႔သည္ မီးတဟုန္းဟုန္း အၿမဲေတာက္ေလာင္လ်က္႐ွိေသာ ငရဲႀကီးထံသို႔ ပစ္သြင္းလုိက္ၾကျပန္၏။ ထိုငရဲသည္ကား အလ်ား အနံ အျမင့္ ယူဇနာ တစ္ရာ႐ွိေလ၏။ ေလးေထာင့္ညီေသာ သံေသတၱာႀကီးႏွင့္ တူ၏။ အေ႐ွ႕ဘက္နရံမွ မီးလွ်ံသည္ အေနာက္ဘက္၌ နံရံကို ေဖာက္ၿပီးလွ်င္ အျပင္ဘက္၌ ယူဇနာ တစ္ရာတိုင္ေအာင္ ပူေလာင္၏။ အေနာက္နံရံ၊ ေတာင္နံရံ၊ ေျမာက္နံရံကို ေဖာက္ၿပီးလွ်င္ အျပင္ဘက္၌ ယူဇနာ တစ္ရာတိုင္ေအာင္ပူေလာင္၏။

အေနာက္နံရံ၊ ေတာင္နံရံ၊ အထက္သံမိုး၊ ေအာက္သံေျမျပင္တို႔မွ မီးလွ်ံတို႔သည္လည္း နည္းတူခ်ည္း ဟစ္ေအာ္ျမည္သတည္း။ ထိုငရဲႀကီးအတြင္း၌ ထိုမွဤမွ် ေျပးလႊားလူးလိမ့္ ဟစ္ေအာ္ျမည္တမ္းလ်က္ ႀကီးစြာေသာ ဆင္းရဲဒုကၡတို႔ကို ခံစားရေလ၏။

ႏွစ္ေပါင္းမ်ားစြာၾကာေသာ္ တစ္ခါတစ္ရံ၌ ထိုငရဲႀကီး၏ တံခါး၀ဆီသို႔ အတင္းေျပးၾက၏။ အခ်ိဳ႕မွာလည္း လမ္းခရီးတြင္ ေမာပန္းလူးလိမ့္လ်က္႐ွိကုန္၏။ အခ်ိဳ႕မွာ တံခါး၀သို႔ ေရာက္ကုန္၏။ အႏွစ္သိန္းေပါင္းမ်ားစြာ ၾကာလွ်င္ ထိုတံခါးမႀကီးသည္ ပိတ္သြားေလသည္။

ထြက္ႏိုင္ေသာ ငရဲသားသည္လည္း အျပင္သို႔ ေရာက္သည္ႏွင့္ တစ္ၿပိဳင္နက္ ဘင္ပုပ္ငရဲသို႔ က်သြားေလ၏။ မစင္ဘင္ပုပ္ထဲ၌ နစ္ျမဳပ္ေနစဥ္ ဆင္၏ လည္ပင္းခန္႔႐ွိေသာ ပိုးေလာက္တို႔က ကုိက္ခဲစားၾကေလသည္။

ထိုဘင္ပုပ္ငရဲထံမွ လြတ္ျပန္လွ်င္ ျပာပူငရဲ ထံသို႔ က်ေရာက္သြားျပန္၏။ ထိုငရဲ၌ အိမ္ထြတ္ခန္႔႐ွိေသာ မီးက်ီခဲ၊ ရဲရဲေတာက္ေသာ ျပာပူတို႔ျဖင့္ ေလာင္ကၽြမ္း၍ ဆင္းရဲႀကီးစြာကို ခံစားရျပန္၏။

ထိုငရဲမွ လြတ္ျပန္လွ်င္ လက္ပံေတာငရဲ သို႔ ေရာက္ျပန္၏။ လက္ပံပင္တို႔မွာ ၁၆ လက္မ႐ွည္ေသာ ဆူး႐ွိကုန္၏။ ငရဲထိန္းတို႔က ႐ိုက္ႏွက္၍ ထိုလက္ပံပင္တို႔၌ တက္ခ်ည္ ဆင္းခ်ည္ ျပဳလုပ္ေစ၏။ လက္ပံဆူးတို႔သည္ တက္ေသာအခါ၌ ေအာက္ကိုလွည့္၍ ေနကုန္၏။ ဆင္းေသာအခါ၌ အထက္သို႔ လွည့္၍ေနကုန္၏။ ေၾကာက္လန္႔တၾကား လ်င္စြာတက္ရ၊ ဆင္းရေသာ ငရဲသားတို႔၏ ကိုယ္သည္ ထိုလက္ပံဆူးတို႔ျဖင့္ ထိုးမိ၍ စုတ္ၿပဲလ်က္ ႐ွိေလ၏။

ထိုငရဲမွ လြတ္ျပန္လွ်င္ သံလ်က္ေတာငရဲ သို႔ေရာက္ျပန္၏။ ေရာက္သည္ႏွင့္ တစ္ၿပိဳင္နက္ သံလ်က္ႏွင့္ တူစြာ ႏွစ္သြား႐ွိေသာ အ႐ြယ္တို႔သည္ ေႂကြ၍ ငရဲသား၏ ကိုယ္၌က်ေလကုန္၏။ လက္၊ ေျခ၊ နား၊ လွ်ာ၊ ကိုယ္အဂၤါတို႔သည္ အပိုင္းပို္င္း ျပတ္ေလကုန္၏။ ထ၍ ေျပးျပန္လွ်င္ သံေျမျပင္၌ သင္းတုံးသြားတို႔သည္ ထြက္ေပၚလ်က္ ႐ွိကုန္၏။ ေ႐ွ႕မွ သံတံတိ႔ုလည္း ကာရံလ်က္ ႐ွိကုန္၏။ ထိုအခါ၌ ၀ိပႆနာအလုပ္ကို အားထုတ္ခြင့္ကို မရႏိုင္ေတာ့ေခ်။

ထိုငရဲမွ လြတ္ျပန္လွ်င္ ေ၀တၱရဏီ မည္ေသာ ႀကိမ္ေခ်ာင္းငရဲသို႔ က်ေရာက္ျပန္ေလ၏။ ထိုငရဲမွာ က်စ္က်စ္ဆူေသာ အရည္အတိျပည့္၏။ သင္တုံးသြားႏွင့္ တူေသာ ႏြယ္မ်ား၊ ၾကာ႐ြက္မ်ား႐ွိ၏။ ေအာက္ေျမျပင္၌ သင္တုံးသြား ခင္းလ်က္႐ွိ၏။ ကမ္းပါးတို႔၌လည္း သင္းတုံးသြားကဲ့သို႔ ထက္ေသာ ႀကိမ္ႏြယ္မ်ား သမန္းျမက္မ်ား႐ွိ၏။ ငရဲသားတုိ႔သည္ ထိုေခ်ာင္းကို ဆင္းမိလွ်င္ ေျမျပင္မွ သင္တုံးသြား႐ွေသာေၾကာင့္ လည္းေကာင္း ဘိုင္းခနဲ လဲ႐ွာေလ၏။ လဲလွ်င္ က်စ္က်စ္ဆူလ်က္ ပူစပ္ေသာ အရည္ထဲ၌ စုန္ခ်ည္ ဆန္ခ်ည္ ေမ်ာေနေလ၏။ ကမ္းပါး၌႐ွိေသာ ႀကိမ္သမန္းျမက္ တို႔ျဖင့္လည္း႐ွ၊ ေခ်ာင္းထဲ၌႐ွိေသာ ၾကာ႐ြက္တို႔ျဖင့္လည္း ႐ွ၏။ ငရဲသားတို႔၏ ကိုယ္ထည္ အစုတ္စုတ္အျပတ္ျပတ္ ျဖစ္ေလ၏။ ထိုစဥ္ခဏ၌ ၀ိပႆနာတရားကို အားထုတ္ခြင့္ကို မရႏိုင္ေတာ့ေခ်။

စုန္ခ်ည္ဆန္ခ်ည္ ေမ်ာလ်က္ အတိဒုကၡေရာက္ေနေသာ ထိုငရဲသားကို ငရဲထိန္းေတြ႔လွ်င္ ငါးမွ်ားခ်ိတ္ႀကီးျဖင့္ ဆြဲတင္၍ ဘာအလို႐ွိသလဲဟု ေမး၏။ "ထမင္းဆာသည္" ဟု ဆိုလွ်င္ ရဲရဲေတာက္ေသာ အတုံးအခဲျဖင့္ ျပည့္ေသာ သံျခင္းေတာင္းႀကီးကို ယူလာကုန္၏။ ငရဲသားသည္ ေၾကာက္လွေသာေၾကာင့္ ပါးစပ္ႀကီး အတင္းပိတ္၍ ထား႐ွာေလ၏။ ထိုအခါ ငရဲထိန္းတစ္ေယာက္က ေပါက္ခၽြန္းႀကီးႏွင့္ အတင္းေပါက္၍ ပါးစပ္ကို ဖြင့္၏။ အျခားငရဲထိန္းကလည္း ထိုနည္းတူပင္ တစ္ဖက္မွ ေပါက္၍ ဖြင့္၏။ ထိုသို႔ ဖြင့္၍ ပါးစပ္ဟင္းလင္း ပြင့္ေနေသာ အခါ၌ ရဲရဲေတာက္ေသာ ထိုသံတုံး သံခဲတို႔ကို တစ္ခုၿပီးတစ္ခု ပစ္ထည့္၍ ေကၽြးၾကေလသည္။

ထိုသံတုံး သံခဲတို႔သည္ ႏႈတ္ခမ္း၊ လွ်ာ၊ အာေခါင္၊ လည္ေခ်ာင္း၊ အူတို႔ကို ေလာင္ကၽြမ္းၿပီးလွ်င္ ေအာက္ဒြါရမွ ထြက္သြားကုန္၏။ "ေရငတ္သည္" ဟု ဆိုျပန္လွ်င္ က်ိဳက္က်ိဳက္ဆူပြက္ေသာ သံရည္တို႔ကို ေလာင္းထည့္၍ ေပးကုန္၏။ ထိုသံရည္ပူတို႔သည္လည္း နည္းတူပင္ ေလာင္၍ ေအာက္ဒြါရမွ ထြက္သြားရကုန္၏။ ငရဲသားသည္ မေသေသးျပန္လွ်င္ ထိုငရဲသားကို ငရဲႀကီးထံသို႔တစ္ဖန္ ပစ္သြင္းလိုက္ျပန္ေလ၏။

ဤသို႔ျဖင့္ ငရဲသားတို႔ ငရဲမ်ိဳးစုံကို ခံစားရပုံကို ကြင္းကြင္းကြက္ကြက္ျမင္သာေအာင္ ဖြင့္ဆိုျပေလသည္ကို မွတ္သားရပါသည္။

ျမတ္စြာဗုဒၶဘုရား ပြင့္ေတာ္မူလာေသာအခါမွ ဤဆင္းရဲဒုကၡတို႔၏ လြတ္ေျမာက္ရာလမ္းကို ဂ႐ုဏာေ႐ွ႕ထားလမ္းျပ ညႊန္ျပေတာ္မူသျဖင့္ မ်ားစြာေသာ လူ, နတ္, ျဗဟၼာတို႔သည္ ကၽြတ္တမ္း ၀င္ၾကရေပသည္။ ထိုသို႔ ဘုရားပြင့္ခါအခ်ိန္မွာ ကၽြတ္တမ္းမ၀င္ ႏိုင္ခဲ့ရေသာ္လည္း ယခုေခတ္ အခ်ိန္အခါမွာ လူျဖစ္လာေသာ စာဖတ္သူတို႔လည္း အထူးကံေကာင္းလွသည္ကို ေဖာ္ျပညႊန္းဆိုေနသည့္ သက္ေသ အေထာက္အထားမ်ား အမ်ားအျပား႐ွိေနသည္။

တိုေတာင္းလွေသာ လူဘ၀ အခ်ိန္ ကာလမွာ ေလာကီစား၀တ္ေနေရးမ်ားအတြက္ လုပ္ေနၾကရသလို သံသရာ၀ဋ္ဆင္းရဲမွလြန္ေၿမာက္ေၾကာင္းတရားမ်ားကိုအားထုတ္က်င့္ၾကံမွသာလူၿဖစ္က်ိဳးနပ္ေပမည္။
တရားေတာ္မ်ားကိုအားထုတ္က်င့္ၾကံရာတြင္ကၽြန္ေတာ္တို႔ၾကားသိခဲ့ရေသာပထမအရြယ္တြင္ပညာရွာ၊ဒုတိယ
အရြယ္တြင္ဥစၥာရွာ၊တတိယအရြယ္တြင္ ဘာ၀နာတရားပြားမ်ား ဟူေသာအဆိုမွာ အင္မတန္မွားယြင္းေပသည္။ အထက္ပါဆိုရိုးအတိုင္းတတိယအရြယ္မွသာတရားအားထုတ္မည္ဆိုပါကေ၀ဖန္ပိုင္းၿခား၊စဥ္းစားႏိုင္ေသာဥာဏ
္ပညာေကာင္းစြာအလုပ္မလုပ္ႏိုင္ေသာေၾကာင့္တရားထူးရရန္အားထုတ္ရာတြင္ခက္ခဲေစပါသည္။ေသၿခင္းတရား
သည္အမွည့္လြန္ေသာအသီးကဲ့သို႕ အခ်ိန္မေရြးေၾကြက်ႏိုင္သည္ကို သတိၿပဳမိေစခ်င္ပါတယ္။

ပယ္သတ္ရမည့္တရား၊သိရမည့္တရား၊ပြားမ်ားရမည့္တရားမ်ားကို သိရွိသည္ႏွင့္ လိုက္က်င့္သင့္ေပသည္။ ထိုသို႕သိရန္အတြက္လည္း တရားေတာ္မ်ားကို နားၾကားရပါမည္။ မိမိသိရွိၿပီးတဲ့တရားမ်ားကို လိုက္မက်င့္ပါက သိသလိုမသိသလိုနဲ႕ေနာက္ဆုံးေတာ့ မသိတာဘဲၿဖစ္သြားတက္ပါတယ္။သတိတရားလက္ကိုင္ထားဖို႕ေတာ ့လိုၿပီေပါ့။ ဗုဒၶၿမတ္စြာက ရရွိရန္ခက္ခဲေသာဒုလႅဘတရား(၅)ပါးကို ေဟာၾကားေတာ္မူခဲ့ပါတယ္။

ဒုလႅဘတရား ငါးပါး
ဘုရားတစ္ဆူပြင့္ရန္ ရခဲ၏...
ဘုရားပြင့္ေသာေခတ္တြင္ လူအျဖစ္ကို ရခဲ၏...
သာသနာေတာ္ကို ၾကည္ညိဳ မွီခိုတတ္သူ အျဖစ္ကို ရခဲ၏...
သူေတာ္ေကာင္းတရား နာယူခြင့္ရရွိရန္ ရခဲ၏...
သာသနာေတာ္တြင္ ရဟန္းတပါးျဖစ္ရန္၊ (သာသနာေတာ္၏ အက်င့္ကို က်င့္ရန္) ရခဲ၏ ...

-ပညာလြန္ကဲေသာ ဘုရားေလာင္းမ်ား ၄ သေခၤ်ႏွင့္ ကမာၻတစ္သိန္း မရပ္မနားအားထုတ္ က်င့္ၾကံရသည္...
-သဒၵါလြန္ကဲေသာ ဘုရားေလာင္းမ်ား ၈ သေခၤ်ႏွင့္ ကမာၻတစ္သိန္း မရပ္မနားအားထုတ္ က်င့္ၾကံရသည္...
-၀ီရိယလြန္ကဲေသာ ဘုရားေလာင္းမ်ား ၁၆ သေခၤ်ႏွင့္ ကမာၻတစ္သိန္း မရပ္မနားအားထုတ္ က်င့္ၾကံရသည္...
ဘုရားရွင္တို႔သည္- စရိယ ၃ ပါး၊ စြန္႔ျခင္းၾကီး ၅ ပါး၊ ပါရမီ ၃၀၊ ဘာ၀နာ ၅ ပါး တို႔ကို ဘုရားရွင္တိုင္း ျဖည့္က်င့္ေတာ္မူခဲ့ ၾကသည္...

-ထို႔ေၾကာင့္ ဘုရားအျဖစ္ကိုရရန္ ခက္ခဲသည္...
-ထို႔ေၾကာင့္ ဘုရားသာသနာ ေခတ္တစ္ေခတ္ျဖစ္ရန္ ပိုခက္သည္ ...
-ထို႔ေၾကာင့္ ဘုရားသာသနာ ေခတ္တစ္ေခတ္ တြင္လူျဖစ္ရန္ ပိုခက္သည္ ...
-ထို႔ေၾကာင့္ ဘုရားသာသနာ ေခတ္တစ္ေခတ္ တြင္ သာသနာကို ၾကည္ညိဳေသာလူ၊ မွီခိုခြင့္ရသူ ျဖစ္ရန္ ပိုခက္သည္ ...
-ထို႔ေၾကာင့္ ဘုရားသာသနာ ေခတ္တစ္ေခတ္ တြင္ သာသနာကို ၾကည္ညိဳေသာလူ၊ မွီခိုတတ္ေသာသူ ျဖစ္ရန္ ပိုခက္သည္

သတၱ၀ါေတြဟာ ရုပ္အဆင္းၾကည္ညိဳတဲ့ ပုဂၢဳိလ္က မ်ားသည္
အသံနဲ႔ ဂုဏ္သတင္းကို ၾကည္ညိဳတဲ့ ပုဂၢဳိလ္က မ်ားသည္
တရား တကယ္ၾကည္ညိဳတဲ့ ပုဂၢိဳလ္မွာ ရွိသမွ် သတၲေလာကၾကီးကို အပံုတစ္သိန္းပံုလွ်င္ တစ္ပံုသာရွိသည္ဟု ဘုရားရွင္ ေဟာၾကားခဲ့သည္...

သူေတာ္ေကာင္း အလုပ္ဆိုတာ ေပ်ာ္ႏိုင္ခဲသည္...
ေကာင္းမႈမွန္ရင္ ခ်န္မထားနဲ႔ ....
လက္လွမ္းမွီသမွ် ေကာင္းမႈကို လုပ္ၾက

သာသနာႏွင့္ႀကံဳတုန္း လူၿဖစ္ပါလ်က္ ဗုဒၶတရားမလိုက္စားလွ်င္ အပါယ္ဆိုတာ ေၿပးလို႔လြတ္မည္ မဟုတ္ေခ်ဘူး။ ဒီဘ၀မွ ေသလြန္၍ သာသနာမထြန္းကားရာ အရပ္ေဒသ၊ တိရစၦာန္၊မွားယြင္းေသာအယူ၀ါဒ စသျဖင့္ ရပ္ျပစ္ရွစ္ပါး၌ လူျဖစ္ျပန္လွ်င္ မလြဲဧကန္ အပါယ္ဘံုသို႔ က်ရေပဦးမည္။ ဘယ္မွာလွ်င္ သံသရာမွ လြတ္ ပါဦးမည္နည္း။ ဤသည္ကို ေမွ်ာ္ေတြးလို႔ စာဆိုေက်ာ္ ပညာရွိ စေလဦးပုညက ေအာက္ပါအတိုင္း စပ္ဆိုခဲ႔သည္ကို ဓမၼသံေ၀ဂ ယူၾကပါကုန္။
“ယခုခါမူ ၊ လူလည္းၿဖစ္လာ
သာသနာလည္းထြန္းခိုက္ ၊ အၿမိဳက္တရား
ေဟာၾကားမည့္သူ ၊ လူလည္းမရွား
သို႔ပါလ်က္သားႏွင့္မွ
တရားမလိုက္ ၊ အမွားကိုႀကိဳက္ၾကလွ်င္
အမိုက္တကာ့ဗိုလ္မင္း ၊ အဖ်င္းတကာ့ဗိုလ္ခ်ဳပ္
အပါယ္ေလးလီ ၊ ၿမစ္နဒီတြင္ ၊ ပလံုစီၿမဳပ္လို႕
လူယုတ္ၾကီးေတြၿဖစ္ခ်ိမ္႔မည္”။....။

ထိုအခ်က္ကို ေတြးၾကည့္လွ်င္ လူလည္းၿဖစ္လာရၿပီ၊ သာသနာႏွင့္လည္း ၾကံဳၿပီ ၊ ေဟာၾကားေနေသာ ရဟန္းသာ၀ကမ်ားလည္း ေပါမ်ားလွ၏။ ဤကဲ႔သို႔ ၾကံဳလ်က္နဲ႔မွ အက်င့္ပ်က္ ၊ တရားပ်က္ ၊ စရိုက္ပ်က္ ၊ မူပ်က္ ေနရင္ေတာ့ လူၿဖစ္ရက်ိဳးနပ္မွာ မဟုတ္ပါဘူး။ သတိသံေ၀ဂ ရၾကပါေတာ့။ စိတ္သည္ မေကာင္းမႈ၌သာ ေမြ႔ေလ်ာ္၏။ စိတ္ကို ဥာဏ္၊ သတိႏွင့္ ထိန္းေပးရမည္။ ဗုဒၶတရားေတာ္မ်ား မ်ားစြာနာၾကားရမည္။ သာသနာႏွင့္ေ၀းရာ အရပ္ေဒတြင္ ေနထိုင္ေနရေသာ္ၿငားလည္း တရားေတာ္မ်ားကို အခါအားေလ်ာ္စြာနာၾကားေနရင္ လူၿဖစ္ရက်ိဳးမနပ္ေသးပါဘူး။

နာရုံသာနာ မရႈပြားသည့္ ပုဂၢဳိလ္က ေလာကမွာ တကယ္မ်ားသည္...ၾကာၾကာထိုင္ရမွာ ေၾကာက္ၾကသည္..
သာသနာေတာ္ႏွင့္ ၾကံဳခိုက္ သီလ၊ သမာဓိ၊ ပညာ အလုပ္မ်ားကို မေမ့မေလ်ာ့ေသာ သတိျဖင့္ ၾကိဳးစား အားထုတ္သြားၾကရမည္...ထို႔ေၾကာင့္ ရ႐ွိလာေသာ ဤလူ႔ဘ၀ႀကီးကို အခြင့္ေရးပိုင္ပိုင္ ဆုပ္ကိုင္လ်က္ ကၽြတ္တမ္း၀င္ရန္ဘ၀မွာ ယခု မိမိတို႔ ရ႐ွိထားေသာ ဘ၀ပင္ျဖစ္ပါေတာ့သည္

Credit: Buddhism Beams (Myanmar)

#Unicode Version
 ငရဲဆိုသည်မှာ.... နှင့် ငရဲ၏ ဒုက္ခဆင်းရဲများဟူသည်...
အပါယ်ဟူသည် ပါဠိလို အပါယ (ချမ်းသာမှု အပေါင်းမှ ကင်းဆိတ်ခြင်း) မှ ဆင်းသက်လာသည်။ အပါယ် လေးဘုံဆိုသည့် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူ၍ရှိလေသည်။


ငရဲ အမျိုးအစား (၈) မျိုး ရှိလေသည်။

၁) သိဉ္စိုး ငရဲ၊
၂) ကာဠသုတ် ငရဲ၊
၃) သံဃာတာ ငရဲ၊
၄) ရောရု၀ ငရဲ၊
၅) မဟာရောရု၀ ငရဲ၊
၆) တာပန ငရဲ၊
၇) မဟာ တာပန ငရဲ၊
၈) အဝီစိ ငရဲ စသည်ဖြင့် ငရဲကြီး ရှစ်ထပ် ရှိသည်၊

၁) သိဉ္စိုးငရဲ = ထပ်တလဲလဲ မလွတ်မြောက်ပဲ ခံစားရသောငရဲ ဟု အဓိပ္ပါယ်ရှိလေသည်။

ငရဲထိန်းများက အလျှံတပြောင်ပြောင် တဝင်းဝင်း တောက်နေသော ငရဲလက်နက်များဖြင့် ထိုး ခုတ် ရိုက်နှက်၍ သေအောင် ပြုလုပ်ကြသည်။ ငရဲခံကြသူများမှာ ထိုသို့ လက်နက်များဖြင့် ထိုးခုတ်ရိုက်နှက်၍ သေသော်လည်း တစ်ဖန်ပြန်ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။
ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘဝ၏ အနှစ်ငါးရာ ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ်ကိုးသန်း ဖြစ်လေသည်။
တည်နေရာနှင့် အကျယ်အဝန်းမှာ မဟာပထဝီမြေထု၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။

၂) ကာဠသုတ်ငရဲ = မည်းနက်သော ကြိုးငရဲ ဟု အဓိပ္ပါယ်ရှိလေသည်။
ငရဲထိန်းများက လက်နက်မျိုးစုံဖြင့် လိုက်၍ ခုတ်၊ ထစ်၊ ထိုး၊ ရိုက်၊ နှက်ကြသော် ငရဲသားများမှာ ကြောက်အားလန့်အားဖြင့် ပြေးလွှားရကာ အမောဆို့၍ လဲကျသောအခါ လက်သမားဆရာများက သစ်သားများကို မည်းနက်သော သစ်မျှဉ်းကြိုးဖြင့် တိုင်းတာ ကာ လိုသလို ဖြတ်ကြသကဲ့သို့ ငရဲသားများ အမောဆို့ကာ လဲကျသောအခါ ငရဲထိန်းများက မည်းနက်သော ကြိုးဖြင့် လိုသလို ပုံစံမျိုးတိုင်းတာကာ လွှ ငမန်းတို့ဖြင့် ဖြတ်ကြ ပိုင်းကြလုပ်ခြင်းကို ခံကြရသည်။ ထိုသို့ လက်နက်များဖြင့် ပိုင်းဖြတ်၍ သေသော်လည်း တစ်ဖန်ပြန်ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။
ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘဝ၏ အနှစ်တစ်ထောင် ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ်သုံးကုဋ္ဋေခြောက်သန်း ဖြစ်လေသည်။
တည်နေရာနှင့် အကျယ်အဝန်းမှာ သိဉ္စိုးငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ပထဝီမြေထုအကွာတွင် တည်ရှိ၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။

၃) သံဃာတာငရဲ = သံတောင်ကြိတ် ငရဲ ဟု အဓိပ္ပါယ်ရှိလေသည်။
ငရဲမီးလျှံ တစ်ဟုန်းဟုန်း တောက်လောင်နေသော ကိုးယူဇနာမျှ ကျယ်ဝန်းသည့် ဒယ်အိုးကြီးများထဲသို့ ငရဲသားများထည့်ကာ ငရဲထိန်းများက တောင်လောက်ကြီးမားသော သံကြိတ်တုံးကြီးများနှင့် ဖိ၍ လှိမ့်သတ်ကြသည်။ ငရဲသားများမှာ အလူးအလိမ့်ကို ခံကြရသည်။ ထိုသို့ ဖိ၍ ပိ၍ သေရသော်လည်း တစ်ဖန်ပြန် ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။
ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘဝ၏ အနှစ်နှစ်ထောင် ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ်တစ်ဆယ့်လေးကုဋ္ဋေ လေးသန်း ဖြစ်လေသည်။
တည်နေရာနှင့် အကျယ်အဝန်းမှာ ကာဠသုတ်ငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ပထဝီမြေထုအကွာတွင် တည်ရှိ၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။

၄) ရောရု၀ ငရဲ = ငရဲမီးလျှံများ နှိပ်စက်၍ ငရဲသူ ငရဲသားများ အော်ဟစ် ငိုယိုမြည်တမ်းခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။
ငရဲတစ်ခုလုံးရှိ ငရဲမီးလျှံများမှာ ငရဲသားတို့၏ မျက်စိပေါက်၊ နားပေါက်၊ နှာခေါင်းပေါက်၊ ပါးစပ်ပေါက် တို့ကို အတင်းဒရကြမ်း ဝင်ရောက် လောင်မြိုက်ခြင်းကြောင့် ငရဲသားများ ကျယ်လောင်သော အသံဖြင့် အော်ဟစ်ငိုယိုကြသော ငရဲဆင်းရဲကို ခံစားကြရပေသည်။ ထိုသို့ မီးလျှံများကြောင့် လောင်ကျွမ်း၍ သေသော်လည်း တစ်ဖန်ပြန် ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။
ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘဝ၏ အနှစ်လေးထောင် ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ် ငါးဆယ့်ခုနှစ်ကုဋ္ဋေခြောက်သန်း ဖြစ်လေသည်။
တည်နေရာနှင့် အကျယ်အဝန်းမှာ သံဃာတာငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်

၅) မဟာရောရု၀ ငရဲ = ငရဲမီးလျှံမှ မီးခိုးများ နှိပ်စက်၍ ငရဲသူ ငရဲသားတို့ အော်ဟစ်ငိုယိုခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။
ငရဲပြည်တစ်ခုလုံး မှိုင်းမှိုင်းရယ်ညိုလို့ ပိတ်ဖုန်းသွားမည့်အလား အောက်မေ့ရလောက်အောင် များပြားလှပေ၏။ မီးခိုးငွေ့များသည် ငရဲသူ ငရဲသားများ၏ ဒွါရ (အပေါက်) များသို့ ဝင်စေလျက် အော်ဟစ်ငိုယိုခြင်း ခံစားရလေသည်။
ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘဝ၏ အနှစ်ရှစ်ထောင် ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ် နှစ်ရာသုံးဆယ့်ကုဋ္ဋေလေးသန်း ဖြစ်လေသည်။
တည်နေရာနှင့် အကျယ်အဝန်းမှာ ရောရုဝငရဲ၊ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။

၆) တာပနငရဲ = အပူလောင်ခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။
အလျှံတစ်ပြောင်ပြောင်တောက်နေသည့် အုန်းပင်လုံးမျှရှိသည့် သံတံကျဉ် (တံစို့) ဟု ဆိုရသောအပေါ်၌ ငရဲသူ ငရဲသားများကို အတင်းအကျပ် ထိုင်ခိုင်း၍ တစ်ကိုယ်လုံး မီးကျီမီးခဲကဲ့သို့ ရဲရဲတောက်အောင် မီးကင်ခြင်းဖြင့် ခံစားကြရပေသည်။ ထိုသို့ အသားများ မီးလောင်ကျွမ်း၍ သေသော်လည်း တစ်ဖန်ပြန် ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။
ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘဝ၏ အနှစ်တစ်သောင်းခြောက်ထောင် ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ်ကိုးရာနှစ်ဆယ့်ကုဋ္ဋေ ခြောက်သန်း ဖြစ်လေသည်။
တည်နေရာနှင့် အကျယ်အဝန်းမှာ မဟာရောရု ငရဲ၊ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။

၇) မဟာ တာပနငရဲ = သာလွန်၍ ပူလောင်ခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။
ငရဲမီးများ အလျှံတစ်ပြောင်ပြောင် တောက်လောင်နေသည့် သံတောင်ကြီးအပေါ်မှ ငရဲထိန်းများ၏ အစွမ်းသတ္တိကြောင့် မတက်ချင်သော်လည်း အတင်းတက်ခိုင်း၊ အပူလောင်ခံပြီး ငရဲသူ ငရဲသားများ တက်ကြရပေသည်။ ထိုသို့ဖြင့် အပေါ်ရောက်သည့်အခါ အောက်ခြေသို့ ပြန်တွန်းချခြင်း ခံကြရပေသည်။ ဤသို့ဖြင့်အကြိမ်ကြိမ် မဆုံးနိုင်ပဲ ခံစားကြရခြင်း ဖြစ်ပေသည်။
ဤငရဲ၏ သက်တမ်းမှာ အကုသိုလ်ကံ မကုန်မချင်း အန္တရကပ် တစ်ဝက်အတိဖြစ်၏။ ထိုမျှအထိ ကြာရှည်စွာ ခံကြရပေသည်။
တည်နေရာနှင့် အကျယ်အဝန်းမှာ တာပနငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေးသော မြေထုအရပ်၌တည်ရှိ၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။

၈) အဝီစိငရဲ = ငရဲသူ၊ ငရဲသား၊ ငရဲမီးလျှံ၊ ဆင်းရဲဒုက္ခ (၃) မျိုးလုံး လစ်လပ်မှုမရှိ (အကြားမရှိ) တရစပ် ခံစားရခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။
ငရဲသူ ငရဲသားများသည် အိုးခွက်ထဲမှ ထန်းစေ့၊ မုံ့ညင်းစေ့၊ စပါးစေ့များကဲ့သို့ တင်းကြမ်းပြည့်ကာ အကြားအကြားခြားခြင်း မရှိသကဲ့သို့ ငရဲသူ ငရဲသားများ၏ ဆင်းရဲဒုက္ခ တစ်ပေါင်းတစ်ခုတည်း နေရာအနှံ့အပြား ခံစားကြရခြင်း ဖြစ်ပေသည်။
ဤငရဲ၏ သက်တမ်းမှာ အကုသိုလ် မကုန်မချင်း အန္တရကပ် တစ်ကပ်တိတိဖြစ်၏။ အန္တရကပ် တစ်ကပ်ဆိုသည်မှာ ဆုပ်ကပ်နှင့် တက်ကပ်တစ်စုံကို ဆိုလိုပေသည်။ ဆုတ်ကပ်ဆိုသည်မှာ အနှစ်တစ်ရာကြာတိုင်း ကြာတိုင်း တစ်နှစ်ဆုတ်သည့်နည်းဖြင့် ဆယ်နှစ်သက်တမ်းသို့ ဆုတ်ယုတ်ကျရောက်လာခြင်းကာလကို ဆုတ်ကပ်တစ်ကပ် ဖြစ်ပေသည်။ တက်ကပ်ဆိုသည်မှာ ဆယ်နှစ်သက်တမ်းမှစ၍ အသချေၤရ တန်းသို့ ပြန်ဆက်လာခြင်းကာလကို တက်ကပ်တစ်ကပ် ဖြစ်ပေသည်။ ၎င်းဆုတ်ကပ် တက်ကပ် နှစ်ကပ်ပေါင်းကို အန္တရကပ် တစ်ကပ်ဟုခေါ်သည်။
တည်နေရာနှင့် အကျယ်အဝန်းမှာ မဟာ တာပန ငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။

ငရဲငယ် (၈) ဌာန ဆိုသည်မှာ
၁။ မီးပူငရဲ
၂။ သံပူငရဲ
၃။ ပြာပူငရဲ
၄။ ရေပူငရဲ
၅။ ကြေးနီအိုးငရဲ
၆။ ဘင်ပုတ်ငရဲ
၇။ လက်ပံတောငရဲ
၈။ ကြိမ်ပိုက်ငရဲ တို့ဖြစ်သည်။
(လောကပညတ္တိကျမ်း၌ မိန်ဆိုထားပါသည်။)

မဟာစည်ဆရာတော်ဘုရာကြီး၏ ဝိပဿနာရှု့နည်းအကျဉ်းချူပ် တွင်အောက်ပါအတိုင်း ငရဲ၌ ဆင်းရဲဒုက္ခအတိခံစားရပုံကို ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက်ဖြင့် ဖော်ပြထားပါသည်။
ငရဲဘုံ၌ ဖြစ်ရသောသတ္တဝါတို့၏ ကိုယ်ထည် သုံးဂါဝုတ် ပမာဏရှိ၏။ မြန်မာအတိုင်းအားဖြင့် ၄ တိုင် တာ ၈၀၀ ရှိ၏။ ငရဲထိန်းတို့သည် ထိုမျှ ကိုယ်ခန္ဓာ ကြီးမားသော ငရဲသားကို အလျှံတပြောင်ပြောင် မီးစွဲလောင်သော သံမြေပေါ်၌ ပက်လက် အိပ်စေကုန်၏။ ထို့နောက် ညဘက် လက်ဝါး၌ ထန်းလုံးခန့်ရှိ ရဲရဲတောက်သော သံတစို့ကြီးကို ရိုက်နှက်သွင်းကုန်၏။ ဘယ်ဘက် လက်ဝါး၌လည်း နည်းတူပင် ရိုက်နှက် သွင်းကုန်၏။ ညာဘက်ခြေ၊ ဘယ်ဘက်ခြေ၊ ခါး၊ လက်တို့၌လည်း နည်းတူပင် ရိုက်သွင်းကုန်၏။

ထို့အတူ မှောက်လှက် အိပ်စေ၍လည်ကောင်း၊ စောင်းလျက် အိပ်စေ၍လည်ကောင်း၊ ငါးပါးသော ဌာနတို့၌ သံစို့ကြီးများကို ရိုက်နှက်၍ ညှင်းဆဲနှိပ်စက်ကုန်၏။ အကုသိုလ်ကံ မကုန်သေးမချင်း ငရဲသားကား မသေနိုင်။ ဤသို့ အညှင်းဆဲခံနေရသော ငရဲသားများသည် ရဲရဲတောက်သော သံမြေပြင်ကို မြင်ရုံမျှဖြင့်လည်း များစွာ စိတ်ဆင်းရဲရ၏။ အလွန် ကြမ်းတမ်း ရက်စက်စွာ ကြိမ်းမောင်း ပြောဆိုသောငရဲထိန်းတို့၏ အသံကို ကြားရ၍လည်း စိတ်ဆင်းရဲရ၏။ သံမြေပြင်ပေါ်၌ အတင်းတွန်းလှဲသိပ်ခြင်း၊ မီးလောင်ခံရခြင်း၊ သံစို့ နှက်ခံရခြင်းတို့ကြောင့်လည်း အတိုင်းမသိ ကြီးစွာသော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ကို ခံစားရ၏။

ထိုသို့သော ကာလ၌ ကယ်ပါ၊ သနားပါ၊ ချမ်းသာပေးပါ စသည်ဖြင့် မျက်ရည်ယိုစီး ငိုကြွေး မြည်တမ်းလျက် တောင်းပန်သော်လည်း မည်သူကမျှ မသနား၊ ချမ်းသာမပေးချေ။ မိဖဲ့ ဖမဲ့ ဆွေမျိုးမဲ့၊ ဆွေခင်ပွန်းမဲ့၍ တစ်ကိုယ်တည်းသာဖြစ်လျက် ညှိုးငယ်စွာနှင့် အလွန်ကြီးမားသော ဆင်းရဲတွေကို အော်မြည်ယောင်ယမ်းလျက် မိနစ်စက္ကန့်မခြားဘဲ ခံစား၍ နေရရှာလေတော့၏။ ထိုသို့သော ကာလ၌ ဝိပဿနာအလုပ်ကို အားထုတ်ခွင့်မရနိုင်တော့ချေ။

ထို့ပြင် သံစို့ ငါးချက်နှက်၍ မသေသော ငရဲသားကို ငရဲထိန်းတို့သည် အိမ်မိုးတစ်ဖက်ခန့်ရှိသော တံစည်းပေါက်ပြားကြီးတို့ဖြင့် ရှစ်မြှောင့်ပုံ၊ ခြောက်မြှောင့်ပုံ စသည်ဖြစ်အောင် မျဉ်းပစ်၍ ရွေခုတ်ကြပြန်၏။ သွေးတို့သည် မြစ်ဖြစ်၍ စီးလေကုန်၏။ ထိုသွေးတို့မှ မီးတောက် ထပြန်၍ ရွေခုတ်ရာ ကိုယ်၌စွဲလောင်လေ၏။ အတိုင်းမသိသော ဆင်းရဲကို ခံစားရလေ၏။ ထိုစဉ်အခါ၌ ဝိပဿနာ အလုပ်ကို အားထုတ်ခွင့် မရနိုင်တော့ချေ။

ထိုမျှဖြင့် မသေသေးလျှင် ဇောက်ထိုးတွဲလဲ ဆွဲထား၍ ဗန်းကြီးခန့်ရှိ ပဲကွပ်တို့ဖြင့် ပါးပါးလွှာလျက် ရွေခုတ်ကြပြန်၏။ ထိုမျှဖြင့်လည်း မသေသေးလျှင် မီးလျှံရဲရဲတောက်သော သံရထား၌ နွား မြင်းတို့ကဲ့သို့ တပ်၍ မီးကျီခဲတောင့်ကြီးပေါ်သို့ တက်စေကုန်၏။ မတက်ဘဲနေလျှင် ရဲရဲတောက်သော သံတုတ်ကြီးများဖြင့် အပြင်းရိုက်၍ တက်စေကုန်၏။ တောင်ထိပ်သို့ရောက်လျှင် တစ်ဖန် ဆင်းစေကုန်၏။ ဤသို့ တက်ချည် ဆင်းချည် အဖန်ဖန်ပြုစေကုန်၏။ ထိုမျှဖြင့်လည်း မသေသေးလျှင် ကျိုက်ကျိုက်ဆူပွက်လျက် ရဲရဲတောက်သော လေဟကုမ္ဘီ ခေါ် သံရည်ပွက်အိုးကြီးထဲသို့ ပစ်ချလိုက်ကုန်၏။ ထိုငရဲသားသည် သံရည်ထဲ၌ ရှဲကနဲကျ၍ အမြှုပ်တစ်စီစီ ထလျက် နစ်မြှုပ်သွားရှာလေ၏။

အနှစ်သုံးသောင်းကြာမှ ငရဲအိုး၏ အောက်ဝသို့ရောက်၏။ တစ်ဖန် အနှစ်သုံးသောင်းကြာမှ ငရဲအိုး၏ အောက်နှုတ်ခမ်းသို့ရောက်လျက် ပေါ်လာ၏။ အရပ်မျက်နှာများသို့လည်း ဖီလာသွား၏။ ထမင်းအိုးပွက်သောအခါ၌ ဆန်စေ့ကလေးများကဲ့သို့ပင်တည်း။ အတိုင်းမသိသော ဆင်းရဲမှုနှင့် ရင်ဆိုင်တွေ့နေရလေ၏။ ထိုစဉ်အခါ၌ ဝိပဿနာအလုပ်ကို အားထုတ်ခွင့်ကိုကား မရနိုင်တော့ချေ။

ကံမကုန်သေး၍ ထိုမျှဖြင့် မသေပြန်လျှင် သံရည်ပွက်ထဲမှ ငရဲသားကို ထုတ်ယူ၍ ငရဲထိန်းတို့သည် မီးတဟုန်းဟုန်း အမြဲတောက်လောင်လျက်ရှိသော ငရဲကြီးထံသို့ ပစ်သွင်းလိုက်ကြပြန်၏။ ထိုငရဲသည်ကား အလျား အနံ အမြင့် ယူဇနာ တစ်ရာရှိလေ၏။ လေးထောင့်ညီသော သံသေတ္တာကြီးနှင့် တူ၏။ အရှေ့ဘက်နရံမှ မီးလျှံသည် အနောက်ဘက်၌ နံရံကို ဖောက်ပြီးလျှင် အပြင်ဘက်၌ ယူဇနာ တစ်ရာတိုင်အောင် ပူလောင်၏။ အနောက်နံရံ၊ တောင်နံရံ၊ မြောက်နံရံကို ဖောက်ပြီးလျှင် အပြင်ဘက်၌ ယူဇနာ တစ်ရာတိုင်အောင်ပူလောင်၏။

အနောက်နံရံ၊ တောင်နံရံ၊ အထက်သံမိုး၊ အောက်သံမြေပြင်တို့မှ မီးလျှံတို့သည်လည်း နည်းတူချည်း ဟစ်အော်မြည်သတည်း။ ထိုငရဲကြီးအတွင်း၌ ထိုမှဤမျှ ပြေးလွှားလူးလိမ့် ဟစ်အော်မြည်တမ်းလျက် ကြီးစွာသော ဆင်းရဲဒုက္ခတို့ကို ခံစားရလေ၏။

နှစ်ပေါင်းများစွာကြာသော် တစ်ခါတစ်ရံ၌ ထိုငရဲကြီး၏ တံခါးဝဆီသို့ အတင်းပြေးကြ၏။ အချို့မှာလည်း လမ်းခရီးတွင် မောပန်းလူးလိမ့်လျက်ရှိကုန်၏။ အချို့မှာ တံခါးဝသို့ ရောက်ကုန်၏။ အနှစ်သိန်းပေါင်းများစွာ ကြာလျှင် ထိုတံခါးမကြီးသည် ပိတ်သွားလေသည်။

ထွက်နိုင်သော ငရဲသားသည်လည်း အပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဘင်ပုပ်ငရဲသို့ ကျသွားလေ၏။ မစင်ဘင်ပုပ်ထဲ၌ နစ်မြုပ်နေစဉ် ဆင်၏ လည်ပင်းခန့်ရှိသော ပိုးလောက်တို့က ကိုက်ခဲစားကြလေသည်။

ထိုဘင်ပုပ်ငရဲထံမှ လွတ်ပြန်လျှင် ပြာပူငရဲ ထံသို့ ကျရောက်သွားပြန်၏။ ထိုငရဲ၌ အိမ်ထွတ်ခန့်ရှိသော မီးကျီခဲ၊ ရဲရဲတောက်သော ပြာပူတို့ဖြင့် လောင်ကျွမ်း၍ ဆင်းရဲကြီးစွာကို ခံစားရပြန်၏။

ထိုငရဲမှ လွတ်ပြန်လျှင် လက်ပံတောငရဲ သို့ ရောက်ပြန်၏။ လက်ပံပင်တို့မှာ ၁၆ လက်မရှည်သော ဆူးရှိကုန်၏။ ငရဲထိန်းတို့က ရိုက်နှက်၍ ထိုလက်ပံပင်တို့၌ တက်ချည် ဆင်းချည် ပြုလုပ်စေ၏။ လက်ပံဆူးတို့သည် တက်သောအခါ၌ အောက်ကိုလှည့်၍ နေကုန်၏။ ဆင်းသောအခါ၌ အထက်သို့ လှည့်၍နေကုန်၏။ ကြောက်လန့်တကြား လျင်စွာတက်ရ၊ ဆင်းရသော ငရဲသားတို့၏ ကိုယ်သည် ထိုလက်ပံဆူးတို့ဖြင့် ထိုးမိ၍ စုတ်ပြဲလျက် ရှိလေ၏။

ထိုငရဲမှ လွတ်ပြန်လျှင် သံလျက်တောငရဲ သို့ရောက်ပြန်၏။ ရောက်သည်နှင့် တစ်ပြိုင်နက် သံလျက်နှင့် တူစွာ နှစ်သွားရှိသော အရွယ်တို့သည် ကြွေ၍ ငရဲသား၏ ကိုယ်၌ကျလေကုန်၏။ လက်၊ ခြေ၊ နား၊ လျှာ၊ ကိုယ်အင်္ဂါတို့သည် အပိုင်းပိုင်း ပြတ်လေကုန်၏။ ထ၍ ပြေးပြန်လျှင် သံမြေပြင်၌ သင်းတုံးသွားတို့သည် ထွက်ပေါ်လျက် ရှိကုန်၏။ ရှေ့မှ သံတံတိ့ုလည်း ကာရံလျက် ရှိကုန်၏။ ထိုအခါ၌ ဝိပဿနာအလုပ်ကို အားထုတ်ခွင့်ကို မရနိုင်တော့ချေ။

ထိုငရဲမှ လွတ်ပြန်လျှင် ဝေတ္တရဏီ မည်သော ကြိမ်ချောင်းငရဲသို့ ကျရောက်ပြန်လေ၏။ ထိုငရဲမှာ ကျစ်ကျစ်ဆူသော အရည်အတိပြည့်၏။ သင်တုံးသွားနှင့် တူသော နွယ်များ၊ ကြာရွက်များရှိ၏။ အောက်မြေပြင်၌ သင်တုံးသွား ခင်းလျက်ရှိ၏။ ကမ်းပါးတို့၌လည်း သင်းတုံးသွားကဲ့သို့ ထက်သော ကြိမ်နွယ်များ သမန်းမြက်များရှိ၏။ ငရဲသားတို့သည် ထိုချောင်းကို ဆင်းမိလျှင် မြေပြင်မှ သင်တုံးသွားရှသောကြောင့် လည်းကောင်း ဘိုင်းခနဲ လဲရှာလေ၏။ လဲလျှင် ကျစ်ကျစ်ဆူလျက် ပူစပ်သော အရည်ထဲ၌ စုန်ချည် ဆန်ချည် မျောနေလေ၏။ ကမ်းပါး၌ရှိသော ကြိမ်သမန်းမြက် တို့ဖြင့်လည်းရှ၊ ချောင်းထဲ၌ရှိသော ကြာရွက်တို့ဖြင့်လည်း ရှ၏။ ငရဲသားတို့၏ ကိုယ်ထည် အစုတ်စုတ်အပြတ်ပြတ် ဖြစ်လေ၏။ ထိုစဉ်ခဏ၌ ဝိပဿနာတရားကို အားထုတ်ခွင့်ကို မရနိုင်တော့ချေ။

စုန်ချည်ဆန်ချည် မျောလျက် အတိဒုက္ခရောက်နေသော ထိုငရဲသားကို ငရဲထိန်းတွေ့လျှင် ငါးမျှားချိတ်ကြီးဖြင့် ဆွဲတင်၍ ဘာအလိုရှိသလဲဟု မေး၏။ "ထမင်းဆာသည်" ဟု ဆိုလျှင် ရဲရဲတောက်သော အတုံးအခဲဖြင့် ပြည့်သော သံခြင်းတောင်းကြီးကို ယူလာကုန်၏။ ငရဲသားသည် ကြောက်လှသောကြောင့် ပါးစပ်ကြီး အတင်းပိတ်၍ ထားရှာလေ၏။ ထိုအခါ ငရဲထိန်းတစ်ယောက်က ပေါက်ချွန်းကြီးနှင့် အတင်းပေါက်၍ ပါးစပ်ကို ဖွင့်၏။ အခြားငရဲထိန်းကလည်း ထိုနည်းတူပင် တစ်ဖက်မှ ပေါက်၍ ဖွင့်၏။ ထိုသို့ ဖွင့်၍ ပါးစပ်ဟင်းလင်း ပွင့်နေသော အခါ၌ ရဲရဲတောက်သော ထိုသံတုံး သံခဲတို့ကို တစ်ခုပြီးတစ်ခု ပစ်ထည့်၍ ကျွေးကြလေသည်။

ထိုသံတုံး သံခဲတို့သည် နှုတ်ခမ်း၊ လျှာ၊ အာခေါင်၊ လည်ချောင်း၊ အူတို့ကို လောင်ကျွမ်းပြီးလျှင် အောက်ဒွါရမှ ထွက်သွားကုန်၏။ "ရေငတ်သည်" ဟု ဆိုပြန်လျှင် ကျိုက်ကျိုက်ဆူပွက်သော သံရည်တို့ကို လောင်းထည့်၍ ပေးကုန်၏။ ထိုသံရည်ပူတို့သည်လည်း နည်းတူပင် လောင်၍ အောက်ဒွါရမှ ထွက်သွားရကုန်၏။ ငရဲသားသည် မသေသေးပြန်လျှင် ထိုငရဲသားကို ငရဲကြီးထံသို့တစ်ဖန် ပစ်သွင်းလိုက်ပြန်လေ၏။

ဤသို့ဖြင့် ငရဲသားတို့ ငရဲမျိုးစုံကို ခံစားရပုံကို ကွင်းကွင်းကွက်ကွက်မြင်သာအောင် ဖွင့်ဆိုပြလေသည်ကို မှတ်သားရပါသည်။

မြတ်စွာဗုဒ္ဓဘုရား ပွင့်တော်မူလာသောအခါမှ ဤဆင်းရဲဒုက္ခတို့၏ လွတ်မြောက်ရာလမ်းကို ဂရုဏာရှေ့ထားလမ်းပြ ညွှန်ပြတော်မူသဖြင့် များစွာသော လူ, နတ်, ဗြဟ္မာတို့သည် ကျွတ်တမ်း ဝင်ကြရပေသည်။ ထိုသို့ ဘုရားပွင့်ခါအချိန်မှာ ကျွတ်တမ်းမဝင် နိုင်ခဲ့ရသော်လည်း ယခုခေတ် အချိန်အခါမှာ လူဖြစ်လာသော စာဖတ်သူတို့လည်း အထူးကံကောင်းလှသည်ကို ဖော်ပြညွှန်းဆိုနေသည့် သက်သေ အထောက်အထားများ အများအပြားရှိနေသည်။

တိုတောင်းလှသော လူဘ၀ အချိန် ကာလမှာ လောကီစားဝတ်နေရေးများအတွက် လုပ်နေကြရသလို သံသရာဝဋ်ဆင်းရဲမှလွန်မြောက်ကြောင်းတရားများကိုအားထုတ်ကျင့်ကြံမှသာလူဖြစ်ကျိုးနပ်ပေမည်။
တရားတော်များကိုအားထုတ်ကျင့်ကြံရာတွင်ကျွန်တော်တို့ကြားသိခဲ့ရသောပထမအရွယ်တွင်ပညာရှာ၊ဒုတိယ
အရွယ်တွင်ဥစ္စာရှာ၊တတိယအရွယ်တွင် ဘာဝနာတရားပွားများ ဟူသောအဆိုမှာ အင်မတန်မှားယွင်းပေသည်။ အထက်ပါဆိုရိုးအတိုင်းတတိယအရွယ်မှသာတရားအားထုတ်မည်ဆိုပါကဝေဖန်ပိုင်းခြား၊စဉ်းစားနိုင်သောဉာဏ
်ပညာကောင်းစွာအလုပ်မလုပ်နိုင်သောကြောင့်တရားထူးရရန်အားထုတ်ရာတွင်ခက်ခဲစေပါသည်။သေခြင်းတရား
သည်အမှည့်လွန်သောအသီးကဲ့သို့ အချိန်မရွေးကြွေကျနိုင်သည်ကို သတိပြုမိစေချင်ပါတယ်။

ပယ်သတ်ရမည့်တရား၊သိရမည့်တရား၊ပွားများရမည့်တရားများကို သိရှိသည်နှင့် လိုက်ကျင့်သင့်ပေသည်။ ထိုသို့သိရန်အတွက်လည်း တရားတော်များကို နားကြားရပါမည်။ မိမိသိရှိပြီးတဲ့တရားများကို လိုက်မကျင့်ပါက သိသလိုမသိသလိုနဲ့နောက်ဆုံးတော့ မသိတာဘဲဖြစ်သွားတက်ပါတယ်။သတိတရားလက်ကိုင်ထားဖို့တော့လိုပြီပေါ့။ ဗုဒ္ဓမြတ်စွာက ရရှိရန်ခက်ခဲသောဒုလ္လဘတရား(၅)ပါးကို ဟောကြားတော်မူခဲ့ပါတယ်။

ဒုလ္လဘတရား ငါးပါး
ဘုရားတစ်ဆူပွင့်ရန် ရခဲ၏...
ဘုရားပွင့်သောခေတ်တွင် လူအဖြစ်ကို ရခဲ၏...
သာသနာတော်ကို ကြည်ညို မှီခိုတတ်သူ အဖြစ်ကို ရခဲ၏...
သူတော်ကောင်းတရား နာယူခွင့်ရရှိရန် ရခဲ၏...
သာသနာတော်တွင် ရဟန်းတပါးဖြစ်ရန်၊ (သာသနာတော်၏ အကျင့်ကို ကျင့်ရန်) ရခဲ၏ ...

-ပညာလွန်ကဲသော ဘုရားလောင်းများ ၄ သင်္ချေနှင့် ကမ္ဘာတစ်သိန်း မရပ်မနားအားထုတ် ကျင့်ကြံရသည်...
-သဒ္ဒါလွန်ကဲသော ဘုရားလောင်းများ ၈ သင်္ချေနှင့် ကမ္ဘာတစ်သိန်း မရပ်မနားအားထုတ် ကျင့်ကြံရသည်...
-ဝီရိယလွန်ကဲသော ဘုရားလောင်းများ ၁၆ သင်္ချေနှင့် ကမ္ဘာတစ်သိန်း မရပ်မနားအားထုတ် ကျင့်ကြံရသည်...
ဘုရားရှင်တို့သည်- စရိယ ၃ ပါး၊ စွန့်ခြင်းကြီး ၅ ပါး၊ ပါရမီ ၃၀၊ ဘာဝနာ ၅ ပါး တို့ကို ဘုရားရှင်တိုင်း ဖြည့်ကျင့်တော်မူခဲ့ ကြသည်...

-ထို့ကြောင့် ဘုရားအဖြစ်ကိုရရန် ခက်ခဲသည်...
-ထို့ကြောင့် ဘုရားသာသနာ ခေတ်တစ်ခေတ်ဖြစ်ရန် ပိုခက်သည် ...
-ထို့ကြောင့် ဘုရားသာသနာ ခေတ်တစ်ခေတ် တွင်လူဖြစ်ရန် ပိုခက်သည် ...
-ထို့ကြောင့် ဘုရားသာသနာ ခေတ်တစ်ခေတ် တွင် သာသနာကို ကြည်ညိုသောလူ၊ မှီခိုခွင့်ရသူ ဖြစ်ရန် ပိုခက်သည် ...
-ထို့ကြောင့် ဘုရားသာသနာ ခေတ်တစ်ခေတ် တွင် သာသနာကို ကြည်ညိုသောလူ၊ မှီခိုတတ်သောသူ ဖြစ်ရန် ပိုခက်သည်

သတ္တဝါတွေဟာ ရုပ်အဆင်းကြည်ညိုတဲ့ ပုဂ္ဂိုလ်က များသည်
အသံနဲ့ ဂုဏ်သတင်းကို ကြည်ညိုတဲ့ ပုဂ္ဂိုလ်က များသည်
တရား တကယ်ကြည်ညိုတဲ့ ပုဂ္ဂိုလ်မှာ ရှိသမျှ သတ္တလောကကြီးကို အပုံတစ်သိန်းပုံလျှင် တစ်ပုံသာရှိသည်ဟု ဘုရားရှင် ဟောကြားခဲ့သည်...

သူတော်ကောင်း အလုပ်ဆိုတာ ပျော်နိုင်ခဲသည်...
ကောင်းမှုမှန်ရင် ချန်မထားနဲ့ ....
လက်လှမ်းမှီသမျှ ကောင်းမှုကို လုပ်ကြ

သာသနာနှင့်ကြုံတုန်း လူဖြစ်ပါလျက် ဗုဒ္ဓတရားမလိုက်စားလျှင် အပါယ်ဆိုတာ ပြေးလို့လွတ်မည် မဟုတ်ချေဘူး။ ဒီဘဝမှ သေလွန်၍ သာသနာမထွန်းကားရာ အရပ်ဒေသ၊ တိရစ္ဆာန်၊မှားယွင်းသောအယူဝါဒ စသဖြင့် ရပ်ပြစ်ရှစ်ပါး၌ လူဖြစ်ပြန်လျှင် မလွဲဧကန် အပါယ်ဘုံသို့ ကျရပေဦးမည်။ ဘယ်မှာလျှင် သံသရာမှ လွတ် ပါဦးမည်နည်း။ ဤသည်ကို မျှော်တွေးလို့ စာဆိုကျော် ပညာရှိ စလေဦးပုညက အောက်ပါအတိုင်း စပ်ဆိုခဲ့သည်ကို ဓမ္မသံဝေဂ ယူကြပါကုန်။
“ယခုခါမူ ၊ လူလည်းဖြစ်လာ
သာသနာလည်းထွန်းခိုက် ၊ အမြိုက်တရား
ဟောကြားမည့်သူ ၊ လူလည်းမရှား
သို့ပါလျက်သားနှင့်မှ
တရားမလိုက် ၊ အမှားကိုကြိုက်ကြလျှင်
အမိုက်တကာ့ဗိုလ်မင်း ၊ အဖျင်းတကာ့ဗိုလ်ချုပ်
အပါယ်လေးလီ ၊ မြစ်နဒီတွင် ၊ ပလုံစီမြုပ်လို့
လူယုတ်ကြီးတွေဖြစ်ချိမ့်မည်”။....။

ထိုအချက်ကို တွေးကြည့်လျှင် လူလည်းဖြစ်လာရပြီ၊ သာသနာနှင့်လည်း ကြုံပြီ ၊ ဟောကြားနေသော ရဟန်းသာဝကများလည်း ပေါများလှ၏။ ဤကဲ့သို့ ကြုံလျက်နဲ့မှ အကျင့်ပျက် ၊ တရားပျက် ၊ စရိုက်ပျက် ၊ မူပျက် နေရင်တော့ လူဖြစ်ရကျိုးနပ်မှာ မဟုတ်ပါဘူး။ သတိသံဝေဂ ရကြပါတော့။ စိတ်သည် မကောင်းမှု၌သာ မွေ့လျော်၏။ စိတ်ကို ဉာဏ်၊ သတိနှင့် ထိန်းပေးရမည်။ ဗုဒ္ဓတရားတော်များ များစွာနာကြားရမည်။ သာသနာနှင့်ဝေးရာ အရပ်ဒေတွင် နေထိုင်နေရသော်ငြားလည်း တရားတော်များကို အခါအားလျော်စွာနာကြားနေရင် လူဖြစ်ရကျိုးမနပ်သေးပါဘူး။

နာရုံသာနာ မရှုပွားသည့် ပုဂ္ဂိုလ်က လောကမှာ တကယ်များသည်...ကြာကြာထိုင်ရမှာ ကြောက်ကြသည်..
သာသနာတော်နှင့် ကြုံခိုက် သီလ၊ သမာဓိ၊ ပညာ အလုပ်များကို မမေ့မလျော့သော သတိဖြင့် ကြိုးစား အားထုတ်သွားကြရမည်...ထို့ကြောင့် ရရှိလာသော ဤလူ့ဘဝကြီးကို အခွင့်ရေးပိုင်ပိုင် ဆုပ်ကိုင်လျက် ကျွတ်တမ်းဝင်ရန်ဘဝမှာ ယခု မိမိတို့ ရရှိထားသော ဘဝပင်ဖြစ်ပါတော့သည်

Credit: Buddhism Beams (Myanmar)

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...